အတ္ထုပ္ပတ္တိ စာပေဆိုင်ရာ စာအုပ်စာတမ်း ဆောင်းပါးများ (Autobiographical, Biographical Books and Articles)
Up one levelမြန်မာဘာသာနဲ့ ရေးသားပြုစုထားတဲ့ အတ္ထုပ္ပတ္တိစာပေများ
- ပန်းချီတော် ဆရာချုံ
- စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ် အဖြစ် ၁၉၈၀ မှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့၊ မြန်မာ့ရိုးရာ ပန်းချီကို နောက်ဆုံးထိန်းသိမ်းခဲ့သူ၊ မြန်မာ့ နန်းတွင်းမှ နောက်ဆုံးပန်းချီတော် တဦး ဖြစ်သူ၊ ပါတော်မူခေတ်ကို မျက်ဝါးထင်ထင် သိမြင်လိုက်သူ၊ မြန်မာ့ မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးသူ ဆရာချုံ၏ ဘဝဖြစ်စဉ်၊ ကျင်လည်ခဲ့တဲ့ ခေတ်ကာလ၊ ဆရာချုံ၏ လက်ရာနဲ့ ပန်းချီသြဇာတို့ကို ဦးမင်းနိုင်က ကြိုးစားရှာဖွေ လေ့လာပြုစု ရေးသားလိုက်တဲ့ "ပန်းချီတော် ဆရာချုံ" အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား ၂.၂ မီဂါဗိုက် (2.2 MB) - ဖိုင်အမျိုးအစား ပီဒီအက်ဖ် (application/pdf)
- နန်းတော်ရှေ့ ဆရာတင် - ဦးသော်ဇင်
- ပြည်သူ့လက်စွဲစာစဉ် အဖြစ် စာပေဗိမာန်မှ ပုံနှိပ် ထုတ်ဝေတဲ့၊ ဦးသော်ဇင် ရေးသားပြုစုတဲ့ "နန်းတော်ရှေ့ ဆရာတင်" အတ္ထုပ္ပတ္တိ စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား ၁၈၁ ကီလိုဗိုက် (181.0 kB) - ဖိုင်အမျိုးအစား ပီဒီအက်ဖ် (application/pdf)
- ပါဠိဆရာဂျိမ်းဂရေး - ဦးအောင်မွန်
- ၁၉၈၅-ခု၊ ဇူလိုင်လထုတ် ဉာဏ်လင်းဓမ္မစာပဒေသာ၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၇၅)ကီလိုဗိုက်၊ (275)KB pdf file application.
- ရှမ်းစာဆိုတော်များ - ဒါရိုက်တာဆရာမြင့်
- စာရေးဆရာဒါရိုက်တာဆရာမြင့်ရေးသားသော မြ၀တီမဂ္ဂဇင်း ၁၉၆၇-ခု၊ ဒီဇင်ဘာလထုတ်၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ရှမ်းလူမျိုးစာဆိုတော်များကို စုစည်းတင်ပြထားပါသည်။ ဖိုင်အရွယ်အစား(၃၉၆) ကီလိုဗိုက်။ (396)KB Pdf file applicaation.
- မိုးဒေဝါနှင့်မလှရွှေ - နန်းညွန့်ဆွေ
- စာပေဗိမာန်မှ ထုတ်ဝေသော နန်းညွန့်ဆွေ ရေးသားပြုစုသည့်တစ်ခေတ်တစ်ခါက နာမည် အလွန်ကြီးခဲ့သော အဆိုတော်မလှရွှေ၏အကြောင်းဖြစ်ပါသည်။ မလှရွှေသည် ဂီတမိခင်ကြီး ဟုခေါ်ဆိုရသော သီပေါစော်ဘွားကတော်ဖြစ်ခဲ့ဖူးသူ သခင်ဒေါ်စော်မြဧကြည်ထံမှ ဂီတပညာ များကို ကိုယ်တွေ့လက်ထပ် စနစ်တကျသင်ခဲ့ရသူ တစ်ဦးလည်းဖြစ်ပါသည်။ အနုပညာအမွေ တွေ ရရှိခဲ့ပေမယ့် အကြောင်းကံမလှ၍ (၄၁)နှစ်အရွယ်ကောင်းတွင် မိမိချစ်နှစ်သက်သော ဂီတလောကကို အပြီးအပိုင် စွန့်ခွာကွယ်လွန်ခဲ့ရသည်။ ၄င်း၏အကြောင်းကို နန်းညွန့်ဆွေ က စုစည်းပြုစုပြီး စာအုပ်အဖြစ်ထုတ်ဝေထားပါသည်။ စာအုပ်အရွယ်အစား(၂၂၀)ကီလို ဗိုက်။ (220)KB pdf file application.
