ရော
- Details
- Category: ရ-ယ-လ-ဝ
- Published on Saturday, 27 August 2016 08:50
- Written by Shanyoma
- Hits: 1021
ရော
ရော (ကြိ)
(၁)ပေါင်းစပ်သည်။ တခုနှင့်တခု နှောသည်။
ရောဂါဖြစ်ကြောင်း (၈)ပါး
(၁) လေကြောင့် ဖြစ်ခြင်း။
(၂) သည်းခြေကြောင့် ဖြစ်ခြင်း။
(၃) သလိပ်ကြောင့် ဖြစ်ခြင်း။
(၄) လေ-သည်းခြေ-သလိပ်တို့ စုပေါင်းမိ၍ ဖြစ်ခြင်း။
(၅) ဥတုရာသီ ဖောက်ပြန်၍ ဖြစ်ခြင်း။
(၆) အစာအာဟာရ မညီမျှမှုကြောင့် ဖြစ်ခြင်း။
(၇) သူတစ်ပါးတို့ ရိုက်နှက်ညှဉ်းဆဲ၍ ဖြစ်ခြင်း။
(၈) ကမ္မဝိပါက-ရှေးက ပြုဖူးသောကံ၏ အကျိုးကြောင့် ဖြစ်ခြင်း။
(သလိပ်တထွေ၊ သည်းခြေတဖြာ၊ လေနာတရပ်၊ သန္နီပါတ်နှင့်၊ ဖြစ်လတ်ဥတု၊ စားမှုအစာ၊ တဖြာလုံ့လ၊ ရှစ်ချက်မူလ၊ ဖြစ်ကြောင်းပြသည်၊ လုံးဝကင်းစင်၊ လေတို့လျင်) (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
ရောဟဏီနက္ခတ် (နာမ်)
ကြယ်ဆယ်လုံး ပါဝင်သော ငါးကြင်းပွတ်သဏ္ဌာန်နက္ခတ်။ [ပါဠိ]
-ဆက်ရန်-
ရဲ
- Details
- Category: ရ-ယ-လ-ဝ
- Published on Saturday, 06 August 2016 08:44
- Written by Shanyoma
- Hits: 1026
ရဲ
ရဲ (နာမဝိ)
(၁)သတ္တိရှိသော။ (ရဲတင်း၊ ရဲရင့်၊ ရဲဝင့်စသည်ဖြင့် အသုံးများသည်။)
(၂)ဝံ့စားသော။ လွယ်ကူစွာ မဆုတ်မတွန့် လုပ်ကိုင်ပြောဆိုတတ်သော။ (ကြိယာနောက်မှဆက်၍ ကြိယာထောက် သဘောဖြင့်လည်း သုံးသည်။) "ပုညလက်စွဲ၊ ပေးကမ်းရဲက၊ ဝေးခဲရပ်မြေ၊ ကုန်စယ်ဖွေသို့။" ဓမ္မ၊ ၆၄။
(၃)အလွန်နီသော။ တောက်ပစွာ နီသော။
(ကြိ) ဝံ့စားစွာ ပြုမူသည်။ သောင်းကျန်းသည်။ ရမ်းကားသည်။ "ဤမြစ်သည် သင်ဆိုတိုင်း မိကျောင်းလင်းပိုင် ရဲ သည်။" မဟော၊ ပ။ ၃၆။
ရဲ၊ ဦး၊ စာရေးကြီး
ဦးရဲသည် မင်းတုန်းမင်းလက်ထက် အစောပိုင်းကာလတွင် စာရေးကြီးအဖြစ် အမှုထမ်းရွက်ခဲ့သည်။ ကင်းဝန်မင်းကြီး ဦးကောင်း ပြင်သစ်နိုင်ငံမှ ပြန်လည်ရောက်ရှိစဉ် ၈၊ အောက်တိုဘာ၊ ၁၈၇၄ ၌ မန္တလေးမြစ်ဆိပ်မှ ကြိုဆိုခဲ့သူများထဲ တွင် သူ့ကို စာရေးကြီးဟောင်းဟူ၍ ဖော်ပြထားပေရာ ထိုအချိန်တွင် ရာထူးမှ အနားယူလိုက်ပြီဟု မှတ်ယူရ၏။ (ကုန်းဘောင်းခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)
ရဲတင်၊ ဦး၊ စားတော်ကွမ်းရေကိုင်
ဦးရဲတင်သည် မင်းတုန်းမင်းလက်ထက်တွင် စားတော်ကွမ်းရေကိုင်အဖြစ် အမှုထမ်းခဲ့၏။ သူသည် ၁၈၇၅ ခု၊ သီပေါ မင်းစာတော်ပြန်ရာ၌ ပါဝင်ကူညီခဲ့ရ၏။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)
ရဲတင်၊ ဦး၊ စက်ဝန်ယွန်းစုဝင်
ဦးရဲတင်သည် သီပေါမင်းလက်ထက်တွင် စက်ဝန်၊ ယွန်းစုဝန်ရာထူးများဖြင့် အမှုထမ်းခဲ့သူ ဖြစ်၏။ သူသည် ၁၉၁၂ ခု နှစ် ရတနာဂီရိသို့ သွားရောက်မည့်သူများ စာရင်း၌ ဇနီးနှင့်အတူ ပါဝင်ခဲ့သူ ဖြစ်သည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်း များအဘိဓာန်-တင်နိုင်တိုး)
-ဆက်ရန်-
ရဲ့
- Details
- Category: ရ-ယ-လ-ဝ
- Published on Saturday, 27 August 2016 08:48
- Written by Shanyoma
