You are here: Home အထွေထွေ စာအုပ်စာတမ်း ဆောင်းပါးများ (General Books and Articles)
Document Actions

အထွေထွေ စာအုပ်စာတမ်း ဆောင်းပါးများ (General Books and Articles)

Up one level
မြန်မာဘာသာနဲ့ ရေးသားထားတဲ့ စာရေးဆရာမျိုးစုံတို့၏ စာအုပ်စာတမ်းဆောင်းပါးများ
ကွန်ရက်စာမျက်နှာ တခု တည်ဆောက်ခြင်း (Creating a Web Page)
ကွန်ရက်စာမျက်နှာ တခုကို အိတ်ချ်တီအမ်အယ်လ် (HTML) တွေနဲ့ ဘယ်လို တည်ဆောက်ရတယ်၊ မိုက်ခရိုဆော့ထုတ် ဖရန့်တ်ပေ့ချ် (FrontPage) ကို အသုံးပြုပြီး ဘယ်လို တည်ဆောက်ရတယ် ဆိုတာကို မြန်မာဘာသာနဲ့ ရှင်းပြထားတဲ့ "Creating a Web Page" "ကွန်ရက်စာမျက်နှာ တခု တည်ဆောက်ခြင်း" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား ၁၃.၁ မီဂါဗိုက် (13.1 MB) - ဖိုင်အမျိုးအစား ပီဒီအက်ဖ် (application/pdf)
အကြီးအမှုးဖြစ်စေတတ်သော - ချစ်နိုင်(စိတ်ပညာ)
၂၀၀၇-ခုနှစ်၊ ဩဂုတ်လ၌ နိုင်စာပေမှ စာအုပ်အမှတ်(၃၀)အဖြစ် ထုတ်ဝေလိုက်သော စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏စာအုပ်ဖြစ်ပါသည်။ ဖိုင်အရွယ်အစား(၂၅၄)ကီလိုဗိုက်။ (254)KB pdf file application.
အနုပဋိလောမ ရုပ်ဝါဒ - မြသန်းတင့်
၁၉၆၃-ခုနှစ်၊ မေလ၌ ရန်ကုန်မြို့ ထွန်းလင်းစာပေမှ ထုတ်ဝေသော အလုပ်သမားလူတန်းစားအဘိဓမ္မာ စာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၃၄၅)ကီလိုဗိုက်။ (345)KB pdf file application.
လိုက်ခဲ့တော့ မြနန္ဒာ - မြသန်းတင့်
၁၉၇၄-ခုနှစ်၊ နို၀င်ဘာလ၌ စတုတ္ထအကြိမ်အဖြစ် အပေါင်းလက္ခဏာစာပေမှ ဖြန့်ချိပါသည်။ ရှမ်းပဒေသရာဇ် ဆန့်ကျင်ရေးသမားနှင့်ရှမ်းပဒေသရာဇ်သူလေးတို့၏ ရင်သပ်ရှုမောဖွယ် လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေး ကို ဆရာမြသန်းတင့်မှ ၄င်း၏အနုပညာဉာဏ်စွမ်းဖြင့် ခြယ်မှုန်းလိုက်သော ပထမဆုံးလက်ရာဖြစ်သော၀တ္ထု ဖြစ်ပါသည်။ ယခုအခါတွင် အပြင်တွင် ရှာဖွေ၀ယ်ယူရန် ဖတ်ရှုရန် ခဲယဉ်းသောစာအုပ်ဖြစ်ပါသည်။ စာအုပ် အရွယ်အစား(၈၁၀)ဂီလိုဗိုက်။ (810)KB pdf file application.
