ဦးသာမြတ် (၁၂၆ဝ-၁၃၃၉)
- Details
- Category: Biography [BURMESE]
- Published on Sunday, 20 November 2016 15:19
- Written by Shanyoma
- Hits: 655
ဦးသာမြတ်သည် ပုတီးကုန်းမြို့ ဇာတိ ဖြစ်၍ ၁၂၆ဝ ပြည့် ကဆုန်လဆန်း ၁ဝ ရက် (၁၈၉၉ ခု၊ ဧပြီလ ၂၉ ရက်) သောကြာ နေ့တွင် အဖပွဲစားကြီး ဦးဘိုးမြ၊ အမိဒေါ်ငွေသင် တို့မှ ဖွားမြင်သော တတိယမြောက်သား ဖြစ်သည်။
အသက် ၆ နှစ်အရွယ်တွင် ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီးဆရာတော်နှင့်ပုတီးကုန်းမြို့ ဓမ္မာရုံကျောင်းတိုက် ဂိုဏ်းအုပ်ဆရာတော်တို့ထံတွင် စတင် ပညာ ဆည်းပူးရာ အခြေခံ လောကုတ္တရာ စာပေများကို တတ်မြောက်ခဲ့သည်။ အသက် ၁၁ နှစ်တွင် ပုတီးကုန်းမြို့ ဆရာဦးဘချိုထံတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့်ပထဝီဝင် ဘာသာများ သင်ကြားပြီး နောက် အသက် ၁၂ နှစ်တွင် ကြို့ပင်ကောက်မြို့ အာရ်စီအမ် စိန်မိုက်ကယ်ကျောင်း၌ စတုတ္ထတန်းမှစ၍ သင်ကြားခဲ့ရာ အတန်းတိုင်းတွင် ပထမစွဲ၍ အသက် ဆယ့်ခြောက်နှစ်တွင် သတ္တမတန်း အောင်မြင်သည်။ ထို့နောက် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ အတန်းတိုင်းတွင် ပထမစွဲပြီး ဆယ်တန်း စာမေးပွဲကို အင်္ဂလိပ် စာ၊ မြန်မာစာ၊ ပါဠိဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။
မြို့မမောင် (၁၂၆၅-၁၃၄၅)
- Details
- Category: Biography [BURMESE]
- Published on Sunday, 20 November 2016 14:56
- Written by Shanyoma
- Hits: 628
မြို့မမောင်ကို ၁၂၆၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် (၁၉ဝ၄ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်)၌ မြိတ်မြို့ ကန်ဖျားရပ်တွင် ဖွားမြင်သည်။ မိဘနှစ်ပါးမှာ သမားတော်ကြီး ဦးသင် နှင့် ဒေါ်သာညိမ်းတို့ ဖြစ်သည်။ အမည်ရင်းမှာ ဦးအောင်မြင် ဖြစ်သည်။
ဆရာမြို့မမောင်သည် အင်္ဂလိပ်-မြန်မာ ဆယ်တန်းနှင့်အလယ်တန်းဆရာဖြစ် အောင်ပြီးနောက် မြို့မကျောင်းတွင် ကျောင်းဆရာအဖြစ် ၁ဝ နှစ်ကျော်မျှ အမှုထမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက လောကသာရ နေ့စဉ်သတင်းစာ တွင် ညအယ်ဒီတာနှင့်နိုင်ငံခြားသတင်း ဘာသာပြန်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ၊ မြန်မာ့ အလင်းသတင်းစာ၊ ဗန္ဓုလဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ တိုးတက်ရေးမဂ္ဂဇင်းတို့တွင်လည်း ဆောင်းပါးများ ရေးသားသည် ဗန္ဓုလဂျာနယ်တွင် တစ်ဗစ်ခေါ် သုတပဒေသာခန်းကို တာဝန်ယူရသည်။
ဒဂုန်ဦးလှဘေ (၁၂၆၁-၁၃၄၈)
- Details
- Category: Biography [BURMESE]
- Published on Wednesday, 16 November 2016 14:40
- Written by Shanyoma
- Hits: 607