- ဦးရွှေအုံးကိုယ်တိုင်ရေး ကိုယ်ရေးအတ္ထုပ္ပတ္တိ
- ၂၆-၁၂-၂၀၀၅-နေ့မှစတင်၍ ဤအတ္ထုပ္ပတ္တိစာအုပ်ကို စာရေးသူကိုယ်တိုင် စတင်ရေးသားခဲ့ပါသည်။ ကိုအောင်ကျော်မျိုးမှ ပြန်လည်ဝေမျှပေးပို့ထားပါသည်။ ရှမ်းခေါင်းဆောင်တစ်ဦး၏အကြောင်းဖြစ်ပါ သည်။ ဖိုင်အရွယ်အစား(၃.၇၇)မီဂါဗိုက်။ (3.77)MB pdf file application.
- မြ၀တီ၀န်ကြီးဦးစ၏နှမ - ဒဂုန်ခင်ခင်လေး
- ဖိုင်အရွယ်အစား(၈၃.၆)ကီလိုဗိုက်။ (83.6)KB pdf file application.
- မိုင်းခိုင်းမြို့စားဦးရန် - ဒဂုန်ခင်ခင်လေး
- ၁၉၅၉-ခုနှစ်၊ စက်တင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်း၌လာရှိသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၂၀၉)ကီလိုဗိုက်။ (209)KB pdf file application.
- ဆရာခဲ ဆရာညို ၊ သမားရိုးရာစဉ်ဆက်ထိန်းသိမ်းမှုများ - နတ်မောက်ထွန်းရှိန်
- ၁၉၈၄-ခုနှစ်၊ မေလထုတ် စာပေလုပ်သားမဂ္ဂဇင်း၌လာရှိသော ဘုရင့်လက်ထက်မှ ယခုတိုင်အောင် ထိန်း သိမ်းလာခဲ့သော ဆေးဆရာကြီးများ၏အကြောင်းဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၈၉)ကီလိုဗိုက်။ (189)KB pdf file application.
- မိုင်းနောင်ဆရာတော် - ငွေဥဒေါင်း
- မိုင်းနောင်ဆရာတော်သည် ရှမ်းပိဋကတ်ဘာသာပြန်ဆိုရေးတွင် အဓိကနာယကအဖြစ်တာ၀န်ထမ်းရွက်ခဲ့သော ဆရာတော်တစ်ပါး ဖြစ်ပါ သည်။ ၎င်း၏သာသနာရေးလုပ်ဆောင်ချက်များနှင့်ဘာသာပြန်လုပ်ငန်းများအကြောင်းကို စာရေးဆရာငွေဥဒေါင်းမှ ၁၉၈၇-၈၈ ခုနှစ်ထုတ်၊ ကမ္ဘောဇမဂ္ဂဇင်း၌ ဆောင်းပါးအဖြစ်ရေးသားတင်ပြထားသည်ကို ပြန်လည်၍ တင်ပြထားပါသည်။ ဖိုင်အရွယ်အစား(၂၁၂)ကီလိုဗိုက်၊ (212)KB pdf file application.
- မိပန်းရံ(သို့မဟုတ်)ရခိုင်ကိုသိသော ဗမာအမျိုးသမီးပညာရှင်
- ၁၅-၅-၁၉၇၀-ခုနှစ်ထုတ် ရှုဒေါင့်ဂျာနယ်၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၃၉)ကီ လိုဗိုက်။ (239)KB pdf file application.
- မုံရွေးဇေတ၀န်ဆရာတော်ကြီး - ကျော်မြတ်လင်း
- ၁၉၈၉-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် သွေးသောက်မဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အ စား(၁၇၄)ကီလိုဗိုက်။ (174)KB pdf file application.
- ဇူလိုင်(၁၉)နှင့်သူတို့(၉)ဦး သမိုင်းတစ်ကွေ့မှတ်တမ်း - မှူးသက်ရှည်
- ၁၉၈၀-ခုနှစ်၊ ဇူလိုင်လထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော အာဇာနည်ခေါင်းဆောင်ကြီးများ၏အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁.၉၇)မီဂါဗိုက်။ (1.97)MB pdf file application.
