ပိ
- Details
- Category: ပ-ဖ-ဘ-ဗ-မ
- Published on Tuesday, 09 August 2016 15:49
- Written by Shanyoma
- Hits: 968
ပိ
ပိဋက (နာမ်)
ဗုဒ္ဓ၏အဆုံးအမ ဒေသနာ။ [ပါဠိ]
ပိဋကသုံးပုံ
သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့ ဖြစ်ကြ၏။ ယင်းပိဋကသုံးပုံတို့တွင်-
(၁)ပါဠိတော်၏နက်နဲခြင်း။
(၂)ပါဠိ၏အနက်အဓိပ္ပါယ် နက်နဲခြင်း။
(၃)နှုတ်မြွက်သံချို နက်နဲခြင်း။
(၄)ပါဠိတော်၏နက်နဲခြင်း၊ ပါဠိ၏အနက်အဓိပ္ပါယ် နက်နဲခြင်း နှစ်ရပ်ကို ပိုင်းခြားထင်ထင် သိမြင်သော နက်နဲခြင်း ဟူ၍ (၄)ပါးစီ ပြားသည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)
ပိသုဏဝါစာအင်္ဂါ(၄)ပါး
(၁)ဂုံးတိုက်အပ်သောသူ။
(၂)သူနှစ်ဦး ကွဲပြားစေလိုခြင်း၊ မိမိကိုယ်ကို ချစ်စေလိုခြင်း၊ နှစ်ပါးတွင် တစ်ပါးပါး။
(၃)ဂုံးတိုက်ခြင်း အားလျော်သော လုံ့လ။
(၄)အမျက်ထွက်ခြင်း၏အနက် အဓိပ္ပါယ်ကို သိခြင်း။ (ဗဟုသုတပုလဲပန်းကုံး)
-ဆက်ရန်-
ပါ
- Details
- Category: ပ-ဖ-ဘ-ဗ-မ
- Published on Tuesday, 09 August 2016 15:40
- Written by Shanyoma
- Hits: 1097
ပါ
ပါကစ္စတန် ပညာရေး
၁၉၆၂-၆၃ ခုနှစ်တွင် မူလတန်းကျောင်း ၄ဝဝ နှင့် သက်ကြီးပညာရေး ဌာနပေါင်း ၆၈၂ ခု ဖွင့်လှစ်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-တွဲ ၇)
ပါဋိဒေသနီယ ရဟန်းသိက္ခာပုဒ် (၄)ပါး
(၁)ရဟန်းသည် ရဟန်းမိန်းမလက်မှ ဆွမ်းကို ခံယူစားသောက်ခြင်း မပြုရဟု ပညတ်ခြင်း။
(၂)ဆဗ္ဗဂ္ဂီရဟန်းများ ဆွမ်းစားနေစဉ် ဆွမ်းစီမံသူကို မတားမြစ််ရဟု ပညတ်ခြင်း။
(၃)ရဟန်းအများ အတိုင်းအရှညည် မသိပဲ ဆွမ်းဘောဇဉ် မခံယူရဟု ပညတ်ခြင်း။
(၄)ရဟန်းတို့သည် အမျိုးသမီးများ ဖျက်ဆီးသော လူဆိုးများနေသော နေရာကို သိက ကြိုတင်၍ ပြောရမည်ဟု ပညတ်ခြင်း။
ပါဏာတိပါတအင်္ဂါ (၅)ပါး
(၁)သတ္တဝါမှန်ခြင်း၊
(၂)သတ္တဝါဟု အမှတ်ရှိခြင်း၊
(၃)သတ်လိုသော စိတ်ဖြစ်ခြင်း၊
(၄)လုံ့လပြုခြင်း၊
(၅)ထိုလုံ့လကြောင့် သေကြေ ပျက်စီးခြင်း။ (ဗဟုသုတပုလဲပန်းကုံး)
ပါဏာတိပါတ ပယောဂ(၆)ပါး
(၁)ကိုယ်တိုင် သတ်ခြင်း သာဟတ္ထိက။
(၂)သူ့ကို စေခိုင်း၍ သတ်ခြင်း အာဏတ္တိက။
(၃)ပစ်လွှတ်၍ သတ်ခြင်း နိဿဂ္ဂိက။
(၄)တွင်းတူးခြင်း စသော ထာဝရဝတ္ထုဖြင့် သတ်ခြင်း ထာဝရ။
(၅)မန္တန် စသော အတတ်ဖြင့် သတ်ခြင်း ဝိဇ္ဇာမယ။
(၆)တန်ခိုးဖြင့် သတ်ခြင်း ဣဒ္ဓိမယ။ (ဗဟုသုတပုလဲပန်းကုံး)
ပါဏာတိပါတ ရှောင်ကြဉ်ခြင်း အကျိုး(၅)ပါး
(၁)အင်္ဂါကြီးငယ်နှင့်ပြည့်စုံခြင်း။
