ဌေး

ဌေး

ဌေး (ကြိ)

ကြွယ်ဝချမ်းသာသည်။ "ကြွယ်ဝချမ်းသာသည်ကို ဌေးသည်ဟု ခေါ်ကြ၏။" လောဖြေ။ ၉၂။


-ဆက်ရန်-

ဌီ

ဌီ

ဌီ (နာမ်)

တည်ဆဲ၊ ရှိဆဲအခိုက်။ အဖြစ်အပျက်တို့၏အလယ် အခိုက်အတန့်။ "အပျက်သို့ ရှေးရှူလျက် တည်ဆဲ ရှိဆဲကို ဌီ ခေါ်သည်။" မတ်စက်။ ၉၇။ [ပါဠိ]


-ဆက်ရန်-

 

ဗျည်း(၃၃)လုံးတွင် (၁၂)လုံးမြောက် ဗျည်း။ ဌဝမ်းဘဲဟုခေါ်သည်။

ဌဝမ်းဘဲ (နာမ်)

ဌအက္ခရာ၏အမည်။ "ဝိသောဓနီကျမ်းတို့၌ ဌဝမ်းဘဲ ထဆင်ထူး ၂ မျိုးသင့်" ကစ္စ။ ၁၄။


-ဆက်ရန်-

ဌာ

 

ဌာ

ဌာန (နာမ်)

(၁)နေရာ။ အရပ်။  "ရွှေနန်းတော်၊ တန်ဆောင်း၊ ပြအိုးတော်၊ ကျုံးတော် လေးဌာနကို တဌာနတည်း တည်တော်မူသည်။" ဏိပုံ။ ၇။

(၂)လုပ်ငန်းရပ်တစ်ခုခုကို စီမံခန့်ခွဲရသော အဖွဲ့အစည်း။ "နှောင်းသွားပေါလ၊ ဇနကအား၊ ဌာနအရာ၊ ကြီးကျယ်စွာသည်၊ သေနာ ပတိ၊ ပြည်ကြီးစွယ်သွား၊ ရည်မှန်ထား၏။" ဇပျို့၊ ၄။

(၃)အဆင့်အတန်း။ အခြေအနေ။ "လူဆိုကတဲ၊ လူနှစ်ကွဲ၊ လူမဲလူလင်း၊ အကြောင်းရင်းကပဲ၊ အခင်းတဌာနစီကို။" နေကန်။၃။။

(၄)အက္ခရာသံဖြစ်ရာအရပ်။ ဌာန် [ပါဠိ]


-ဆက်ရန်-


""

""

ဋီ

ဋီ


ဋီကာ (နာမ်)


အဋ္ဌကထာကို အကျယ်ဖွင့်ဆိုရေးသားသော ကျမ်း။ [ပါဠိ၊ ဋီကာ]


ဋီကာ (နာမ်)


(၁)အဋ္ဌကထာကို အကျယ်ချဲ့၍ ဖွင့်ပြသော ပါဠိကျမ်း။(ဋီကာဖြောင့်၊ ဋီကာကျယ်၊ ဋီကာလတ်ဟူ၍ အမျိုးမျိုး ရှိသည်။) "ပါဠိအဋ္ဌက ထာ၊ ဋီကာအနု၊ ဆိုမှုလေ့လာ၊ အရိုးစာနှင့်၊ ဆန္ဒါလင်္ကတိ၊ အဘိဓာန၊ စသည်တသွန်၊ လမ်းကြောင်းညွှန်၍။" ဘူပေါင်း၊ နိဂုံး၊ ၁။

(၂)အကျယ်ချဲ့၍ ရေးသားသောကျမ်း။ "စကိုင်းချောက်ဆီက၊ (ဘွိုင်းကောက်)ကယ်တဲ့ စာဋီကာ။" ကောက်။ ၂။ [ပါဠိ]


ဋီကာကျော်


ဋီကာကျော်သည် မြန်မာ့ဗုဒ္ဓစာပေသမိုင်းတွင် ထင်ရှားသော ကျမ်းတစ်ဆူ ဖြစ်သည်။ ဤကျမ်းကို သီဟိုဠ်ကျွန်းမှ အရှင်သုမင်္ဂလသာမိမထေရ် စီရင်ပြုစုတော်မူသည်။ ပရက္ကမဗာဟုမင်းလက်ထက်တွင် ရေးသားပြုစုခဲ့ခြင်းး ဖြစ်သည်။ မူရင်းကျမ်းအမည်မှာ ဋီကာကျော် မဟုတ်ပေ။ (ဋီကာ) မျှသာ ဖြစ်သည်။ မြန်မာပြည် ရောက်ရှိပြီးမှ (ကျော်)တစ်လုံးတိုးလာကာ (ဋီကာကျော်) ဟူ၍ ဖြစ်လာသည်။