- လယ်တီကျမ်းများကို အင်္ဂလိပ်ဘာသာပြန်ဆိုသူ ဆရာတော်ဦးဉာဏ - မင်းယုဝေ
- ၁၉၈၅-ခုနှစ်၊ ဧပြီလထုတ် ဉာဏ်လင်းဓမ္မစာပဒေသာ၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၅၁၈)ကီလိုဗိုက်။ (518)KB pdf file application.
- ဗြိတိသျှဓမ္မဒူတနှစ်ပါးနှင့်မင်းကြီးကတော်ဒေါ်မြမေ - မင်းသု၀ဏ်
- ၁၉၈၃-ခုနှစ်၊ ဩဂုတ်လထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော နိုင်ငံခြားသာသနာပြုအကြောင်းဆောင်းပါးဖြစ် ပါသည်။ ဖိုင်အရွယ်အစား(၁၉၃)ကီလိုဗိုက်။ (193)KB pdf file application.
- ခရီးသည် ဗုဒ္ဓစာပေပညာရှင် - ပါရဂူ
- ၁၉၈၅-ခုနှစ်၊ ဧပြီလထုတ် ဉာဏ်လင်းဓမ္မစာပဒေသာမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အ ရွယ်အစား(၁၉၈)ကီလိုဗိုက်။ (198)KB pdf file application.
- မင်းနှင့်စာဆို - တိုက်စိုး
- ရန်ကုန်မြို့ ကန်တော်ကလေးမှ ပထမအကြိမ်အဖြစ် ပုနှိပ်ထုတ်ဝေပါသည်။ စာအုပ်အရွယ်အစား(၂၄၁) ကီလိုဗိုက်။ (241)KB pdf file application
- ညောင်ကန်ဆရာတော်ဦးဗုဓ် - စိုးတင့်(အထက-စလင်း)
- ၂၀၁၀-ခုနှစ်၊ အောက်တိုဘာလထုတ် အပ္ပမာဒမဂ္ဂဇင်း၌လာရှိသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၃၈.၇)ကီလိုဗိုက်၊ (၃၈.၇)ကီလိုဗိုက်။ (38.7)KB pdf file application.
- သခင်ကိုယ်တော်မှိုင်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ - စိုးရှိန်
- ၁၉၆၇-ခုနှစ်၊ ဒီဇင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်း၌လာရှိသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းဘ၀ဖြစ်စဉ် ကို စုစည်းတင်ပြထားသောဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၅၂)ကီလိုဗိုက်။ (152)KB pdf file application.
- ရှင်ကျော်တစ်ရာ ညောင်လွန့်တောရ ရှင်မေဓာဝီ - မောင်ဇေယျာ
- ၂၀၀၇-ခု၊ ဧပြီလထုတ် သူရိယမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၄၉.၀)ကီလိုဗိုက်၊ (49.0)KB pdf file application.
- မ-တစ်လုံးကျေဆရာတော် (ခေါ်) အတုလဆရာတော်ခင်ကြီးပျော် - မောင်အောင်မြင့်(ညောင်ဦး)
- ၁၉၈၉-ခု၊ မတ်လထုတ် မြဝတီမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၄.၇)ကီလိုဗိုက်၊ (54.7)KB pdf file application.
- မဇ္ဈိမမှာ သာတဲ့လ ဆရာတော်ကြီးဦးစန္ဒြဏိ - ကြည်လွင်
- ၂၀၁၀-ခု၊ အောက်တိုဘာလထုတ် အပ္ပမာဒမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၄.၁)ကီလိုဗိုက်၊ (54.1)KB pdf file application.
- မူလဒွါရဆဌမသာသနာပိုင် ပန်းတောင်းဆရာတော် ရှင်ဝါသ၀ - ဇေယျာ
- ၂၀၀၇-ခု၊ နိုဝင်ဘာလထုတ် သူရဇ္ဇမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၆၄.၇)ကီလိုဗိုက်၊ (64.7)KB pdf file application.
- သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်း သက်တော်ရှည်ဆရာတော်ဘုရားကြီးအရှင်လာဘဝံသ
- ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိအကျဉ်းဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၃၂.၅)ကီလိုဗိုက်၊ (32.5)KB pdf file application.
