စမ်

စမ်


စမ္ပာ၊ စမ္ပာပုရီ၊ စမ္ပာဝတီမြို့

စမ္ပာသည် အင်္ဂတိုင်း၌ တည်ရှိသည့် ရာဇဌာနီ မြို့ ဖြစ်၏။ စမ္ပာမြို့သည် စမ္ပကသစ်ပင်ကြီးများ ပေါက်သော နေရာ၌ တည်ဆောက်သည့် မြို့ ဖြစ်သည်ဟု အဋ္ဌကထာများ၌ ဖော်ပြထား၏။ မဟာဂေါဝိန္ဒအမတ်ကြီးသည် ဤမြို့ကို "စမ္ပပုရီ၊ စမ္ပာဝတီ၊ စမ္ပာနဂရ" ဟူသော အမည် အမျိုးမျိုးဖြင့် တည်ဆောက်ထား၏။ စမ္ပာမြို့သည် ပဒုမမြတ်စွာဘုရား လက်ထက်တော်၌၌ "စမ္ပကမြို့" ဟု အမည်တွင် ခဲ့၏။ မဟာဇနကမင်းများနှင့်သီလပါရမီကို ဖြည့်ကျင့်သော အ လောင်းတော် စမ်ပေယျနဂါးမင်းတို့ နေထိုင်ရာမြို့ ဖြစ်သည်။ ထိုနဂါးသည် အင်္ဂတိုင်းနှင့်မဂဓတိုင်းအကြား စမ္ပာမြစ် အတွင်း နဂါးဘုံ၌ မင်းမူစိုးစံကြောင်း ဇာတ်တော်များ၌ ဖော်ပြထားသည်။ အလောင်းတော် ဝိဓူရသုခမိန် ဖြစ်စဉ်က အင်္ဂတိုင်းကို အုပ်ချုပ်သည့် မင်းသည် မဂဓတိုင်းကိုလည်း အစိုးရကြောင်း ဖေါ်ပြထားသည်။

ဂေါတမမြတ်စွာဘုရား လက်ထက်တော်၌ မဂဓတိုင်းဘုရင် ဗိမ္ဗိသာရမင်းသည် သောဏဒဏ္ဍပုဏ္ဏားအား စမ္ပာမြို့ကို ဆုလာဘ်အဖြစ် အပိုင်စား ပေးထား၏။ စမ္ပာမြို့သည် စမ္ပာမြစ် အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ စမ္ပာမြို့သည် မဟာနဂရ (၆)မြို့တွင် စာရင်းဝင်သည့်မြို့ ဖြစ်လေသည်။ စမ္ပာမြို့၌ "ဂဂ္ဂရာ" ဟုခေါ်ဆိုသည့် လှပသော ရေကန်ရှိ၏။ သစ်တောနှင့်စပါး၊ နှမ်း၊ ဂျုံ၊ ပဲအမျိုးမျိုး စသည့် အသီးအနှံများ ပေါကြွယ်ဝသဖြင့် ချမ်းသာ ထင်ရှားသော မြို့တော် ကြီး ဖြစ်ခဲ့လေသည်။

စမ္ပာမြို့သည် မိထိလာပြည်မှ ယူဇနာ (၆ဝ) ဝေးသည့် အရပ်တွင် တည်ရှိ၍ မြို့ဝင်တံခါးပေါက်များ၊ မြို့ရိုးတံတိုင်းနှင့် မျှော်စင်ကြီးများဖြင့် ခန့်ညား ထည်ဝါသသည့် မြို့တော်ကြီး ဖြစ်သည်။ စမ္ပာမြို့သည် သုဝဏ္ဏဘူမိသို့ ကုန်ဝယ်သွားရန် ကောင်းသည့် ဗဟိုဌာနလည်း ဖြစ်သည်။ စမ္ပာမြို့သည် ခြေဖဝါးပြင်၌ အမွေးအမျှင်ပေါက်သော သောဏသူဌေးသား မွေးဖွားရာ မြို့လည်း ဖြစ်၏။ မြတ်စွာဘဘုရားသည် ဂဂ္ဂရာရေကန်အနီး၌ သောဏဒဏ္ဍပုဏ္ဏားအား လောကတွင် သီလနှင့်ပညာ (၂)ခုသာလျှင် အမြတ်ဆုံး ဖြစ်ကြောင်း ဟောတော်မူခဲ့သည်။ ထို့အပြင် ကန္ဒရက၊ ဆပ္ပါဏကောပမ၊ ဒသုတ္တရ စသည့် သုတ်တော်များကိုလည်း ဟောကြားတော်မူခဲ့သည်။ စမ္ပာမြို့၌ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံ​တော်မူပြီး သောအခါ မြတ်စွာဘုရား၏ ရေချိုးသင်္ကန်းတော် (ဥဒကသာဋိကာ) ကို ဌာပနာ၍ စေတီတဆူ တည်ထားခဲ့သည်။