ဘာသာပြန်စာပေ - မင်းသု၀ဏ်-ဇော်ဂျီ-တက်တိုး-မောင်ထင်-သခင်ဘသောင်း-ဦးတင်ဧ-ဇ၀န-ဦး၀င်းဖေ-မှူးတင်-ဦးထင်ကြီး-ဦးခင်ဇော်
၁၉၆၉-ခုနှစ်၊ စက်တင်ဘာလ၌ စာပေဗိမာန်တွင် ပြုလုပ်ခဲ့သော ဘာသာပြန်စာပေနှီးနှောဖလှယ်ပွဲတွင် တင် သွင်းခဲ့သောစာတန်းများ-ဆွေးနွေးချက်များ-အစီရင်ခံစာများကို စာအုပ်အဖြစ်ပြန်လည်၍ ထုတ်ဝေထားပါ သည်။ ဘာသာပြန်မှုကို ဝါသနာပါသောပုဂ္ဂိုလ်များအတွက် အလွန်ဗဟုသုတတိုးပွားစေသော စာအုပ်တစ် အုပ်ဖြစ်ပါသည်။ ၁၉၇၀-ခုနှစ်တွင် စာပေဗိမာန်တိုက်မှ ထုတ်ဝေပါသည်။ စာအုပ်အရွယ်အစား(၁.၀၇)မီဂါဗိုက်။ (1.07)MB pdf file application.
အုန်းမှုတ်ခွက်နင်း ရောဂါကင်း - မကွေး၀င်းမြင့်
၁၉၇၇-ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ်အဖြစ် ဉာဏ်လင်းစာအုပ်တိုက်မှ အမှတ်(၁၃)အဖြစ်ထုတ်ဝေ သော ကျန်းမာရေးလေ့ကျင့်ခန်းဆိုင်ရာစာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၃၃၄)ကီလိုဗိုက်။ (334)KB pdf file application.
ဗုဒ္ဓဘာသာနှင့်မာ့က်စ်ဝါဒ - ပါရဂူ
ပထမအကြိမ်အဖြစ် ၁၉၅၄-ခုနှစ်၊ မေလတွင် ရန်ကုန်မြို့ လောကစာအုပ်တိုက်မှထုတ်ဝေသော စာအုပ်ဖြစ် ပါသည်၊ ဘိက္ခုအာနန္ဒာကောသလ္လာယန၏စာအုပ်ကို ဆရာကြီးပါရဂူမှ ပြန်လည်၍ ဘာသာပြန်ထား သောစာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁၁၃)ကီလိုဗိုက်။ (113)KB pdf file application.
အသစ်ဘယ်လိုကောင်းကောင်း - ဦးသော်ဇင်
စာပေဗိမာန်မှ ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေသော ၁၉၆၅-ခုနှစ်၊ ဇွန်လ၌ထွက်ရှိခဲ့သောဆရာကြီး ဦးသော်ဇင်ရေးသားသည့် လူ့ဘ၀တွင် ကြုံတွေ့ရသော ဘ၀အတွေ့အကြုံသဘောတရားများကို စာ အုပ်အဖြစ် ရေးသားတင်ပြထားပါသည်။ စာအုပ်တွင်ပါသော သင်ခန်းစာရဖွယ် အချက်အလက်များကို ယူ တတ်ပါက မိမိတို့ဘ၀အတွက် အလွန်တန်ဖိုးရှိပေသည်။ စာအုပ်အရွယ်အစား(၁၈၂)ကီလိုဗိုက်။ (182)KB pdf file application.
အမျိုးကိုချစ် ဘာသာကို မပစ်နဲ့ - အရှင်ပညောဘာသ(သပိတ်ကျင်း)
ရန်ကုန်မြို့၊ ကျော်တံတားမြို့နယ်၊ ယုံကြည်ချက်စာပေမှ ၂၀၀၇-ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအကြိမ်ဖြစ် ထုတ်ဝေသော အမျိုးဘာသာကို ချစ်မြတ်နိုးရန် ပညာပေးရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ် ပါသည်။ ဗုဒ္ဓဘာသာ၀င် မြန်မာတိုင်းရင်းသားသမီးပျိုများ အထူးအလေးထား ဖတ်မှတ်ရမည့်စာအုပ်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။ စာအုပ်အရွယ်အစား(၃၇၇)ကီလိုဗိုက်၊ (377)KB pdf file application.
အမျိုးပျောက်မှာ စိုးကြောက်စရာ(၁)
ဤစာအုပ်သည် သင့်မိသားစု သင့်အသိုင်းအဝိုင်းတွင် ရွှေငွေရတနာတို့ထက် တန်ဖိုးထားမြတ်နိုးရမည့်စာ အုပ်တစ်အုပ်ဖြစ်ပါသည်။ အမျိုးဘာသာ မပျောက်ပျက်ရေးအတွက် ပညာပေးစာစဉ်အဖြစ် ထုတ်ဝေထား သော စာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁၇၁)ကီလိုဗိုက်။ (171)KB pdf file application.