- ဂျာမန်ဗုဒ္ဓဘာသာ၏ဖခင် - ပါရဂူ
- ၁၉၆၉-ခု၊ စက်တင်ဘာလထုတ် မြဝတီမဂ္ဂဇင်း၌လာရှိသော ဂျာမန်နိုင်ငံသားဒေါက်တာဒါလ်ကေး၏မိမိတိုင်းပြည်၌ ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သူ၊ တိုးတက်ပြန့်ပွားအောင်ပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည်။ ၎င်း၏အကြောင်းကို ဆရာကြီးပါရဂူမှ ဆောင်းပါး ရေးသားထားပါသည်။ ဖိုင် အရွယ်အစား(၆၁.၆)ကီလိုဗိုက်၊ (61.6)KB pdf file application.
- တုံဂိုဏ်းကို ဖန်တီးသူ - တသက်လှ(ပခုက္ကူ)
- ၁၉၈၃-ခု၊ ဒီဇင်ဘာလထုတ်၊ (၂၈)နႀစ်ပြည့်ဗုဒၭဓမၳလောကမဂၢဇင်း၌လာရိႀသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၁)ကီလိုဗိုက်၊ (201) KB pdf file application.
- ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ် - တင်ဦး(လားရှိုး)
- ၁၉၇၈-ခုနှစ်၊ ဇူလိုင်လထုတ် သွေးသောက်မဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၁၇၆)ကီလိုဗိုက်။ (176)KB pdf file application.
- နန်းကျောင်းဆရာတော် - ရဝေထွန်း
- ၁၉၈၄-ခု၊ ဒီဇင်ဘာလထုတ်၊ ဉာဏ်လင်းဓမ္မစာပဒေသာ၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၁၅)ကီလိုဗိုက်၊ (215)KB pdf file application.
- ဘုံစဉ်စံစား မိုးသိကြား - ရဝေထွန်း
- ၁၉၈၄-ခု၊ ဇူလိုင်လထုတ် ဉာဏ်လင်းဓမ္မစာပဒေသာ၌လာရှိသော သိကြားမင်းအကြောင်းကိုရေးသား ရှင်းလင်းထားသည့်ဆရာတော်ရဝေထွန်းမှ ရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၆၈.၂)ကီလိုဗိုက်၊ (68.2)KB pdf file application.
- ပထမကျော်ဒေါ်ဒွေး - သုံးဆယ်ထိဋ်တင်မြင့်
- ၁၉၈၇-ခု၊ ဒီဇင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၅၀)ကီလိုဗိုက်၊ (150)KB pdf file application.
- ရှင်ဗုဒ္ဓဃောသ - ဦးသော်ဇင်
- ၁၉၈၅-ခု၊ မတ်လထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော အဌကထာဆရာတော်အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်၏အကြောင်း ဆောင်းပါးဖြစ်ပါသည် ဖိုင်အရွယ်အစား(၂၆၃)ကီလိုဗိုက်၊ (263)KB pdf file application
- အသက်(၁၅၆)နှစ်ရှည်သူ ဗုဒ္ဓသာသနာပြုရဟန်းတော် - တိုးတက်ရေးဦးသန်းဖေ
- ၁၉၈၄-ခု၊ ဒီဇင်ဘာလထုတ်၊ ဉာဏ်လင်းဓမ္မစာပဒေသာမဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၀၂)ကီလိုဗိုက်၊ (202)KB pdf file application.
- ဝန်ထောက်ကြီးဦးညို၏အတ္ထုပ္ပတ္တိ
- ၁၂၈၇-ခု၊ ဝါခေါင်လ၌ မန္တလေးမြို့ ဓါးတန်းရပ် ဂုဏဝတီပုံနှိပ်တိုက်မှ ထုတ်ဝေသော ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိစာပေ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁၆၉)ကီလိုဗိုက်၊ (169)KB pdf file application.
- ပန်းတဉ်း၀န်ဦးရွှေဘင် - ဒေါက်တာမျိုးသန့်တင်
- ၁၉၈၃-ခုနှစ်၊ ဩဂုတ်လထုတ် စစ်ပြန်မဂ္ဂဇင်း၌လာရှိသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ်အစား (၆၉.၅)ကီလိုဗိုက်။ (69.5)KB pdf file application.
