You are here: Home မြန်မာ့စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ စာအုပ် ဆောင်းပါးများ (Books and Articles of Myanma (Burma) Literatures and Cultures)
Document Actions

မြန်မာ့စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ စာအုပ် ဆောင်းပါးများ (Books and Articles of Myanma (Burma) Literatures and Cultures)

Up one level
မြန်မာ့စာပေယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို တစ်စုတစ်စည်းတည်း စုဆောင်းထားပေးသောကဏ္ဍဖြစ်ပါ တယ်။
မြန်မာကဗျာသမိုင်းနှင့် ပတ်သက်၍
၁၉၇၄ ခုနှစ်၊ ဧပြီ-မေလထုတ် ရတနာမွန် ဓမ္မမဂ္ဂဇင်း (စာမျက်နှာ ၃၇ မှ ၄၃ ထိ) တွင် ဖော်ပြပါရှိတဲ့၊ မောင်တင်ရွှေ ရေးသားတဲ့ "မြန်မာကဗျာသမိုင်းနှင့် ပတ်သက်၍" ဆောင်းပါးကို ပြန်လည်ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အရွယ်အစား ၁၀၀.၂ ကီလိုဗိုက် (100.2 kB) - ဖိုင်အမျိုးအစား ပီဒီအက်ဖ် (application/pdf)
မြန်မာစာတက္ကသိုလ် - ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)
ဤစာအုပ်သည် မြန်မာစာပေအကြောင်းကို ရေးသားဖော်ပြထားသော စာအုပ်ကောင်းတစ် အုပ်ဖြစ်ပါသည်။ မြန်မာစာပေကို လေ့လာလိုက်စားသူများအတွက် အလွန်အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ပါသည်။ နယူးပုံနှိပ်တိုက်မှ ရိုက်နှိပ်ထုတ်ဝေထားပါသည်။ ဖိုင်အရွယ် အစား(၁၇၉)ကီလိုဗိုက်။ (179)KB pdf file application.
ပါတော်မူနှစ်တစ်ရာပြည့် ဘုရင်ခေတ်နောက်ဆုံးကုသိုလ် - ရင်ရင်ဌေး
၁၉၈၅-ခုနှစ်၊ ဒီဇင်ဘာလထုတ် ရတနာမွန်ဓမ္မမဂ္ဂဇင်း၌လာရှိသော သမိုင်းဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၃၈)ကီလိုဗိုက်။ (138)KB pdf file application.
မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ - မာလေး
၁၉၇၇-ခုနှစ်၊ စာပေဗိမာန်ပုံနှိပ်တိုက်မှထုတ်ဝေလိုက်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့ ဆွေမျိုးတော်စပ်ကြရာတွင် ခေါ်ဝေါ်ပုံများကို အသေးစိတ်လေ့လာ သုတေ သနပြုထားသော စာအုပ်ဖြစ်ပါသည်။ ဆွေမျိုးသားချင်းများ တစ်ဦးနှင့်တစ်ဦး မည်သို့ တော် စပ်ပြီး မည်သို့ခေါ်ဝေါ်ကြသည် မည်သို့ဆင်းသက်လာသည်များကို ရှင်းလင်းဖော်ပြထားသည် မှာ အလွန်မှ စိတ်၀င်စားစရာကောင်းလှပေသည်။ ဖိုင်အရွယ်အစား(၂၃၂)ကီလိုဗိုက်။ (232)KB pdf file application.
ကဗျာရေးချင် စာစပ်သင် - မင်းသု၀ဏ်
၁၉၆၅-ခုနှစ်၊ စာပေဗိမာန်ထုတ် ဆရာမင်းသု၀ဏ်ရေးသားထားသော ကဗျာစပ်တတ်ချင်သူများ အတွက် အလွန်ကောင်းမွန်သော အခြေခံမှစ သင်ကြားပေးသော ကဗျာသင်နည်း စာစပ်နည်း စာအုပ်ကောင်းဖြစ်ပါသည်။ ကာရန်(၆၄)ပါး၊ ဒွေးချိုးများ စပ်ဆိုပုံအကြောင်းကို သင်ပြပေးထား သော စာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁၉၉)ကီလိုဗိုက်။ (199)KB pdf file application.
လောကနီတိ - ပြန်ကြားရေး၀န်ကြီးဌာန
ပြန်ကြား​ရေး၀န်ကြီးဌာနမှ ၂၀၀၀-ပြည့်နှစ်တွင် ထုတ်ဝေထားသော လောကနီတိစာအုပ်ဖြစ်ပါ သည်။ ပါဠိ-မြန်မာ-အင်္ဂလိပ် (၃)ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။ စာအုပ်အရွယ်စား(၂၆၃)ကီ လိုဗိုက်။ (263)KB pdf file application.
မေးလိုရာရာ မြန်မာစာ(၂၀၁၀-ခုနှစ်) - မောင်ခင်မင်(ဓနုဖြူ)
၂၀၁၀-ခုနှစ်၊ ဖေဖေါ်ဝါရီလမှ စတင်ပြီး ဒီဇင်ဘာလအထိ မင်္ဂလာမောင်မယ်စာစောင်၌ မြန်မာ စာပေနဲ့ ပတ်သက်ပြီးမေးမြန်းသမျှတွေကို ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)မှ ပြန်လည်ဖြေကြား ချက်များကို တစ်စုတစ်စည်းတည်း ပြန်လည်၍စာစီစာရိုက်ပြီး စာအုပ်အဖြစ်ပြောင်းလဲထားပါ သည်။ မြန်မာစာနဲ့ ပတ်သက်သောခဲရာခဲဆစ်များကို ဤစာအုပ်တွင် လေ့လာနိုင်ပါသည်။ စာ အုပ်အရွယ်အစား(၁၂၂)ကီလိုဗိုက်။ (122)KB pdf file application.
