ပဉ်

  • Print

ပဉ်


ပဉ္စကာနီသီး (နာမ်)

ရွက်တွန့်ရှိ ပင်ကြီးမျိုးမှ သီးသော ဆေးဖက်ဝင်သည့် အသီးတစ်မျိုး။


ပဉ္စသာလာရွာ

ပဉ္စသာလာသည် မဂဓတိုင်း၌ တည်ရှိသည့် ပုဏ္ဏားရွာ ဖြစ်၏။ မြတ်စွာဘုရားသည် ပဉ္စသာလာ မည်သော ပုဏ္ဏားရွာ၌ သီတင်းသုံး၍ ဆွမ်းခံ ကြွတော်မူသောအခါ မာရ်နတ်သည် ရဟန်းဂေါတမ ဆွမ်းရစေလင့် ဟူ၍ အကြံဆိုးဖြင့် ပုဏ္ဏား နှင့်အမျိုးသားတို့ကို ဝင်ပူး၏။ ထိုအခါ မြတ်စွာဘုရားက "မာရ်နတ်ယုတ်... အသို့နည်း၊ သင်၏မကောင်းမှု လုပ်ရပ် များသည် ငါ့ထံ ရောက် (ခံစားရ) မည်" ဟု သင်ထင်မှတ်လေသလော" ဟု မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် "မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏" ဟု ဆင်းရဲခြင်း၊ နှလုံး မသာခြင်း ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ပဉ္စိရမဏ္ဍမြို့

မဟာဓမ္မရက္ခိတ မထေရ်သည် မဟာရဋ္ဌတိုင်း ပဉ္စိရမဏ္ဍမြို့သို့ ကြွပြီးလျှင် လူအပေါင်းတို့အား နာရဒ ဇာတ်တော်ကြီး ကို ဟော၍ သာသနာပြုတော်မူသည်ဟု အဋ္ဌကထာမများ၌ ဖေါ်ပြထားသည်။ ပဉ္စိရမဏ္ဍမြို့သည် ကေလာသမြစ် အရှေ့ဖက်၌ တည်ရှိသည့် ကလျာဏီမြို့ ဖြစ်၏။ ကလျာဏီမြို့သည် နမ္မဒါမြစ် (Narmada)၊ ဘရုကစ္ဆ သင်္ဘောဆိပ်မှ တောင်ဖက် မိုင်ပေါင်း (၁ဝဝ) အဝေးတွင် တည်ရှိလေသည်။ မဟာရဋ္ဌ (Maharashtra) တိုင်းသည် ဝနရာသီတိုင်းမှ အနောက်မြောက်ဖက်တွင် ရှိလေသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)







-ဆက်ရန်-