မေတ္တာသုတ်

ဒေါသဖြစ်၍

ပူခြစ်လောင်တောက်၊ ငါ့စိတ်ဖောက်သည်

မြွေဟောက်ပါးပျဉ်း နှယ်တကား။


စာပေနှီးနှော၊ စကားပြောက

ဒေါသပြေခဲ့ ဘူး၏ရှင့်။


စာပေကြည့်လျက်၊ ကြံလေ့ကျက်က

အမျက်ပြေခဲ့ ဘူး၏ရှင့်။


ဤတခါမူ

ပူသည်ဒေါသ၊ ထသည်အမျက်

ထွက်သည်စိတ်ကြမ်း၊ မနိုင်စွမ်း၍

အေးချမ်းမေတ္တာ၊ သုတ်ကိုနာသော်

ပမာတောက်ငြီး၊ တောင်ထက်မီးကို

မိုးကြီးငြှိမ်းသို့ ငြိမ်းသတည်း။

မင်းသုဝဏ်

ရန်ကုန်တက္ကသိုလ်နှစ်လည်​စာစောင် ၁၉၅၉-၆ဝ၊ အတွဲ ၄၊ အမှတ် ၁၊ နှာ ၉။