- အမျိုးသားကောလိပ်နှင့်ပရိုဖက်ဆာဆရာလွန်း - ရင်ရင်ဌေး
- ၁၉၈၆-ခုနှစ် ဒီဇင်ဘာလထုတ် ရတနာမွန်ဓမ္မမဂ္ဂဇင်း၌ပါသော သခင်ကိုယ်တော်မှိုင်း အမျိုးသားကောလိပ်တွင် ရာဇ၀င်သမိုင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး Professor အဖြစ်ခံယူ၍ အင်္ဂလိပ်တို့အား ဆန့်ကျင်ခဲ့ပုံ၊ ကလောင်အမည်များအဖြစ် သုံးစွဲခဲ့ပုံများကို လေ့လာဆန်းစစ်တင်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ ဖိုင်အရွယ် အစား(၁၁၈)ကီလိုဗိုက်။ (118)KB pdf file.
- ၀န်းသိုစော်ဘွားကြီး၏ဗုဒ္ဓမြတ်စွယ်တော်မှတ်တမ်း - ဘုန်းခြိမ့်
- ၂၀၀၄-ခုနှစ် မေလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ပါသော အင်္ဂလိပ်ကိုလိုနီတော်လှန်ရေးအချိန်တုန်းက ၀န်းသိုစော်ဘွား ကြီးဦးအောင်မြတ်သည် တရုတ်ပြည် ယူနန်နယ်သို့ ထွက်ပြေးတိမ်းရှောင်စဉ်က မှတ်သားခဲ့သော ဗုဒ္ဓစွယ်တော်မြတ် မှတ်တမ်းနှင့်ဦးအောင်မြတ်၏အတ္ထုပ္ပတ္တိဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၁၆၂)ကီလိုဗိုက်။ (162)KB pdf file.
- တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင်ဇေယျ - တင်ထွေး
- ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအတွက် ၁၉၉၂-ခုနှစ် ဖေဖေါ်ဝါရီလတွင် ဒုတိယအကြိမ်အဖြစ် ကြေးမုံသတင်းစာတိုက် ဂါဒီယန်သတင်းစာတိုက် တွင် ပုံနှိပ်ထုတ်ဝေသည်။ ဤစာအုပ်တွင် အလောင်းမင်းတရား၏ငယ်စဉ်ဘ၀မှစတင်၍ မင်းတရားကြီး ဖြစ်တော်မူလာကာ နိုင်ငံတော်ကို ဘယ်ပုံစံနည်းလမ်းအားဖြင့် စည်းရုံးသိမ်းသွင်းခဲ့သည်များကို အသေး စိတ် တင်ပြထားသော သမိုင်းအတ္ထုပ္ပတ္တိစာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား (၀.၉၉)မီဂါဗိုက်။ File size (0.99)MB pdf file.
- သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် - သိန်းဖေမြင့်
- ပွင့်ပွင့်လင်းလင်းသတင်းစာဖြတ်ပိုင်းများ (၁)ပီမိုးနင်း၊ (၂)ဒီးဒုတ်ဦးဘချို (၃)ဇာတ်ဆရာဦးဖိုးစိန် (၄)ဇာတ်သဘင်တစ်ခေတ်တီထွင်ခဲ့သူ(ဇာတ်ဆရာဦးဖိုးစိန် (၅)ဒီမိုကရေစီသစ်၏ယဉ်ကျေးမှုမှူး (၆)ပန်းချီဦးအုန်းလွင် (၇)ဦးစောဘိလပ်သွားပြဇာတ်နှင့်ဦးခင်မောင် (၈)အာဠ ၀ကသခင်ဘိုးလှကြီး (၉)သခင်ဘိုးလှကြီး၊ သခင်လှိုင်တို့တစ်တွေကို သတိရလျက် (၁၀)ဦးဗကြည်၏ပန်းချီကို လေ့ လာချက် (၁၁)တရား၀န်ကြီးဦးချန်ထွန်းနှင့်ဗုဒ္ဓဘာသာ အသိအမြင် (၁၂)တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ မောင်ဘဖေ ငါးထောင်မရသော်ကြောင့် (၁၃) နိုင်ငံရေးစွန့်သွားသော ၀န်ကြီးဟောင်းဦးဘစော (၁၄)ရန်အောင် (၁၅)ကွယ်လွန်သူသခင်ဗစိန် (၁၆)၀င်းဦးကိုတွေ့ခြင်း (၁၇)နှမြောဖွယ်ကောင်းသော ကနေဒီ (၁၈)အိန္ဒိယ၏ရတနာ ဂျဝါဟာ (၁၉)အနှစ် ၄၀၀ ပြည့်ရှိတ်စ ပီးယား (၂၀)မျိုးချစ်စာဆိုကြီး သခင်ကိုယ်တော်မှိုင်း (၂၁) သခင်ကိုယ်တော် မှိုင်းဆိုတာ ဘာလဲ (၂၂) ကွန်မြူနစ်မကြီးများ လုပ်သားပြည်သူ့ဘ၀ခံယူခြင်း (၂၃)မစ္စက်ဘန်ဒရာနာယကေး အစိုးရ ပြုတ်ကျခြင်း (၂၄)ဘုံဝါဒအောင်ရမည်မှာ မြေကြီးလက်ခတ်မလွဲတည်းဟုဆိုခဲ့သောလယ်တီပဏ္ဍိတဦးမောင်ကြီး (၂၅)ဆရာဟာရွန်းကွယ်လွန်ရှာပြီ (၂၆)ဟိုချီမင်း ၇၅ နှစ် (၂၇)သခင်ဘသောင်း ရွှေညောင်မောင်(ဦးချင်းစိန်)နှင့် ဝိုင်အမ်ဘီအေသခင်တင် (၂၈)စိန်စတင်း (၂၉)မြို့မေတ္တာခံယူသည့်သားမှ နာယကသို့ (၃၀)သဘာပတိကိုယ်တိုင် ကြော်ငြာမောင်းခတ်လိုက်ပါသည် (၃၁)ပန်းတိုင်လည်း၀င် အမောလည်းဆို့ (၃၂) မြေးတွေနှင့်အတူ တက္ကသိုလ်ဘွဲ့ ယူသူ (၃၃)၀န်ကြီးချုပ်အင်ဒီရာဂန္ဒီ (၃၄)အင်ဒီရာဂန္ဒီကွန်မြူနစ်တဲ့ဗျား (၃၅)မာ့က်စ်ဝါဒအလွဲသုံးစားလုပ်ပြီး သခင်စိုးကြီးလိင်မှုပွေပြန်ပြီ (၃၆)တစ်လင် တစ်မယားစနစ် (၃၇)သခင်စိုးကြီး စိတ်ကောင်း၀င်ချိန် (၃၈)ချင်း အမျိုးသားတော်လှန်ရေးသမားကြီး (၃၉)မျိုးချစ်ယောင်ဆောင် ဂဠုန်အတုဦးစော (၄၀)စိန်ကလောင်(ဗန္ဓုလဦးစိန်) (၄၁)ရှမ်းပဒေသရာဇ်များ၏ကျေးဇူး (၄၂)ဆရာကြီးဦးဖေမောင်တင်ကို ကန်တော့ခြင်း (၄၃)တောခိုစေသော အကြောင်းတစ်ကြောင်း (၄၄)ဦးထွန်းအောင်ကျော် ကွယ်လွန်အနိစ္စရောက်ခြင်း (၄၅)ဦးကံသိန်း၏ဆံပင်ညှပ်ဆိုင် (၄၆)၀န်ကြီးနှင့်ဗမာ့လွတ်လပ်ရေး (၄၇)သတင်းထောက်ပေါက်စ မဟတ္တမဂန္ဒီနှင့်တွေ့ခြင်း (၄၈)မဟတ္တမဂန္ဒီ၏ ခံနိုင်ရည် (၄၉)မသေသော လီနင် (၅၀)နဲဗားဆောရီ - အဲဗားဂျောလီ ဦးညာဏ (၅၁)နိုဘယ်ဆုရဟီးဘရူးစာရေး ဆရာကြီးကွယ်လွန်ခြင်း (၅၂)တိုးတက်နေသော နှစ် ၅၀ ပြည်သူ့သမိုင်းနှင့်အတူ ချီတက်ခဲ့သူ (၅၃) သခင်သိမ်း မောင်ကြီး (သို့မဟုတ်) အရှင်သောမ (၅၄)သမ္မတနာဆာ (၅၅)ကိုသိန်းတန် (၅၆)မိတ်ဆွေကြီးအဂ္ဂါစနိုးကွယ်လွန် ရှာပြီ (၅၇)အက်ဒ၀တ်နှင့်ကျွန်တော် (၅၈)ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး၏မီးရှူးတန်ဆောင်ဒီမီထရော့ဖ် (၅၉)ဗိသု ကာမှ ဒါရိုက်တာသို့ (၆၀)ဖိုးကျော်မြင့် (၆၁)ဦးဘသန်း အငြိမ်းစားယူခြင်း (၆၂)နှင်းဆီကုန်းမှ ဦးတင် (၆၃)ဆရာ တော်ဦးဗုဓ်မှ အရှင်ဇနကာဘိဝံသသို့ (၆၄)သခင်ကေသရ (ခေါ်) သခင်ညွှန့်စိန်၊ ဘိုးစိန်ညွှန့် (၆၅)စာရေးသူ၏ အတ္ထုပ္ပတ္တိအကျဉ်း
