မြန်မာဇာတ်သဘင်စာအုပ် ဝေဖန်ချက် - ဒေါက်တာသန်းထွန်း

 မြန်မာပြဇာတ်တို့ကို လေ့လာသုံးသပ်၍ မောင်ထင်အောင် အင်္ဂလိပ်ဘာသာဖြင့် ရေးသည့် မြန်မာဇာတ်သဘင် စာအုပ်အား ဂျေအေစတီဝပ် ဝေဖန်ချက် (လန်ဒန်တက္ကသိုလ် အရှေ့တိုင်းပညာ သိသင်စာစောင်၊ အတွဲ ၉၊ ၁၉၃၇၊ ၁၉၃၇-၁၉၃၉၊ ၇၉၂- ၇၉၃)ကို သန်းထွန်း မြန်မာပြန်သည်။

မောင်ထင်အောင်၊ မြန်မာဇာတ်သဘင် စာမျက်နှာ ကဲ+၂၅၈၊ လန်ဒန် ဟမ်ဖရီမေလ်ဖို့ဒ် အောက်စဖို့ဒ်တက္ကသိုလ်ပုံနှိပ် ၁၉၃၇၊ တန်ဖိုး ၁၁ သျှီလင် ၆ ပဲနိ။

 

ဒပ်ဗလင်တက္ကသိုလ်က၊ ကျမ်းပြုသူကို ပါရဂူ(Ph.D)ဘွဲ့ပေးသည့်(ဘွဲ့ယူ)ကျမ်း ဖြစ်ပါသည်။ ထိုကျမ်းတွင် "​ဥရောပနှင့် အင်္ဂလိပ်ပြဇာတ်တို့ကို၊ မြန်မာပြဇာတ်တို့နှင့်နှိုင်းယှဉ်ချက်" ပြုထားပါသည်။ ယခုအတိုင်း ထိုကျမ်းကို မပြုမပြင်ပါက အမှန်ကို ပြောရလျှင် အထောက်အထားများစွာ မခိုင်လုံသော်လည်း ကျမ်းပြုသူက ခိုင်မာသည့် အနေဖြင့် မြန်မာ၌တွေ့ရ သည့်ပြဇာတ်များသည် ခေတ်ဦးအင်္ဂလိပ်ပြဇာတ်ပုံစံတို့နှင့် ရောထွေးယှက်တင် တူညီလေဟန် ရေးသားထားပါသည်။ ကျမ်း၏ အကောင်းဆုံးသော အပိုင်းမှာ ယခုတိုင် တိမ်ကောပပျောက်၍ မသွားသည့်ပြဇာတ်များနှင့်၊ ထိုဇာတ်တို့ကို ရေးသားပြုစုသည့် စာရေးဆရာတို့ အကြောင်းကို ရှာဖွေ ရေးသား ဖော်ထုတ်ကာ ကောင်းသည်ဟု ထင်ရသည့် အချို့သော ဇာတ်တို့မှ ကောက်နှုတ်ချက်များကို ထုတ်ပြီး ပြည့်ပြည့်စုံစုံ ဘာသာပြန်ထားခြင်းပင် ဖြစ်ပါသည်။ (သို့သော်) ထိုအကြောင်းများကို အဆုံးသတ်အောင် မရေးပါ။ ရေးသည့်အခါ ဇာတ်ကိုလည်း မဆုံး၊ ဇာတ်ဆရာ အကြောင်းလည်း အကုန်မပါ။ ထို့ပြင် ဘာသာပြန်ရမည့်အစား၊ ခပ်လွယ်လွယ် သဘောသရုပ်ကို ချုံ့၍ ရေးတတ်သေးသည်။ ယင်းသို့ အနေ အထားမှာပင်လျှင် ၁၇၈၅ ခန့်တွင် စသည့်မြန်မာပြဇာတ်ဆရာအကြောင်းကို နောင် နှစ်တစ်ရာကြာလျှင် ကွယ်လုမတတ် တိမ်မြှုပ်သွားသည့် မြန်မာဇာတ်သဘင်၏သမိုင်းသဘောမျိုး ဖြစ်သည့် အမှတ်အသား(အဦးအစ)ကို ရရှိလိုက်ပါသည်။ မြန်မာစာပေတွင် အလွန် စိတ်ပါဝင်စားဖွယ် ဖြစ်သည့် အပိုင်းတစ်ခုကို အသင့်အတင့် ခြုံငုံလျက် သိခွင့်ရပါသည်။

