ခွံ

ခွံ


ခွံ (နာမ်)

သစ်သီး၊ သစ်ပင်၊ သား၊ ငါး၊ တိရစ္ဆာန် စသည်တို့၏အဆန်၊ အသားကို ဖုံးအုပ်နေသော အထပ်အလွှာ။ အခွံ။



-ဆက်ရန်-

ခွဲ

ခွဲ


ခွဲ (ကြိ)

(၁) ထက်ခြမ်းသော်လည်းကောင်း၊ အစိတ်စိတ်သော်လည်းကောင်း ကွဲစေသည်။




-ဆက်ရန်-

ခွေ့

ခွေ့


ခွေ့ (ကြိ)

ဝှေ့သည်။ တိုက်သည်။ ခိုက်သည်။ တိုးထိသည်။




-ဆက်ရန်-

ခွေး

ခွေး


ခွေး (နာမ်)


(၁) ကိုက်တတ် ဟောင်တတ်သည့်ခြေလေးချောင်း တိရစ္ဆာန်တမျိုး။

(၂) လူကို နှိမ့်ချပြောဆိုသော စကားလုံး။


ခွေးရူးစသော ရောဂါပိုးကို ကုသရန် စထွင်ခဲ့သူ


လူးဝစ်ပတ်စချာ


ခွေးဝင်စား (သူတစ်ပါးကို မှီခိုကပ်ရပ်နေရသူ)


ခွေးလေများသည် သခင်မရှိဘဲ ကြုံရာနေရာတွင် မွေးဖွား ကြီးပြင်းလာပြီးနောက် နီးစပ်ရာ အိုးအိမ်တွင် ခိုဝင် ကပ်ရပ် ၍ အသက်မွေး နေထိုင်လေရာ ထိုခွေးများကို ခွေးဝင်စားဟုခေါ်လေသည်။ ထိုသဘောကို တင်စား၍ သူတစ်ပါး ဘုန်း ဂုဏ်၊ အရိပ်ကို ခိုကပ်၍ အသက်မွေးရသူ၊ သူတစ်ပါးရပ်ရွာသို့ ခိုဝင်ကပ်ရပ်လာသူတို့ကို ရှုတ်ချသောအားဖြင့် သုံးနှုန်း ခေါ်ဆိုသည်။ (ဘန်းစကား - လှသမိန်)




-ဆက်ရန်-

ခွေ

ခွေ


ခွေ (ကြိ)

(၁) ကွေးဝိုက်သည်။ ကွေးဝိုက်တည်ရှိသည်။




-ဆက်ရန်-