(၂)ရုပ်အဆင်းလှခြင်းလည်း တစ်ပါး။
(၃)ချမ်းသာကြီးခြင်းလည်း တစ်ပါး။
(၄)အသက်ရှည်ခြင်းလည်း တစ်ပါး။
(၅)အနာရောဂါ ကင်းခြင်းလည်း တစ်ပါး။ (ဗဟုသုတပုလဲပန်းကုံး)
ပါဏုပေတံ (ကြိဝိ)
အသက်ထက်ဆုံး။ တသက်ပတ်လုံး။ [ပါဠိ]
ပါလီမန်၏အဓိပ္ပါယ်
ပါလီမန်မှာ လက်တင်ဘာသာအရ ပါလေး (စကားပြောခြင်း) ဟူ၍ အဓိပ္ပါယ်ရသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပါလီမန်ခေတ်က လွတ်ငြိမ်းချမ်းသာခွင့်
၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၃ဝ) ရက်နေ့တွင် သမ္မတ ဦးဝင်းမောင်သည် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ကို ထုတ် ပြန်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပါလီမန် ဖျက်သိမ်းသော အမြတ်
တော်လှန်ရေး အစိုးရ တက်ပြီးနောက် မြန်မာပြည် ပါလီမန်ကို ဖျက်သိမ်းခဲ့သည်။ ယင်းသို့ ဖျက်သိမ်းခြင်းဖြင့် ပါလီမန် ကြောင့် တစ်နှစ် တစ်နှစ် ကုန်ကျခဲ့သော ကျပ်(၃၄ဝဝဝဝ) သက်သာခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပါဠိတက္ကသိုလ် စာမေးပွဲ
၁၉၆၂ ခုနှစ်၊ မတ်လ (၃ဝ) ရက်နေ့မှစ၍ ပါဠိတက္ကသိုလ် စာမေးပွဲကို မြန်မာပြည် တစ်ဝှန်းလုံးတွင် စာစစ်ဌာနပေါင်း ၁၆ ခုဖြင့် ကျင်းပခဲ့ရာ စာရင်းသွင်းသူပေါင်း ၃ဝ၃၄ ယောက် ရှိပြီး ဖြေဆိုသူပေါင်း ၂၃၄၈ ယောက်အနက် ၂၈၂ ယောက် အောင်မြင်ခဲ့လေသည်။ ဖြေဆို၍ အောင်မြင်သူများအား ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင် ဆုလက်မှတ်များ ချီးမြှင့်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
-ဆက်ရန်-
ပါး
- Details
- Category: ပ-ဖ-ဘ-ဗ-မ
- Published on Tuesday, 09 August 2016 15:43
- Written by Shanyoma
- Hits: 978
ပါး
ပါး (နာမ်)
(၁)နှာတံနှင့်ပါးစပ်တို့၏ဝဲယာနှစ်ဘက် အသားပြင်။ မျက်နှာစောင်းအပြင်။
(၂)သစ်တုံး၏ဘေးဘက်အပြင်။
-ဆက်ရန်-
ပ
- Details
- Category: ပ-ဖ-ဘ-ဗ-မ
- Published on Tuesday, 09 August 2016 15:26
- Written by Shanyoma
- Hits: 966
ပ
ပ
ဗျည်း(၃၃)လုံးတွင် (၂၁)လုံးမြောက် ဗျည်း။ (ပစောက်ဟု ခေါ်သည်။)
ပစိဖိတ်သမုဒ္ဒရာကို ရှာဖွေ တွေ့ရှိသူ
ဗတ်စကိုနန်းနက်ဇ်ဒီဘော်လ်ဘာ။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပညာရှိ ပျက်စီးရခြင်း အကြောင်း(၃)ပါး
(၁)ယုတ်မာသော သူကို ပညာသင်မိသောကြောင့် ပျက်စီးရခြင်း။
(၂)မကောင်းသော မိန်းမကို မယားပြုမိသောကြောင့် ပျက်စီးရခြင်း။
(၃)မသူတော်နှင့်ပေါင်းမိခြင်းကြောင့် ပျက်စီးရခြင်း။ (ဗဟုသုတပုလဲပန်းကုံး)
ပထမဆုံး ကာတွန်းရုပ်စုံ
ကာတွန်းရုပ်စုံ ထုတ်ဝေခြင်းကို အမေရိကန်ပြည်မှ အစပြုခဲ့ပြီး ပထမဆုံး ကာတွန်း ရုပ်ပြောင်မှာ ၁၈၉၆ နှစ်က "လူဝါလေး" အမည်နှင့် ထုတ်ဝေခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပထမဆုံး ဘွဲ့နှင်းသဘင်
ရန်ကုန်တက္ကသိုလ်၏ပထမဆုံး ဘွဲ့နှင်းသဘင်ကို ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဘုရားလမ်းရှိ ဂျူဗလီ ဟောအဆောက်အဦ၌ ကျင်းပခဲ့လေသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ ၇)
ပထမကမ္ဘာစစ်
ထိုစစ်ကြောင့် စစ်သားနှင့်အရပ်သားများ သန်း(၃ဝ)ခန့် သေကြေ ဒဏ်ရာ ရခဲ့ကြသည်။ ပစ္စည်း ဒေါ်လာ သန်းပေါင်း သုံးသိန်းခွဲ ဆုံးရှုံးခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး
၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ဝ ရက်နေ့တွင် ပထမဆုံး တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ (ဗဟု သုတ ဒိုင်ယာရီ တွဲ ၂)
ပထမဆုံး နိုဘယ်ဆု ရရှိသူ
ကမ္ဘာတွင် ပထမဆုံး နိုဘယ်လ်ဆုကို လောကဓာတ်ဆရာကြီး ဝီလျံကွန်းရက်ဒ်ရွန့်ဂျင်း ဖြစ်သည်။ အမျိုးသမီးများထဲမှ ပထမဆုံး နိုဘယ်လ်ဆုကို ရေဒီယမ်ဓာတ်ကို တွေ့ရှိခဲ့သော မဒမ်ကြူရီက ရရှိခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပထမဆုံး ပိုက်ဆံ
ပထမဆုံး ပိုက်ဆံကို ခရစ်မတိုင်မီ ၄၈ဝ က စတင်တီထွင်ခဲ့ပြီး ၄င်းပိုက်ဆံ၏အသွင် အပြင်မှာ ဆိုက်ရေးကျူ(စ်)ပြည် ဒီမားရက်ဘုရင်မ၏ မျက်နှာပုံကို ရိုက်နှိပ်ထားလေသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပထမဆုံး လေယာဉ်ပျံနှင့်ကမ္ဘာကို ပတ်ခဲ့သူ
၁၉၃၃ ခုနှစ်က ဝိုင်လီပို့(စ်) ဆိုသူသည် ကမ္ဘာကို ၈ ရက်ခန့်အတွင်း တစ်ပတ် ပတ်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပထမဆုံး လက်လီကုန်ဆိုင်အသင်း
သမဝါယမ၏ရှေ့ပြေး ပထမဆုံး လက်လီ ကုန်ဆိုင်အသင်းကို ၁၇၆၉ ခုနှစ်က စကော့တလန်ပြည် Fenwick ဖင်း(န်)ဝစ်မြို့၌ တည်ထောင်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပထမဆုံး လျှပ်စစ်သင်္ချာစက်ကို တီထွင်ခဲ့သူ
အိပ်(ချ်)အိပ်(ချ်)အေကင် ဆိုသူက တီထွင်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပထမဆုံး သင်္ချာတွက်စက်ကို တီထွင်ခဲ့သူ
ခရစ်နှစ် ၁၆၉၄ ခုနှစ်က ပတ်(စ်)ကယ် ဆိုသူသည် ပထမဆုံး သင်္ချာတွက်စက်ကို တီထွင်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပထမဆုံးအကြိမ် အာရှအိုလံပစ်ပွဲတော်
ပထမဆုံးအကြိမ် အာရှအိုလံပစ် ပွဲတော်ကို အိန္ဒိယပြည် နယူးဒေလီမြို့တွင် ၁၉၅ဝ ခုနှစ်က ကျင်းပခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပထမဆုံး အနုမြူကွန်ဖရင့်
၁၉၅၅ ခုနှစ်၊ ဩဂုတ်လတွင် ကုလသမဂ္ဂမှ ကြီးမှူး၍ အနုမြူအားကို ငြိမ်းချမ်းရေးအတွက် အသုံးပြုရန် အပြည်ပြည် ဆိုင်ရာ ပထမဆုံး ကွန်ဖရင့်ကို ဂျီနီဗာမြို့တွင် ကျင်းပခဲ့လေသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပဒုမာ-ကြာငါးဖြာ
(၁)တစ်ပင်တစ်ရိုးတွင် တစ်ပွင့်ချင်းသာ ပွင့်သော ခန္ဓပဒုမာကြာ။
(၂)ခက်လက်ဝေဆာစွာ ပွင့်သော သာခပဒုမာကြာ။
(၃)ကျောက်ဖျာကို ခွဲထွက် ထိုးဖောက် ပွင့်သည့်အရိုးမာသော ဒဏ္ဍပဒုမာကြာ။
(၄)သစ်ပင်များ၌ နွယ်၍ ပေါက်သော လတာပဒုမာကြာ။
(၅)ကောင်းကင်၌ တွဲရလွဲဆွဲ၍ ပွင့်သော အာကာသပဒုမာနတ်ပန်း။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)
ပဋိသမ္ဘိဒါ(၄)ပါး
(၁)အတ္ထပဋိသမ္ဘိဒါ - အနက်သဘောကို သိခြင်း။
(၂)ဓမ္မပဋိသမ္ဘိဒါ - တရားသဘောကို သိခြင်း။
(၃)နိရုတ္တိပဋိသမ္ဘိဒါ - ယုတ္တိယုတ္တာနှင့်တကွ ဘာသာစကားကို သိခြင်း။
(၄)ပဋိဘာနပဋိသမ္ဘိဒါ - ဝေဖန်ပိုင်းခြား၍ သိခြင်း။
ပဋိသန္ဓေ(၄)မျိုး
(၁)အပါယ်ပဋိသန္ဓေ - အပါယ်လေးဘုံ၌ ရောက်၍ တည်ခြင်း။
(၂)ကာမသုဂတိပဋိသန္ဓေ - ကာမ(၁၁)ဘုံ၌ ရောက်၍ တည်ခြင်း။
(၃)ရူပါဝစရပဋိသန္ဓေ - ရုပ်နာမ် ရှိသော ဗြဟ္မာ ၁၆ ဘုံ၌ ရောက်၍ တည်ခြင်း။
(၄)အရူပါဝစရပဋိသန္ဓေ - ရုပ်မရှိ နာမ်သာရှိသော ဗြဟ္မာလေးဘုံ၌ ရောက်၍ တည်ခြင်း။
ပနားမားတူးမြောင်း
၁၉ဝ၄ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် အမေရိကန်ပြည်တွင် အလျား ၅ဝ.၇ မိုင် ရှည်သော (ပနားမား) တူးမြောင်းကို စတင် တူးဖော်သည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)
ပယကဖ (၁၉၃၉)
"ပြည်သူ့ယဉ်ကျေးမှု နှင့် တိုးတက်ကြီးပွားရေးအဖွဲ့" ၏ အတိုကောက် အခေါ် ဖြစ်သည်။ ထိုအဖွဲ့ကို ဆမားဒူဝါ ဆင်ဝါးနောင်က ဦးစီး၍ ၁၉၃၉ ခုနှစ်တွင် ဖွဲ့သည်။ ရည်ရွယ်ချက်မှာ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ လုံးဝ လွတ်လပ် ရေးနှင့် စက်မှုလက်မှု နိုင်ငံ ထူထောင်ရေးတို့ ဖြစ်သည်။ ဗမာတို့နှင့်အတူ လွတ်လပ်ရေး အရယူရေး စည်းရုံး လှုပ်ရှားခဲ့ သည်။ (ကိုလိုနီခေတ် မြန်မာသမိုင်း အဘိဓာန် - မြဟန်)
ပရမတ္ထတရား(၄)ပါး
(၁)စိတ် - စိတ်တစ်ခုယုတ်ကိုးဆယ်(၈၉)ပါးကို ဆို၏။ အကျယ် ၁၂၁ ပါး။
