စန်း

စန်း


စန်း (နာမ်)

(၁)မိုးကောင်းကင်ရှိ လ။


စန္ဒား (နာမ်)

ပင်လယ်တိမ်တွင် ခြံတိုင်များ စိုက်၍ ငါးဖမ်းသည့် ပိုက်ကြီးတမျိုး။


စန်းပွင့်သည် (ချစ်ခင်သူ ​ပေါများသည်)

မွေးဇာတာခွင်ကို ကောင်းကင် နက္ခတ် ဂြိုဟ်ခွင်များနှင့် တိုက်စစ်သောအခါ စန်း ဟူသော တနင်္လာဂြိုဟ်သည် ဇာတာ ၌ ထွန်းပွင့်နေသည်ကို တွေ့ရှိရလျှင် လူချစ်လူခင် ပေါများခြင်း၊ အရောင်းအဝယ် ဖွံ့ဖြိုးစည်ပင်ခြင်း စသော ကောင်း ကျိုးမင်္ဂလာ ရှိမည်ဟု အဟောထွက်လေသည်။ ထိုသဘောကို တင်စား၍ မျက်နှာပွင့်လန်းခြင်း၊ ချစ်သူခင်သူ ပေါခြင်း ကို ဇာတာခွင်အရ စန်းပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ စန်းပွင့်သည်ဟုပင် ဆိုကြသည်။ (မြန်မာဘန်းစကား - လှသမိန်)


 


-ဆက်ရန်-

စန့်

စန့်


စန့် (ကြိ)

(၁) ကွေးကောက် တွန့်လိမ်နေရာမှ ဖြောင့်စင်းသွားသည်။ အရှည်လိုက် အလျားလိုက် ဖြစ်သည်။


စန့်စန့်ရန့်ရန့် (ကြိဝိ)

ညီညွှတ် ဖြောင့်မတ်စွာ။




-ဆက်ရန်-

စုဒ်

စုဒ်


စုဒ် (နာမ်)

အပြစ်ကို ဖော်ပြ၍ မေးသော အမေး။ "ပုဂံသင်ရိုးနှင့်မတူ။ ကျမ်းရိုးကန်ရိုး၊ အထွက်၊ အတက်၊ စုဒ်၊ စောဒနာ၊ အာဘော်၊ အခြေတင် ထူးခြား၍။" သာလင်။ ၁၅၂။ [ပါဠိ]




-ဆက်ရန်-

စန်

စန်


စန် (နာမ်)

(၁)(အခြားသစ်ပင်တို့၏ အမြစ်မှ အစာအတွက် ရေနှင့်သတ္တုဓာတ်တို့ကို ရယူသော) အနှစ် နံ့သာပင်တမျိုး။ ယင်းအပင် ၏အနှစ်နံ့သာ။ (နုလျှင် ဖြူသည်။ ရင့်လျှင် ဝါသည်။)


စန်ဂျာမာနို (Sangermano)

ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါး ဖြစ်သည်။ ၁၇၈၃ ခုနှစ်မှ ၁၈ဝ၆ ခုနှစ်အထိ ရန်ကုန်မြို့၌ နေထိုင်သွားသည်။ မြန်မာ နိုင်ငံအကြောင်းနှင့် ပတ်သက်၍ မြန်မာအင်ပါယာ ဟူသော စာအုပ် တစ်အုပ် ရေးသားသည်။ ရန်ကုန်မြို့၌ စိန်ဂျွန်း ဘုရားရှိခိုးကျောင်းနှင့်စာသင်ကျောင်းကို တည်ထောင်သွားသူ ဘုန်းတော်ကြီး ဖြစ်သည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံ သမိုင်းအဘိဓာန် - ဦးစိန်မြင့်)


စန္ဒဗျူဟာ (နာမ်)

လကို ကြယ်ဝန်းရံသကဲ့သို့ မင်းကို သူရဲဝန်းရံ၍ စစ်ဆင်ခြင်း။ [ပါဠိ]


