မိုးနတ်ခင်

ဣတ္ထိသျှတ္တရ စာစီကာ ရေးတဲ့ ကာလီဒါ ငေးရမလိုပင်၊ လေးနှမပျိုခင်၊ အလှတွင် အချောတွင်၊ မြင်မြင်သူ ဘဝင်ထဲ စွဲမက်ဖို့ပင် တမိုးအောက်တွင်။

(ခြောက်ပစ်ကင်း ကျော့ကျော့ရှင်း မြနှင်းတဲ့ အလှထိပ်တင် မိုးနတ်ခင်)၂၊ ယဉ်တကိုယ်လုံးတွင်၊ ရွှင်ချိုပြုံးအစဉ်၊ သူ့အသွင် နုယဉ် ရှုမဝနိုင်အောင်ပင်၊ ကြည့်မဝနိုင်အောင်ပင်၊ မြတ်ပါး သနပ်ခါးတင်လျှင်၊ မောင့်စိတ်ထဲတွင် မိုးနတ်ခင်။

ကြည့်တိုင်းယဉ် ရှုတိုင်းယဉ်၊ တုနှိုင်းလို့ မောင်ဆိုချင်၊ အပျိုစင် မြမျက်နှာကိုမြင်၊ လစကြာလိုပင် အမြဲထင်။

မူနွဲ့နွဲ့ ဖြူလဲ့လဲ့ မျှော်တွေးဆလိုက်ရင်၊ အော် ရှေ့ကလို တော်လေးဝဝင် မဒီခင် မီမထင်၊ ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ ခင်ခင်နှမ အလှတကာ့ဘုရင့်။

ကြည့်တိုင်းယဉ်...............................အမြဲထင်။

(ဘုံကြိုးပြတ်တဲ့ မိုးနတ်အသွင်၊ လှထိပ်တင် မောင့်မှာမှတ်ထင်၊ ချစ်မေတ္တာ ပွားလို့ပင်၊ အသံကြား သနားစေကြောင်း ဆုတောင်းပြည့်တဲ့ခင်)၂၊ မေသတိုးတွေ့ရင်၊ မောင့်စိတ်ထဲ ဆွေမျိုး မေ့ချင်၊ အမျိုးမျိုး မရိုးနိုင်အောင်ပင်၊ ဖက်ရှင်ကျကျ ထွင်၊ မဒီအလှ ကလေးကိုပင်၊ ဂီတတေးနဲ့ သီကာရေးလို့ ပိုမယ်မထင်။

ကြည့်တိုင်းယဉ်...............................အမြဲထင်။

ရေး-?

ဆို-ခင်မောင်ရင်

အပြန်အလှန် မေတ္တာစာ

(မောင်သိင်္ဂါသို့)

မျက်ရည်စတွေနဲ့

လွမ်းတနေသည်ကွဲ့

ဖြေမဆည်နိုင် ပစ်မထားနိုင်တော့

သတိများရနေတယ်။ ။

Read more: အပြန်အလှန် မေတ္တာစာ

ဝါဒဘုံဝယ်

(၁) သီကရီ

လုပ်လည် လုပ်လဲ့၊ ရောင်ကင်းမဲ့သည်

ကြွေသွဲ့ရွက်ဝါ၊ လေယာဉ်မှာလျှင်

တချာလည်လည်၊ စီရရီ။


(၂)စီရရီ

ညွန့်ရှည်ပုရစ်၊ ပွင့်အသစ်လျှင်

ပျိုမြစ်စိမ်းမြ၊ ဩကာသလုံး

ရွှင်ပြုံးစေသည်၊ ပြီ့တပြီ။


(၃)ပြီ့တပြီ

ဇာနည်တိုင်းဘွား၊ တို့မျိုးသားလည်း

ထွေပြားမွှားမှုံ၊ ဝါဒဘုံဝယ်

မျောစုံတာရှည်၊ သီကရီ။

ထီလာစစ်သူ

သတင်းစုံဂျာနယ်

လေထဲက အသံရှင်

လစန္ဒာ အဆိုတေးရယ်နဲ့၊

စပြန်ကာ အပိုတွေးနိုင်ဘို့၊

ချိုအေး​နွဲ့ ရင့်ယူကာ။ ။


လေပြင်ယံ ဝေဟင်ကြောမှာလ၊

ဝေလွင်ပျံ စေနှင်မျှောလေတော့၊

ငြိမ့်လျှောစွာ သံစုံမြိုင်လို့၊

ဆည်မနိုင် ဖြေမတံ့အောင်၊

ညှင်းလွှံ့ဖြာဝေ။ ။


ဆိုတဲ့သူ ဘယ်ကိုညွှန်းပါလို့၊

ချိုနွဲ့မူ ရွယ်လိုမှန်းပါလိမ့်၊

အံ့မခန်း စွမ်းလေတာ၊

တွေးပါလိမ့် အိုအများ။ ။


သိပါလေရဲ့၊

အကြောင်းဋီကာ ဖွေတော့၊

ညွှန်းတာလေ "သူ့" ကိုဘဲသာမို့၊

နှုတ်မြွက်ကာ ပြန်လို့ပြောချင်ရဲ့၊

စိတ်စောရာ ကိုယ်မတန်တော့၊

ခွင့်ပန်ကာ ကဗျာရေးတော့၊

ဆွေးသူ ကိုယ်စား။ ။

လှသမိန်

သတင်းစုံဂျာနယ်


ဗောဓိပင်နှင့်ရွှေပလ္လင်

မဟာဗောဓိပင်နဲ့ တလံကွာပါသည်၊ စကြဝဠာ ငြိမ်သက်၍ မြက်ရှစ်ဆုပ်ကြဲတော်မူလေသည်၊ တဆယ်နဲ့လေးတောင် ကျယ်ဝန်းပါသတဲ့ ပလ္လင်တော်ပေါ်ထွန်းလာခဲ့သည်၊ ဘုရားမဖြစ်သမျှ ငါမထဟု လုံ့လဥဿဟစုံအညီ၊ ဗောဓိဘုရား ရွှေပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေနေတော်မူလေသည်။

Read more: ဗောဓိပင်နှင့်ရွှေပလ္လင်