တပွင့်ထဲ

မ။ ။ဟိုပင်မြင့်က ပွင့်တံဝါဝါ၊ လေပြေလေညှင်း ဆောင်ယူကာ၊ နွယ်နီပန်းမြတ် ဝတ်မှုန်ငုံလွှာ၊ လေယူရာတိမ်း ယိမ်းနေရာ၊ ဟိုပင်မြင့်က ပွင့်တံဝါဝါ၊ လေပြေလေညှင်း ဆောင်ယူကာ၊ နွယ်နီပန်းမြတ် ဝတ်မှုန်ငုံလွှာ၊ လိုချင်သူများ စောင့်လို့သာ၊ လှသူဇာ၊ စောင့်ဆိုင်းကာ၊ ပွင့်ဘို့ရာ၊ ထုံဝတ်လွှာ၊ မှုန်ဝတ်ဝါဝါ၊ ပွင့်ချင်ဆဲမှာ ပန်ချင်သူဖူးစာရှင် စောင့်ဆိုင်းကာ ဖူးဘို့ရာ၊ မှုန်ဝတ်လွှာ ပွင့်ဘို့ရာ။

ကျား။ ။ခိုင်နွယ်နီ ပန်းမြတ်ဝတ်ရယ် လှမ်းဆွတ်ယူမှာ၊ အော် မြန်းဆင်ဘို့ရာ၊ မှုန်ဝတ်လွှာ ညှာတံခက်ရယ် မညှိုးခင် ခူးဆွတ်တော့မှာ၊ ဆင်းသိင်္ဂီ ပွင့်ခက််ညီတဲ့ ပန်းလွှာ၊ ဝတ်မှုန်လွှာ၊ သင်းပျံ့ကြိုင်တဲ့ နံ့သာ၊ မောင့်ရင်အုံ သဲစုံညှာ ထက်အနားမှာ၊ မောင် ထာဝစဉ် ဆင်မြန်းမယ့် တပွင့်ထဲပန်းမာလာ။

ရေး-စန်းသော်တာ

ဆို-မောင်တင်မောင်+ခင်နှင်းရီ။

လှမျက်ချယ်

မေတ္တာထားမယ် ယုံပါကွယ်၊ လှမျက်ချယ်၊ တကယ်ဘဲ ချစ်ပါ့မယ်၊ သွေပစ်ခွာဘူးကွယ်၊ မောင့်စိတ်ကရယ်၊ ချစ်မိတယ်၊ မေတ္တာလွန်ရှိတယ်၊ တူပျော်ပျော်ရွှင်နေဘို့ရယ်၊ ပျို့သက်လှယ်၊ ရှစ်ကမ္ဘာဘဲမြဲချင်တယ်၊ တွဲလို့အစဉ် နွှဲလို့ရယ်၊ ထွေးပါ့ မယ်၊ မောင့်ရွှေရင်ဝယ်။

တူနှစ်ကိုယ် သစ္စာထားလို့ရယ် တကယ်၊ အသက်ထက်ဆုံးကွယ်၊ မောင် ချစ်တယ်၊ ကျိန်ကျမ်းရွက်ပါ့မယ်၊ နောင်ခါနော် မုန်းပါဘူးသက်လှယ်။

မေတ္တာထားမယ်.......................................မောင့်ရွှေရင်ဝယ်။

ရေး-?

ဆို-မောင်တင်မောင်

 

ညီလာခံ

ရွှေဘုန်းတော်ရောင်၊ တပြောင်ပြောင်ဝေဆာ၊ ကြေညာလှိုင်ကြူ၊ ထီးတရာပဏာကြို့ ရာဇာတို့ထွတ်မှန်ကူ၊ သောင်းဇမ္ဗူ မှာဖြင့် ပြိုင်သူဆိုင်သူ ကင်းဝေးတော်မူ၊ နေနွယ်သမ္ဘိန်တဆူ (တရားမှန်စွာယူ)၂၊ (ပြည်သူ ကြည်ဖြူ အပေါင်းလူတို့)၂၊ ဗွေသဖန်း​ ရေဖြန်းဆင်သမို့ (ကြငှန်းရှစ်ဆူ မိုးတော်မူ)၂။

(နေနှုန်းသမ္ဘာရောင်တူ)၃၊ ရာဇာအာဏာရှိန် သမ္ဘိန်နွယ်တော်မူ၊ ဘွေသီဟာ ရွှေညီလာ မဟေသီနှစ်ဖြာစိုက်ထူ၊ ဖုန်းတော် ရောင်ကြီး ထီးတရာသရဖူ၊ (မတ်ပေါင်းအခြွေအရံ မြတ်ကြောင်း ဝေဇယန္တာ ပမာအလားတူ)၂၊ (သတ္တဝါဗိုလ်လူ ဦးခိုက် ညွှတ်ကျိုး လက်စုံမိုး ဝပ်လျှိုးထွန်းလို့))၂၊ (လေးကျွန်းမြင့်မိုရ် နှိုင်းလို့မဖြူ၊ နတ်လူသတ္တဝါ ဗြဟ္မာမနေမူ)၂။

(နိဗ္ဗာန်အများ သိကြားတူတူ)၂၊ (ရိပ်ဖြူမိုးလို့ အုပ်စိုးစံပယ်သူ)၂၊ ရေ မြေ သမုဒ္ဒရာ ခပင်းကိုပါ များဝပ်တွားလာ (သက်တော်ရှည်တော်မူ၊ အပေါင်းခပင်းတို့ အောင်ခြင်းတူတူ)၂၊ (ဗြဟ္မာနော သမ္ပန္န အောင်ရာသံကြွေး ဖုန်းတော်ရောင် ရှိန်ပြေး))၂၊ တိုင်းရေးပြည်ရာ ကြည်သဒ္ဓါ မနသီကြွေး၊ နိုင်ငံသာယာအေး။

ရေး-?

