ယူနီဘာစီတီဘွဲ့ လေးချိုးတော်ကြီး

(၁) "ဘွိုင်းကောက်" အဖြစ်မှာ၊ မေတ္တာအထယ်မသေးသော်လဲ့၊ "မှိုင်း" တယောက်မစ္စတာ-ချစ်ရာမမယ်သေးနိုင်ဘု၊ သစ္စာတကယ်သွေးတွေဟဲ့လို့။ တွေးနဲ့နောင်ဘို့အလို။ အိုကွယ့်! ခေတ္တရာနယ်တကြေးဆီက၊ မေးရဲ့မောင်တို့ကို။


(၂) ဪဝေးခရီးကပေမဲ့၊ အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့၊ ဆရာလဲကွာ၊ ပထမအရင်-ကနဦးဆီက၊ မြန်မာ တခွင်မှာ-သမတရှင်ဘုရင် မလူးခင်ပ။ "ထ"ဆင်ထူးကို၊ တမြည်မြည်သင်ခဲ့သမို့၊ "ထီ"မထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ်မှာ-ခေါင်းအပေါ်များတွင်မှ...မင်းရို့ဆရာကို စာရင်းတို့ကာထားလိုက်ကြပေတော့၊ ဪ! ဘုရား, သိကြားတွေမ,လို့မို့၊ အများဝေနေယျတို့ကို အရှေသမယေ, ပဝေ, သရေခေတ်ဆီက၊ ရွှေ-ငွေဖြစ်သူ "ဆရာအောင်"ရဲ့ ပြင်၊ မြန်မာဘောင် ပေါက္ကံတိုင်းတွင်မှ၊ သမိုင်းစာစောင်သစ်ခဲ့တဲ့၊ အဇ္ဇဂေါနာ၊ ဆရာရှင်မထီးတို့လိုပ၊ ဖြစ်ကြသောအခါ၊ တာအဝင်မှာ ပြီးစေဘို့၊ ခရီးသယ်ရောက်ရာကြိုခဲ့တယ်၊ အမျိုးအတွက် သဒ္ဓါတရ ကိုယ်ပါနော်ကွယ်၊ မျိုးမျိုးမျက်မျက်၊ အကျိုးနက်စေဘို့၊ ထိုးရက်ပါကို။


(၃) အနှစ်တထောင်ရှေစွာ၊ နေစရာတမျိုးရယ်လို့၊ မဖြစ်ဖြစ်အောင် သေသေချာချာ ထိုးရပါတော့၊ ရွှေငွေအသပြာမိုး တွေနဲ့၊ သွန်းဖြိုးဗြဟ္မစိုရ်။ အစွန်းတန်ခိုးထိုထိုရယ်နဲ့-ကရုဏာ, မေတ္တာပွား၊ အိုကွယ်...လွမ်းမိုးတညိုညိုရယ်နှင့် သမုဒယသစ္စာတရား။


(၄) "မှိုင်း"ဟဲ့နော်၊ တိုင်းနယ့်ပြေပေါ်မဖြင့်၊ ကသိုဏ်းနဲ့ဖြေဖျော်တဲ့၊ ​တဇေယော်အထိကရတပါးပေပေါ့၊ ကဝေအကျော်, အမော်မှာ, တပည့်မတွေကလဲ များချိန်မို့၊ အစိအငှသွားကာ၊ ဆန်ကိုခံကြတော့၊ ယမန်ဟိုပုဂံ၊ သရေခေတ္တရာတို့လို၊ ရွှေတွေ, ငွေတွေဖြစ်လျှင်ဖြင့်၊ အရှေချစ်မကွယ်၊ သဒ္ဓါပေါက်သူက၊ ပြည်ခေတ်အနယ်နယ်၊ နဂရတလျှောက်မှာလ... အမယ်မင်း၊ နောက်တသိုက်-ဇမ္ဗူဒီမြန်မာသားတွေမဖြင့်...ဪအမြှောက်ကြိုက်ကြိုက်ပြီး၊ အချောက်တိုက်နဲ့-လူမညီ၊ ပါလျှင်ဖြင့်, မှားကြလိမ့်မထင့်...အို ဘေဒါရီရဲ့၊ မြှောက်လိုက်မကွဲ့...မောက်လိုက်မဟဲ့လို့...ဆောက်လိုက်မဲ့ ယူနီဘာစီတီတွေအများ။ ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း

အမျိုးသားနေ့ရွှေရတုသဘင်အထိမ်းအမှတ် စာစောင်၊ ၁၉၇ဝ။