သူရိယကန္တိ (၁၂၆၃-၁၃၂ဝ)

  • Print

သူရိယကန္တိ ကို ၁၂၆၃ ခု၊ နယုန်လပြည့်ကျော် ၄ ရက် (၁၉ဝ၁ ခု၊ ဇွန်လ၊ ၄ ရက်) အင်္ဂါနေ့တွင် ဟင်္သာတမြို့၌ ဖွားမြင် သည်။ မိဘနှစ်ပါးမှာ ဦးမင်းနောင်နှင့်ဒေါ်ဝါနု တို့ဖြစ်သည်။ သူရိယကန္တိ၏အမည်ရင်းမှာ ဦးစိန်ဘန်း (ဒေါက်တာစိန် ဘန်း) ဖြစ်သည်။

သူရိယကန္တိသည် ရန်ကုန်မြို့ စိန်ပေါကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း အောင်မြင်ပြီးနောက် ဆေးအတတ် ​သင်ကျောင်းတွင် ဆက်လက် ပညာသင်ယူရာ ၁၉၂၃ ခုနှစ်တွင် ဆရာဝန်ဘွဲ့ရ၍ ဒေါက်တာစိန်ဘန်းဟု ခေါ်တွင်သည်။ ဆေးဝန်ထမ်းအဖြစ် မြန်မာနိုင်ငံ အရပ်ရပ်တွင် တာဝန် ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့ လက်ထောက်ကျန်းမာရေးမှူး သင်တန်းကျောင်းတွင် အချိန်ပြည့် ကထိကအဖြစ် ဆောင်ရွက်သည်။

 

သူရိယကန္တိသည် ကြီးပွားရေးမဂ္ဂဇင်းနှင့်ဂန္ထလောကမဂ္ဂဇင်းတို့တွင် စာပေ ဆောင်းပါးများနှင့်ကျန်းမာရေးပညာပေး ဆောင်းပါးများ ရေးသားခဲ့သည်။ စာပေဆောင်းပါးများတွင် ဝတ္ထုအတတ်ပညာဆိုင်ရာ ဆောင်းပါးများ၊ ဝတ္ထုဝေဖန် ရေးဆောင်းပါးများလည်း ​ပါဝင်သည်။ စာပေဗိမာန်မဂ္ဂဇင်းတွင် နယ်လှည့်ဆရာဝန် ဆောင်းပါးများကို ရေးသားခဲ့ သည်။ ရောဂါကုထုံး အခြေပြကျမ်း(ပ၊ဒု) နှင့် ဘေသဇ္ဇဝိဓူဒီပကကျမ်း တို့ကိုလည်း ရေးသားခဲ့သည်။ ဝတ္ထုတို များလည်း ရေးသားသည်။ တကယ့်ဗမာမ နှင့် စေတနာမွန် ဟူသော လုံးချင်းဝတ္ထုနှစ်အုပ်ကိုလည်း ရေးသားခဲ့ သည်။ ဖီးဗတ် (Phoebus)ဟူသော ကလောင်အမည်ဖြင့် အင်္ဂလိပ်ကဗျာစာအုပ် တစ်အုပ်ကိုလည်း ရေးသားခဲ့သည်။

သူရိယကန္တိသည် ဝတ္ထုအတတ်ပညာ၊ ဝတ္ထုရေးနည်းတို့ကို ဝတ္ထုရေးလိုသော် အမည်ဖြင့် ၁၉၅၇ ခုနှစ်တွင် စာအုပ် ထုတ်ဝေခဲ့ရာ ထိုနှစ်အတွက် စာပေဗိမာန်ဆု (သုတပဒေသာဆု)ကို ချီးမြှင့်ခြင်း ခံရသည်။

သူရိယကန္တိသည် ၁၃၂ဝ ပြည့်နှစ် နတ်တော်လဆန်း ၁​၁ ရက်(၁၉၅၈ ခု၊ ဒီဇင်ဘာလ၊ ၂၁ ရက်) တနင်္ဂနွေနေ့တွင် ကွယ် လွန် အနိစ္စ ရောက်သည်။


-ကျမ်းကိုး-

ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၆၆-၆၇။


ဗိုလ်မှူးဘသောင်း(မောင်သုတ) ရေးသော စာဆိုတော်များအတ္ထုပ္ပတ္တိစာအုပ်၊ နှာ-၃၈၄။