တစ်
- Details
- Category: တ-ထ-ဒ-ဓ-န
- Published on Saturday, 27 August 2016 16:55
- Written by Shanyoma
- Hits: 1169
တစ်
တစ် (ကြိ)
ဟင်းလျာ၊ သား၊ ငါး စသည်ကို အတုံးငယ်များအဖြစ် ဖြတ်တောက်သည်။
တစ်ကောင်ဖွား (ထူးချွန်သူ၊ ရှားမှရှားသူ)
ထိုစကားမှာ မတစ်ထောင် တစ်ကောင်ဖွား ဟူသော စကားမှလာသည်။ မိန်းမပေါင်း တစ်ထောင် သားသမီး ဖွားမြင် ရာတွင်မှ ထိုလူမျိုးတစ်ယောက်သာ ဖွားမြင်နိုင်အောင် ရှားပါးလှသောသူ ဟူ၍ အဓိပ္ပါယ်ရသည်။ အလွန်ထူးချွန်သူကို ချီးမြှောက် တင်စား၍ ခေါ်ဆိုသော စကား ဖြစ်သည်။ (ဘန်းစကား - လှသမိန်)
တစ္ဆေ (နာမ်)
သတ္တဝါသေ၍ ဖြစ်သည်ဆိုသော မကောင်းဆိုးဝါး။
တစ်ပင်တိုင် (တစ်ဦးတည်း၊ တစ်မျိုးတည်း၊ အဖော်အဖက်မပါ တစ်ပါးတည်း)
ရှေးမြန်မာဘုရင်များ လက်ထက်က သမီးတော် တစ်ပါးပါးကို နန်းဆောင် သီးခြားဖြစ်သော တစ်ပင်တိုင်နန်းဖြင့် ချီး မြှောက်ထားလေ့ရှိသည်။ ထိုမင်းသမီးမှာ အိမ်ရှေ့မင်း၏မိဖုရားလောင်း ဖြစ်ပြီး နောင်တော် အိမ်ရှေ့မင်း ထီးနန်း ဆက်ခံရပါက မိဖုရားကြီး ဖြစ်ရန် အလားအလာ ရှိလေသည်။ ထိုသို့ တစ်ပင်တိုင်နန်းဖြင့် တသီးတခြား တစ်ပါးတည်း စံမြန်းစေသည်ကို စွဲ၍ အခြား အဖော်အဖက် အတွဲအစပ် မပါသော အရာများကို တင်စား၍ ဥပမာ "တစ်ပင်တိုင် မုန့် ဟင်းခါး" (ဟင်းပြစ်၊ ဟင်းကြဲ၊ နှစ်မျိုးမပါဘဲ ဟင်းရည် တစ်မျိုးတည်းသာ ပါသည်) "တစ်ပင်တိုင် မင်းသမီး" (အတွဲ အဖက်မပါဘဲ တစ်ဦးတည်း ခေါင်းဆောင်၍ ကပြရသည်) "တစ်ပင်တိုင် တီးလုံး" (အခြားတူရိယာ တစ်ခုတည်းဖြင့် သာ တီးမှုတ်သည်) စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်။ (ဘန်းစကား - လှသမိန်)
တစ်ဖက်ကမ်း ခတ်သည် (ပေါက်ရောက် ကျွမ်းကျင်သည်)
ဤစကားမှာ ပါဠိစကားမှ တိုက်ရိုက် ပြန်ဆိုခြင်း ဖြစ်လေသည်။ ပါရ-တစ်ဖက်ကမ်း၊ ဂု-ရောက်ခြင်း။ တစ်ဖက်ကမ်း သို့ ကူးမြောက် ပေါက်ရောက်သူကို "ပါရဂု" ဟုဆိုသည်။ ပညာတစ်ရပ်ရပ်၌ အစမှအဆုံး တတ်မြောက်ခြင်းကို ပင် လယ်၊ သမုဒ္ဒရာနှင့်တင်စားကာ အလွန်ကျယ်ဝန်းလှသော (ဝါ) ကူးခတ်၍ ကမ်းသို့ ရောက်ရန် ခက်ခဲလှစွာသော မဟာသမုဒ္ဒရာ ဖြစ်လျက်ပင် အဆုံးအဖျား တစ်ဖက်ကမ်းသို့ ပေါက်ရောက်သည်ဟု တင်စားဆိုလေသည်။ မြန်မာ ဘာ သာ၌လည်း ထူးချွန်ပြည့်စုံစွာ တတ်မြောက်ခြင်းကိုပင် တစ်ဖက်ကမ်း ခတ်သည်ဟု ဆိုကြသည်။ (ဘန်းစကား - လှသမိန်)
-ဆက်ရန်-