ဆို-မကြည်အောင်


ဣဋ္ဌာရုံ

မှောင်ခြွေပယ်ခွင်းတဲ့ မြအဆင်းလမင်းရောင်စုံ၊ လူတိုင်းစိတ်မှာ ဣဋ္ဌာရုံ မာလာမုံကင်းတဲ့ လေညှင်းသုန်သုန်၊ ငွေနှင်းမှုန် မှုန်၊ ချစ်တဲ့သူ ရင်ခွင်ထဲမှာလှုံ။

(ညဉ့်သုံးယံလုံး မောင်မယ်တူစုံ၊ တယောက်မျက်နှာတယောက် ကြည့်ကာ၊ အော် မျက်စိအာရုံ အာရုံ။

[စကားလက်ဆုံ​ ပြောလို့မကုန်၊ ချစ်ခြင်းပီယလောကလူ့ဘုံ]၂၊ [သံပြိုင်ဆိုတေး ချိုအေးလှတဲ့ နားအာရုံ၊ ကြည်ကြည်နူးနူး ရသာထူးတဲ့ဣဋ္ဌာရုံ]၂)၂။

(ပျိုပျိုအိုအို ချိုချိုမြမြ အလိုတော်ကျတဲ့ ဣဋ္ဌာရုံ)၂၊ (စကားမှာလဲ ဣဋ္ဌာရုံ၊ စားစရာလဲ ဣဋ္ဌာရုံ၊ ကောင်းသောနိမိတ် ဣဋ္ဌာရုံ)၂၊ (မင်္ဂလာရှိတဲ့ ဣဋ္ဌာရုံ၊ ပြိုင်ဘက်ကင်းတဲ့ဣဋ္ဌာရုံ၊ ကြိုင်ကြိုင်သင်းသင်း ဣဋ္ဌာရုံ)၂၊ (စက္ခု သောတ ဂန္ဓ ဇိဝှ ကာယ မနပါခြုံ)၂၊ ခြောက်ပါးအာရုံ ကောင်းသောဣဋ္ဌာရုံ။

(အသံထွက်ဇာတ်ကား သီချင်းပေါင်းစုံ၊ ခင်ခင်ရီဆိုပုံ ကပုံ)၂၊ ဒဂုန်ဆရာတင် သင်ထား၍ အမြင်အကြား အများဣဋ္ဌာရုံ။

ရေး-ဒဂုန်ဆရာတင်

ဆို-ခင်ခင်ရီ


စုံတောမြိုင်

သူတော်ကောင်းတွေမှ ကိန်းအောင်းမွေ့လျော်ကြတဲ့ စုံတောမဟာမြိုင်၊ ပန်းမာလာကြိုင်၊ လွမ်းစရာ့အပိုင်၊ တောဂနိုင် အတွင်းမှာလ ပျံ့သင်းယဉ်ယဉ်၊ ထန်းတပင်နှစ်ပင်၊ ပန်းသဇင် သဇင်၊ ပေါပါဘိကနဲ့ စုံတောမြိုင်ချောင်၊ ပြောင်ဆင်ကျား ရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ် ပျော်ဘွယ်၊ ဖိုမမြူးကြတယ် စုံတောမြိုင်၊ ([သီတာ ဖီလာ မြောင်ကာဆီးပါလို့])၂၊ [တောင်ကြီး တွေက အုံ့မှိုင်းရီ]၂)၂၊ (နဂါးဂဠုန်တွေက လွန်ပျော်မြူး)၂ (ထူးလဲထူးသည့်မြိုင်၊ ခရီးဝေးလွန်းလို့ လူသူမရောက်နိုင်)၂၊ ပြောင် ဆင် ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ် ပျော်ဘွယ်၊ ဖိုမမြူးကြတယ် စုံတောမြိုင်၊ (အို ပြောမဆိုးနိုင်၊ အနုံးပြေစရာ ပထိုင် အဖော်မပါနိုင်၊ တယောက်ထဲ အသဲထိတ်စရာပ စုံမြိုင်)၂၊ (စမ်းရေအိုင် ဘယ်ဆီမျှော်မှန်း လွမ်းလို့မတွေးတောနိုင်)၂၊ သည်တော မနောစေတနာ အဟုတ်ကြည်လင်တဲ့မြိုင်၊ တောင်တန်းလွမ်းစရာစုံတောမြိုင်၊ ပြောင် ဆင် ကျားရဲ ကျွဲနှင့်ယုန်ငယ် ဂျီဒရယ်ပျော်ဘွယ်၊ ဖိုမမြူးကြတယ် စုံတောမြိုင်။

ရေး-?

ဆို-မကြည်အောင်