ဆား

ဆား


ဆား (နာမ်)


(၁) ကျတ်ငန်ရေ၊ ပင်လယ်ရေတို့ကို နေလှန်း ကျိုချက်၍ ဖြစ်စေ၊ သယံဇာတ ဆားကျောက်လွှွှာ ဆားကျောက်တောင် တို့ကို တူးခြေ၍ဖြစ်စေ ရသော ငန်သော အရသာရှိသည့် ပစ္စည်း။

(၂) အပင် တမျိုးမျိုး ပြာကို ချက်ယူသော ငန်သော အရသာပစ္စည်း။ ရုက္ခမူဆား။


ဆားကျင်း (နာမ်)


ဆားလုပ်ရာ မြေကွက်။


ဆားငါးမျိုး


မြန်မာဆေးကျမ်းများတွင် ဖော်ပြထားသော ဆားငါးမျိုး ဖြစ်သည်။ ဇဝက်သာ၊ သိန္ဓော၊ ဆားပုပ်၊ သမုဒ္ဒရာဆား၊ ရုက္ခမူဆား တို့ဖြစ်ကြ၏။ အခြားမူကွဲ ရှိသေးသည်။ ယင်းမှာ (ဆား၊ သိန္ဓော၊ ဆပ်ပြာ၊ ယမ်း၊ ကျပ်ခိုး) တို့ဖြစ်ကြ၏။ နောက်တစ်နည်း (သမုဒ္ဒရာဆား၊ သိန္ဓောဆား၊ ဆားပုပ်၊ ကျပ်ခိုး၊ မြေပေါက်ဆား)ဟူ၍လည်း သတ်မှတ်ကြသေးသည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဆားငန်သီး (နာမ်)


ဆားအရသာဖြင့် ကြာရှည်ခံအောင် ပြုလုပ်ထားသော သစ်သီးတမျိုး။


ဆားစိမ် (ကြိ)


အသီးအရွက်တို့ကို ကြာရှည်ခံအောင် ဆားရေတွင် စိမ်သည်။

(နာမ်) ကြာရှည်ခံအောင် ဆားရေတွင် စိမ်ထားသော သစ်သီး။


ဆားနယ် (နာမ်)


ကြာရှည်ခံအောင် ဆားဖြင့် နယ်ထားသော သားငါး။


ဆားပေါ့ (ကြိ)


စားသောက်ဖွယ်တွင် အငန်အရသာ နည်းသည်။


ဆားပေါက် (ကြိ)


(၁) စားသောက်ဖွယ်တွင် အငန်အရသာ စူးသည်။

(၂) ငါးပိ၊ မျှင်ငါးပိ လုပ်ရာတွင် ငါး၊ မျှင်၊ ပုစွန်တို့ကို ဆားပက်ကာ ဆူးခွဖြင့် ဆွပေးသည်။

(၃) ဓာတ်ခဲ၊ ဓာတ်အိုး စသည်တို့တွင် ဆားပွင့်ကဲ့သို့ ဖြစ်ပေါ်လာသည်။


ဆားပိုက် (ကြိ)


ဆင်ကို ယဉ်ပါးအောင် ချော့မော့သိမ်းသွင်းသည်။


ဆားပုပ် (နာမ်)


အရောင် မည်းညစ်၍ အနံ့မကောင်းသော ဆားတမျိုး။


ဆားပျားသင့် (ကြိ)

ဟင်းချက်ရာတွင် အငန်အစပ် စသည် မျှတသည်။


ဆားသမိုင်းအကြောင်း သိကောင်းစရာ - ရာမညနိုင်လွန်းငွေ




-ဆက်ရန်-

ဆာ

ဆာ


ဆာ (ကြိ)

(၁) အစာ အာဟာရကို ဝမ်းတွင်းက တောင့်တသည်။



-ဆက်ရန်-

စွယ်

စွယ်


စွယ် (နာမ်)

(၁) လူ၏ရှေ့သွားနှင့်စွယ်ရံ အကြားရှိ သွားလေးချောင်း။

(၂) ဆင်၏ခံတွင်း အပြင်သို့ ထိုးထွက်နေသော သွားရှည်၊ သွားချွန်။

(၃) မြွေ၏ အဆိပ်ရှိသော သွား။

(၄) လွှသွားသဖွယ် နှစ်ဘက်သွားများ ပေါက်နေသော ငါးမန်း၏နှုတ်သီးရှည်။ အစွယ်။

(၅) တစုံတရာမှ ငေါချွန်ထိုးထွက်နေသော အရာ။




-ဆက်ရန်-


(နာမ်)