- ဝီရိယကိုထူ ဉာဏ်နှင့်ချူ ကံကဖေးမသူ - ဒေါက်တာလှဘေ
- ၂၀၀၁-ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့ နန်းသဇင်ပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ဒေါင်းစာပေမှ ဖြန့်ချိသည်။ ဤ စာအုပ်သည် ဒေါက်တာလှဘေ၏ဘ၀အတ္ထုပ္ပတ္တိဟုဆိုရမည့်စာအုပ်ဖြစ်ပါသည်။ မိမိငယ်စဉ်တောင်ကျေးကလေးဘ၀မှ အစပြု၍ တိုးတက်မြင့်မားလာပုံ၊ အခက်အခဲများကြုံဆုံလာရပုံ၊ နောက်ဆုံး လန်ဒန်တက္ကသိုလ်တွင် ပါမောက္ခအဆင့် သို့အဆင့်ဆင့်ကူးပြောင်းချီးမြှောက်ခံရပုံတို့ကို စနစ်တကျပြုစုရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါ သည်။ ဤစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် လူငယ်တို့အား ပညာရေးတွင် ဘ၀အောင်မြင်ရေးတို့တွင် ကြီးပွားအောင် မြင်မှု ရရှိရန် ကြိုးစားလိုသောစိတ်ဓါတ်ပေါ်ပေါက်လာဖို့ရန် တွန်းအားတစ်ခုဖြစ်စေနိုင်ပေသည်။ လူငယ်တိုင်းဖတ် ရှုသင့်သော စာအုပ်ကောင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။ စာအုပ်အရွယ်အစား(၁.၀၆)မီဂါဗိုက်။ File size (1.06)MB pdf file. uploaded by 20.6.2012
- ဒေါက်တာလှဘေ မြန်မာဗုဒ္ဓဘာသာတစ်ယောက်၏ဘ၀ ပုခက်အတွင်းမှသည် ဂူတွင်းအထိ - ဒေါက်တာတင်လှိုင်(မြန်မာပြန်)
- Dr.Hla Pe: The Myanmar Buddhist: His life from the cradle to the grave, translated by Dr.Tin Hlaing. File size (3.02)MB pdf file application. Uploaded by 2.7.2012.
- ပျောက်ကွယ်နေသော ခရစ်တော်၏အကြောင်း
- တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့သော ဗုဒ္ဓါနုဿတိဘာ၀နာစာအုပ်မှကောက်နုတ်ရိုက်နှိပ်ထား ခြင်းဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁၀၉)ကီလိုဗိုက်။ File size (109)KB pdf file application. Uploaded by 27.7.2012.
- ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့သော မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း
- တိုင်းပြည်အတွက် အသက်ပေးစတေးခဲ့ရသော အာဇာနည်(၉)ဦးထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သော ရှမ်းပြည်နှင့်ရှမ်းလူမျိုး တို့၏ဂုဏ်ဆောင်ဖြစ်သော မိုင်းပွန်စော်ဘွားကြီး၏အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၇၃၁)ကီလိုဗိုက်။ File size (731)KB pdf file application. Uploaded by 14.8.2012.
- ခွန်ထွန်းဉီး၏အတ္ထုပ္ပတ္တိအကျဉ်းချုပ်
- File size (82.6)KB pdf file application. Uploaded by 14.8.2012.