အင်္ဂတိုင်းသည် မဂဓတိုင်း၏ အရှေ့ဖက်၌ ရှိ၍ စမ္ပာမြို့သည် ဗီဟာပြည်နယ်၊ အ​ရှေ့မြောက်၊ ဂင်္ဂါမြစ် တောင်ဖက်၊ ခေတ်သစ် ဘာဂတ်လ်ပုရ (Bhagapur) ခရိုင် ဖြစ်သည်။ ရှေးဟောင်းသုတေသနဌာနက စမ္ပာမြို့၏ အရွယ်အစား၊ အတိုင်းအတာကို မသိရဟု ထုတ်ပြန် ကြေညာထားသည်။ အရေးပါသည့် သမိုင်းဝင်ဌာန ဖြစ်ခဲ့သဖြင့် တူးဖော်ကြည့် သောအခါ အထောက်အကူပြု ပစ္စည်းတစ်ချို့ကို တွေ့ရသည်။ စမ္ပာမြို့သည် ဘီစီ (၆ဝဝ) စုနှစ်ခန့်က အစပြု၍ ဘီစီ (၅ဝဝ) စုတွင် မြို့ရိုး အုတ်တံတိုင်းနှင့်တကွ မြို့တော် ဖြစ်လာသည်ဟု ယုံကြည်ရပေသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


စမ္မခဏ် (နာမ်)

(၁) (ရသေ့၊ ရဟန်းတို့) ခင်း၍ ထိုင်ရန် သားရေချပ်။ သားရေနယ်။ "ကပိလရသေ့... ကောင်းကင်နှိုက် စမ္မခဏ် ခင်း၍ နေပြီးသော်။" ဏိကုဏ်။ ၁၆၉။

(၂) ဘုရားဆင်းတုတော်နှင့် ပလ္လင်အကြားရှိ အခင်း။ [ပါဠိ]



-ဆက်ရန်-

စုပ်

စုပ်


စုပ် (ကြိ)

(၁) လျှာနှင့်နှုတ်ခမ်းတို့ကို အသုံးပြု၍ ပါးစပ်တွင်းသို့ ရှုပ်သွင်းသည်။ ဤနည်းဖြင့် အရည် စသည်ကို ပါးစပ်တွင်းသို့ ရှုပ် သွင်းသည်။ ပြွန်စသည်ကို အသုံးပြု၍ အရည်စသည်ကို ဆွဲငင်ယူသည်။


 


-ဆက်ရန်-

စပ်

စပ်


စပ် (နာမဝိ)

(၁) ငရုတ်သီး၏ အရသာမျိုး ရှိသော။

(၂) ပူလောင်သော။ နာကျင်သော။ မခံသာ ရှိသော။


 


-ဆက်ရန်-

စိပ်

စိပ်


စိပ် (ကြိ)

စေ့သည်။ မကျဲသည်။


စိပ်ပုတီး (နာမ်)

စိပ်ရန် ပုတီး။




-ဆက်ရန်-

စုန်း

စုန်း


စုန်း (နာမ်)

ပြုစားတတ်သည်။ ဖမ်းစားတတ်သည် ဆိုသော လောကီ အတတ်ပညာသည်။


 


-ဆက်ရန်-