အမျိုးပျောက်မှာ စိုးကြောက်စရာ(၂) - မင်းရဲနန္ဒကျော်ခေါင်
အမျိုးဘာသာ မ​ပပျောက် မတိမ်ကောသွားစေရန် နည်းပေးလမ်းပြ ပညာပေးစာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားလူမျိုးတိုင်း ဖတ်သင့် လိုက်နာသင့်သော စာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ် အစား(၂၀၆)ကီလိုဗိုက်။ (206)KB pdf file application.
ရွှေချိန်ခွင်(The Balance of Gold) - သျှင်ဥက္ကဌ
ခရစ်ယာန်ဘာသာ၏အယူဝါဒရေးရာများကို ဆန်းစစ်တင်ပြထားသော စာအုပ်ဖြစ်ပါသည်၊ စာအုပ်အရွယ် အစား(၁၇၇)ကီလိုဗိုက်။ (177)KB pdf file application.
ဘာသာပြန်စာပေစာတမ်းများ(ဒုတိယတွဲ) - နတ်နွယ်၊ လှသမိန်၊ ဒေါက်တာတင်အောင်၊ မင်းကျော်
နတ်နွယ်နှင့်လှသမိန်တို့က ဘာသာပြန်သုတ(ဝိဇ္ဇာ)စာပေစာတမ်းကိုတင်ပြ၍ ဒေါက်တာတင်အောင်နှင့်မင်းကျော်တို့က ဘာသာပြန် သုတ(သိပ္ပံ)စာပေစာတမ်းကို တင်ပြထားသည်။ ဘာသာပြန်စာပေလုပ်ငန်းတွင် လက်တွေ့ပါ၀င်ဆောင်ရွက်နေကြသော စာရေးဆရာ၊ စာပေပညာရှင်တို့၏သုတေသနပြုချက်နှင့်ဘာသာပြန်ရာတွင် ကိုယ်တွေ့ကြုံရသော ပြဿနာများကို တင်ပြထားရာ စာပေသမားတိုင်း လေ့လာသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၇၆၈)ကီလိုဗိုက်။ File size (768)KB pdf file.
မြန်မာ့ဆေးပညာ - ဂျာနယ်ကျော်မမလေး
၁၉၆၇-ခုနှစ်၌ ရန်ကုန်မြို့ သီဟရတနာပုံနှိပ်တိုက်တွင် ပုံနှိပ်ပြီး ဂျာနယ်ကျော်မမလေးစာပေမှဒုတိယအကြိမ်အဖြစ် ထုတ်ဝေလိုက်သော မြန်မာ့ရှေးရိုးရာဆေးပညာအကြောင်း ဖြစ်ရပ်မှန်ကိုယ်တွေ့ဇာတ်လမ်းများကိုလည်းကောင်း၊ ဆေး ကုသပုံကုသနည်းများကိုလည်းကောင်း၊ ဆေးပညာလိုက်စားသူများအတွက် ဗဟုသုတရရှိစေရန်အတွက်လည်းကောင်း၊ ရည်ရွယ်၍ ထုတ်ဝေလိုက်သောစာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၇၈၆)ကီလိုဗိုက်။ File size (786)KB pdf file.
A Grammar of Sgaw Karen - Rev. David Gilmore
American Baptist mission Press, Rangoon, Burma, 1808. File size (2.31)MB pdf file application. Uploaded by 5.7.2012.
မြန်မာအီးဘွတ်ခ်တွေကို ဘယ်လိုရှာမလဲ
၂၀၁၂-ခုနှစ် ဇွန်လထုတ် စာမျက်နှာ(၁၃၂-၁၃၃)တို့၌ပါသည်ကို စာအုပ်နှစ်သက်သူများအတွက် ပြန်လည်လွှင့်တင်ပေးလိုက်ပါသည်။ ဖိုင် အရွယ်အစား(၆၀၁)ကီလိုဗိုက်။ File size (601)KB pdf file application. Uploaded by 10.7.2012.