ဥဒကဒီပနီ(ရေကျမ်း) - အောင်ညိုမြင့်(ချောင်းဦး)
၁၉၈၉-ခုနှစ်၊ ဇန်နဝါရီလထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော လွန်ခဲ့သော သက္ကရာဇ် ၁၂၄၈-ခု ကဆုန်လ၌ ရန်ကုန်၊ မြန်မာသံတော်ဆင့်မီးစက်ကြီးပုံနှိပ်တိုက်မှ ထုတ်ဝေသည့်စာမျက်နှာ (၁၀၀)အထိရှိ ရေကျမ်းတစ်ဆူကို ပြန်လည်၍ အများသိစေရန် ဆောင်းပါးအဖြစ် အောင်ညို မြင့်(ချောင်းဦး)မှ ရေးသားထားပါသည်။ ဖိုင်အရွယ်အစား(၉၁)ကီလိုဗိုက်။ (91.1)KB pdf file application.
ကရဝိက်ငှက် စက္ကဝါက်ငှက် ဟင်္သာငှက်နှင့် ကရဝိက်ဖောင် - ​ဗြဟ္မစာရီမွန်ဗိုကေ
၁၉၈၄-ခုနှစ်၊ ဒီဇင်ဘာလထုတ် ဉာဏ်လင်းဓမ္မစာပဒေသာမဂ္ဂဇင်း၌လာရှိသော သုတေသန​ ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၅၅)ကီလိုဗိုက်။ (255)KB pdf file application.
ဘီလူး - ဦးအောင်ကြည်(ဓမ္မာစရိယ)
၁၉၈၃-ခုနှစ် ဇွန်လထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော ပိဋကတ်ကျမ်း​များတွင် လာရှိသောဘီလူး အကြောင်းကို စိစစ်တင်ပြထားပါသည်။ ဖိုင်အရွယ်အစား(၂၂၃)ကီလိုဗိုက်။ (223)KB pdf file application.
မန်လည်ဆရာတော်ဘုရား၏လင်မယားအဘိဓာန် - ဒဂုန်ဦးစန်းငွေ
၁၉၇၉-ခုနှစ်၊ ဇွန်လထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော လင်မယားနဲ့ပတ်သက်ပြီး ဖွင့်ဆိုချက်များ ကို ရေးသားဖော်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၉၇)ကီလိုဗိုက်။ (197) KB pdf file applicaation.
မြန်မာ့ဝေါဟာရအသွင်ဆန်းနှင့်စာပေအမြင်(တံတစ်) - မြကေတု
၁၉၈၇-ခုနှစ်၊ ဒီဇင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဝေါဟာရ​ ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၅၆)ကီလိုဗိုက်။ (156)KB pdf file application.
မြန်မာ့ဝေါဟာရအသွင်ဆန်းနှင့်စာပေအမြင်(ပဲ၊ ဖဲ၊ ဘဲ) - မြကေတု
၁၉၈၉-ခုနှစ်၊ သွေးသောက်မဂ္ဂဇင်း၌လာရှိသော ​မြန်မာ့ဝေါဟာရဆောင်းပါးဖြစ်ပါသည်။ ဖိုင် အရွယ်အစား(၁၈၉)ကီလိုဗိုက်။ (189)KB pdf file application.
မြန်မာ့ဝေါဟာရအသွင်ဆန်းနှင့်စာပေအမြင်(ပျို့) - မြကေတု
၁၉၈၉-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ်၊ သွေးသောက်မဂ္ဂဇင်း၌လာရှိသော မြန်မာ့ဝေါဟာရဆောင်းပါး ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၃)ကီလိုဗိုက်။ (203)KB pdf file application.
စာတည်းစာပြင်တို့ဖို့ မြန်မာစာ - မောင်သာနိုး
၁၉၉၃-ခုနှစ် နို၀င်ဘာလထုတ် အတွေးအမြင်​မဂ္ဂဇင်း၌လာရှိသော မြန်မာစာအသုံးရာတွင် လို အပ်ချက်များကို ထောက်ပြထားသော မြန်မာစာပေဝေါဟာရဆိုင်ရာဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစာါ်(၁၈၈)ကီလိုဗိုက်။ (188)KB pdf application.
ကမ္ပည်း - ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)
၁၉၈၃-ခုနှစ်၊ ဇန်နဝါရီလထုတ် စာပေလုပ်သားမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆောင်းပါးဖြစ် ပါသည်။ ဖိုင်အရွယ်အစား(၁၉၀)ကီလိုဗိုက်။ (190)KB pdf file application.
