ရန်း

ရန်း


ရန်း (နာမ်)

တောက်ပသော အရောင်။ "ဖန်ရည်ဆိုးစွန်း၊ သက်တင်ရန်းသို့။" ကိုး၊ ၂ဝ။


ရန်း (ကြိ)

(၁) ရံကာသည်။ အတားအရံ ပြုသည်။ "အောင်ချည်ရန်းလျက်၊ ရွတ်မန်းပျောက်ငြိမ်း။" မင်းကျော်၊ ၇၈။

(၂) (သင်္ကန်း) ရုံဝတ်သည်၊ သိုင်း၍ တင်သည်။ "နှီးရင်းသင်္ကန်း၊ အပေါ်ရန်း၍။" ရာသီ၊ ၃၇။




-ဆက်ရန်-

ရန်

ရန်


ရန် (နာမ်)

တစုံတဦးအား ထိခိုက်စေမည့် အနှောင့်အယှက်။ အန္တရာယ်။ ဆန့်ကျင်ထိပါး တိုက်ခိုက်မှု။ မိတ်ဖက် မဟုတ်သော အရာ။




-ဆက်ရန်-

ရိတ်

ရိတ်


ရိတ် (ကြိ)

အမွေးအမှင်၊ မြက်ပင်၊ ကောက်ပဲသီးနှံပင် စသည်တို့ကို သိမ်းဖြတ်သည်။


ရိတ်ရိတ်လှီး (ကြိ)

ဓားဖြင့် ပါးလွှာစွာ လှီးသည်။


ရိတ်သိမ်း (ကြိ)

(၁) ကောက်ပဲသီးနှံ စသည်တို့ကို ရိတ်သည်။

(၂) မှည့်ရင့်သော ကောက်ပဲသီးနှံ စသည်တို့ကို ရိတ်ဖြတ်၍ သယ်ဆောင်သည်။


ရိတ္တာတိထီ (နာမ်)

[ဗေဒင်] လောကီမှုခပ်သိမ်း မဆောင်ရွက်ကောင်းသောနေ့။ (မည်သည့်လတွင် မဆို စနေနေ့နှင့်ကြုံကြိုက်သော လဆန်း၊ လဆုတ် ၄ ရက်၊ ၉ ရက်နှင့် ၁၄ ရက်နေ့များသည် ရိတ္တာတိထီ ကျ၏။)




-ဆက်ရန်-

ရုတ်

ရုတ်


ရုတ်ကနဲ (ကြိဝိ)

တခဏချင်းအားဖြင့်။ မမျှော်လင့်ပဲအားဖြင့်။


ရုတ်ချင်း  (ကြိဝိ)

တခဏချင်း။ ချက်ချင်း။


ရုတ်ခြည်း (ကြိဝိ)

ရုတ်ချင်း(ကြိဝိ)နှင့်အတူတူ။


ရုတ်တရက် (ကြိဝိ)

တမုဟုတ်ချင်း။ ဗြုန်းကနဲအားဖြင့်။ အမှတ်မထင် ဖြစ်ပေါ်သောအားဖြင့်။


ရုတ်ရုတ်ရက်ရက် (​ကြိဝိ)

လူအများ မငြိမ်မသက် လှုပ်ရှားလျက်။


ရုတ်ရုတ် ရုတ်ရုတ် (ကြိဝိ)

(၁) လူအများ မငြိမ်မသက် ဖြစ်လျက်။

(၂) နောက်ပွေလျက်။ ရှုပ်ထွေးစေလျက်။


ရုတ်ရုတ်သဲသဲ (ကြိဝိ)

လူအများ မငြိမ်မသက် ဆူပူလှုပ်ရှားလျက်။




-ဆက်ရန်-

ရတ်

ရတ်


ရတ္တပိတ်နာ (နာမ်)

သွေးအန် သွေးလွန်နာ တမျိုး။




-ဆက်ရန်-