ကော့ဗိန်းမြို့ဟောင်းသမိုင်း - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

ကရင်ပြည်နယ်တွင် ရှေးဟောင်းမြို့ များစွာ ရှိသည့်အနက်​ ကော့ဗိန်းမြို့ဟောင်းသည် ထင်ရှားသော သမိုင်းဝင် မြို့ဟောင်း တစ်မြို့ ဖြစ်ခဲ့ကြောင်း၊ ရှေးဟောင်း စာပေ၌လည်းကောင်း၊ ဘုရားပျက်အတွင်းမှ ပေါ်ထွက်လာသော ရှေးဟောင်းပစ္စည်းများကို လေ့လာခြင်းအားဖြင့်လည်းကောင်း ပို၍ စိတ်ဝင်စားဖွယ်ရာ သိရှိရပါသည်။ ယခုအခါ ကော့ဗိန်းရွာနှင့်ကော့ပေါက်ရွာတို့သည် မော်လမြိုင်မြို့မှ ဂျိုင်းမြစ်ကို ၂၅ မိုင်ခန့် ဆန်တက်ပါက ဂြိုင်းမြစ်ကမ်း၏တောင်ဘက် ကမ်းနဖူးပေါ်တွင် တည်ရှိနေပါသည်။ မော်လမြိုင်မှ ကျုံဒိုးသို့ ပြည်တွင်းရေကြောင်း သွားလာရေး သင်္ဘော ခရီးစဉ်၏ခရီးတစ်ဝက်မျှ ဖြစ်ပါသည်။ ကော့က ရိတ်မြို့နယ်တွင် ကော့ဗိန်းရွာသည် အကြီးဆုံး ရွာကြီးတစ်ရွာဟုလည်း ပြောနိုင်ပါသည်။

Read more: ကော့ဗိန်းမြို့ဟောင်းသမိုင်း - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

မြန်မာအက္ခရာသမိုင်း နှင့် ပုဂံခေတ် မွန်စာပေရသ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

မှန်နန်းရာဇဝင်အရ ပုဂံပြည်ကို ခရစ်နှစ် ၉ ရာစုမှစပြီး တည်ထောင်ခဲ့ပါသည်။ သရေခေတ္တရာ ပျူနိုင်ငံပျက်ပြီးနောက် ပျူများ နေခဲ့သော ပျူရွာကို ပျူဂါမ၊ ပျူဂါမမှတစ်ဆင့် ပုဂံဟု ဆင့်ကဲဆင့်ကဲ ခေါ်ခဲ့ဟန်တူကြောင်း ဆိုကြပါသည်။ မွန်ကျောက်စာတွင် "ဗုကာမ်" ဟုခေါ်ပါသည်။ ပုဂံပြည်တွင် မင်းပေါင်းများစွာ အုပ်စိုး​ခဲ့သည့်အနက် အနော်ရထာမင်းကြီး လက်ထက်ရောက်မှ ပုဂံ တွင် စာပေအရေးအသား သာဓကများကို တွေ့ရှိရပါသည်။

ပုဂံပြည်တွင် သရေခေတ္တရာမှလာသော ပျူအက္ခရာ၊ ရခိုင်ဝေသာလီမှ လာသော နာဂရီအက္ခရာနှင့်သုဝဏ္ဏဘူမိခေါ် သထုံမှ လာသော မွန်အက္ခရာ စသည့်အက္ခရာသုံးမျိုးစလုံးကို အသုံးပြုပါသည်။ ရေးသားခဲ့သော ဘာသာများမှာ သက္ကတဘာသာ၊ ပါဠိဘာသာ၊ ပျူဘာသာနှင့်မွန်ဘာသာများ ဖြစ်ပါသည်။

Read more: မြန်မာအက္ခရာသမိုင်း နှင့် ပုဂံခေတ် မွန်စာပေရသ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

ရှေးအကျဆုံးသော မွန်ကျောက်စာ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

 