အရှေ့ဘက် အိမ်နီးချင်းနိုင်ငံတွင် အရင်းခံဖြစ်သည့် အီနောင်သည် ဣန္ဓဝန္သ ဟု မှန်အောင် မရေးသည့်တိုင်၊ ခပ်ညံ့ညံ့ သတ်ပုံဖြင့် အိန္ဒာဝန္သ ဟူ၍လည်း မရေးဖြစ်ဘဲ အိန္ဓဝုဓ ဖြစ်သွားပါသည်။ ဤကဲ့သို့ များယွင်း ဖော်ပြချက်ကို စာမျက်နှာ ၄၄ နှင့်ဆက်၍ နောက်ပိုင်း စာမျက်နှာများစွာတွင် တွေ့ရပါသည်။

"ပြဇာတ်စရာ(ဦးကူး)၏ အကောင်းဆုံးလက်ရာမှာ ရာမဇာတ်ကို အဓိပ္ပါယ်သဘောသရုပ် ဖွင့်ဆိုချက်နှင့် ၁၈၈ဝ တွင် ရေး ခဲ့ခြင်း ဖြစ်ပါသည်" (စာမျက်နှာ ၁၂၁) မှတ်ချက်မှာ၊ ဤဇာတ်၏ကောက်နုတ်ချက် တစ်ခုကို နောက်ဆက်တွဲမှာ ဖော်ပြ တယ်လို့ ပြောပါသည်။ သို့သော် ကောက်နုတ်ချက်မှာ လူဝံမောင်နှမ ဇာတ်မှဖြစ်နေပါသည်။ လူဝံကို (Babbon) မျောက် လွှဲကျော် ဟု ဘာသာပြန်သည်မှာလည်း မသင့်ပါ။ လူဝံ ဆိုလျှင် Orangoutan ဥရန် ဥတန်လို့ ရေးသင့်ပါသည်။

ဦးကူးက ပုံတော်ရာမ ပြဇာတ်ကို ရေး၍ ၁၈၈ဝ တွင် ပုံနှိပ်ပါသည်။ သို့သော် ဇာတ်ကို စာမျက်နှာ ၂ဝဝ ရေးခဲ့သော်လည်း အဓိပ္ပါယ် ကောက်ချက် တစ်စုံတစ်ရာ မပါချေ။ မြန်မာနိုင်ငံတွင် ရာမဇာတ်ကို မူကွဲ အမျိုးမျိုး ရှိသည်မှာလည်း မှန်ပါသည် ထိုမျှ များပြားသည့်အထဲတွင် ဇာတ်တစ်စောင်ကလွဲ၍ ကျန်မူများမှာ ဒေသအမည်နှင့်တွဲလျက် ဖော်ပြမြဲ ဖြစ်ပါသည်။ (ဥပမာ) မလေးရာမ၊ ယိုးဒယားရာမ၊ ဘင်္ဂလားရာမ စသည်ဖြင့် ခေါ်ကြရပါသည်။ တစ်ခုတည်းသော ခြွင်းချက်က ပုံတော်ရာမ ဖြစ်ပါသည်။ ဦးကူးပြဇာတ်တွင် (ထိုဇာတ်၏တစ်စိတ်တစ်ပိုင်းကို ယူထားသည်ကို တွေ့ရသည်။) ပုံတော် ဟူသည် အတိအကျ အဓိပ္ပါယ်ဖော်ရလျှင် "ကြီးမားသည်"၊ "ကြည်ညို မြတ်နိုးစရာ ဖြစ်သည်"ဟု ဖွင့်ဆိုရပါမည်။ ပြဇာတ် ကို နိဂုံးချုပ်သည့်အခါ ဦးကူးက သူ၏အရေးအပါဆုံး ဇာတ်ဆောင်ကို ပုံတော်ရာမ ဟူ၍လည်းကောင်း၊ အလောင်းတော် ရာမ ဟူ၍လည်းကောင်း မြှောက်စား ရေးသားလိုက်ပါသည်။ ဤတွင် အလောင်းတော် ဟူသည် ဘုရားလောင်း ဖြစ်သည်။ ဗောဓိသတ္တပင် ဖြစ်သော်လည်း ထို့ထက်ပိုလျက် ဗုဒ္ဓပုံရိပ် (adumbration) (သို့မဟုတ်) ပုံတော်ဟု ဆိုလိုက်ခြင်းဖြစ်ရာ ပုံတော်ရာမသည် ရာမဆန္ဒြကို ကြီးကြီးကျယ်ကျယ် မြှောက်စားလိုက်ခြင်းပင် ဖြစ်ပါသည်။