ကိုယ်တော့်ကရုဏာ - ရွှေဒုံးဘီအောင်
၁၉၅၃-ခုနှစ်တွင် ဇန်နဝါရီလ-မေလ-ဩဂုတ်လထုတ် သွေးသောက်မဂ္ဂဇင်းတွင် အခန်းဆက်အဖြစ်ရေးသားထား သော ဗုဒ္ဓသမိုင်း(သို့)အမှတ်တရဒိုင်ယာရီစာအုပ်ကို ရေးသားတော်မူသော မေဃ၀တီဆရာအရှင်နာရဒ၏ ဖြစ် ရပ်မှန်ဇာတ်လမ်းကို စာအုပ်အနေဖြင့် ရိုက်နှိပ်ထားခြင်း ဖြစ်ပါသည်။ စာအုပ်အရွယ်အစား (၅၀၄) ကီလိုဗိုက်။ File size (504)KB pdf file application. Uploaded by 24.7.2012.
သွေးနဲ့ရေးတဲ့စာ - ရွှေဒုံးဘီအောင်
ဆရာကြီးဒါရိုက်တာရွှေဒုံးဘီအောင်၏ရှားပါးစာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဘာသာခြားအကြောင်းရေးသား တင်ဆက်ထားသော စာအုပ်ဖြစ်၏။ စာအုပ်အရွယ်အစား(၅၈၄)ကီလိုဗိုက်။ File size (584)KB pdf file application. Uploaded by 24.7.2012.
ကိုယ့်အကြောင်းသူသိ သူ့အကြောင်းကိုယ်သိ
အမျိုးကိုချစ်ရာတွင် ချစ်ရုံနဲ့မပြီး၊ ကိုယ့်အမျိုးကို ကာကွယ်ရာတွင် ပါးစပ်မှပြောရုံနဲ့မပြီး၊ သူများတွေက ကိုယ့်အကြောင်းသိပြီး ကိုယ်က သူများအကြောင်းမသိရင် ဘယ်လိုလုပ်၍ မိမိဘာသာကို မိမိအမျိုးကို ကာကွယ်နိုင်မလဲ၊ ကိုယ်အမျိုးဘာသာကို ကာကွယ်ချင်လျှင် ဤစာအုပ်ကို ဖတ်ရှုကြပါ။ စာအုပ်အရွယ်အစား (၅၅၃)ကီလိုဗိုက်။ File size (553)KB pdf file application. Uploaded by 24.7.2012.
အနဂ္ဃလက်ဆောင် - မရဏဘွား
ကိုယ့်ဘာသာကို ကာကွယ်ရာ၌ သူများဘာသာအကြောင်း သူများသွေးဆောင်မှုလမ်းကြောင်း သူများ၏ထိုးစစ် ကို သိရှိနိုင်မှ ကာကွယ်နိုင်ပေမည်။ ထိုကြောင်းကို ဤစာအုပ်ထဲတွင် ဖတ်ရှုနိုင်၏။ စာအုပ်အရွယ်အစား(၄၄၇) ကီလိုဗိုက်။ File size (447)KB pdf file application. Uploaded by 24.7.2012.
သိအောင်လုပ်ကြ မညံ့ကြနဲ့
မြန်မာတိုင်းရင်းသားတိုင်းသိသင့်သည့် အမျိုးဘာသာကာကွယ်ရေး ပညာပေးစာစဉ်အဖြစ် ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၅၅၄)ကီလိုဗိုက်။ File size (554)KB pdf file application. Uploaded by 24.7.2012.
အနောက်ဘက်တောင်ကုန်း​ဒေသမှအပြန် - မြသန်းတင့်
၂၀၀၅ ခုနှစ် ဧပြီလတွင် သီဟရတနာစာပေမှ ထုတ်ဝေသည်။ ဤစာအုပ်တွင် စာရေးဆရာမြသန်းတင့် မိမိစာပေ ဟောပြောပွဲ ခရီးထွက်ရာတွင် ရောက်ရှိခဲ့သော စစ်ကိုင်း၊ မုံရွာ၊ ကောလင်း၊ ၀န်းသို၊ ကသာ၊ မွန်ပြည်နယ်နှင့်ရှမ်း ပြည်နယ် မိုးမိတ်မြို့တို့အကြောင်းကို စိတ်၀င်စားဖွယ်ရာ ခရီးသွား​စာပေအဖြစ် ဖန်တီးပြီး မဂ္ဂဇင်းတွင် အခန်း ဆက်ဆောင်းပါးအဖြစ်ရေးသားခဲ့ပြီး ယခုအခါ အနောက်ဘက်တောင်ကုန်းဒေသမှအပြန်ဟူသောအမည်ဖြင့် စာအုပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၁.၃၄)မီဂါဗိုက်။ File size (1.34)MB pdf file application. Uploaded by 3.8.2012.
အမေ့ပျောက်ခံသွေးရင်း(သို့)တောင်ဘက်အစွန်းက ဂျစ်ပစီများ
ပင်လယ်ပျော် ဆလုံ(သို့)မော်ကင်းလူမျိုးများအကြောင်း ရေးသားထားသော ဆောင်းပါးကို Cupid Forum ပြန်လည်ရယူပြီး စာအုပ်အဖြစ် ပြန်လည် ဖန်တီး၍ လွှင့်​တင်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါးကို စုစည်းပေးပို့သော ကို၀င်းသူရညွန့်အား ကျေးဇူးအထူးတင်ရှိပါသည်။ စာအုပ်အရွယ်အစား(၃၂၂) ကီလိုဗိုက်။ File size (322)KB pdf file application. Uploaded by 3.10.2012.
၃၇ မင်းနတ်မျိုးစုံ
စာရေးသူ၏အမည်ကို မသိရပါ။ ဖိုင်အရွယ်အစား(၆၆၄)ကီလိုဗိုက်။ File size (664)KB pdf file application. Uploaded by 8.10.2012.
ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ၀င်ရောက်လာခြင်းနှင့်နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်(သုတေသနစာတမ်း) - ဦးမြင့်သိန်း(ညွှန်ကြားရေးမှူး-သမိုင်းသုတေသနဦးစီးဌာန)
၂၀၀၉-ခုနှစ် မတ် ၂၁ ရက်နေ့ထုတ် ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ မည်သို့မည်ပုံ၀င်လာကြခြင်း၊ မွတ်ဆလင်ပိုင်ပြည်နယ်အဖြစ် ဘူးသီးတောင်နှင့် မောင်​တောနယ်မြေတို့ကို အတင်းအဓမ္မသိမ်းပိုက်လိုလာခြင်း၊ အစိုးရအာဏာပိုင်အဖွဲ့ အစည်းတွင် ၀င်ရောက်နေရာယူလာခြင်း၊ ပါကစ္စတန်၊ အာရေဗျစတဲ့ပြည်ပမွတ်ဆလင် နိုင်ငံများထံမှ အထောက်အပံ့ရယူ၍ မွတ်ဆလင် ကျောင်းများကို တည်ထောင်လာခြင်း၊ ဂျီဟတ်ဘာသာရေးစစ်ပွဲဆင်နွှဲလိုလာခြင်း၊ ရိုဟင်ဂျာဆိုတဲ့အမည်ကို တိုင်းရင်းသားအမည် ပြုလုပ်လိုလာခြင်း၊ ရိုဟင်ဂျာသမိုင်းရာဇ၀င်ကို အတင်းအဓမ္မဖန်တီးလာခြင်း အစရှိသော သုတေသနပြုစုထားသော စာတမ်းဖြစ်ပါသည်။ စာအုပ်အရွယ်အစား(၅၀၆)ကီလိုဗိုက်။ File size (506)KB pdf file application. Uploaded by 19.10.2012.
Burma or Myanmar? Burmese or Burman? Rangoon or Yangon? - Khin Maugn Saw, Berlin
This is a sort of research paper about burma or Myanmar, Rangoon and Yangon, before and after. Explained how did it changed. File size (184)KB pdf file application. Uploaded by 12.11.2012.
အာဖဂန်နစ္စတန်တွင် ဗုဒ္ဓသာသနာကွယ်ပျောက်သွားခြင်းအကြောင်း - သရဝဏ်(ပြည်)
၂၀-၁၁-၂၀၁၂-နေ့ထုတ် စောင့်ကြည့်ဂျာနယ်(News Watch Journal)တွင် ပါရှိသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထား ပါသည်။ ဖိုင်အရွယ်အစား(၁၄၁)ကီလိုဗိုက်။ File size (141)KB pdf file application. Uploaded by 2.12.2012.