စန္ဒဝတီ၊ စန္ဒဝါရီမြို့

စန္ဒဝတီသည် ​ဝိဇိတာဝီမင်းကြီး အုပ်ချုပ်သည့် နိုင်ငံ၌ ဘုရင်မင်းမြတ် နေထိုင်သော ရာဇဌာနီမြို့ ဖြစ်၏။ ​အနောမဒဿီ မြတ်စွာဘုရား မွေးဖွားသော မြို့၊ သုမေဓာ မြတ်စွာဘုရား သီတင်းသုံးသော မြို့၊ သုဇာတ မြတ်စွာဘုရား ပရိနိ​ဗ္ဗာန် စံသော မြို့ ဖြစ်လေသည်။ စန္ဒဝတီမြို့၌ သုံးဂါဝုတ် မြင့်သော သုဇာတ မြတ်စွာဘုရား၏ထူပ (စေတီ)ကို တည်ထားကြသည်။ စန္ဒဝတီသည် ခေတ်သစ် ဗာရာဏသီမြို့၏ ရှေးသရောအခါက အမည် ဖြစ်ပေသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


စန္ဒဝိဇယမင်း

၁၇၁ဝ ခုနှစ်မှ ၁၇၃ဝ ခုနှစ်အတွင်း ရခိုင်ထီးနန်း၌ စိုးစံသော ထင်ရှားသည့်မင်းတစ်ပါး ဖြစ်သည်။ ထိုမင်း လက်ထက် တွင် ရခိုင်ပြည်အတွင်း၌ သောင်းကျန်းနေသော ၁၇ ရာစု နှောင်းပိုင်းက ရခိုင်သို့ ထွက်ပြေးလာသည့် ဩရန်ဇစ်ဘုရင် ကြီး၏ညီ အိန္ဒိယမင်းသား ရှိုဂျာ၏နောက်လိုက်များကို တိုက်ခိုက်နှိမ်နင်း၏။ အိန္ဒိယပြည် တစ်ပီရနယ်စော်ဘွားကို တိုက်ခိုက်၏။ မြန်မာနိုင်ငံ ပြည်မြို့၊ မလွန်မြို့များကို ဝင်ရောက်တိုက်ခိုက်၏။ ၁၇၃ဝ ခုနှစ်၌ စန္ဒဝိဇယမင်းသည် အသတ်ခံရ၏။ ထိုမင်း အသတ်ခံရပြီးနောက် ရခိုင်ထီးနန်းသည် တဖြည်းဖြည်း ဩဇာ အာဏာ ကျဆင်းလာခဲ့သည်မှာ ၁၇၈၄ ခုနှစ်၌ ရခိုင်ပြည်ကို ဘိုးတော်ဘုရား သိမ်းပိုက်သည်အထိ ဖြစ်၏။ (နှစ် ၂ဝ​ဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန် - ဦးစိန်မြင့်)


စန္ဒောဘာသ၊ ဦး

သံဃသမဂ္ဂီမှ ခေါင်းဆောင် ရဟန်းတစ်ပါး ဖြစ်သည်။ အထူးသဖြင့် ၁၉၂ဝ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၃ဝ ခုနှစ်များ အစောပိုင်းကာလတွင် နိုင်ငံရေးလှုပ်ရှားမှုများ၌ ထင်ရှားသည်။ ၁၉၂၇ ခုနှစ်၌ အိန္ဒိယပြည် မဒရပ်မြို့၌ ကျင်းပသော အိန္ဒိယကွန်ဂရက်ပါတီ အစည်းအဝေးသို့ ဦးဥတ္တမ၊ ဆာဂျေအေမောင်ကြီးတို့နှင့်အတူ အဖွဲ့ဝင် ၄၂ ဦးကို ခေါင်းဆောင် ကာ တက်ရောက်ခဲ့၏။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန် - ဦးစိန်မြင့်)




-ဆက်ရန်-

စုတ်

စုတ်


စုတ် (နာမ်)

(၁)အမွေးအမှင်တို့ကို စုစည်း ပြုလုပ်ထားသော ဆေးရေးရန် ပန်းချီ ကိရိယာ။


-ဆက်ရန်-