ဦးတိုး၏"ရာမရကန်"မှာ၊ "ရာမဝတ္ထု"ကို အလင်္ကာဖြင့် အကျယ်တဝင့် ရေးသားချက် ဖြစ်ပါသည်။ စာမျက်နှာ ၅ဝ တွင် ဦးတိုး၏"လက်ရာသည် ရှင်းလင်း ကျစ်လစ်၍ အလင်္ကာမြောက်သည်" ဟု ရေးသားထားပါသည်။ ဘာသာပြန်သူကို ဖက်ပြိုင်၍ မငြင်းလိုသော်လည်း၊ ဦးတိုး၏ရကန်တွင် သဘောအချုပ် မရှင်းမလင်း မပီသ များစွာမှာ၊ ဘာကြောင့်ဟု မပြောနိုင်သည့်အပြင် စာပိုဒ်များစွာမှာ နားလည်ရန် အလွန့်အလွန် ခက်ခဲသည်ကို သတိပြုမိပါ၏လောဟု မေးလိုပါသည်။

မောင်ရင်မောင် မမယ်မ ခေါ် အလွန်ကောင်းသည့်ဝတ္ထုသည် အင်္ဂလိပ်ဘာသာပြန် မွန်တီခရစ်တိုမြို့စားကို၊ အမည်မသိ ဆရာတစ်ဦးက ၁၈၈၉/၁၈၉ဝ ခန့်တွင် မှီး၍ ရေးသားသည်(စာမျက်နှာ ၁၃၅) ဟု ဖော်ပြပါသည်။ မှီး၍ ရေးသူသည် ဂျိမ်း လှကျော်ဖြစ်၍ ၁၉ဝ၄ ခုက ပုံနှိပ်သည်ဟု အဆိုပါ ဘာသာပြန်စာအုပ် အဖုံး၌ ထင်ရှားစွာ ဖော်ပြပါသည်။

            မောင်ထင်အောင်သည် စင်စစ်အားဖြင့် ကျမ်းရေးသောအခါ ပြဇာတ်ကိုသာလျှင် တိုက်ရိုက်(အခြေခံအဖြစ်) သုံး သည်ဆိုသည့်အချက်မှာ အမှန်တကယ် လုပ်သင့်သောအချက် ဖြစ်ပါသည်။ သို့သော် သူ့ကျမ်းတွင် ကျမ်းကိုးစာရင်းကို မဖော်ပြသဖြင့် သူ့အထက်က ဤအကြောင်းအရာကို မည်သူတွေ မည်သို့ ရေးသားသည်ဟု မဖော်ပြနိုင်ခြင်းကား သူ့အမှား ပင် ဖြစ်ပါသည်။ အကယ်၍ သူသည် သူ့ကျမ်းကို နောက်တစ်ကြိမ် တည်းဖြတ်၍ ပုံနှိပ်မည် ဆိုပါလျှင် မြန်မာနိုင်ငံသုတေ သနအသင်းဂျာနယ်တွင် (ရာမအကြောင်း) ဘဟန်၊ အေးမောင်၊ ဖေမောင်တင်နှင့်ဆရာသိန်းတို့ ရေးခဲ့သော ဆောင်းပါး များ ရှိနေကြောင်းကို အသိပေးနှိုးဆော်လိုပါသည်။ မြန်မာရာဇဝင်များတွင် ထိုပြဇာတ်အကြောင်း မည်သို့ ရေးသားပါရှိ သည်ကိုလည်း လေ့လာသင့်ပါသည်။ ရှေးအခါက ရေးသားသော ဆာ ဟင်နရီယူလ်၊ ဂျင်နရယ် ဖိုက်ချ်၊ ကပ္ပတိန် ဖော့နှင့် ​ဆာ ဂျော့စကော့တို့၏ဇာတ်ကပြမှုဆိုင်ရာ ဖော်ပြချက်များမှလည်း အသင့်အတင့် ဖြည့်စွက် ပြောစရာ ရမည်ဟု ထင်ပါ သည်။၁၈၉ဝ ခန့်တွင် မှီး၍ ရေးသားသည်(စာမျက်နှာ ၁၃၅) ဟု ဖော်ပြပါသည်။ မှီး၍ ရေးသူသည် ဂျိမ်း လှကျော်ဖြစ်၍ ၁၉ဝ၄ ခုက ပုံနှိပ်သည်ဟု အဆိုပါ ဘာသာပြန်စာအုပ် အဖုံး၌ ထင်ရှားစွာ ဖော်ပြပါသည်။

