ဦးနီ

ဦးနီကို ၁၈၉၂ ခုနှစ်၊ မေလ၊ ၁ဝ ရက်နေ့တွင် မြင်းခြံမြို့၌ ဖွားမြင်သည်။ ရန်ကုန်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရပြီးနောက် ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည် အောက်စဖို့ဒ်တက္ကသိုလ်မှ ဝတ်လုံတော်ရ စာမေးပွဲ ​အောင်သည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ဟိုက်ကုတ်လွှတ်တော် ရှေ့နေကြီးအဖြစ် လုပ်ကိုင် ဆောင်ရွက်ခဲ့၏။ ၁၉၂၄-၂၅ ခုနှစ်တွင် ဂျွန်လော့(John Locke) ရေးသည့်စီးဗီးဂါးဗားမင့် (Civil Government) စာအုပ်ကို မြို့ဘက်စီမံ အုပ်ချုပ်ရေး ဟူ၍ မြန်မာဘာသာ ပြန်ဆိုတင်သွင်းသည့်အတွက် ဝေလမင်းသားဆု ရသည်။

 

၁၉၂၅-၂၆ ခုနှစ်တွင် ပြည်မြို့ မြို့မမဲဆန္ဒနယ်မှ မြန်မာပြည် ဥပဒေပြုကောင်စီလူကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံ ရသည်။ ၁၉၂၆ ခုနှစ်တွင် မြန်မာပြည် ဆွာရတ်(သရာဇ)ပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ဦးနီသည် အထက်ပါ ဆုရ စာအုပ်အပြင် လွတ်လပ်သော အိုင်းရစ်သမတနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၂၂)နှင့်အချုပ်အခြာအာဏာ ဟူသော နိုင်ငံရေးကျမ်းငယ်တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်မြို့တွင် ရာဘက်တရားသူကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၄၆ ခုနှစ်တွင် ကွယ်လွန် သည်။


-ဒဂုန်ရွှေမျှား ​ပြုစုရေးသားသော မြန်မာနိုင်ငံစာပေဆုများစာအုပ်မှ ​ထုတ်နှုတ်ချက် ဖြစ်ပါသည်။

မြို့ဘက် စီမံအုပ်ချုပ်ရေးဘာသာပြန် စာမူအတွက်