အေး

အေး

အေး (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင်ဖြစ်သော (၁၂)လုံးမြောက်သရ။

အေး၊ ဦး၊ စဉ့်ကူးမြို့စားအတွင်းဝန်

ဦးအေးကို လက်ဝဲသုန္ဒရဘွဲ့ခံ စာဆိုတော်အမတ်ကြီးဦးမြတ်စံနှင့်ဝန်ကတော် ဒေါ်ရွဲတို့က ၁၇၇ဝ ခုနှစ်တွင် ဖွားမြင်ပါ သည်။ ဦးအေးသည် ဗဒုံမင်းလက်ထက် ၁၇၈၅ ခုနှစ်တွင် ရွှေတောင်နော်ရထာဘွဲ့ဖြင့် မြင်းမူမြို့စား ရေကြည်ဝန်အဖြစ် စတင်အမှုထမ်းခဲ့၏။။ ၁၈၁၉ ခုနှစ် စစ်ကိုင်းမင်း နန်းတက်လာသောအခါ မင်းကြီးမဟာအတုလသီဟသူဘွဲ့ဖြင့် ရေ ကြည်အတွင်းဝန်အရာ ရရှိခဲ့သည်။ မကြာမီ စဉ့်ကူးမြို့ကို မြို့စားအရာ ရရှိခဲ့ပြီး အသည်ဝန်အဖြစ်ပါ ပူးတွဲခန့်အပ်ခံခဲ့ရ သည်။ ၁၈၃၇ ခုနှစ် သာယာဝတီမင်း နန်းတက်စတွင် ဦးအေးကို မြင်းခုန်တိုင်မြို့စားတရားသူကြီး ရာထူးခန့်အပ်လိုက် ၏။ ၁၈၄၄ ခုနှစ်တွင် အတွင်းဝန်ဦးအေး ကွယ်လွန်ခဲ့သည်။ ဦးအေးနှင့်ဇနီးတို့မှ သား မောင်ကျောက်ခဲနှင့်သမီးမနိုင် တို့ကို ဖွားမြင်ပါသည်။ မောင်ကျောက်ခဲမှာ သာယာဝတီမင်းလက်ထက်တွင် ဇာတ်ဆရာအဖြစ် အမည်ထင်ရှားခဲ့ပြီး မနိုင်မှာမူ မင်းတုန်းမင်းလက်ထက် မြို့တော်ဝန်ဦးပေစေ့၏မိခင် ဖြစ်ပါသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)

အေး၊ ဦး၊ သံတော်ဆင့်

ဦးအေးသည် သီပေါမင်းလက်ထက်တွင် သံတော်ဆင့်ရာထူးဖြင့် အမှုထမ်းခဲ့သည်။ ၂၆၊ ဧပြီ၊ ၁၉၂၄ ခုတွင် သံတော်ဆင့် ဦးအေး ကွယ်လွန်ခဲ့သည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-