နောက်တိုးပေါရာဏများ - လှသမိန်
၁၉၈၅-ခုနှစ် ဖေဖေါ်ဝါရီလထုတ် စာပေလုပ်သားမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆိုင်ရာ ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၉၈)ကီလိုဗိုက်။ (198)KB pdf file application
သြောင်း၊ ဥုံတို့၏အနက်အဓိပ္ပါယ်နှင့်အနှစ်သာရ - နှစ်ဖက်လှ
၁၉၈၃-ခုနှစ်၊ ဇွန်လထုတ် စာပေလုပ်သားမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆိုင်ရာ ဝေါဟာရ စီစစ်ချက်ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၄၀၅)ကီလိုဗိုက်။ (405)KB pdf file application
သမိုင်းမတင်မီ၊ သမိုင်းကြိုနှင့်သမိုင်းဟူသောဝေါဟာရများ - ဦးမြင့်အောင်
၁၉၈၅-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် စာပေလုပ်သားမဂ္ဂဇင်း၌လာရှိသော သမိုင်းဟူသောဝေါဟာရ ကို အမျိုးမျိုးဆန်းစစ်တင်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၁၃)ကီလိုဗိုက်။ (213)KB pdf file application.
ဒီပ၀င်သည် ဒဏ္ဍာရီလော - မြင့်ဆွေ
၁၉၈၄-ခုနှစ်၊ ဩဂုတ်လထုတ် ဉာဏ်လမ်းဓမ္မစာပဒေသာ၌လာရှိသော ဗုဒ္ဓစာပေသမိုင်းလေ့လာ ချက်ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၃၀)ကီလိုဗိုက်။ (230)KB pdf file application.
မဲဇာဆို ရွှေလည်ထဲက - ထီးချိုင့်မောင်ငြိမ်းသာ
၁၉၈၁-ခုနှစ်၊ ဩဂုတ်လထုတ် ငွေတာရီမဂ္ဂဇင်း၌လာရှိသော မဲဇာဆိုသောအရပ်ဒေသကို လေ့ လာသုတေသနပြုထားချက်ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၁)ကီလိုဗိုက်။ (201)KB pdf file application.
သဲပုံစေတီပွဲ - ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)
၁၉၈၃-ခုနှစ်၊ နို၀င်ဘာလထုတ် ဉာဏ်လင်းဓမ္မစာပဒေသာ၌လာရှိသော မြန်မာ့ရိုးရာယဉ်ကျေးမှု ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၇၃.၅)ကီလိုဗိုက်။ (73.5)KB pdf file application.
(တ)ဗျည်းတစ်လုံး အသုံးထွေထွေ - ဦးမြတ်ကျော်(မြန်မာစာကော်မီရှင်)
၁၉၇၆-ခုနှစ်၊ စက်တင်ဘာလထုတ် ရတနာမွန်မဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆောင်းပါးဖြစ် ပါသည်။ ဖိုင်အရွယ်အစား(၆၃.၂)ကီလိုဗိုက်။ (63.2)KB pdf file application.
မနုဿီဟ - စောမုံညင်း
၁၉၈၂-ခုနှစ်၊ မေလထုတ် ရတနာမွန်မဂ္ဂဇင်း၌လာရှိသော သုတေသနပြုချက်ဆောင်းပါးဖြစ်ပါ သည်။ ဖိုင်အရွယ်အစား(၁၀၆)ကီလိုဗိုက်။ (106)KB pdf file application
မြန်မာနှင့်ခြင်္သေ့ - စောမုံညင်း
၁၉၈၂-ခုနှစ်၊ ဇူလိုင်လထုတ် ရတနာမွန်မဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၁၀၆)ကီလိုဗိုက်။ File size (106)KB pdf file application.
တဂိုး၏စန်တိနိကေတံနှင့်သီရိနိကေတံ - စောမုံညင်း
၁၉၈၂-ခုနှစ်၊ ဒီဇင်ဘာလထုတ် ရတနာမွန်မဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အ ရွယ်အစား(၁၀၇)ကီလိုဗိုက်။ (107)KB pdf file application.
စာကြည့်တိုက်(သို့မဟုတ်)ပရဟိတအကျိုးပြုလုပ်ငန်း - ပါရဂူ
ယခင်က ၁၁-၁-၂၀၀၆-ခုနှစ်တွင် ရေးသောဆောင်းပါးဖြစ်ပါသည်။ ၂၀၀၈-ခုနှစ် စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်(၁၆)နှစ်ပြည့်​ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သာသနာ့ဖန်မီးအိမ်စာ အုပ်တွင်ပါရှိသည်ကို ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။ ဖိုင်အရွယ်အစား(၉၉)ကီလိုဗိုက်။ (99.4) KB pdf file application.
နံ့သာတော - ဒဂုန်ဦးစန်းငွေ
၁၉၈၁-ခုနှစ်၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆောင်းပါးဖြစ်ပါသည်။ ဖိုင်အ ရွယ်အစား(၁၀၃)ကီလိုဗိုက်။ (103) KB pdf file application.
အမျက်ဖြေကဗျာများ - လက်ဝဲမင်းညို
၁၉၇၈-ခုနှစ်၊ မတ်လထုတ် ရတနာမွန်ဓမ္မမဂ္ဂဇင်း၌လာရှိသော မြန်မာကဗျာဆောင်းပါးဖြစ်ပါသည်။ ဖိုင် အရွယ်အစား(၅၄.၈)ကီလိုဗိုက်။ (54.8)KB pdf file application.
တညှင်း - လှိုင်၀င်းဆွေ
၁၉၈၁-ခုနှစ်၊ ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်း၌လာရှိသော ​သမိုင်းဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အ စား(၉၅.၇)ကီလိုဗိုက်။ (95.7)KB pdf file application.
