ဖူးစာ

(မိုး...တိမ်ဘုံလယ် ငွေလရောင်မယ် မှုန်မှုန်သာရယ်)၂၊ ကြယ်ဖြူငယ်အချို့ မှိန်းရှာလို့ ယို့ယို့ဘဲစံပယ် (ညဉ့်ဦးယာမ် လွှမ်းခဲ့ပေါ့ကွယ် လွမ်းစရာ့သည်ချိန်ခါမယ် ညဉ့်ငှက်ကလေးတွေ တေးဖွဲ့သံသာတယ်)၂၊ နာခံလျက်ကွယ် မှေးစက် မပျော်တယ် စိတ်စေစား မေ့အနားတလဝဲလည် ဘုရားမှာ တခါဆုံတဲ့ညကကွယ်။

(မျက်ထားညို ဘာအလိုများမကျ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့်သက်လှယ်)၂။

(နှင်းမှုန်ပက်ဖျန်း မြောက်ပြန်လေနော့သရမ်းလို့လားကွယ်)၂၊ ကွေးမလုံ ထွေးလာသူမဲ့ အားနွဲ့လို့လားကွယ်၊ (မောင်နဲ့ အတူ မေလဲလွမ်းတတ်မယ်ထင်တယ် တွေ့ဆုံပုံရယ် ထူးတယ်ဆိုမယ် နဖူးစာရွာအလယ်)၂၊ သစ္စာနှစ်ကိုယ်ထား မေတ္တာ ဖလှယ် ဘုရားမှာ တခါဆုံတဲ့ညကပါကွယ်။

ရေး-မန္တလေးဦးဘသိန်း

ဆို-ကိုအံ့ကြီး

သူနဲ့သာ

(ကျောက်ဆောင်ကမ်းပါးတွေ လှိုင်းလေထဲမှာ ဟိုဒီကွေ့ကောက် ကြောက်မက်ဘွယ်ရာ မျောကြရှာ မောလှစွာ ကူးခတ်ကြ စုန်ဆန်မှာ ဘဝအသွင် ယမုန်အဏ္ဏဝါ)၂။

(တချို့မှာ လေပြင်းနဲ့ ဝဲတွင်လူးလာ ကမ်းသာမုန်တိုင်းဘေးဝေးသူလဲပါ)၂၊ မျှော်ရည်မှန်းကာ ခရီးလမ်းတလျှောက်မှာ ဘဝဖော်ညွှန်းသော သူတယောက်နဲ့သာ တူယှဉ်လျက်ပါ လှေယာဉ်ထက်မှာ အေးစွာ လှိုင်းလေငြိမ်းဝေး ဘေးငြိမ်း ချမ်းသာ ကူးနိုင်စေပန်ထွာ။

ရေး-မန္တလေးဦးဘသိန်း

ဆို-ကိုအံ့ကြီး

လူချွန်လူကောင်း

ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ် လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင် ရိပ်သိမ်းချိန်ဆိုပြန်လျှင် ဝင်းမှည့် ရွှေစင်အိလိုပင် စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် မနက်ခင်း စိတ်ရွှင်လန်းကြစေ ဆွဲငင် ဥဩသံဘွဲ့နာပျော် ကြည်ကြည်လင်လင် လုပ်ငန်းကို ကိုယ်စီဝင် စက်ရုံကြီးငယ်အရပ်ရပ်တွင် ကြည်းရေတခွင်က ရောင်းဝယ်စုန်ဆန်သာ စည်ပင် လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင် ကျနော်တို့မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင် ဗမာ့သားကောင်းများကို အဆိုအတီးမှုနဲ့ပင် ရိုသေခင်မင် အားတက်အလေးပြုလျက်ဘဲအစဉ်။

Read more: လူချွန်လူကောင်း

စိမ်းလဲ့ရေကန်

ဒို့အညာဒေသ ရွာသာရွာဦးကျောင်းပါ ထိုအနီးအနားမှာ အလွန်ကြည်အေးစိမ်းလဲ့ ရေကန်သာ ကိုယ့်အညာဒေသ ရွာသာ ရွာဦးကျောင်းပါ ထိုအနီးအနားမှာ အလွန်ကြည်အေးစိမ်းလဲ့ ရေကန်သာ။

(ဖြူနီပြာဝါ ရောင်စုံကြာ တင့်ဆန်းလန်းစွာ ဦးတင်ကာ ရိပ်ရောင်ရေထဲယှက်ဖြာ ပုံစွဲပုထိုးမြတ် ဘော်ဖြူငွေ အဆင်းမှာ)၂။

(ပျိုပျိုမေ...ဖော်ရွေသဟာ ညှိထွန်းမီးကြာ ရောင်စုံပင်တင်နေတာ နုသောမျက်နှာ)၂၊ သီတင်းကျွတ်ရိပ်သာ ရွှန်းပစန္ဒာ ပြုံးလျက်မူယာ နှစ်ကိုယ်တူ မောင်မယ်ပါ ကြာဖြူပန်းများနဲ့သာ စိန္တေထူးရှေ့မှာ ဦးခိုက်ကြဆုပန်ဆင်ရှာ ကင်းဝေးရန် ဘယာ။

ရေး-မန္တလေးဦးဘသိန်း

ဆို-ကိုအံ့ကြီး

ရောင်တော်ဖွင့်

စိန်ဝဇီ သင်္ဂီရောင်အသွေး၊ အစဉ်တွေးပါရ ပကတိမြင်လာမည်၊ ဘဝင်အေးစရာပ မဏိကဉ္စနာအညီ၊ ဝတိံဆောင်မှီ၊ ထိန်ပြောင်ကြည်၊ စိန်ရောင်ခြည် နေတနှုန်းသို့၊ ရွှေဖုန်းတော် အသရေမဆုံးပါတဲ့ သုံးလောက ပရမေအရှင်ကိုရည်၊ လက်ဆယ်ထိပ်မှာ မိုးပါလို့ ရှိခိုးပူဇော် ဖူးမြော်ပါတော့သည်။

Read more: ရောင်တော်ဖွင့်