သျှမ်းရိုးမ စွယ်စုံ အဘိဓာန် (Daily Update)
(အ)
ဆွံ့-ထစ်-ထူ-နုံ-သည်။
မပီမသ၊ အသံမထွက်(ဝေါနီ)။
ပဒါလင်္ကာရ "ကလေး=အကလေး ။ ရသာ=အရသာ" စသည်။ (ပေါရာဏ)
အဦး
အစ အစွန်း၊ ထိပ်ဖျား၊ ခေါင်း၊ အထွဋ်အမြတ်။
အကယ်၊ အကယ်တိတိ
တကယ်=ဧကန်မုချ=အမှန်။(ရှင်ရဋ္ဌ-တန်တားဦး။ ကိုးခန်း၊ စသည်)
အကယ်တံတံ၊ အကယ်တံ့တံ့
တကယ်=ဧကန်မုချ=အမှန်။(ရှင်ရဋ္ဌ-တန်တားဦး။ ကိုးခန်း၊ စသည်)
အကယ်တန္တု
တကယ်=ဧကန်မုချ=အမှန်။(ရှင်ရဋ္ဌ-တန်တားဦး။ ကိုးခန်း၊ စသည်)
အကံင
လူမိုက်=လူယုတ်မာ(ဏ-လ.၁၁၁)
အကင်း
သီးစဖြစ်သည့်အသီးငယ်ကလေး။ ငုံကာစ အပွင့်ကလေး။
အကိန်း
အရေအတွက်။ "တနေ့ ၅ သိန်း၊ အကိန်းနှင်နှင်"(မဂ္ဃစိုး ၉၀)။
အကုတ်
ဂဏန်းတကိန်းမှ တကိန်းကို နုတ်ခြင်း။ ကော်မ ပင့်မြှောက်။
အကိုက်
အညှောင့်၊ အညွန့်၊ ထိပ်ညွန့်၊ ထိပ်ညှောက်။ အညှောက်ပေါက်ခြင်း၊ (ထွင်း)။
မျိုးဆက်ဖြစ်မည့်အရာ(မောဂ္ဂလ္လာန်)။
အကုန်သွန့်(အကုံသွန်)
မကျန်မကြွင်းအောင် ပေးကမ်းစွန့်ကြဲသည်။
အကိုင်
အအုပ်အချုပ်အစီအရင်၊ စီမံအုပ်ချုပ်ရသူ"မြို့ကိုင်" စသည်(မြို့ကို အုပ်ချုပ်ရသူ-ဟူလို)။ စာရေးစာချီ (အုပ်ချုပ်ပုံ)
 အကွ
အတူတကွ။ "သဗြဟ္မဏေ-ဗြဟ္မာနှင့်တကွကုန်သော"
အကွပ်
လှည်းဘီးကို ထိမ်းမပ်ထားသည့်သံကွေဝိုင်းကြီး။ ထိန်းအုပ်ရသူ။ တကူ။
အကျိ အကိ
အပျဉ် အခဲ အတုံးအခဲ။ များသည်။
အကျည်
အမိုးပြင်ဘက် ထွက်နေသည့်ကြမ်းပြင်။ ။ထုိင္ခုံ(အသ်)။ ။အောက်အခြေခံ (က၀ိ-ဒီ)။
အကျည်း
အပွေး အဆင်း။ မင်းတုပ်ချောင်း။
အကျော်ဇေယျ
များစွာ ကျော်ကြားသည်=ဂုဏ်သတင်း ပျံ့နှံ့သည်။
အကျော်ဒေယျ
များစွာ ကျော်ကြားသည်=ဂုဏ်သတင်း ပျံ့နှံ့သည်။
အကျင့်တန်
အကျင့်ယုတ်၊ အကျင့်ပျက် [ဝေါနီ၌ကား အကျင့်တလ္လ-မှ တလ်=တန်သို့ ပြောင်းလာသည်ဟု ဆို၏။ တန်စပြင် ပေါ့တန် တို့၌ကဲ့သို့ တန်-သဒ္ဒါ စက်ဆုပ်, ဆိုးယုတ်ဟောသာ ယူသင့်သည်]။
အကျိင်း
ပုံပန်း၊ ပုံသဏ္ဌာန်။
အကျိုးမနံ
အကျိုးမနပ်=အကျိုးစီးပွား မရှိ။
အကြီးတော်
မင်းသားများကို သွန်သင်ဆုမ္မပြသနေရသူ။
အကြီးအကြပ်
စောင့်ရှောက်အုပ်ချုပ်ရသူ။
အကြည်
မင်းအချင်းချင်း ခေါ်သောဝေါဟာရ။ မိတ်ဆွေ။
အကြေ
အောက်အရပ်၊ လေအောက်, ရေအောက်၊ ရေစုံအရပ်။
အကြံပြု
ဆင်ခြင်သည်။
အကြပ်
အိုးစားနှစ်ဖွဲ့=လူ ၁၀ ယောက်အပေါ်တွင် အုပ်ချုပ်ရသူ။
အကြိမ်
အဖန်, အလီ။ အထပ်။
အကြုပ်
အဆင့်=အထပ်။
အကြုံးဝင်
အတွင်း အထဲသို့ ပါဝင်, အရေအတွက်သို့ ပါဝင်=အားလုံးကို ခြုံငုံဖုံးအုပ်၍ ပါဝင်စေသည်။ "ဤ၌ အရှက်-ကိုသာ ဆိုသော်လည်း "အကြောက်" လည်း အကြုံးဝင်သွားပြီ ဖြစ်သည် စသည်။ ။[သတ်ပုံတို့၌-ကျုံးဟု အပင့် အသုံးများကြသော်လည်း ကျောက်စာတို့၌  "ကြုံး၊ ကြုမ်း" ဟု အရစ်ဖြင့်သာ အရေးပြလျက် ရှိသည်ကို သတိပြုရာသည်။]
အကြိုက်
အခါကာလ။ အလှည့်ကြုံ - တိုက်ဆိုင်တွေ့ဆုံခြင်း။
အကြွမ်းဝင်
(ကျောက်)အကြုံးဝင်။ ။[ရင်းနှီး, နီးစပ်၊ ချစ်ကျွမ်းဟော "အကျွမ်းဝင်" နှင့် တမျိုးစီ]
အခင်း
ယာခင်း။ အမှုအရေး၊ ကိစ္စကြီးငယ်။
အခန့်
အခိုက်အခါ။ အချိန်။ အဆင်သင့်ဖြစ်ခြင်း။
အခန်း
တိုက်ခန်း။ နေရာအစိတ်အပိုင်း, အကန့်။
အခဏ်း
အပိုင်းအခြား-အကန့်အသတ်။
အခမ်း
အဆောင်အယောင်၊ အသုံးအဆောင်။
အခေါက်ထူ
လူမိုက်=မလိမ္မာသောသူ။
အခေါင်
ကြငှန်း=အထွဋ်-အဖျား။ အမြတ်။
အခိုးတံ
ဆေးတံ၊ "အခိုးတံမူ၊ မြဲမြံထွာလောက်" (ရွှေဟင်္သာမင်းပျို့)။
အခွန်
သင်းချိုင်းမှတပါး အခြားဌာနများမှ ကောက်ခံရသောငွေ။ ။[အတုတ်-ရှုဦး]။
အခွက်
ပိဿာ။ လျော့နေ-လိုနေသည်။
အချာ
မပြတ်။ အချုပ်။ အထွဋ်။ အလယ်။ ဆက်နွယ်သည်။
အများ=မရှား=များများ။
အချည်း
...သက်သက်။ "လက်ချည်းလာ" စသည်။
အချည်းနှီး
အသုံးမကျ=အကျိုးမရှိ။ အလဟဿ။
အချေး
ကျေးညှော်=ကျေး။
အချန်မဲ့
အခြားမဲ့။ အကြားမရှိ။ "အထ-ထိုတဒ္ဓိတ်ကျမ်း၏ အချန်မဲ့၌" စသည်။ [မဃဒေ၀၌ကား 'အခြန်မဲ့'ဟု ပြသည်]။
အချင်း
အာလုပ်စကား။ ထိပ်ဝ အကျယ်အ၀န်း။ ခိုက်ရန်။ သဘောသကန်။ သားအိမ်။
အချောတို့ မောရ၀တီ
ရွှေမြိုင်သူအလှလေးများနဲ့ စကားလက်ဆုံကြုံတဲ့နေ့တွေ ရက်တွေ တွက်ရေ မှန်းဆကာဘဲ ကိုယ်တို့တတွေ ပျော်နေ ၂။
မြို့လည်ခေါင် တောင်တန်းကြီးက တနည်းပ သာယာပေ [စေတီပုထိုးရဲ့ ဟိုတ၀ိုက်မှာလေ တောင်ပေါ်ဘုရားမို့ မြူးခိုးတွေဝေ]၂။ အောက်လမ်းမကြီးက စည်ကားသာယာပေ မုပွန်မြေသို့ တဆက်တည်း ထိအောင်လေ။
(ခရီးသွား ဒို့တတွေ ပျော်တဲ့မြေ ကန္နားလမ်းမှာ အပန်းလည်း ဖြေကာနေ)၂။ ဆိုက်ကားစီးလို့ လျှောက်လည်ခဲ့ပေ ဗုံဗျတ်ကလေးနဲ့ ကိုယ်တို့တတွေပျော်နေ ဆည်းဆာချိန်နေညိုချမ်း အပန်းလဲဖြေချိန်မလေ။
ရွှေမြိုင်သူ အလှလေး...........ကိုယ်တို့တတွေ ပျော်နေ။ (ဆို-တက္ကသိုလ်ညိုဝင်းအောင်)
အခြည်
အမူအရာ။ အရောင်။
အခြင်
အမိုးတင်သည့်တန်းများ။ အရိုး၏ အတွင်းခေါင်း။
အခြင်း
အကြောင်းအချက်။ အကြောင်းအရာ။
အခြားခြား
အသီးသီး၊ အဖုံဖုံ၊ အမျိုးမျိုး။
အခြောက်ခွန်
လယ်ယာကိုင်းကျွန်းခွန်။
အ-ဂတိ
(ဠိ)မလားအပ်သည်သို့ လားခြင်း=မျက်နှာလိုက်ပြီး ပြုမူခြင်း။
အဂတ်ကြယ်
အပြင်တာရာခေါ်သည့် အာနီကြယ် (ဝေါလိ) [ဗေဒင်ကျမ်းတို့၌ကား အဂတ္ထိရသေ့ သေ၍ ဖြစ်လာသော ကြယ်ဟု ဒဏ္ဍာရီ ဆန်ဆန် ဆိုကြ၏]။
အဂြိမ်း
အကျော်, အကျော်နက် "မွှေးမျိုးနံ့သာ အဂြိမ်းတည်း" (မဃဒေ၀-၄၃၁)။ ။[မုံရွေးမှတ်စု၌ "အကြိမ်း" ဟုပြသည်။ ။က၀ိလက္ခဏာ ၌ကား "အငြိမ်း" ဟု မှားယွင်း ပုံနှိပ်ထားသည်]။
အငေါ်တူး
မနာသာ=မခံနိုင်သော စကား။
အငံ့(ငမ့်)
အကြွေး=နောက်မှပေး။ စောင့်ဆိုင်းသည်။
အငယ်လူး
အငယ်ကလေး၊ တိုးတက်ဆဲအငယ်။
အငမ်း
တင်သောကြွေးမြီ။ အဆိုင်း။
အစထော်လော်
အစမသေ=မပိပြား=မကျန။
အစီ
[ယဂင်နှင့်တူပြီ]။
အစူအစင်
အစဉ်အလာ၊ အစဉ်အတိုင်း။
အစူအဖာ
ထေးဖာ၊ ပြင်ဆင်။
အစဉ်
အနွယ်အဆက်။
အစုတ်
အများ=မရှား=များစွာ။
အစောက်
ကာလ=အချိန်အခါ၊ ကြာသောအချိန်။ အနက်။ အမြင့်။
အစို့
အကိုက်-အညှောက်။ အဖွဲ့အစု။
အစိုး
အလုံးစုံ=အကုန်။
အစိုးသွန့်
အကုန်ပေးသည်။ အစုလိုက်ပေးစွန့်ခြင်း။
အဆာ
အပိုအလျှံ အရိပ်စွန်းထွက်ခြင်းသဘော။ အတွင်းမှာ ထည့်ရသည့်ပစ္စည်းများ။
အဆော်
