အံ့

အံ့

အံ့၊ ဦး၊ တရားသူကြီး

ဦးအံ့သည် သီပေါမင်းလက်ထက်တွင် မဟာမင်းကျော်ရာဇာဘွဲ့ခံ ရေနံ့သာမြို့စား တရားသူကြီး အဖြစ် အမှုထမ်းခဲ့ပါ သည်။ အသေးစိတ် အချက်အလက်များကိုမူ မသိရပေ။ (ကုန်းဘောင်ခေတ် မင်းမှု ထမ်းများ အဘိဓာန်-တင်နိုင်တိုး)

အံ့ကိုး၊ ဦး၊ သံတော်ဆင့်

သံတော်ဆင့် ဦးအံ့ကိုးသည် ဝက်မစွတ်ဝန်ထောက်ဦးလတ်၏တူဝမ်းကွဲတော်စပ်သူ ဖြစ်သည်။ သူ၏ဇနီး သံတော်ဆင့် ကတော်ခင်ခင်(ရေနံတွင်းစားရိုး)မှာ မြဝတီမင်းကြီးဦးစ၏တူမအရင်း ဒေါ်ဖြူနှင့်ဦးစံခိုင်တို့က ဖွားမြင်သူ ဖြစ်သည်။ ဦးအံ့ကိုးနှင့်ခင်ခင်တို့က မောင်မောင်တင့်၊ မခင်နှင်းနှင့်မခင်သစ်ဆိုသူ သားသမီး(၃)ဦးကို ဖွားမြင်ခဲ့ပါသည်။ (ကုန်း ဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-

အံ

အံ

အံ (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင်f အပါအဝင်ဖြစ်သော (၁၈)လုံးမြောက်သရ။

အံ (နာမ်)

အံသွား(နာမ်)နှင့်အတူတူ။

အံ (နာမ်)

ပစ္စည်းတစုံတရာ ထည့်နိုင်ရန် အဆင့်ဆင့် သို့မဟုတ် အကန့်အကန့် အလောတော် ပြုလုပ်ထားသည့်ခွက်။

အံ (ကြိ)

သင်ယူပြီးသောစာကို မမေ့မလျော့စေရန် ပြန်၍ ရွတ်ဆိုကျက်မှတ်သည်။ "ထိုပိဋကတ်သုံးပုံကို ဆောင်ခြင်း၊ အံခြင်း ပို့ချခြင်းသည်။" ဓမ္မပဒ၊ ပ။ ၇။

အံကိုက် (ကြိ)

တိုက်ဆိုင်ညီညွတ်သည်။ အလောတော် ဖြစ်သည်။ "ကုန်အလိုနှင့် ကုန်အပေး အံကိုက် ဖြစ်နိုင်သောကြောင့်။" သမ။ ၂၅၈။

အံကပ် (နာမ်)

(၁)ဖြုတ်၍ တပ်၍ရသော အခံအုံနှင့်တကွသော သွားတု။ အံပုံ။

(၂)ဗီရို၊ နံရံ၊ သေတ္တာ စသည်တို့၌ ကပ်၍ ပြုလုပ်ထားသော အံဝှက်။

အံကျ (ကြိ)

အပိုအလိုမရှိ တိကျစွာ ဟပ်စပ်သည်။

အံထော်နီ၊ ဦး၊ အကောက်ဝန်ရွှေတိုက်စိုး

ဦးအံထော်နီသည် မင်းတုန်းမင်းလက်ထက်တွင် မဟာမင်းလှရာဇာဘွဲ့ခံ အကောက်ဝန်၊ ရွှေတိုက်စိုးရာထူးများဖြင့် အမှုထမ်းခဲ့၏။ သူသည် ၃၁၊ ဇူလိုင်၊ ၁၈၆၃ ခုတွင် မြနန်းစကြာသင်္ဘောဖြင့် မန္တလေးသို့ ရောက်ရှိလာရာ သူနှင့်အတူ ရန်ကုန်မှ သုံးဆယ်မင်းသားကြီးလည်း လိုက်ပါလာခဲ့လေသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင် နိုင်တိုး)


-ဆက်ရန်-


အော့

အော့

အော့ (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင်ဖြစ်သော (၁၆)လုံးမြောက်သရ။


-ဆက်ရန်-

အော်

အော်

အော် (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင် ဖြစ်သော (၁၇)လုံးမြောက်သရ။


-ဆက်ရန်-

အော

အော

အော (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင်ဖြစ်သော (၁၅)လုံးမြောက်သရ။

အော၊ ဦး၊ ငရနဲမြို့စားအတွင်းဝန်

ဦးအောသည် ဗဒုံမင်းလက်ထက်တွင် နေမျိုးသီရိကျော်သူဘွဲ့ဖြင့် ငရဲနဲမြို့စားအတွင်းဝန်ရာထူး ရရှိခဲ့သည်။ သူသည် ၁၊ ဒီဇင်ဘာလ၊ ၁၇၈၇ ခုတွင် လှိုင်မင်းသား၏အကြီးတော်ရာထူး ခန့်အပ်ခံခဲ့ရသူ ဖြစ်ဟန်ရှိပါသည်။ သူသည် ၁၊ ဒီဇင် ဘာ၊ ၁၇၈၇ ခုတွင် လှိုင်မင်းသား၏အကြီးတော်ရာထူး ပေးအပ်ခံခဲ့ရသူ ဖြစ်ဟန် ရှိပါသည်။ (ကုန်းဘောင်ခေတ် မင်းမှု ထမ်းများ အဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-