လည်တိုင်ကြော့ကြော့ ကယန်းမယ်ဖော့(ပဒေါင်) - ခွန်းနီကောလတ်စ်(ဖယ်ခုံ)
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ ငွေရတုစာ​စောင် ၁၉၈၉-၉၀ ခုနှစ်၊ စာမျက်နှာ(၄၁-၄၃)၌လာရှိသောဆောင်းပါးကို ပြန်၍စာစီရိုက်ထားပါသည်။ ဖိုင်အရွယ်အစား(၇၅)ကီလိုဗိုက်။ File size (75.0)KB pdf file application. Uploaded by 23.1.2013
ဆရာ ဆရာမတွေ စာတတ်ဖို့ - မောင်သာနိုး
News Watch Journal, Page(17), 12-2-2013. ဖိုင်အရွယ်အစား(၇၇)ကီလိုဗိုက်။ File size (77.9)KB pdf file application. Uploaded by 16.2.2013.
တိုင်းရင်းစကား - မောင်သာနိုး
၅-၃-၂၀၁၃ နေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါသော ဆောင်းပါးကို ပြန်စာစီရိုက်ထားပါသည်။ ဖိုင်အရွယ်အစား(၄၁၉)ကီလို ဗိုက်။ File size (419)KB pdf file application. Uploaded by 2.4.2013.
ပေရေး ရှေးကရင်စာ - သုတေသီမြင့်ထွန်း
ရတနာမွန်မဂ္ဂဇင်း၊ ၁၉၈၅-ခုနှစ်၊ ဇွန်လထုတ်၊ အတွဲ(၁၂)၊ အမှတ်(၆)တွင် ပါရှိသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။ File size (90.5)KB pdf file application. Uploaded by 25.4.2013.
တရုတ်-မြန်မာဆေးကျမ်း - မောင်ခင်မင်(ဓနုဖြူ)
၁၉၈၉-ခုနှစ် ဖေဖေါ်ဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ပါရှိသောသောဆောင်းပါး ကို ပြန်လည်၍ စာစီရိုက်ထားပါသည်။ File size (29.2)KB pdf file application. Uploaded by 15.5.2013.
ဗမာလူမျိုးကြီးဝါဒကို စွန့်ပယ်နိုင်ရမည် - မောင်ချစ်လှိုင်
မြဝတီမဂ္ဂဇင်း၊ ၁၉၆၉-ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ်တွင် ပါရှိသောဆောင်းပါးကို ပြန်၍စာစီရိုက်ထားပါသည်။ File size (27.3)KB pdf file application. Uploaded by 16.5.2013.
ရှဝါနန် ခကျီးနှင့်ဂျိန်းဖေါ့ - နိုင်သူ(ကချင်)
၁၉၆၈-ခုနှစ်၊ စက်တင်ဘာလထုတ် မြဝတီမဂ္ဂဇင်းတွင်ပါရှိသော ဆောင်းပါးကို ပြန်လည်၍စာစီရိုက်ထားပါသည်။ File size (27.7)KB pdf file application. Uploaded by 18.5.2013.
ကျွန်တော်အကြိုက်ဆုံး နန်းကြာညိုကြော့ သမိုင်းနောက်ခံဖြင့် ပြောရသော် - စလင်းကျော်စွာ
၁၉၈၁-ခုနှစ်၊ ဇန်န​ဝါရီလတွင် ထုတ်ဝေသော ဂီတပဒေသာမဂ္ဂဇင်းတွင်ပါသော မြဝတီမင်းကြီးဦးစမှ ခရစ်ယာန်ဓမ္မတေးသွားကို အတုလိုက် ၍ စပ်ဆိုထားသော သီချင်းကြီးပတ်ပျိုးကို နှောင်းကာလ၌ ဂီတမိခင်ကြီးအလင်္ကာကျော်စွာ ဒေါ်စောမြဧကြည်မှ ပြန်လည်ပြီး ဆန်းသစ် ဖန်တီးလိုက်ခြင်းအားဖြင့် ဂီတလောကတွင် နာမည်ကြီးကျော်ကြားလာခဲ့သော သီချင်းတစ်ပုဒ်ကို ဖြစ်ပေါ်လာပုံအကြောင်းရင်းကို သမိုင်း နောက်ခံနှင့်ရှင်းလင်းထားသော ဆောင်းပါးဖြစ်ပါသည်။ File size (31.9)KB pdf file application. Uploaded by 18.5.2013.
     
 
« May 2013 »
Su Mo Tu We Th Fr Sa
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31