            မောင်ထင်အောင်သည် စင်စစ်အားဖြင့် ကျမ်းရေးသောအခါ ပြဇာတ်ကိုသာလျှင် တိုက်ရိုက်(အခြေခံအဖြစ်) သုံး သည်ဆိုသည့်အချက်မှာ အမှန်တကယ် လုပ်သင့်သောအချက် ဖြစ်ပါသည်။ သို့သော် သူ့ကျမ်းတွင် ကျမ်းကိုးစာရင်းကို မဖော်ပြသဖြင့် သူ့အထက်က ဤအကြောင်းအရာကို မည်သူတွေ မည်သို့ ရေးသားသည်ဟု မဖော်ပြနိုင်ခြင်းကား သူ့အမှား ပင် ဖြစ်ပါသည်။ အကယ်၍ သူသည် သူ့ကျမ်းကို နောက်တစ်ကြိမ် တည်းဖြတ်၍ ပုံနှိပ်မည် ဆိုပါလျှင် မြန်မာနိုင်ငံသုတေ သနအသင်းဂျာနယ်တွင် (ရာမအကြောင်း) ဘဟန်၊ အေးမောင်၊ ဖေမောင်တင်နှင့်ဆရာသိန်းတို့ ရေးခဲ့သော ဆောင်းပါး များ ရှိနေကြောင်းကို အသိပေးနှိုးဆော်လိုပါသည်။ မြန်မာရာဇဝင်များတွင် ထိုပြဇာတ်အကြောင်း မည်သို့ ရေးသားပါရှိ သည်ကိုလည်း လေ့လာသင့်ပါသည်။ ရှေးအခါက ရေးသားသော ဆာ ဟင်နရီယူလ်၊ ဂျင်နရယ် ဖိုက်ချ်၊ ကပ္ပတိန် ဖော့နှင့် ​ဆာ ဂျော့စကော့တို့၏ဇာတ်ကပြမှုဆိုင်ရာ ဖော်ပြချက်များမှလည်း အသင့်အတင့် ဖြည့်စွက် ပြောစရာ ရမည်ဟု ထင်ပါ သည်။ ကပ္ပတိန်ဖော့၏ဗြိတိသျှမြန်မာ စာအုပ်တွင် ကျေးလက်တောရွာက ကလေးများ တင်ဆက်သည့် ဝေ ဿန္တရာဇာတ် အကြောင်းကို အင်မတန် ဖတ်ချင်စဖွယ် ရေးသားထားသည့်အပြင်၊ ရုပ်သေးဇာတ် ကပြပုံကိုလည်း အဖိုးတန်သော မှတ်စု များ ရေးခဲ့ဖူးပါသည်။ ထို့ပြင် ဂျင်နရယ်ဖိုက်ချ်က နန်းတွင်းအကကို ချီးမွမ်းရေးသားလျက် ငွေတောင်ပြဇာတ်ကို ကာရန် မဲ့လင်္ကာနှင့်ဘာသာပြန်ခဲ့ပါသည်။ ထိုဘာသာပြန်တွင် ကိန္နရီက လူယောက်ျားနှင့်အိမ်ထောင်ကျပုံကို အလွန် ထင်ရှား ပီပြင်အောင် ရေးပြထားပါသည်။ လောကုတ္တရာသန်သူက ဤကဲ့သို့ အရေးအသားကို အပြင်းအထန် ရှုတ်ချလျှင် ရာမ၊ အီနောင်တို့ကို ဖတ်ကြည့်သင့်ကြောင်း (ရည်ညွှန်းဖော်ပြပါသည်။)

မောင်ထင်အောင်၏ကျမ်းကို ပုံနှိပ်ခြင်းဖြင့် ရရှိမည့်ရလဒ်မှာ ပျောက်ကွယ်မတတ် ရှိသော ဇာတ်အချို့ကို ဖတ်ရခြင်းပင် ဖြစ်ပါသည်။

ဦးပုည၏ပြဇာတ်များနှင့်ဂန္ထဝင်ကျမ်းတစ်စောင် နှစ်စောင်မှတစ်ပါး အရင် အနှစ် သုံးလေးဆယ်က ရုံတင်ဇာတ်တွေ အများကြီးကို ပုံနှိပ်ထုတ်ဝေဖြစ်သည့်အချိန် မတိုင်မီက နာမည်ကြီးဇာတ်များကို ဖတ်လို၍ ရှာသော်လည်း ရှာ၍ မရဖြစ်ရ ပါသည်ဟုဆိုသော်လည်း ဗြိတိသျှပြတိုက်နှင့်အိန္ဒိယရုံးစာကြည့်တိုက်များတွင် စုဆောင်းပြီး အပုံလိုက်၊ ၁၈၇ဝ ကျော် ၁၈၈ဝ ကျော်က ပုံနှိပ်ခဲ့သည့်ဇာတ်စာအုပ်များ ရာနှင့်ချီပြီး ရှိနေပါသည်။ ထိုဌာနတို့နှင့် ပြေလည်အောင် စေ့စပ်ပြောဆိုနိုင် ပါလျှင် ထိုဇာတ်တွေကို ပြန်လည် ပုံနှိပ်နိုင်လိမ့်မည်ဟု ထင်ရပါသည်။

စံပယ်ဖြူ၊ နိုဝင်ဘာ၊ ၂ဝဝ၂၊ ၁၄၃-၁၄၅။