ဒဂုန်ဦးလှဘေသည် ရေတာရှည်မြို့ ဇာတိ ဖြစ်၍ ၁၂၆၁ ခုနှစ်၊ ပထမဝါဆိုလဆန်း ၈ ရက် (၁၈၉၉ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက်) တွင် ဖွားမြင်သည်။ ဖခင်မှာ တောင်သူ လုပ်ကိုင်သော ဦးရေချမ်း ဖြစ်၍ မိခင်မှာ ဒေါ်ပန်းဥ ဖြစ်သည်။ သွေးချင်း ၇ ယောက်တွင် တတိယမြောက် ဖြစ်သည်။
ဒဂုန်ဦးလှဘေသည် တောင်ငူမြို့ ဦးလက္ခဏာနော်မန်ကျောင်းတွင် ပညာသင်ရာ ခေတ်ပညာနှင့်သဒ္ဒါသင်္ဂြိုဟ် စသော ဘုန်းကြီးကျောင်း ပညာများကိုပါ ဆည်းပူးခဲ့သည်။ ၁၉၁၈ ခုတွင် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်မြင်သည်။ ထို့နောက် မန္တလေးမြို့ သမဝါယမပညာနှင့်စာရင်းစစ် ပညာသင်ကျောင်း၌ ပညာသင်ကြားသည်။ ၁၉၂ဝ-၂၁ တွင် အထက်တန်း သမဝါယမပညာနှင့်စာရင်းစစ် စာမေးပွဲ အောင်မြင်သည်။
သခင်ဘသောင်း
- Details
- Category: Biography [BURMESE]
- Published on Thursday, 17 November 2016 10:24
- Written by Shanyoma
- Hits: 465
ကမ္ဘာ့ရာဇဝင်ချုပ် ဘာသာပြန်စာအုပ်ဖြင့် ဆုရသူ ဆရာကြီးသခင်ဘသောင်းကို ၁၉ဝ၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၇ ရက်နေ့ တွင် မကွေးခရိုင် နတ်မောက်မြို့နယ်၊ ဖုံကုန်းရွာ၌ ဖွားမြင်၍ အဖ ဦးမြစ်၊ အမိ ဒေါ်လေးခင် ဖြစ်၏။
ငယ်စဉ်က မန္တလေးမြို့၊ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အင်္ဂလိပ်မြန်မာ အထက်တန်းကျောင်းတွင် ၁ဝ တန်းအထိ ပညာဆည်းပူးခဲ့ ၏။ ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ်ကြီးတွင် သပိတ်မှောက်ရာ၌ ပါဝင်ခဲ့ရာမှ ကျောင်းထွက်ခဲ့ရလေသည်။ ထို့နောက် အမျိုးသားကျောင်းများ၌ ကျောင်းဆရာ အဖြစ်လည်းကောင်း၊ ၁၉၂၄-၂၅ ခုနှစ်တွင် မြန်မာပိုင် နယူးဘားမား (The New Burma) အင်္ဂလိပ်သတင်းစာတွင် လက်ထောက်အယ်ဒီတာ အဖြစ်လည်းကောင်း၊ ၁၉၃ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဘာသာပြန် နည်းပြဆရာအဖြစ် တစ်နှစ်ခန့်လည်းကောင်း လုပ်ကိုင်ခဲ့ဖူးသေး၏။
သူရိယကန္တိ (၁၂၆၃-၁၃၂ဝ)
- Details
- Category: Biography [BURMESE]
- Published on Wednesday, 16 November 2016 14:29
- Written by Shanyoma
- Hits: 562
သူရိယကန္တိ ကို ၁၂၆၃ ခု၊ နယုန်လပြည့်ကျော် ၄ ရက် (၁၉ဝ၁ ခု၊ ဇွန်လ၊ ၄ ရက်) အင်္ဂါနေ့တွင် ဟင်္သာတမြို့၌ ဖွားမြင် သည်။ မိဘနှစ်ပါးမှာ ဦးမင်းနောင်နှင့်ဒေါ်ဝါနု တို့ဖြစ်သည်။ သူရိယကန္တိ၏အမည်ရင်းမှာ ဦးစိန်ဘန်း (ဒေါက်တာစိန် ဘန်း) ဖြစ်သည်။
သူရိယကန္တိသည် ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း အောင်မြင်ပြီးနောက် ဆေးအတတ် သင်ကျောင်းတွင် ဆက်လက် ပညာသင်ယူရာ ၁၉၂၃ ခုနှစ်တွင် ဆရာဝန်ဘွဲ့ရ၍ ဒေါက်တာစိန်ဘန်းဟု ခေါ်တွင်သည်။ ဆေးဝန်ထမ်းအဖြစ် မြန်မာနိုင်ငံ အရပ်ရပ်တွင် တာဝန် ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့ လက်ထောက်ကျန်းမာရေးမှူး သင်တန်းကျောင်းတွင် အချိန်ပြည့် ကထိကအဖြစ် ဆောင်ရွက်သည်။