မျက်ရှုရင်သွေး

 

(ဝါးဖတ်တော်ကဇီနှစ်နဲ့ လူဖြစ်အောင်မွေးရတဲ့ ရင်သွေးမှန်ရင် အပူစပ်ခါး ရှောင်ရှားလို့သာပင် အစဉ်ကိုးလလွယ်-ဆယ်လ ဖွားကြတဲ့ ဓမ္မတာတွင် အားထားရတဲ့ မာတာအိုမိခင်)

မျက်ရှုရင်သွေး ပိုက်ထွေးထာဝစဉ်၊ အဲဒါမှ အနန္တောအနန္တ ငါးပါးတို့မှာ အပါအဝင် ဘုရားလဲ ဟောတယ်ရှင် တရားလဲ သဘောမှာဝင် ထူးမြတ်တဲ့ မာတာအမိရဲ့ဂုဏ်အင် ကျေးဇူးတော်တွေ ဆပ်နိုင်ဘို့ပင် တာဝန်ကိုလဲ အမြဲအစဉ် ထမ်းရွက်မဲ့ခင်။

ဆို - မြကေသီ

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး

 

ချစ်ညှို့ကွင်း

 

အာကာဝေဟင်ဝတိံနန်းဦးကင် ရှုမြင်တင့်ထူး ကြည်နူးစံရွှင် နေရသော်ငြား ပျော်ပါးဘွယ်မမြင် ချစ်သူကင်းပလို့ ပျင်း ပျင်းလှတယ်ရှင် ရွှေရင်အုံတုန်ကာ ကစား ဘာကြောင့်များလဲလို့ ဝေခွဲကာကြည့်ချင်။

သိပြီ သိပြီ အမှန်ပင် လောကီဘုံသား ဖိုမနှစ်ပါးတွင် အချစ်ဓာတ် ရစ်ပတ်ဘဲ ချစ်ကြိုးတမျှင်ဟာ လိုပါလိမ့်မယ် ချစ်ကြိုးတမျှင် တုပ်နှောင်ပေမဲ့ ဖူးစာရေးနတ်အရှင် ကိုယ်ရောင်ကွယ်ဖုံး ဘယ်မှာပုန်းကာနေသလဲထင် ဖူးစာရှင် မကြာခင်ပို့လို့ ချစ်ညှို့ကွင်းနဲ့ အတင်းဖမ်းချုပ်စေချင်။

ဆို - ​မြကေသီ

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး

 

ရက်သတ္တ

 

မိလ္လာရီဆိုင်း ရစ်တိုင်းဝိုင်းလည် သင်တိုင်း သိုင်းဖွဲ့ခြုံ ကမ္ဗလာအထည် ပေါ်လာရင်း ဘောခွာအဆင်း သော်တာ ဖေါ်မပါကင်းလို့ မလင်းတလှဲ့ လင်းတလှဲ့ ရောင်ခြည်။

မယ့်ပတ်ဝန်းကျင် ပန်းဥယျာဉ်ဆီ လျင်လျင်သုတ်ဖြူး မိုဃ်းလေရူးကြောင့်အတည် ပွင့်ဖူးဝေဆာ ပန်းမာလာတို့သည် တချို့တချို့ မခို့တရို့ ပျို့ထံရင်းဆီ ချဉ်းကပ်ကာတလီ ညဉ်းရှာပြီကြာခြည်တွင်းသို့ မသင်းတလှဲ့ သင်းတလှဲ့ဆောင် သည်

မောင်မယ်စုံညီ ဘယ်နေ့ဆီ တူတွေ့မည်ခုနစ်ရက်စေ့ပေါ့ မောင့်ဒါလီ ပျိုစောင့်သည်ချစ်မငြီးနဲ့မှ နီးအောင်အတည် ဖန်တီးမည်ကြွပါပျို့ဆီ လဝါဆိုမှီချိုချိုကြည်ကြည် ချစ်သွေးရည် ခင်ပေးမည်ရွှင်ဆေးကလေးနဲ့ ထွေးကာမှီ မြင်သေးသည်အချစ်ကလေးပေါ့လို့ မော့ကာပလီ သူနော့မည်ချော့လာပါနဲ့ ရွဲ့မယ်ယုံကြည်။

ဆို - မြကေသီ

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး

 

ပင်မင်းဗောဓိ

 

