ပဏ်

ပဏ်


ပဏ္ဍိတ (နာမ်)

ပညာရှိ။ [ပါဠိ]


ပဏ္ဍုကမ္ဗလာ (နာမ်)

သိကြားမင်း၏နေရာ ကျောက်ဖျာ။ [ပါဠိ]


ပဏ္ဍုက် (နာမ်)

ဖိုမလိင် မထင်ရှားသောသူ။ နပုန်း။ [ပါဠိ]


ပဏ္ဍိတ် (နာမ်)

ပညာရှိ။ [ပါဠိ]


ပဏ္ဏကတမြို့

ပဏ္ဏကတသည် ဧသိကတိုင်း၌ တည်ရှိသော နဂရမြို့ ဖြစ်သည်။ ပဏ္ဏကတမြို့သည် ပါလကဒ (သို့) ပါလကတနှင့် အမည်သာ ကွဲ၍ နေရာတူသော မြို့ ဖြစ်သည်။ စတုရိတ္ထိနတ်သမီးသည် မျက်မှောက်ဖြစ်သော အကျိုး၏ (ကုသိုလ်ကံ ထူးပြုခဲ့ပုံ)ကို ပြောပြသည်မှာ- "ကျွန်ုပ်သည် ဧသိကတိုင်း၊ ကုန်းမြင့်အရပ်တွင် နှလုံးမွေ့လျော် ပျော်ဖွယ်ရှိသော ပဏ္ဏ ကတမြို့တော်၌ ဆွမ်းခံ လှည့်လည်သော ရဟန်းအား ငုရွှေပန်းစည်းကို ပေးလှူခဲ့ပါ၏" ဟု ဖြစ်သည်။ ပဏ္ဏကတမြို့ သည် ကေရလာ (Kerala) ပြည်နယ်၊ ပါလဃာတ် (Palghata) ဖြစ်သည်။ ပဏ္ဏကတမြို့သည် ပဏ္ဏကတ ဟု အမည် ပေးထားသော အနောက်ပိုင်း ဃာတ်တွင် တောင်ကြို တောင်ကြား၌ တည်ရှိလေသည်။ ထိုနေရာ၌ ရှေးခေတ် ခံတပ် တစ်ခု ရှိသည်။ အနောက်ဖက် ကမ်းရိုးတန်းအတွက် စစ်ရေးနှင့်ဆက်သွယ်ရေး ဆောင်ရွက်သော နေရာ ဖြစ်သည်။ ပဏ္ဏကတမြို့၌ လက်ရှိခံတပ်၏ ခေတ်ကာလကို မပြောနိုင်သဖြင့် မောရိယ (Mauray) ခေတ်ဟု မှန်းဆရပေသည်။    (​မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ပဏ္ဏာ (နာမ်)

(၁)သဝဏ်ဆက်စာ။ မှာစာ။

(၂)လက်ဆောင်ပစ္စည်း။ (လက်ဆောင်ပဏ္ဏာ ဟု တွဲဖက် သုံးလေ့ရှိသည်။) [ပါဠိ]


ပဏ္ဏာကာရ (နာမ်)

လက်ဆောင်ပစ္စည်း။ [ပါဠိ]





-ဆက်ရန်-

ပါဌ်

ပါဌ်

ပါဌ် (နာမ်)

ပါဠိပုဒ်။ ပိဋကတ် စာကိုယ်စာသား။ [ပါဠိ]

ပါဌ်ကြွင်း (နာမ်)

အနက်အဓိပ္ပါယ် ဖော်ရာ မပါသော ပါဠိပုဒ်ကျန်။

ပါဌ်ဆင့် (နာမ်)

အသတ်ပါသော အက္ခရာတွင် အသတ်ကို ဖြုတ်၍ အောက်၌ အက္ခရာတစ်လုံးလုံးသွင်းကာ ပေါင်းစပ် ရေးသည့်အက္ခ ရာတွဲ။ (ရှေ့အက္ခရာတစ်ခုခု၏နောက်၌ ထည့်လေ့ရှိသည်။ သာဓက။ ။အတ္တ၊ ဥက္ကဋ္ဌ၊ ပဏ္ဍိတ။)

ပါဌ်ပျက် (နာမ်)

သဒ္ဒါ မှားယွင်း ချွတ်ချော်သော ပါဠိပုဒ်။

ပါဌ်လျှောက် (ကြဝိ)

ပါဠိပုဒ် တစ်ပုဒ်စီ အစဉ်အတိုင်း လိုက်လျက်(ပြန်ဆိုသည်။)

(နာမဝိ) ပါဠိပုဒ်ကို အစဉ်လိုက်၍ ပြန်ဆိုသော။


-ဆက်ရန်-

ပဉ်

ပဉ်


ပဉ္စကာနီသီး (နာမ်)

ရွက်တွန့်ရှိ ပင်ကြီးမျိုးမှ သီးသော ဆေးဖက်ဝင်သည့် အသီးတစ်မျိုး။


ပဉ္စသာလာရွာ

ပဉ္စသာလာသည် မဂဓတိုင်း၌ တည်ရှိသည့် ပုဏ္ဏားရွာ ဖြစ်၏။ မြတ်စွာဘုရားသည် ပဉ္စသာလာ မည်သော ပုဏ္ဏားရွာ၌ သီတင်းသုံး၍ ဆွမ်းခံ ကြွတော်မူသောအခါ မာရ်နတ်သည် ရဟန်းဂေါတမ ဆွမ်းရစေလင့် ဟူ၍ အကြံဆိုးဖြင့် ပုဏ္ဏား နှင့်အမျိုးသားတို့ကို ဝင်ပူး၏။ ထိုအခါ မြတ်စွာဘုရားက "မာရ်နတ်ယုတ်... အသို့နည်း၊ သင်၏မကောင်းမှု လုပ်ရပ် များသည် ငါ့ထံ ရောက် (ခံစားရ) မည်" ဟု သင်ထင်မှတ်လေသလော" ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် "မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏" ဟု ဆင်းရဲခြင်း၊ နှလုံး မသာခြင်း ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ပဉ္စိရမဏ္ဍမြို့

မဟာဓမ္မရက္ခိတ မထေရ်သည် မဟာရဋ္ဌတိုင်း ပဉ္စိရမဏ္ဍမြို့သို့ ကြွပြီးလျှင် လူအပေါင်းတို့အား နာရဒ ဇာတ်တော်ကြီး ကို ဟော၍ သာသနာပြုတော်မူသည်ဟု အဋ္ဌကထာမများ၌ ဖေါ်ပြထားသည်။ ပဉ္စိရမဏ္ဍမြို့သည် ကေလာသမြစ် အရှေ့ဖက်၌ တည်ရှိသည့် ကလျာဏီမြို့ ဖြစ်၏။ ကလျာဏီမြို့သည် နမ္မဒါမြစ် (Narmada)၊ ဘရုကစ္ဆ သင်္ဘောဆိပ်မှ တောင်ဖက် မိုင်ပေါင်း (၁ဝဝ) အဝေးတွင် တည်ရှိလေသည်။ မဟာရဋ္ဌ (Maharashtra) တိုင်းသည် ဝနရာသီတိုင်းမှ အနောက်မြောက်ဖက်တွင် ရှိလေသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)







-ဆက်ရန်-

ပည်း

ပည်း

ပည်း (နာမ​ဝိ)

များပြားသော။ "ရွှေဖြင့် ပည်းသော လက်ဝတ်ရတနာတို့ကို"


-ဆက်ရန်-

ပဇ်

ပဇ်


ပဇ္ဇုန် (နာမ်)

ရွာသွန်းသောမိုး။ မိုးနတ်သား။ [လိပ်]


ပဇ္ဇနိကမြို့

ပဇ္ဇနိကသည် ကောလိယဇနပဒ၌ တည်ရှိသည့် နိဂမမြို့ ဖြစ်၏။ ပဇ္ဇနိကမြို့၌ မြတ်စွာဘုရားသည် ကောလိယ မင်းသမီး သုပ္ပဝါသအား "ဘောဇဉ်ကို လှူဒါန်းသူသည် အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာကို ပေးလှူသည် မည်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ - (၁)အသက်ကို ပေးလှူသည် မည်။ (၂)အဆင်းကို ပေးလှူသည် မည်၏။ (၃) ချမ်းသာကို ပေးလှူသည် မည်၏။ (၄)ခွန်အားကို ပေးလှူသည် မည်၏။" ဟု ဟောပြတော်မူသည်။ (မဇ္ဈိမဒေသ မြို့ ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှွှာများ)





-ဆက်ရန်-