- ရှမ်းပြည်နယ်ကောင်စီ၀င် သဘာပတိနှင့်၀န်ကြီးများ
- ၁၉၆၁-ခုနှစ်တွင် ရှမ်းပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်ထုတ်ဝေသော ရှမ်းပြည်စာစောင်မှ ပြန်လည်၍ စာစီရိုက်ထားသော စော်ဘွားများ၏အတ္ထုပ္ပတ္တိအကျဉ်းချုပ်ဖြစ်ပါသည်။ အရွယ် အစား(၉၉၇)ကီလိုဗိုက်။ File size (997)KB pdf file application. Uploaded by 2.9. 2012.
- ရွှေဥဒေါင်းတောင်ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိ - လှမြင့်
- ၁၉၈၄-ခုနှစ်တွင် ရန်ကုန်မြို့ စိန်ရတနာသန်းပုံနှိပ်တိုက်မှ ခုနစ်ရက်သားသမီးများ ဒါနအဖြစ် ထုတ်ဝေသည် အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား (၁၇၂)ကီလိုဗိုက်။ File size (172)KB pdf file application. Uploaded by 10.11.2012.
- မြန်မာပြည်မှာ အလုပ်လုပ်သွားဖူးသော သမ္မတတစ်ဦး - သရဝဏ်(ပြည်)
- ၂၇-၁၁-၂၀၁၂ နေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင် ပါရှိသောဆောင်းပါးကိုစာစီရိုက်ထားခြင်း ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၅၁၄)ကီလိုဗိုက်။ File size (514)KB pdf file application. Uploaded by 30.11.2012.
- နမ့်လန်မြို့ မဇ္ဈိမာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ၏ထေရုပ္ပတ္တိကထာ
- ရှမ်း-မြန်မာ နှစ်ဘာသာဖြင့် ပြုစုထားသည်။ စာအုပ်အရွယ်အစား(၄.၂၆)မီဂါဗိုက်။ File size (4.26)MB pdf file. Uploaded by 19.12.2012.
- ဆရာယုဒသန်
- လင်းရောင်ခြည်(USA)မဂ္ဂဇင်း၌လာသောဆောင်းပါးကို ပြန်လည်၍ Scan ဖမ်းထားခြင်း ဖြစ်ပါသည်၊ ဖိုင်အရွယ်အစား(1.05)မီဂါဗိုက်၊ File size (1.05)MB pdf file application. Uploaded by 25.2.2013.
- Twilight Over Burma(Burmese Version) မှုန်ရီဆိုင်း တိုင်းမြန်မာ (သို့) နေဝင်ဆည်းဆာ ပြည်မြန်မာ - ဒါရိုက်တာဦးဝင်းဖေ
- လွန်ခဲ့သောနှစ်များစွာက ဒါရိုက်တာဦးဝင်းဖေမှနေပြီး အမေရိကားတွင် နေထိုင်စဉ် ဘာသာပြန်ထားခဲ့သော ပထမဦးဆုံးဖြစ် သော ဘာသာပြန်စာအုပ်ဖြစ်ပါသည်။ ဤစာအုပ်ကို အပြင်၌ ရှာဖွေတွေ့ရှိရန် လွန်စွာခဲယဉ်းလှပါသည်။ စာအုပ်တွင်ရှိသော ရှမ်းလူမျိုးနာမည်နှင့်အရပ်ဒေသအမှားများကို ပြန်လည်၍ ပြင်ဆင်ရိုက်နှိပ်ထားပါသည်။ မူရင်းဘာသာပြန်အာဘော်ကိုကား မပြင်ဆင်ပါ။ ဤပြင်ဆင်ချက်အတွက် ဦးဝင်းဖေမှ နားလည်ပေးမယ်လို့ယုံကြည်ပါသည်။ ဦးဝင်းဖေမှမဟုတ်ပါ၊ ဘာသာပြန် သူတိုင်း အကုန်လုံးမှားကြပါသည်။ ထို့ကြောင့် ဤစာအုပ်ကို ဖတ်ရှုမည်ဆိုပါလျှင် မှန်ကန်သောအသုံးအနှုန်းများနှင့်မှန်ကန်စွာ ဖတ်ရှုရပေလိမ့်မည်။ ဖိုင်အရွယ်အစား(၂.၉၀)မီဂါဗိုက်။ File size (2.90)MB pdf file application. Uploaded by 30.3.2013.
- A sketch of the labors sufferings and death of the rev.adoniram judson - A. D. GILLETTE, A.M.
- PUBLISHED BY DANIELS & SMITH, 1851. File size (3.87)MB pdf file application. Uploaded by 16.5.2013.