မွန်ဘာသာစာပေအက္ခရာသည် အိန္ဒိယပြည်တောင်ပိုင်း ပလ္လာဝအက္ခရာမှ ရရှိလာကြောင်း ဆို၏။ ရာဇဝင်အရဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က အိန္ဒိယပြည်၌ အသောက (ဝါ)သီရိဓမ္မာသောကမင်းတရားကြီး တတိယသင်္ဂါယနာ တင်ပြီးနောက် ဘီစီ ၂၄၁ လောက်တွင် ကမ္ဘာအနှံ့အပြားသို့ သာသနာပြုစေလွှတ်ရာ သထုံပြည် သုဝဏ္ဏဘူမိသို့ သောဏ မထေရ်နှင့်ဥတ္တရထေရ် ခေါင်းဆောင်ပြီး သာသနာပြုရဟန်းများ ကြွရောက်ကြသည့်အပြင် ထိုစဉ်ကပင် အိန္ဒိယပြည်တွင် အက္ခရာ အရေးအသားများလည်း ရှိကြ၏။

Read more: ရှေးအကျဆုံးသော မွန်ကျောက်စာ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

ပရပထုံ နှင့် ရွှေတိဂုံ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

မွန်နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးသော ဒွါရဝတီနိုင်ငံ ကောင်းစားစဉ် မြို့တော်ဖြစ်ခဲ့သည့် နခုံပထုံ(နဂရပထမ-ပထမမြို့)ခေါ် ပရပထုံ (ဝရပထမ-ပထမ ဘုရား)မြို့သည် ဗန်ကောက်မြို့ အနောက်ဘက် မိုင် ၃ဝ ခန့်၌ တည်ရှိ၍ ရာဇဝင်သမိုင်းအားဖြင့်သော်လည်းကောင်း၊ ရှေးဟောင်းသုတေသန ဆိုင်ရာအားဖြင့်သော်လည်းကောင်း အလွန်အရေးကြီးသော မြို့ကြီး တစ်မြို့ ဖြစ်ပါသည်။ ထိုမြို့၌ ယခုတိုင် နေထိုင်သူ ထိုင်းလူမျိုးများ၏ ယုံကြည်ချက် သမိုင်းအရဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကတည်းက ပရပထုံမြို့၌ အလွန်ရှေးကျ၍ ကျော်စောခဲ့သော ချိုင်စိရိ(Chaisiri)မြို့ ဟုခေါ်ပြီး အသောကမင်းတရားကြီး၏သာသနာပြုများ ဖြစ်သည့် သောဏထေရ်နှင့်ဥတ္တရထေရ် နှစ်ပါးတို့ ကြွရောက်ကြသည်ဟု ဆိုပါသည်။ သို့ရာတွင် သက်သေအထောက်အထား မရှိ၍ သုတေသနဆရာများ အတည် မပြုနိုင်ကြပါ။ ၄င်းမြို့၏အနီးတွင် တည်ရှိသော ကမ်ပင်စင် Kampang Sen မြို့သည် ကုန်းပြင်မြင့်၌ တည်ရှိ၍ မြို့ရိုးပျက်အကြွင်း အကျန်များကို တွေ့ရှိနိုင်ပါသည်။ ထိုဌာနတွင် အလွန်ရှေးကျသော စေတီပျက် အုတ်မြစ်များနှင့်အိန္ဒိယငွေဒင်္ဂါးဟောင်းများကို တွေ့ရှိသည်ဟု ဒေါက်တာလီမေ ပြုစုသော Coinage of Siam ၌ ဖော်ပြပါသည်။

Read more: ပရပထုံ နှင့် ရွှေတိဂုံ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

တိမ်မြှုပ်ပျောက်ကွယ်နေသည့် မွန်တို့၏မြို့ပြ နိုင်ငံများ - နိုင်ခင်မောင်လေး

eBook file size: 4.56 MB
ebook pages: 213
Publication: credit to www.monlibrary.com

Download