ဋီကာ-ဟူသော ဝေါဟာရမှာ ပါဠိစကား ဖြစ်သည်။ အဋ္ဌကထာ၏အနက်အဓိပ္ပါယ် အသွယ်သွယ်တို့ကို သိသာထင်ရှားအောင် အကျယ်ဖွင့်ဆိုသော ကြောင့် ဋီကာဟု​ဆိုသည်။ ပါဠိတော်ကို ဖွင့်ဆိုလျှင် အဋ္ဌကထာကျမ်း။ အဋ္ဌကထာကို ဖွင့်ဆိုလျှင် ဋီကာကျမ်း မည်သည်။ ပိဋကတ်သုံးပုံကို စေ့ငုံ စုံစေ့စွာ ဖွင့်ဆိုသောကျမ်း (ဋီကာကျမ်း)ဟူ၍လည်း မှတ်ယူနိုင်သည်။

ဋီကာကျမ်း မြန်မာပြည်သို့ ရောက်ရှိစဉ်က ဆရာစဉ်ဆက် (ဋီကာလှ)ဟူ၍ ခေါ်တွင်သည်။ အင်းဝခေတ် နရပတိ​မင်းလက်ထက် (မြန်မာသက္ကရာဇ် ၈ဝ၄ ခုနှစ်)တွင် အရိယဝံသ မည်သော မထေရ်တစ်ပါး ရှိသည်။ ပင်းယမြို့ တောင်လက်စကား အင်းရွာဇာတိသား ဖြစ်သည်။ ယင်းမထေရ်သည် သဒ္ဒါ-သင်္ဂြိုဟ်-ဆန်း-အလင်္ကာ စသော ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို နှုတ်တက်အာဂုံ ဆောင်နိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး တရွက်မျှသော ပေတွင် ကညစ်ဖြင့် ရေးကူးထားသည့် အထက်ဖော်ပြပါ ကျမ်းကြီးကျမ်းငယ်များကို အာဂုံဆောင်နိုင်စွမ်းသည်။ သို့သော် ပိဋကတ် အရာ၌ တတ်သိလိမ္မာကျွမ်းကျင်ခြင်းကား မရှိဟုဆိုသည်။ ထို့ကြောင့် ထိုစဉ်က ပိဋကတ်အရာတွင် နှံ့စပ်လိမ္မာတော်မူသည်ဟု ထင်ရှားသော စစ်ကိုင်းတောင် ရေငုံဆရာတော်ထံ တပည့်ခံ၍ နည်းနာညွှန်ပြပါရန် လျှောက်ထားသည်။ ဤတွင် ရေငုံဆရာတော်က အရိယဝံသ အရှင်မြတ်အား ဋီကာလှကျမ်းဖြင့် ပို့ချသင်ကြားပေးတော်မူသည်။

ဤတွင်မှ အရိယဝံသအရှင်မြတ်လည်း ပညာမျက်စိ အလင်းကို ထိုးထွင်းရရှိ ကဝိတစ်ဆူမြောက်​တော်မူခဲ့လေသည်။ ဋီကာလှကို အကြောင်းပြု၍ ကဝိတစ်ဆူမြောက် ကျော်ကြားခဲ့သဖြင့် (ကျော်ရောဟဲ့-ဋီကာ)ဟူ၍ ဆိုစမှတ် ပြုကြသည်။ ထိုမှစ၍ ဋီကာလှမှ ဋီကာကျော် ဟူ၍ ခေါ်စမှတ် ပြုခဲ့ သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ဋီကာချဲ့ (ကြိ)


ချဲ့ထွင် ပြောဆိုရေးသားသည်။ "ဒီမိုကရေစီကို အမျိုးမျိုး ဋီကာချဲ့အဓိပ္ပါယ်ပေး ဝါဒဖြန့်ခဲ့ကြသော်လည်း။" ဒီမိုသစ်။ ၃။


ဋီကာချဲ့သည် (အကျယ်ချဲ့သည်၊ ကဲပိုဖြည့်လောင်းသည်)


ပိဋကတ် ပါဠိတော်များ၏အနက်အဓိပ္ပါယ်ကို အကျယ် သိရှိသင့်ရာ၌ ရဟန္တာအရှင်မြတ်တို့က အဋ္ဌကထာကျမ်းများဖြင့် ဖွင့်ပြကြ သည်။ ထိုအဋ္ဌကထာတို့ကို တစ်ဖန် ပညာရှင်တို့က ထပ်မံ ဖွင့်ချဲ့သည်ကို အစွဲပြု၍ တစ်စုံတစ်ရာ၌ အကျယ်ချဲ့ထွင် ဖော်ပြ ပြောဆို ရှင်းလင်းခြင်းတို့ကို တင်စား၍ သုံးနှုန်းသည်။ (ဘန်းစကား - လှသမိန်)


ဋီကာဖွင့် (ကြိ)


(၁)ပေါ်လွင်ထင်ရှားအောင် ပြောဆိုရေးသားသည်။

(၂)ဋီကာချဲ့-ကြိ နှင့်အတူတူ။ "သပြေမြန် ကျွန်းညာဝယ်၊ မသွေမှန် ညွှန်းစာနှင့်၊ လွမ်းဋီကာ ဖွင့်ရပါတယ်။" ရှေးကဗျာ။ ၁၂၄။




-ဆက်ရန်-

More Articles...