ကွယ်လွန်သူ မစ္စတာဖာနီဗယ် The Late J.S. Furnivall
- Details
- Category: Bama [Ethnic]
- Published on Monday, 03 October 2016 16:03
- Written by Shanyoma
- Hits: 915
သူ့ကတ်ဖဲ့ကြောင့်
နယ်ချဲ့မင်းမာန်၊ ဝိုင်းပယ်ခံ၍
မြန်မာ့ကျေးဇူး ရှာခဲ့သူ။
ငါတို့ဖျင်းအ၊ ပြစ်မြင်ကလည်း
ဒေါသမပါ၊ မာနမဝင်
ကြောင်းကျိုးယှဉ်၍
ပြင်ခဲ့ပြခဲ့ ပြောခဲ့သူ။
သူကွယ်လေပြီ၊ ဖြစ်ခဲ့သည်လည်း
ခန္တီသစ္စာ၊ မေတ္တာချိုပျား
သူ့စိတ်ထားနှင့်
မတရားမကြိုက်၊ သူ့စရိုက်သည်
တို့၌ ကျန်ခဲ့ပါစေသတည်း။
တို့ပြုသမျှ၊ ကုသလကို
အမျှ ဖိုးအိုရစေသတည်း။
ဇော်ဂျီ
For his intransigence he bore
Imperial wrath and exclusion,
One who sought for Burma's gain.
Seeing our dumb ineptitude,
Without anger, free of pride,
Relating action to effect,
One who set right, showed, informed.
Though he may have passed away
His patient, truthful, loving frame
Of mind, his hatred of what is unjust
May his ways remain with us.
The merit of our virtuous deeds,
May the old one share with us.
Tr. Win Pe
ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင် ၁၉၅၉-၆ဝ၊ အတွဲ ၄၊ အမှတ် ၁၊ နှာ ၂။
Rangoon University Annual Number 1959-60