ဂူ

ဂူ


ဂူ (နာမ်)


၁။ ကျောက်တောင် စသည်တို့၏ နံဘေးတွင် ရှိသော တွင်းခေါင်းကြီး။ လိုဏ်။ အုတ်အင်္ဂတေတို့ဖြင့် ပြုလုပ်ထားသော လိုဏ်။

၂။ လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။ "မြတ်စွာဘုရား၊ ငါ့သားများကို၊ ဘုရားလေး ဆူ၊ ဂူလေးလုံးသို့။" ကိုး ၂၂၇။

၃။ လူသေရုပ်အလောင်းကို သွင်းမြှုပ်ထားရာ အုတ်တိုက်။ [ပါ]




-ဆက်ရန်-

ဂု

ဂု


ဂုဏဝုဎို (နာမ်)


အရည်အသွေး၊ အစွမ်းသတ္တိအားဖြင့် ထူးမြတ်ကြီးမားခြင်း။ "သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်ဖြင့် ကြီးခြင်း တည်းဟူ သော ဂုဏဝုဎို။" စွယ်၊ ဒု။ ၃၆၉။ [ပါ]




-ဆက်ရန်-

ဂိ

ဂိ


ဂိမှာန် (နာမ်)


တပေါင်းလပြည့်ကျော် တရက်မှ ဝါဆိုလပြည့်နေ့အထိ ဖြစ်သော နွေဥတု။ "ရပ်ချောင်တောစွန်၊ ဟိမဝန်တွင်၊ ဂိမှာန်နွေခါ၊ မိုးမရွာသော်။" ဘုံ၊ ၂၉။ [ပါ]



-ဆက်ရန်-

ဂီ

ဂီ


ဂီတ (နာမ်)


သီဆိုခြင်း။ သီဆိုတီးမှုတ်ခြင်း။ သီချင်း။ "၃ မတြာစင်ဖြစ်ခဲ့က ဗျူတာပေါက်၏ဟု ဆရာမြတ်တို့ အမိန့်ရှိသည်။ ဗျူတာ ပေါက်၏ဟူသော စကားကိုလည်း ဂီတအသံသို့ ရောက်၏ဟူ၍ မိန့်ကုန်သည်။" ဝေါ။ ၂၇။ [ပါ]



-ဆက်ရန်-

ဂါ

ဂါ


ဂါထာ (နာမ်)


၁။ ဆန်းကျမ်းတွင် ပြဆိုထားသည့်စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။ ပါဠိကဗျာ။


ဂါရဝတရား မျိုးဆယ်ပါး


ဗုဒ္ဓဘာသာဝင်များ လိုက်နာရိုသေရမည့်တရား (၁ဝ)ပါး ဖြစ်၏။

(၁) ဘုရားရှင်အား ရိုသေလေးစားခြင်း-​ဗုဒ္ဓဂါရဝ။

(၂) တရားတော်အား လေးစားရိုသေခြင်း-ဓမ္မဂါရဝ။

(၃) သံဃာတော်အား လေးစားရိုသေခြင်း-သံဃဂါရဝ။

(၄) ကိုယ်ကျင့်တရား ကောင်းခြင်း၌ ရိုသေခြင်း-သိက္ခာဂါရဝ။

(၅) ဖြောင့်မှန်တည်ကြည်မှု၌ ရိုသေခြင်း-သမာဓိဂါရဝ။။

(၆) ကောင်းမှုမင်္ဂလာတရား၌ မမေ့မပေါ့ ရိုသေလေးစားခြင်း-အပ္ပမာဒဂါရဝ။

(၇)ပေါင်းသင်း ဆက်ဆံမှု၌ ပြေပြစ်ချောမော လိုက်လျောညီ​စွာ လေးစားခြင်း-ပဋိသန္ဓာရဂါရဝ။

(၈) မကောင်းမှု ပြုခြင်း၌ ရှက်ကြောက်ခြင်း-ဟီရိဂါရဝ။

(၉) မ​ကောင်းသောအလုပ်ကို ပြုလုပ်ရမည်၌ ကြောက်ရွံ့ လေးစားခြင်း-ဩတ္တပ္ပဂါရဝ။

(၁ဝ) အတူနေသူ အချင်းချင်း၌ လေးစားခြင်း-အညမညဂါရဝ။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)




-ဆက်ရန်-