သ-ဟ-ဠ-အ

 

ဗျည်းတို့တွင် (၃၁)လုံးမြောက် အစု မဟုတ်သော အက္ခရာ အ-ဝဂ် ဟ-ဟုခေါ်သည်။ ပြင်းပြင်းရွတ်ဖတ်ရသော ဃောသအက္ခရာလည်း ဖြစ်၍ အသံ၏ဖြစ်ပေါ်ရာအရပ် ဋ္ဌာန်အားဖြင့် လည်ချောင်းအရပ်မှ ဖြစ်သော ကဏ္ဌဋ္ဌာန် ဖြစ်သည်။ နှုတ်ခမ်းကို ဖွင့်၍ ရွတ်ဖတ်ရသော ဝိဝဋပယတ် ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်းအားဖြင့် သကဋ္ဌာန ကရိုဏ်း ဖြစ်၏။

 

ဟင်း(၁၀)မျိုး

(၁)အချက်

(၂)အပြုတ်

(၃)အဖုတ်

(၄)အလှော်

(၅)အကြော်

(၆)အကျစ်

(၇)ကင်ပြစ်

(၈)အပေါင်း

(၉)အထောင်း

(၁​ဝ)အသုတ်

ပေါင်း - ဟင်း(၁၀)မျိုး။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

 

ဟင်္သာ(၃)မျိုး

(၁)ရာဇဟင်္သာ

(၂)မလ္လိကာဟင်္သာ

(၃)စတရဋ္ဌဟင်္သာ ဟူ၍ (၃)မျိုး ပြား၏။

၁။ နှုတ်သီး ခြေနီ ကိုယ်လုံး ဖြူဆွတ်သော ရာဇဟင်္သာ

၂။ ကိုယ်ရောင်မသန့် နှုတ်သီး ခြေစိမ်းညစ်သော မလ္လိကာဟင်္သာ

၃။ ကိုယ်ရောင် အထွေထွေ ရှိပြီး ခြေ-နှုတ်-မည်းနက်သော စတရဋ္ဌဟင်္သာမျိုး။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

 

ဟေတု(၄)မျိုး

(​၁)ဟေတုဟေတု

(၂)ဥတ္တမဟေတု

(၃)ပစ္စယဟေတု

(၄)သာဓာရဏဟေတု တို့ဖြစ်ကြ၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)

 

 

အရှေ့တောင်အာရှနှင့်ဆိုရှယ်လစ်

အရှေ့တောင်အာရှတွင် ၁၉၃၄ ခုနှစ်က တည်ထောင်သော အိန္ဒိယဆိုရှယ်လစ်ပါတီသည် ​အစောဆုံးဖြစ်သည်။ ဘီဟာပြည်နယ်တွင်မူ ဆိုရှယ်ပါတီကို ၁၉၃၁ ခုနှစ်၌ တည်ထောင်ခဲ့ပြီး ဆက်လက်၍ ပန်ဂျပ်-ဘင်္ဂေါလ်နယ်တို့၌ တည်ထောင်ခဲ့သည်။

ဘင်္ဂေါလ်ပြည်နယ်မှ ပါတီမှာ အလုပ်သမားပါတီ ဖြစ်သည်။ အိန္ဒိယပြည်၏ပထမဆုံး အိန္ဒိယဆိုရှယ်လစ်များ၏ ကွန်ဖရင့်ကို ၁၉၃၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ပက်(တ်)နာ၌ ကျင်းပခဲ့သည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ-၇)

 

 

 

 


 

 

 

 

 

 

-ဆက်ရန်-