ဗျည်း (၃၃)လုံးတွင် (၇)လုံးမြောက် ဗျည်း။ ဆလိမ်ဟု ခေါ်သည်။


ဆဋ္ဌ (နာမဝိ)

ခြောက်ခုမြောက်သော။ [ပါဠိ]


ဆရာကိုင် (နာမ်)

စာသင်ပေးရာတွင် ဆရာကို ​အထောက်အကူပြုသော စာအုပ်။


ဆရာကြီး (နာမ်)

(၁) ကျောင်းအုပ်(နာမ်)နှင့်အတူတူ။

(၂) အသက်၊ သိက္ခာ၊ ပညာ စသည် ကြီးရင့်သူအား ခေါ်သော စကား။


ဆရာစား ချန်သည် (အချို့အဝက် ခြွင်းချန်သည်)

ဆရာများသည် တပည့်ဖြစ်သူအား မိမိ တတ်သိသမျှသော နှုတ်မှု လက်မှု စသည်တို့ကို သင်ကြားပေးသောအခါ တပည့်သည် မိမိနှင့်ရည်တူ တတ်မြောက်သွားပါက မိမိနှင့်ပြိုင်ဖက် ပေါ်လာ၍ မိမိအကျိုးအခွင့် နည်းပါးမည်ကို စိုးရိမ်ကာ ဆရာအဖြစ်နှင့် မိမိက အမြဲတမ်း သာလွန်နေခြင်းဖြင့် မိမိအဖို့ လုပ်ကိုင်စားသောက်ခွင့် ကြွင်းကျန်လေ အောင် အတတ်ပညာ အချို့ကို တပည့်အား မသင်ကြားပဲ ခြွင်းချန်ထားလေ့ရှိဖူးပေသည်။ ထိုသဘောကို တင်စား၍ မည်သည့်အရာကိုမဆို အလုံးစုံ မဖွင့်မပြပဲ ချန်လှပ်ထားသည်ကို ဆိုသည်။ (မြန်မာဘန်းစကား - လှသမိန်)


ဆရာမွေး (ကြိ)

မိမိအခွင့်​အရေးကို မျှော်၍ ဩဇာအာဏာ ရှိ​သူအား ဆည်းကပ်ထားသည်။


ဆရာလေး (နာမ်)

သီလရှင်၊ မယ်သီလ၊ ဖွားသီလတို့ကို ခေါ်သော အမည်။


ဆရာကျင့်ဝတ် ၅ ပါး

၁။ အတတ်လည်း သင်၊

၂။ ပဲ့ပြင် ဆုံးမ၊

၃။ သိပ္ပ မချန်၊

၄။ ဘေးရန် ဆီးကာ၊

၅။ သင့်ရာ အပ်ပို့၊ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ။ (သိင်္ဂါလသုတ်)


ဆရာ့ဝတ်ငါးပါး

အတတ်လည်းသင်၊ ပဲ့ပြင်ဆုမ္မ၊ သိပ္ပမကျန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့​ ဝတ်ငါးဖြာ ဟူ၍ ကဗျာ ဖွဲ့ထားသည်။ လူသိများသည်။ အဓိပ္ပါယ်ရှင်းသည်။ အကျယ် မဖွင့်လို။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ဆလာမီ (အပိုသက်သက် ပေးရသော ငွေ)

