စုန့်

စုန့်


စုန့် (ကြိ)

မိုမောက် တက်သည်။ စူကြွတက်သည်။


 


-ဆက်ရန်-

စုန်

စုန်


စုန် (ကြိ)

အထက်မှ အောက်သို့ သွားသည်။ ဆင်းသည်။ သက်သည်။ "ကျင်ကြီးကျင်ငယ်ကို ဆောင်ခြင်း စသော အောက်သို့ စုန် သောလေ။" သမန်၊ ၈၉။


စန္ဒဋ္ဌိလရွာ

ကောလိယ ဟု ကျော်ကြားသည့် အမတ်ကြီးသည် လှေဖြင့် ရေကြောင်းခရီး သွားသည် ရှိသောအခါ ဂင်္ဂါမြစ်ရေ၌ အဝတ်မပါဘဲ ကိုယ်ချည်းသာလျှင် သွားလာနေသော ပြိတ္တာကို မြင်၍ မုံ့၊ ထမင်းနှင့်အဝတ်ပုဆိုး အစုံတို့ကို ပေးလှူ လေသည်။ ထိုပြိတ္တာသည် ယင်းပစ္စည်းများကို လက်ခံ ရရှိသော်လည်း ခံစားခွင့် မရနိုင်သဖြင့် ကောလိယ အမတ်ကြီး သည် လှေကို ရပ်တန့်စေပြီး ထိုပြိတ္တာအား လှေရှိ တစ်ယောက်သော ဆတ္တာသည်အား အဝတ်ပုဆိုးအစုံကို ပေးလှူစေ ၏။ ဆတ္တာသည်အား ပေးလှူလိုက်သည် ရှိသော် တစ်ခဏချင်း ပြိတ္တာ၏ကိုယ်၌ ပုဆိုးအစုံကို မြင်တွေ့ရလေသည်။ ထို့နောက် အမတ်ကြီးက "သင်သည် ဘယ်အရပ်သို့ သွားမည်နည်း" ဟု မေးမြန်းသည်ရှိသော် "ငါသည် ဝါသဘရွာနှင့် ဗာရာဏသီပြည်အကြား ဗာရာဏသီမြို့အနီး၌ တည်ရှိသော စန္ဒဋ္ဌိလရွာသို့ သွားပါအံ့" ဟု ပြိတ္တာက ပြောဆို၏။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


စုန်ရေဆန်ရေ (နာမ်)

[ပယောဂ] ချောင်းမြစ်တို့တွင် ရေစီးအတိုင်း ခွက်ကို နှစ်၍ ခပ်ယူသော ရေနှင့်ရေစီးကို ဆန်လျက် ခွက်ကို နှစ်၍ ခပ်ယူသော ရေနှစ်မျိုးတို့၏အပေါင်း။


 


-ဆက်ရန်-

စိန့်

စိန့်


စိန့် (နာမ်)

တရုတ်။ "စိန့်မင်းမှာလည်း၊ ပဏ္ဏာကာရ၊ အဆဆဖြင့်၊ ပို့သမပြတ်၊ စေပါလွှတ်၍။" တန်ရ၊ ၂ [၄]။


စိန့်တိုင်း (နာမ်)

တရုတ်ပြည်ကို ရှေးခေတ်က ခေါ်သော အမည်။




-ဆက်ရန်-

စိန်း

စိန်း


စိန်း (ကြိဝိ)

မျက်စိ စူးစိုက်၍။ စိုက်စိုက်။ စေ့စေ့။


-ဆက်ရန်-

စိန်

စိန်


စိန် (နာမ်)

(၁) အမာဆုံးသော အဖိုးတန် အမျက်ကျောက်။




-ဆက်ရန်-