ကံကုတ်ဟူသည်မှာ - ဆန်းထွန်း(မန်းတက္ကသိုလ်)
၁၉၆၁-ခုနှစ်၊ မတ်လ မြ၀တီမဂ္ဂဇင်း၌လာရှိသော မြေတစ်မျိုးကို သုတေသနပြုထားသောဆောင်းပါး ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၆.၉)ကီလိုဗိုက်။ (56.9)KB pdf file application.
ဟင်္သာ - တိုက်စိုး
၁၉၈၂-ခုနှစ်၊ နို၀င်ဘာလထုတ် ရတနာမွန်ဓမ္မမဂ္ဂဇင်း၌လာရှိသော ဟင်္သာအကြောင်းကို သုတေသန ပြုရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၉၉.၀)ကီလိုဗိုက်။ (99.0)KB pdf file application.
ဝေါဟာရတီထွင်မှုနှင့်ပြည်သူ - ပါရဂူ
၃၁-၁၂-၁၉၆၉-ခုနှစ် ရှုဒေါင့်ဂျာနယ်၌လာရှိသော ဝေါဟာရစကားလုံးများသည် ပြည်သူထံမှ ပေါ် ထွက်လာသည်ဆိုသည့်အကြောင်းကို ဆရာကြီးပါရဂူမှ ဆောင်းပါးရေးထားခြင်းဖြစ်ပါသည်။ ဖိုင်အ ရွယ်အစား(၅၄)ကီလိုဗိုက်။ (54.3)KB pdf file application.
အဝေးရောက် မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းပစ္စည်းများ - ဦးမင်းနိုင်
၁၉၈၃-ခုနှစ်၊ ဒီဇင်ဘာလထုတ် ဉာဏ်လင်းဓမ္မစာ​ပဒေသာ၌လာရှိသော မြန်မာ့ယဉ်ကျေးမှု ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၆၀.၈)ကီလိုဗိုက်။ (60.8)KB pdf file application.
စာကြည့်တိုက်သမိုင်း - ရွှေကိုင်းသား
၁၂-၆-၁၉၆၇-ခုနှစ်တွင် ဤဆောင်းပါးကို ဆရာတော်ရွှေကိုင်းသားမှ ရေးသားခဲ့ပါသည်။ ယခု အခါ ၂၀၀၈-ခုနှစ် စစ်ကိုင်းတောင်ရိုး မြစကြာကျောင်းတိုက်(၁၆)နှစ်ပြည့်အထိမ်းအမှတ်အ ဖြစ်ထုတ်ဝေသော သာသနာ့ဖန်မီးအိမ်မဂ္ဂဇင်း၌ ထပ်မံတင်ပြသည်ကို ပြန်လည်ကူးယူဖေါ်ပြ လိုက်ပါသည်။ ဖိုင်အရွယ်အစား(၁၀၇)ကီလိုဗိုက်။ (107)KB pdf file application.
ပါဠိလို သမ္မာကျမ်းစာ - မောင်သာနိုး
၁၉၇၈-ခုနှစ်၊ မိုးဝေစာပေမဂ္ဂဇင်း၌လာရှိသော စာပေရေးရာဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၅၉.၄)ကီလိုဗိုက်။ (59.4)KB pdf file application.
ထမင်းမှ စိတ်ဖြစ်သည်ဟူသောအယူအဆ - ဒဂုန်ဦးလှဘေ
၁၉၈၃-ခုနှစ်၊ ဇွန်လထုတ်၊ မြ၀တီမဂ္ဂဇင်း၌လာရှိသော ဝါဒရေးရာဆောင်းပါးလေ့လာချက်ဖြစ်ပါ သည်။ ဖိုင်အရွယ်အစား(၈၈.၀)ကီလိုဗိုက်။ (88.0)KB pdf file application.
မဟာဒါန်၀န် - မာမက(သုတေသီ)
၂၀၀၈-ခုနှစ်၊ ဇန်နဝါရီလထုတ် သူရဇ္ဖမဂ္ဂဇင်း၌လာရှိသော ဝေါဟာရလေ့လာချက်ဆောင်းပါးဖြစ် ပါသည်။ ဖိုင်အရွယ်အစား(၅၂.၇)ကီလိုဗိုက်။ (52.7)KB pdf file application.
ကြေးသံဆယ်မျိုး - ဦးသော်ဇင်
၁၉၈၁-ခုနှစ်၊ ဇူလိုင်လထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေအခေါ်အဝေါ်ဆောင်းပါး ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၇၆.၈)ကီလိုဗိုက်။ (76.8)KB pdf file application.
လောကပါလ - ဦးသော်ဇင်
၁၉၈၉-ခုနှစ်၊ မတ်လထုတ် ငွေတာရီမဂ္ဂဇင်း၌လာရှိသော လောကပါလတရား-လောကကိုစောင့် သောတရားကို ဆောင်းပါးရေးသားထားခြင်းဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၄)ကီလိုဗိုက်။ (204)KB pdf file application.
အစသံပျောက် အလယ်သံပျောက် အဆုံးသံပျောက် စကားလုံးများ - ဦးတင်လှ(မြန်မာစာကော်မီရှင်)
ဤဆောင်းပါးသည် ၁၉၇၀-ခုနှစ်၊ ဧပြီလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့်သုတေသနဆွေးနွေးပွဲ ဘာသာစာပေနှင့်ယဉ်ကျေးမှု ကဏ္ဍတွင် စာတမ်းရှင်ဦးတင်လှက တင်သွင်းသည်ကို ရှုဒေါင့်ဂျာနယ်က စာတမ်းရှင်၏ခွင့်ပြု ချက်ဖြင့် ပြန်လည်ဖော်ပြထားပါသည်။ ရှုဒေါင်းဂျာနယ် ၁-၅-၁၉၇၀ မှ ၁-၆-၁၉၇၀-ထိ၌လာ ရှိသော ဆောင်းပါးကို ပြန်လည်​ကူးယူဖော်ပြလိုက်ပါသည်။ ဖိုင်အရွယ်အစား(၂၂၉)ကီလိုဗိုက် (229)KB pdf file application.
နိုင်ငံခြားဖြစ် ဗမာသစ် - ဇ၀န
၁၉၇၇-ခုနှစ်၊ ဩဂုတ်လထုတ် သွေးသောက်မဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆိုင်ရာဆောင်းပါး ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၃)ကီလိုဗိုက်။ (203)KB pdf file application.
လက်တင်မြန်မာအဘိဓာန် - ဇေယျ
၁၉၆၀-ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ မြ၀တီမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၂၅၀)ကီလိုဗိုက်။ (250)KB pdf file application.
ဦးဆောက်ပန်း - ဘုန်းနွယ်​(ရေစကြို)
၁၉၇၇-ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ မြ၀တီမဂ္ဂဇင်း၌လာရှိသော သုတေသနဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၃၄၂)ကီလိုဗိုက်။ (342)KB pdf file application.
၄င်းဂဏ္ဌိ - ပထမကျော်ဆရာကျော်
၁၉၈၆-ခုနှစ်၊ မတ်လထုတ်၊ နှစ်(၃၀)​မြောက် ပုလဲရတုဗုဒ္ဓဓမ္မလောကမဂ္ဂဇင်း၌လာရှိသော မြန်မာ စာပေဆိုင်ရာဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၁၄)ကီလိုဗိုက်။(214)KB pdf file application.
အပျိုတန်မဲ့ ပါးမှာမဲ့ - ဆန်းထွန်း(မန်းတက္ကသိုလ်)
၁၉၈၅-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် လုံမလေးမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အ ရွယ်အစား(၁၉၄)ကီလိုဗိုက်။ (194)KB pdf file application.
သရဿတီပူဇာ - ဆန်းထွန်း(မန်းတက္ကသိုလ်)
၁၉၈၅-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ်၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၁၂) ကီလိုဗိုက်။ (212)KB pdf file application
ကိုင်းစားမနုရာဇာ - ဆန်းထွန်း(မန်းတက္ကသိုလ်)
၁၉၈၆-ခုနှစ်၊ ဩဂုတ်လထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အ စား(၂၁၄)ကီလိုဗိုက်။ (214)KB pdf file application.
ပန်းမြိုင်လယ် - ဦးသော်ဇင်
၁၉၈၁-ခုနှစ်၊ ဩဂုတ်လထုတ် ငွေတာရီမဂ္ဂဇင်း၌လာရှိသော ပန်းအပင်များဆိုင်ရာ စာပေအခေါ် အဝေါ်ဝေါဟာရများကို စုစည်းတင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၁၄) ကီလိုဗိုက်။ (214)KB pdf file application.
တိမ်မျိုးဆယ်ထွေ
၁၉၈၅-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော တိမ်အမျိုးအစား(၁၀)မျိုး၏အ ကြောင်းအခေါ်အဝေါ် ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၄၈)ကီလိုဗိုက်။ (148)KB pdf file application.
မနုဿဝါဒ - ပါရဂူ
၁၅-၁-၁၉၇၀-ခုနှစ်ထုတ် ရှုဒေါင့်ဂျာနယ်၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၁၄၂)ကီလိုဗိုက်။ (142)KB pdf file application.
နီပေါဘုရင် ကျွေးသောပဲဟင်း - ပါရဂူ
၁၅-၃-၁၉၇၀-ခုနှစ်ထုတ်၊ ရှုဒေါင့်ဂျာနယ်၌လာရှိသော ဆရာကြီးပါရဂူ၏ခရီးသွားအတွေ့အကြုံ ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၅၄)ကီလိုဗိုက်။ (154)KB pdf file application.
မြန်မာနှင့်ဥဒေါင်း - စောမုံညင်း
၁၉၈၁-ခုနှစ်၊ ဇန်နဝါရီလထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော သုတေသနဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၀)ကီလိုဗိုက်။ (200)KB pdf file application.
ကလောင်အမည်တူ - မြင့်ဆွေ
၁၉၈၀-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော ကလောင်အမည်တူပြဿနာအကြောင်း ကို ရှင်းလင်းတင်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၀.၅)ကီလိုဗိုက်။ (50.5)KB pdf file application.
မြန်မာ့ဆေးပညာ အထင်မသေးရာ - သင်္ခါ
၁၉၈၀-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော ​မြန်မာ့ဆေးပညာအကြောင်းလေ့လာ ဆန်းစစ်တင်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၃)ကီလိုဗိုက်။ (53)KB pdf file application.
ပန်တျာမှတဆင့် - ဒဂုန်ဦးစန်းငွေ
၁၉၇၉-ခုနှစ်၊ အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော ပန်းဆယ်မျိုးမူလရင်းမြစ်ခေါ်​ဝေါ်ပုံ ကို လေ့လာတင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၁.၄)ကီလိုဗိုက်။ (51.4)KB pdf file application.
မြန်မာအပိုစကားလုံးများပြဿနာ - သကျဘုန်းမော်
၁၉၇၅-ခုနှစ်၊ ဩဂုတ်လထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော မြန်မာစကားလုံးများအကြောင်းဆောင်းပါး ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၄၃.၅)ကီလိုဗိုက်။ (43.5)KB pdf file application.
နှစ်ပေါင်း(၁၀၀)က မနူဓမ္မသတ် - မြင့်ဟန်
၁၉၇၅-ခုနှစ်၊ ဩဂုတ်လထုတ် မြ၀တီမဂ္ဂဇင်း၌ လာရှိသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၅၄.၄)ကီလိုဗိုက်။ (54.4)KB pdf file application.
စာအုပ်သံသရာ - ပါရဂူ
၁၉၇၀-ခုနှစ် ဖေဖေါ်ဝါရီလထုတ် ရှုဒေါင့်ဂျာနယ်၌ လာသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၄၇.၅)ကီလိုဗိုက်။ (47.5)KB pdf file application.
မေးလိုရာရာ မြန်မာစာ(၂၀၁၁-ခုနှစ်) - မောင်ခင်မင်(ဓနုဖြူ)
မင်္ဂလာမောင်မယ်စာစောင်၌ ၂၀၁၁-ခုနှစ် ဇန်နဝါရီလမှ ​ဒီဇင်ဘာလအထိ အနယ်နယ်အရပ်ရပ်မှ မေးမြန်းလာသော မြန်မာစာပေ ပိုင်းဆိုင်ရာ အသိခက်ခဲတဲ့စကားလုံးဝေါဟာရ အကြောင်းအရာ များကို ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) မှ လစဉ်ဖြေကြားသည်ကို တစ်နှစ်စာအတွက် စုစည်း စာအုပ် ပြုလုပ်ထားပါသည်။ စာအုပ်အရွယ်အစား (၁၃၀)ကီလိုဗိုက်။ (130)KB pdf file application.
ရှေးစာဆိုတော်ကြီးများ၏ဟာသရသကဗျာများ အမှတ်စဉ်(၂) - မြောင်းမြသခင်တင်
မြစာပေတိုက်မှ ၁၉၆၅-ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေသော ​စလေဦးပုည၊ စာဆို ဦးယာ၊ ရကန်ဖျက်ဆရာလန်း၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ မန်လည်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ယောမင်းကြီးဦးဖိုးလှိုင်၊ ကင်း၀န်မင်းကြီးဦးကောင်း၊ နာခံတော်ဦးရွှေနီ၊ သဘင်၀န်ဦးသော်၊ မင်းသမီး ဦးဖူးညို၊ ရွှေခန်းသူစာဆိုမယ်၊ မင်းသားဦးကျော်လုံး၊ သခင်ကိုယ်တော်မှိုင်း၊ ခုံတော်မောင်ကျဘမ်း၊ ဟံသာ၀တီဦးဘရင် အစရှိသူတို့၏ထိမိလှသော ဟားကွက်၊ ရယ်ရွှင်ဖွယ်၊ ​တစ်တစ်ခွခွ သီကုံးဖွဲ့ဆိုထားကြသည် များကို မြောင်းမြသခင်တင်မှနေပြီး ပြန်လည် စုဆောင်းရှာဖွေပြီး စာအုပ်ထုတ်ဝေထားခြင်းဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၅၈၂)ကီလိုဗိုက်။ (582)KB pdf file.
သဘာ၀၀န်းကျင်နှင့်ဓလေ့သုံးစကား - မောင်ခင်မင်(ဓနုဖြူ)
၁၉၈၅-ခုနှစ်ထုတ် မြ၀တီမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၄၇)ကီလိုဗိုက်။ (47)KB pdf file.
မြ၀တီမင်းကြီးဦးစနှင့်သူ့အ​ကြိုက်စကားလုံးများ - စိန်သွေး
၁၉၈၇-ခုနှစ်၊ (လ-မသိ)ထုတ် မြ၀တီမဂ္ဂဇင်း၌ပါသော မြ၀တီမင်းကြီးဦးစသည် သီချင်းဂီတကဗျာ စာပေတို့ကို စပ်ဆိုတိုင်းထည့်သွင်း အသုံးပြုလေ့ရှိသည့်စကားလုံးနှင့်ပတ်သက်၍ တင်ပြ​ထားသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၄၉.၄)ကီလိုဗိုက်။ (49.4) KB pdf file.
မြန်မာ့တွဲလုံးစကားများ - လှသမိန်
၁၉၈၆-ခုနှစ် မေလထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်း၌လာရှိသော မြန်မာစာပေဆိုင်ရာဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၄၉.၉)ကီလိုဗိုက်။ (49.9)KB pdf file.
ပုဂံခေတ်စာမေးပွဲ - ဆန်းထွန်း(မန္တလေးတက္ကသိုလ်)
၁၉၈၆-ခုနှစ်၊ မတ်လထုတ် ငွေတာရီမဂ္ဂဇင်း၌လာရှိသော ပုဂံခေတ်အခါတုန်းက ပါဠိစာပေများကို အဘယ်မျှလေ့လာလိုက်စားကြကြောင်းကို စိတ်၀င်စားဖွယ်တင်ပြရေးသားထားသော ဆောင်းပါးဖြစ် ပါသည်။ ဖိုင်အရွယ်အစား(၄၈.၉)ကီလိုဗိုက်။ (48.9)KB pdf file.
The Universal Burmese-English-Pali Dictionary - U Hoke Sein Reviewed by John Okell
Linguistics of the Tibeto-burman Area, Volume 7.2, Spring 1983. File size (2.65)MB pdf file.
မြန်မာ့ရိုးရာ ဆင်တန်ဆာ - ဒဂုန်နတ်ရှင်
၁၉၆၃-ခုနှစ်တွင် ရေးသားပြီးစီးပြီး စာပေဗိမာန်အဖွဲ့မှ တာ၀န်ယူထုတ်ဝေသောစာအုပ်ဖြစ်ပါသည်။ စာအုပ်အ ရွယ်အစား(၄၆၀)ကီလိုဗိုက်။ (460)KB pdf file.
စာမရီ ပြဿနာ - ကမ္ဘောဇ-ဆောင်းနှင်းလှိုင်
၁၉၈၀-၈၁-ခုနှစ်၊ မန္တလေးတိုင်းဒေသကောလိပ်၊ မန္တလေးနှစ်လည်မဂ္ဂဇင်းတွင် ပါသော စာမရီဟူသည် ငှက်လော၊ သားကောင်လော ဟူသည် ကို ရှင်းလင်းတင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ အရွယ်အစား(၁၇၁)ကီလိုဗိုက်။ File size (171)KB pdf file.
မြန်မာစကားပုံအဘိဓာန် - လှသမိန်
အက္ခရာစဉ်ကျနစွာဖြင့် စကားပုံ ၃၀၀၀ ခန့်ပါ၀င်သည်။ လှသမိန်(ယဉ်ကျေးမှုဌာနထိပ်တန်းအရာရှိ-ရှေးဟောင်းစာပေ ဌာန)မှပြုစု၍ ဦးဖိုးလတ်(ယဉ်ကျေးမှု၀န်ကြီးအတွင်း၀န်ဟောင်း)မှတည်းဖြတ်သည်။ ၁၉၅၅-ခုနှစ်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာရှိ ပညာနန္ဒပုံနှိပ်တိုက်တွင် ရိုက်နှိပ်ထုတ်ဝေသည်။ စာအုပ်အရွယ်အစား(၅၈၉)ကီလိုဗိုက်။ File size (589)KB pdf file.
သံပေါက်စာများ - ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)
၁၉၇၉-၈၀ ခုနှစ် မန္တလေးကောလိပ်၏နှစ်လည်မဂ္ဂဇင်းအဖြစ် ထုတ်ဝေသောမဂ္ဂဇင်းတွင်ပါရှိသော ဆောင်းပါးဖြစ်ပါ သည်။ ဖိုင်အရွယ်အစား(၇၈.၂)ကီလိုဗိုက်။ File size (78.2)KB pdf file.
ရှေးခေတ်တက္ကသိုလ်နှင့်ပညာရပ်များ - မြကေတု
၁၉၇၉-၈၀ ခုနှစ် မန္တလေးကောလိပ်၏နှစ်လည်မဂ္ဂဇင်းအဖြစ် ထုတ်ဝေသောမဂ္ဂဇင်းတွင်ပါသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၉၅)ကီလိုဗိုက်။ File size (195)KB pdf file.
တံငါလုပ်ငန်းဆိုင်ရာ စကားပုံများ - ဦးမြင့်မောင်
၁၉၇၉-၈၀ ခုနှစ် မန္တလေးကောလိပ်နှစ်လည်မဂ္ဂဇင်းအဖြစ်ထုတ်ဝေသော မဂ္ဂဇင်းတွင်ပါရှိသောဆောင်းပါးဖြစ်ပါ သည်။ ဖိုင်အရွယ်အစား(၈၈)ကီလိုဗိုက်။ File size (88)KB pdf file.
အင်္ဂလိပ်စာလုံးအချို့၏စိတ်၀င်စားဖွယ်ရာ ရင်းမြစ်များ - ဦးမျိုးမြင့်(အင်္ဂလိပ်စာဌာန)
၁၉၇၉-၈၀ ခုနှစ် မန္တလေးကောလိပ်၏နှစ်လည်မဂ္ဂဇင်းအဖြစ် ထုတ်ဝေသောမဂ္ဂဇင်းတွင် ပါသောဆောင်းပါးဖြစ်ပါ သည်။ အချို့သောအင်္ဂလိပ်စကားလုံး၏မူရင်းဆင်းသက်လာပုံကို တင်ပြထားရာ စိတ်၀င်စားဖွယ် ဗဟုသုတရဖွယ်ရာ ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၁၀)ကီလိုဗိုက်။ File size (110)KB pdf file.
Register In Burmese
File size (2.34)MB pdf file.
အရှေ့တိုင်းပညာ ဟူသည်မှာ - မစန်းစန်းဝေ
၂၀၀၆ ခုနှစ် မန္တလေးရတနာပုံတက္ကသိုလ်၏ နှစ်လည်မဂ္ဂဇင်းအဖြစ်ထုတ်ဝေသော ရတနာပုံတက္ကသိုလ်မဂ္ဂဇင်း၌ ပါသော ဆောင်းပါးဖြစ်ပါသည်။ အရွယ်အစား(၁၇၂)ကီလိုဗိုက်။ File size (172)KB pdf file. uploaded by 22.6.1012.