ဟိန္ဒီစကား ဖြစ်သည်။ အိမ်ငှားရာတွင်သော်လည်းကောင်း၊ ကုန်ပစ္စည်း လဲလှယ် ဝယ်ယူရာတွင်သော်လည်းကောင်း၊ သီးခြားငွေပိုကို အဆောင်းပေးရလေသည်။ ထိုငွေသည် တင်ကြို ခုနှိမ်ရန်ပေးသော စပေါ်ငွေမျိုး မဟုတ်ပဲ အကျိုး အခွင့်ရစေရန်အတွက် အလွတ်သက်သက် ပေးလိုက်ရသောငွေ ဖြစ်၍ ပြန်၍ ရပိုင်ခွင့် မရှိတော့ပေ။ (ထိုငွေကို အပျောက်ငွေဟုလည်း ခေါ်သည်) အိမ်ရှားပါးလွန်းသော ကာလ၊ ကုန်ပစ္စည်း ရှားပါးလွန်းသော ကာလတို့၌ အခွင့် အရေးကို အပြိုင်ရယူသူ ပေါများသည့်အလျောက် အလွတ်လာဘ်လာဘသဖွယ် ဖြည့်ဆောင်း ပေးအပ်ရသော ဆလာမီ ငွေနှုန်းမှာလည်း ကြီးမြင့်လာတတ်သည်။ အခွင့်အရေး ရယူလိုသူများမှာ တောင်းသောငွေပိုကို ပေးကြရသည်။ (ထို စနစ်သည် စစ်ပြီးကာလမှ ပေါ်လာ၍ ဥပဒေအရမူကား ပိတ်ပင်ထားသည်။) (မြန်မာဘန်းစကား - လှသမိန်)


ဆ-လိမ်

ဗျည်းတို့၏သတ္တ​မမြောက် အက္ခရာ ဖြစ်သည်။ ဖို-မ အက္ခရာအားဖြင့် အမအက္ခရာ ဆ-လိမ် ဟုခေါ်သည်။ ဝဂ်အစဉ် အားဖြင့် စ-ဝဂ် ဒုတိယအက္ခရာ ဖြစ်သည်။ ပြင်းပြင်း မရွတ်ဖတ်ရသော အဃောသ အက္ခရာ ဖြစ်၍ အသံ၏ဖြစ်ပေါ်ရာ ဌာန ဌာန်အားဖြင့် အာစောက်အရပ်မှ ဖြစ်သော တာလုဌာန် ဖြစ်သည်။ နှုတ်ခမ်းထိ၍ ရွတ်ဖတ်ရသော ဖုဋ္ဌပယတ် ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်းအားဖြင့် လျှာလယ်အရပ်မှ ဖြစ်သော ဇိဝှါမဇ္ဈကရိုဏ်း ဖြစ်သည်။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ဆရာ (၃)မျိုး

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ ဖြစ်ကြ၏။ အတတ်ပညာကို ပေးသဖြင့် ဆရာ မည်၏။

(၁) မုတာစရိယ၊ ကိုယ်ထိလက်ရောက် သင်ပေးသော ဆရာ။

(၂) ဒိဋ္ဌာစရိယ၊ ၄င်းလုပ်ကိုင် ဆောင်ရွက်နေသည်ကို တွေ့ကာ မြင်ကာမျှဖြင့် အတတ်ကို ရရှိသဖြင့် မြင်ဆရာ။

(၃) သုတာစရိယ၊ ပြောဆိုရွတ်ဖတ်နေသည်ကို ကြားကာမျှဖြင့် အတတ်ကို ရရှိသဖြင့် ​ကြားဆရာ။ (မြန်မာမှု အဘိဓာန် - မောင်ဇနိယ)


ဆရာ (၅)မျိုး

(၁) ပဗ္ဗဇ္ဇာစရိယ - ရှင်ပြုပေးသော ဆရာ။

(၂) ကမ္မဝါစာစရိယ - ရဟန်းခံပေးသော ဆရာ။ (ဥပသမ္ပဒါစရိယ)

(၃) ဥပနိဿယာစရိယ - နည်းမှီရာ နိဿယည်းဆရာ။ (နိဿယစရိယ)

(၄) အာစရိယ - စာပေပို့ချ​သော ဆရာ။ (ဥဒ္ဒေသာစရိယ)

(၅) ဥပဇ္ဈာယ် - ဆုံးမဩဝါဒပေးသော ဆရာ။ ဝိနည်းတော်လာ (ဩဝါဒါစရိယ)။ (ပဉ္စကအင်္ဂုတ္တိုရ် ကကုဓသုတ်)



-ဆက်ရန်-

စွမ်း

စွမ်း


စွမ်း (ကြိ)

ခွန်အားသတ္တိ၊ အရည်အချင်း စသည်တို့နှင့် ပြည့်စုံသည်။ လုပ်ဆောင်နိုင်သည်။




-ဆက်ရန်-