ခြင်

ခြင်


ခြင် (နာမ်)

အတောင်ပါသော အင်းဆက်ပိုးကောင်တမျိုး။ (ယင်းပိုးကောင်အမသည် အရေကို ဖောက်ထွင်း၍ သွေးကို စုပ်ယူနိုင် သည်။)


ခြင် (ကြိ)

စပါး၊ ဆန်စသည်တို့ကို တောင်း၊ တင်း၊ ခွက် စသည်တို့တွင် ထည့်၍ အနည်းအများ ပမာဏကို သိရအောင် လုပ်သည်။


ခြင်္သေ့၏စွမ်းရည်


ခြင်္သေ့သည် ကားလောက် မြန်အောင် ပြေးနိုင်သည်။ အမြင့် ၁၂ ပေလောက် ခုန်တက်နိုင်ပြီး အရှည် ပေ ၄​ဝ ခန့်ရောက် အောင် ခုန်နိုင်သည်။ (ဗဟုသုတဒိုင်ယာရီ၊ တွဲ ၂)




-ဆက်ရန်-

ခြိုက်

ခြိုက်


ခြိုက်ခြိုက် မြိုက်မြိုက် (ကြိဝိ)

(၁) နှစ်နှစ် ခြိုက်ခြိုက်။

(၂) ဆိုက်ဆိုက်မြိုက်မြိုက်(ကြိဝိ)နှင့်အတူတူ။




-ဆက်ရန်-

ခြိုး

ခြိုး


ခြိုး (ကြိ)

(၁) ချို့တဲ့မှု ပင်ပန်းဆင်းရဲမှုစသည်တို့ကို သည်းခံသည်။ "ခြောက်နှစ်ဒုက္ကရစရိယာ၊ ခြိုးခြံစွာမှ၊ သူဇာလှူကမ်း၊ ဂဏာဆွမ်းကို။" ဟင်္သာ၊ ၁ဝ၇။

(၂) ချွေတာသညည်။ "အသုံးအစွဲကို ခြိုးခြံနိုင်သမျှ ခြိုးခြံခဲ့၏။" မိုးမြေ။ ၃၉။




-ဆက်ရန်-

ခြောက်

ခြောက်


ခြောက် (နာမ်)

(၁) ငါးနှင့်ခုနစ်အကြားရှိ အရေအတွက်။ ၆။




-ဆက်ရန်-

ခြံ

ခြံ


ခြံ (ကြိ)

ဝန်းပတ်ဝိုင်းရံသည်။




-ဆက်ရန်-