စာကြည့်တိုက်လုပ်ငန်း ကျွမ်းကျင်မှုမှသည် - ဝိုင်းသု(စာ/သု)
၂၀၀၆ ခုနှစ်ထုတ် မန္တလေးရတနာပုံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ပါသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၁၄၃)ကီလိုဗိုက်။ File size (143)KB pdf file. uploaded by 24.6.2012.
Anglo-Burmese Dictionary Part I - Rev. G.H Hough
Published for the use of Schooks, Printed at the American mission Press, Maulmain, Burma, 1845. File size (4.68)MB pdf file application. Uploaded by 5.7.2012.
Elementary Hand-book of the Burmese Language - Taw Sein Ko
Rangoon, 1898. File size (3.78)MB pdf file application. Uploaded by 5.8.2012.
မြန်မာ့ရိုးရာအမွေအနှစ် ရှေးဟောင်းပေစာ ပုရပိုက်စာ - ဦးမြတ်ကျော်
စာပေဗိမာန်အဖွဲ့မှ ၁၉၉၃ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ရိုက်နှိပ်ထုတ်ဝေထားသောစာအုပ်ဖြစ်ပါသည်။ စာ အုပ်အရွယ်အစား(၈၂၁)ကီလိုဗိုက်။ File size (821)KB pdf file application. Uploaded by 7.8.2012.
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း - မြန်မာစာအဖွဲ့ဦးစီးဌာန
၂၀၀၃-ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ်ဖြစ် ရန်ကုန်မြို့ တက္ကသိုလ်များပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ မြန်မာစာပေဝေါဟာရများ ရေးသားရာတွင် မမှားယွင်းစေရန် လက်ကိုင်ထားသင့် သောစာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁.၅၁)မီဂါဗိုက်။ File size (1.51)MB pdf file application. Uploaded by 9.9.2012.
Meaning Base For Structure: A Re-examination of Verbs In Burmese - Thein Tun
La Trobe University. File size (2.34)MB pdf file application. Uploaded by 9.9.2012.
Anglo-Burmese Dictionary Part I - The Rev. G.H Hough
Maulmain, Printed at the American Mission Press, 1845. File size (4.68)MB pdf file application. Uploaded by 13.11.2012.
မြန်မာအက္ခရာနှင့်ဂဏန်းသင်္ချာထုပ္ပတ် - ဦးသာမြတ်
၁၉၇၄-ခုနှစ် ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့ စာပေဗိမာန်အဖွဲ့မှ ပုံနှိပ်ထုတ်ဝေသည်။ ဖိုင်အရွယ်အစား(၁.၃၅)မီဂါဗိုက်။ File size (1.35)MB pdf file application. Uploaded by 16.12.2012.
ဦးကြင်ဥ၏တေဇသူရိန်ပြဇာတ် - ဦးမောင်မောင်တင်(မန္တလေးတက္ကသိုလ်)
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၂-ခုနှစ်၊ ဖေဖေါ်ဝါရီ၊ အမှတ်(၉) တွင်ပါရှိသော ပြဇာတ်ဆိုင်ရာဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။ File size (37.9)KB pdf file application. Uploaded by 12.4.2013.
မြနန္ဒာသင်္ကြန်သီချင်းအကြောင်း - ၀င်းကိုကို
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၃-ခုနှစ်၊ ဧပြီလ၊ အမှတ်(၂၃)တွင် ပါသော ဆောင်းပါးကို ပြန်၍စာစီရိုက်ထားပါသည်။ File size (682)KB pdf application. Uploaded by 13.4.2013.
ပါဌ်ဆင့်ပါတိုင်း ပါဠိမဟုတ် - လှသမိန်
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၃-ခုနှစ်၊ အောက်တိုဘာလ၊ အမှတ်(၂၉)တွင် လာရှိသောဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။ File size (81.3)KB pdf file application. Uploaded by 14.4.2013.
ရွှေမန်ကျည်းခုနစ်စဉ်(ပြဒါးချုပ်သတ်ဆေးလင်္ကာရှင်းတမ်း) - နတ်မောက်ဘုန်းကျော်
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၂-ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ အမှတ်(၉)တွင် လာရှိသော ​လောကီဝိဇ္ဇာဆောင်းပါးကို ပြန်လည်စာစီ၍ရိုက်ထားပါသည်။ File size (42.7)KB pdf file application. Uploaded by 17.4.2013.
တိမ်မြုပ်နေသောမြဝတီဝန်ကြီး၏ပြဇာတ် - လှသမိန်
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၄-ခုနှစ်၊ ဇန်နဝါရီလ၊ အမှတ်(၃၂)တွင် ပါရှိသောဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။ File size (38.3)KB pdf file application. Uploaded by 18.4.2013.
တံတားဦးတည်မင်္ဂလာစေတီမော်ကွန်း - တိုးတက်ရေးဦးသန်းဖေ
၁၉၈၈-ခုနှစ်၊ ဇန်နဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါးကို ပြန်၍ စာစီရိုက်ထားပါသည်။ ရှင်မဟာရဌသာရနှင့်ရှင်မဟာ သီလဝံသ စာဆိုအကျော်ပုဂ္ဂိုလ်(၂)ပါးတို့ ကဗျာလင်္ကာဖွဲ့စပ်သီကုံးရာတွင် မည်သူက ပို၍ လက်စွမ်းထက် သာလွန်သည်ကို ရေးသားထားသော​ဆောင်းပါးဖြစ်ပါသည်။ File size (43.1)KB pdf file application. Uploaded by 15.5.2013.
     
 
« May 2013 »
Su Mo Tu We Th Fr Sa
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31