(၂)စေတသိက် - ၅၂ ပါးရှိ၏။
(၃)ရုပ် - ဇာတိရုပ် ၁၈ ပါး၊ အဇာတိရုပ် ၁ဝ ပါး၊ ပေါင်း ၂၈ ပါး။
(၄)နိဗ္ဗာန်။ (သင်္ဂြိုဟ်)
ပရိက္ခရာ(၈)ပါး
ရဟန်းတို့၏အသုံးအဆောင် (၈)ပါး ဖြစ်၏။
(၁)ပတ္တ၊ (၂)တိစီဝရ၊ (၃)ကာယဗန္ဓနံ၊ (၃)ဝါသိက၊ (၄)သူစိ၊ (၅)ဝိသာဝနံ
သပိတ်၊ သင်္ကန်းသုံးထည်၊ ခါးပန်းကြိုး၊ သင်ဓုန်းဓား၊ အပ်ချည် နှင့် အပ်တို့ ဖြစ်ကြ၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိ ယ)
ပရိတ်ကြီး(၁၁)သုတ်
ဘေးရန်ကို ကာကွယ်ပေးသော တရားတော်များ ဖြစ်၏။
(၁)မင်္ဂလသုတ်၊ (၂)ရတနသုတ်၊ (၃)မေတ္တသုတ်၊ (၄)ခန္ဓသုတ်၊ (၅)မောရသုတ်၊ (၆)ဝဋ္ဋသုတ်၊ (၇)ဓဇဂ္ဂသုတ်၊ (၈)အာဋာနာဋိယသုတ်၊ (၉)အင်္ဂုလိမာလသုတ်၊ (၁ဝ)ဗောဇ္ဈင်သုတ်နှင့်(၁၁)ပုဗ္ဗာဏသုတ်တို့ ဖြစ်ကြ၏။ (မြန်မာမှု အဘိဓာန်-မောင်ဇနိယ)
ပရိတ်ရွတ်သူ၏ပြည့်စုံမှု အင်္ဂါ(၃)ရပ်
(၁)ပုဒ်-ပါဌ်-အက္ခရာ မချွတ်ယွင်း မပျက်စီး၍ မှန်ကန်စွာ ရွတ်နိုင်ရခြင်း။
(၂)ပါဠိ-အနက်-အဓိပ္ပါယ် သဘာဝကို ပေါ်လွင် သိမြင်နိုင်ရခြင်း။
(၃)သတ္တဝါအပေါင်းတို့အပေါ်၌ ချစ်ခင်သနား၍ မေတ္တာစိတ် ညွှတ်ရခြင်း။
မှတ်ချက်။ ။အမှတ်-၃၌ (လာဘ်လာဘ၌ ငဲ့ကွက်ခြင်း မရှိရဟုလည်း မူကွဲရှိပါ၏)
ပရိတ်ရွတ်သူ၏မပြည့်စုံမမှု အင်္ဂါ(၃)ရပ်
(၁)ပုဒ်-ပါဌ်-အက္ခရာ မှန်ကန်အောင် မရွတ်ဆိုနိုင်ခြင်း။
(၂)ပါဠိ-အနက်-အဓိပ္ပါယ် သဘာဝကို မသိမမြင်နိုင်ခြင်း။
(၃)သတ္တဝါအပေါင်းတို့အပေါ်၌ ချစ်ခင်သနား မေတ္တာစိတ် မညွှတ်ခြင်း၊ အကျိုးမရှိ။
ပရိသတ်(၄)ပါး
(၁)ရဟန်းယောက်ျား။
(၂)ရဟန်းမိန်းမ။
(၃)လူယောက်ျား။
(၄)လူမိန်းမ။
ပရိတ်အကျိုး မရသူ (၃)ယောက်
(၁)ပဉ္စာနန္တရိယ ကံကြီးငါးပါးထိုက်သူတစ်ယောက်။
(၂)မှားသောအယူရှိသူတစ်ယောက်။
(၃)ပရိတ်တရားတော်၌ ယုံကြည်မှု မရှိသူတစ်ယောက်။
ပရိတ်အကျိုးရသူ (၃)ယောက်
(၁)ပဉ္စာနန္တရိယ ကံကြီးငါးပါးမှ ကင်းလွတ်သူ။
(၂)မှန်သောအယူရှိသူ။
(၃)ပရိတ်တရားတော်၌ အကြွင်းမဲ့ ယုံကြည်သူ။
ပလပ်စတစ်ဆာဂျရီ (Plastic Surgery)
Plastic Surgery ခေါ် အသားပြုပြင် ကုသသောနည်းကို ဂျာမန်ဆရာဝန်ကြီး ဂျိုးဇက် (Dr. Joseph) ဆိုသူက စတင် တီထွင်ခဲ့လေသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၃)
ပဟာန် (၃)ပါး
(၁)တဒင်္ဂပဟာန် - ကိလေသာကို သီလ စသော ကုသိုလ်ကိစ္စဖြင့် ခေတ္တပယ်ခြင်း။
(၂)ဝိက္ခမ္ဘနပဟာန် - ကိလေသာကို သမာဓိ ပွားသဖြင့် ပယ်ခြင်း။
(၃)သမုစ္ဆေဒပဟာန် - ကိလေသာကို ဝိပဿနာဉာဏ်ဖြင့် အကြွင်းမရှိ ပယ်ခြင်း။
-ဆက်ရန်-