ချွန်

ချွန်


ချွန် (ကြိ)


၁။ အဖျားသွယ်သွယ်သွန်းသွန်း ဖြစ်အောင် လုပ်သည်။



-ဆက်ရန်-

ချွတ်

ချွတ်


ချွတ် (ကြိ)


၁။ စွဲငြိ ကပ်တွယ်နေသည်ကို ထွက်လာအောင် ထုတ်နုတ်သည်။ "(မင်းချင်းယောက်ျားသည်) ထားကို ချွတ်တုံ သွတ်တုံ ပြုပြီးမှ။" ဏိပုံ။ ၄၄။ ၂။

၂။ အညစ်အကြေး၊ အစွန်း၊ အထင်း စသည် ကင်းစင်စေသည်။

၃။ ဆင်းရဲဒုက္ခတို့မှ လွတ်မြောက်စေသည်။ "မြတ်စွာဘုရားသည်...ရသေ့တထောင်ကို ချွတ်တော်မူသဖြင့်။" ဝိစိတ်။ ၈၁။



-ဆက်ရန်-

ချွေး

ချွေး


ချွေး (နာမ်)


၁။ မွေးညင်းပေါက်တို့မှ ယိုထွက်လာသော ရေကြည်။

၂။ အိုးခွက် စသည်တို့တွင် ရေခိုးရေငွေ့ဘဝမှ ပြန်ဖြစ်သောရေ။



-ဆက်ရန်-

ချွဲ

ချွဲ


ချွဲ (နာမဝိ)


ကော်ရည်၊ သလိပ် စသည်တို့ကဲ့သို့ စေးကပ်ချောကျိသော။ "အလွန်ခက်ခဲ၊ ကောက်နှယ်ချွဲသည်၊ နက်နဲပြဿနာ၊ အဖြာဖြာကို။" ပြာဋိ၊ ၁ဝ၉။



-ဆက်ရန်-

ချွေ

ချွေ


ချွေ (ကြိ)


ကြေးငွေ၊ ပစ္စည်း စသည် အကုန်အကျ နည်းပါးအောင် အသုံးအစွဲကို ထိန်းသိမ်းစောင့်ရှောက်သည်။ "ယခုကာလ ချွေတာ သုံးစွဲခြင်း မရှိကြ၍။" တိုးပွား။ ၁၃၄။



-ဆက်ရန်-