(သုံးလူ့ရှင်မင်း ထင်လင်းတဲ့ ပင်မင်းဗောဓိ ရွှေညောင်ပလ္လင် မဇ္ဈိမတိုင်းခွင် မှုန်မှိုင်းလို့သာဆင်)၂

ရီပြာဝေလွင် နေစောင်းသော် ရွှေကျောင်းတော်အမဝိသာခါ ကုသိုလ်ရှင် အလှူတန်ဆောင်း ကျောင်းတွေနဲ့ လူအပေါင်းတို့ ဖူးမြော်စရာစုံလင် ကုသိန္နာရုံ ပွင့်သင်းပြန့်သော် ပင်မင်းကံ့ကော် သာယာစည်ပင် စိတ်ထဲတွင် ကြည်လင် ရှု...ရှုစရာ ကြည့် ကြည့်စရာ မိဂဒါဝုန် မြေပြင်ကျောတွင် ရွှေသမင်ပေါပါသတဲ့ ပြောကြတယ်ရှင် လင်းလွန်းပင် ငွေသလင်းသဏ္ဌာန်နဲ့ ရွှေစင်္ကြန် ကြွချိန်တွင် မြရှိန်အသွင် နေရဉ္ဇာယာကမ်းတွင် ဪ စမ်းရေ တသွင်သွင် (သုံးလူ့ထိပ်ပန်း မြန်းကြလို့ ဒေသ စာဖြန့်မြန်းစဉ် နတ်ဗြဟ္မာ လူအပေါင်း သောင်းသောင်းဖျဖျ ပူဇော်လာသမျှမြင် ယှဉ်လျက်ညီ တင်လက်ချီ ပဉ္စဝဂ္ဂီ ငါးဦးတို့ တရားနာတာ အရိပ်ပမာထင်ထင် ဘုရားဖူးရာမှာ စိတ်သဒ္ဓါရွှင်ရွှင် လောဘ ဒေါသ မောဟမီး တားဆီးလို့ ကြီးမားတဲ့ သံသရာဝဲ  ပြန်မလာဘဲ အမှန်သာလွဲချင် ပြည်နိဗ္ဗာန် နန်းဝကိုမှ မှန်းဆ လွမ်းရ တခဏနဲ့ ရစေချင်။

ဆို - မြကေသီ

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး

 

ရွှေခဲ

 

[(ဟား)၉ ရီစရာ-ရီစရာx(ဟား)၉ ပလီပလာ-ပလီပလာ၊ နားလေးစွင့်ကာစွင့်ကာ၊ ဖဝါးလေးပင့်ကာxပင့်ကာ စကားလေး မပွင့်တပွင့်နဲ့ အလိုက်သင့် ပြောတတ်တာxဟာ-ဟာ-ဟာ-ဟာ-ဟာ]၂။

[ဟေးရွှေခဲလေးရာ-ကဲမပြေားနဲ့ ပဲကျွေးမယ်ကွာ၊ ထောပတ်ငှက်ပျော ထန်းလျက်နဲ့ရောနှက်စရာ မမလက်ပေါ်လာ အလိမ္မာသားနဲ့နွဲ့ဆိုးတိုးအမျိုးမျိုးမုံ့သယ်အော်လာတုန်းများမှာ (ဟေ့-သာအုန်းခေါ်ပြန်တာ)၂ တကယ်လူသံထင် မှတ်လို့ ရပ်ကြည့်ကာ သိတော့ရီစရာ(ဟား)၉]၂

[(ငှက်ကျေးတမာ)၂ လက်ကလေးမှာရှောက်အုန်း-ပခုံးပေါ်တက်ကွာ ဂုတ်နားမှာ ကုတ်ထားတာ အဟုတ်များကွာ၊ တဘက်သား ယားနာကြီးပါ]၂ ဟဲ့ ရွှေခဲရယ်-ကဲတယ်ကွာ နားကို ဆိတ်တာ သိပ်နာတာ အောက်ကို ဆင်းတော့ ကမြင်းတဲ့သတ္တဝါ မှတ်ရုံလေးဒဏ်ပေးမှာ(ဟား) ကျီစားတာပါ၊ (ဟား)၇ ဒီအနားလာကွာ၊ စိတ်မှာဆိုးသွားတာ၊ တိရစ္ဆာန်မျိုး သနားစရာxxမော့ပါကွာ(ချော့)၃ ရမှာ)ကျွတ်)၆။

(သံပြိုင်) (ဟေး………………….သိတော့ ရီစရာ(ဟား)၉။

ဆို - မြကေသီ.

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး