Document Actions

ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချပွဲ

၁၉၅၉ ခု၊ ဧပြီလ ၂၉ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ကောင်စီ လွှတ်တော် အဆောက်အဦတွင် ကျင်းပသော "ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချပွဲ" လို့ ခေါ်ဆိုတဲ့ ရှမ်းစော်ဘွားများ အဏာစွန့်ပွဲ မှတ်တမ်းကို ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ပုံနှိပ်ရေးနှင့် စာရေးကိရိယာဌာနမှ ပုံနှိပ်ထုတ်ဝေတာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းမှာ အဲဒီအချိန်က အဏာစွန့်ခဲ့ကြတဲ့ စော်ဘွား (၃၃) ဦး ဖြစ်တဲ့ စဝ်ဟုံဖ (သိန္နီ )၊ နာယကကြီး စဝ်ရွှေသိုက် (ညောင်ရွှေ)၊ စဝ်စိုင်းလုံ (ကျိုင်းတုံ)၊ စဝ်ကြာဆိုင်(သီပေါ)၊ စဝ်ခွန်ချို (မိုးမိတ်)၊ စဝ်ပြည့် (မိုးနဲ)၊ စဝ်ခွန်ပန်းစိန် (တောင်ပိုင်)၊ စဝ်ကြည် (မိုင်းကိုင်)၊ မိုင်းရယ် စဝ်ဆိုဟုံဖ (တောင်သိန္နီနယ်)၊ စဝ်နွံ (လဲချား)၊ စဝ်ခွန်ဆာ (ရပ်စောက်)၊ စဝ်ခွန်ကြည် (စကား)၊ စဝ်ရွှေကြည် (မိုင်းပန်)၊ စဝ်မန်လိတ် (မိုင်းလင်း)၊ စဝ်ဆေဟုံ (မိုင်းပွန်)၊ စဝ်ထွန်းဧ (သာမိုင်းခမ်း)၊ စဝ်ရွှေမှုံ (ကျေးသီးမန်စံ)၊ စဝ်မိုးကျော် (ပင်လောင်း)၊ စဝ်ခွန်အောင် (ဘော်)၊ စဝ်မန်ဖ (မိုင်းရှု)၊ ရန်ကြင်းဆိုင် (ကိုးကန့်)၊ စဝ်အုံးမောင် (မိုင်းနောင်)၊ စဝ်ခွန်ညွန့် (စကွယ်)၊ စဝ်စိန်ညွန့် (ဘန်းယဉ်)၊ စဝ်ခွန်ဆောင်း (ကျုံး)၊ စဝ်ခွန်ရီ (ရွာငံ)၊ စဝ်ဝင်းကြည် (ပင်းတယ )၊ စဝ်ထွန်းစိန် (ပွေးလှ)၊ ပင်မှီကျမိုင်း ဗိုလ်ကြီး စဝ်ခွန်ဦး၊ နောင်မွန်စော်ဘွားကြီး၏ သားတော် ကျမိုင်း စဝ်သောင်းရွှေ၊ စဝ်အောင်မြင့် (သထုံ)၊ မောက်မယ် ကျမိုင်းစဝ်ထွန်းဖ (၁၉၉၅၁ ဖွား၊ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ စ၍ မောက်မယ်နယ်တော်၏ ကျမိုင်းဖြစ်)၊ ဟိုပုံး ကျမိုင်းစဝ်ခွန်အို့ (၁၉၅၁ ဖွား၊၁၉၅၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မ စ၍ အိမ်ရှေ့စံကျမိုင်းဖြစ်) တို့ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းချုပ် တို့ပါ ပါရှိ။ အရွယ်အစား ၄.၁ မီဂါဗိုက် (4.1 MB) - ဖိုင်အမျိုးအစား ပီဒီအက်ဖ် (application/pdf)

Click here to get the file

Size 4.1 MB - File type application/pdf