- Hits: 1025
ရဲ့
ရဲ့ (စည်း)
(၁)မေးမြန်းရာ၊ ဝန်ခံရာ စကားတို့၌ သေချာမှုကို အလေးပြု၍ ကြိယာနောက်၌ ဆက်စပ်သုံးစွဲသော စကားလုံး။ (စာရေး ရာ၌ "၏"ကိုလည်း ပြောင်းလဲရေးသားကြသေးသည်။)
-ဆက်ရန်-
ရေး
- Details
- Category: ရ-ယ-လ-ဝ
- Published on Saturday, 06 August 2016 08:38
- Written by Shanyoma
- Hits: 946
ရေး
ရေး (ကြိ)
(၁)အက္ခရာ၊ စာ၊ သင်္ကေတ၊ ရုပ်ပုံ၊ လက္ခဏာအမှတ် စသည်တို့ကို မျက်နှာပြင် တစုံတရာပေါ်၌ ဆွဲခြစ်စရာ ပစ္စည်း တမျိုးမျိုးဖြင့် မြင်သာအောင် ပြုလုပ်သည်။
(၂)ပန်းချီစသည်ကို ဆေးရောင်စသည်ဖြင့် ထင်ရှားပေါ်လွင်အောင် ပြုလုပ်သည်။
(၃)စီကုံးဖွဲ့နွဲ့သည်။ အကြောင်းအရာ တစုံတရာကို စာဖြင့် မှတ်သားတင်ပြသည်။
ရေး၊ ဦး၊ ကွမ်းရေတော်
ဦးရေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သီဟရာဇရွှေတောင်ဘွဲ့ခံ ကွမ်းရေတော်အဖြစ် အမှုထမ်းခဲ့သည်။ သူ့တွင် မိမိ ဆိုသူ သမီးတစ်ဦး ရှိကြောင်း သိရှိရ၏။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)
ရေး၊ ဦး၊ လက်ဝဲဝင်းမှူး
ဦးရေးကို ဆံရှည်ဗိုလ်ဟူ၍ သိကြ၏။ ဦးရေးသည် သာယာဝတီမင်းလက်ထက်တွင် မင်းကြီးမဟာမင်းထင်မင်းခေါင် ဘွဲ့ခံ လက်ဝဲဝင်းမှူး ဖြစ်သည်။ သူသည် စစ်ကိုင်းမင်း၏သားတော် စကြာမင်းကလေးနှင့်တစ်နှစ်တည်း ဖွားမြင်သူဖြစ် သဖြင့် ၁၈၁၂ ခုနှစ်တွင် ဖွားမြင်ပါသည်။ မင်းကျော်သီဟဘွဲ့ကို ဦးစွာ ရရှိခဲ့ပြီး လက်ဝဲဝင်းမှူးအဖြစ် အမှုထမ်းနေရာမှ ၁၈၃၈ ခု၊ ဧပြီလတွင် စကြာမင်းသားနှင့်အတူ လုပ်ကြံခံခဲ့ရသည်။ ဦးရေး၏ကြင်ရာတော်မှာ အလောင်းမင်းလက် ထက် စစ်သူကြီးဗိုလ်တွန်၏သမီး ရှင်ရွှေဂုဏ်နှင့်အိမ်ရှေ့မင်းဦးပေါ်တို့က ဖွားမြင်သူ မြတောင်မင်းသမီး မင်းမြရိုး ဖြစ် ပါသည်။ ဦးရေးနှင့်ကြင်ရာတော် မြတောင်မင်းသမီးတို့မှ သမီး မင်းမမြရိုး၊ မမြတ်လှ၊ သား မောင်မျိုးထွန်း၊ မောင်မျိုး ညွန့်တို့ကို ဖွားမြင်ပါသည်။ ဦးရေးနှင့်ဇနီးတို့ လုပ်ကြံခံရစဉ် သမီးနှစ်ဦးကို စကြာဒေဝီ(နောင် မင်းတုန်းမင်း၏မိဖုရား ခေါင်)က ကယ်တင်ခဲ့ပြီး သားနှစ်ဦးမှာမူ အောက်ပြည်သို့ တိမ်းရှောင်ခဲ့ကြသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)
ရေး၊ ဦး၊ အကြီးတော်
ဦးရေးသည် စစ်ကိုင်းမင်းလက်ထက်တွင် အကြီးတော်ရာထူးဖြင့် အမှုထမ်းရွက်ရ၏။ စလင်းမင်းသားကြီးဦးအို၏ လက်စွဲတော် ဖြစ်ပြီး ဦးအို၏အမိန့်အရ ရာဇဝံသဒီပကကျမ်းကို ပြုစုခဲ့သည်။ ၄င်းကျမ်းမှာ ပေ(၄)ထုပ် ရှိခဲ့သော်လည်း စလင်းမင်းသားကြီး စီရင်ခံရချိန်တွင် ဖျောက်ဖျက်ပစ်ခြင်း ခံခဲ့ရဟန် တူပါသည်။ ဦးရေးသည် အပဏ္ဏကပျို့၊ ဒွါဒဿဒ ဌိပျို့၊ ရာဇဝံသဒီပကကျမ်း၊ ရွှေလောင်းလှေတော်ဂုဏ်ချင်း စသည်များကို ပြုစုခဲ့သည်။ အကြီးတော်ဦးရေးသည် ပုခန်း မြို့ဇာတိ ဖြစ်ပြီး ဟင်္သာတမင်းသမီး၏အကြီးတော် ဖြစ်သည်။ ၁၇၇၆ ခုနှစ်ခန့်တွင် ဖွားမြင်ခဲ့ပြီး ၁၈၄၆ ခုနှစ်ခန့်၌ ကွယ်လွန်ပါသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)
-ဆက်ရန်-