ပန်းပြောက်တို့၌ ထည့်သွင်းထားသည့်အရုပ်။ "နတ်ဆော်, ငှက်ဆော်, ပန်းဆော်" စသည်။
အဆင်ဆင်
အမျိုးမျိုး-အဖုံဖုံ။
အကော်ဒီယံ-အုန်းကျော်
ဦးမြမောင်-ဒေါ်သီခတို့၏သားဖြစ်သူ အကော်ဒီယံ အုန်းကျော်အား ဟင်္သာတမြို့ တဘက်ကမ်း ယွန်းသွယ်ရွာ၌ ၁၃၀၁ ခုနှစ် ၀ါဆိုလတွင် မွေးဖွားခဲ့သည်။
ဟင်္သာတမြို့ အမှတ် ၂ အထက်တန်းကျောင်းသားဘ၀မှာပင် ပါးစပ်မှုတ်ဘာဂျာဖြင့် ကျောင်းသားလောကတွင် ထင်ရှားခဲ့ပြီး အကော်ဒီယံကို ကူးပြောင်း လေ့ကျင့်ခဲ့သူ ဖြစ်၏။
ဟင်္သာတမြို့ ဂီတာဦးချစ်တီး တူရိယာအဖွဲ့နှင့် ပူးတွဲထားသော တပ်ရင်း ၇-တူရိယာ အဖွဲ့တွင် အပျော်တမ်း တီးခတ်သီဆိုခဲ့သည်။
ရန်ကုန်မြို့သို့ ၁၉၅၉ ခုနှစ်အတွင်း ရောက်ရှိလာပြီး ဂီတပညာကျော်များ၏ နည်းစနစ်များကို မှတ်သားနာယူကာ မစ္စတာ ၀မ်းချိန်းယင်းထံတွင် ဂီတဗဟုသုတများ အနီးကပ် ဆည်းပူးလေ့လာခဲ့ရသည်။
ဦးစွာပထမ အေ၀မ်းဂီတာ ကြည်အေး တူရိယာအဖွဲ့တွင် ပါဝင်ခဲ့ရပြီး ရုပ်ရှင်နောက်ခံနှင့် ဓာတ်ပြားများ အများ အပြား သွင်းရသည်။ ၁၉၆၀ ခုနှစ်အတွင်း ဆူပါဟိုက် ဓာတ်ပြားကုမ္ပဏီတွင် ကိုယ်တိုင် ရေးဆို တီးသော "ခရမ်းရောင်လွင်ပြင်" တိမ်ဖုံးပါလို့ လမသာ တေးသီချင်းများ ဓာတ်ပြားသွင်းရသည်။ ဆက်လက်ပြိး ဟင်္သာတ ဆန်ရောင်းဝယ်ရေး ဓာတ်ပြားကုမ္ပဏီတွင် တောက မောင်ကြီး၊ မိုးလုံးပတ်လည်၊ တောသူလေးမို့ မောင်ကြီးခေါ် ရာ၊ မြေလတ်သူ၊ အပျော်ဆုံးနေ့၊ ရွှေဝါမြေ ဓာတ်ပြားများဖြင့် ထင်ရှားလာရသည်။ ကိုယ်ပိုင်ဓာတ်ပြား ထုတ်လုပ် လာသောအခါ "သျှောင်ပေစူး" သီချင်းမှာ အထူးအောင်မြင်ခဲ့ရသည်။ အကော်ဒီယံ လက်စွမ်းပြများဖြင့် ပိုမို ထင်ရှားခဲ့ရပြီး ၁၉၇၇-၇၈ ခုနှစ်တွင် ကိုယ်ပိုင် တေးသံသွင်း အသံဖမ်းလုပ်ငန်း လုပ်ကိုင်ကာ ဖြန့်ချီရောင်းချရေး ပါ မကျန် လုပ်ဆောင်သည်။
၁၉၆၂ ခုနှစ်တွင် မြေလတ်သူဇာတ်ကား၊ ၁၉၆၅ ခုနှစ်တွင် မိုးချယ်ရီဇာတ်ကားများဖြင့် ခေါင်းဆောင် ရုပ်ရှင် မင်းသားအဖြစ် သရုပ်ဆောင် ပါဝင်ခဲ့သည်။ "သို့သော် ကျွန်တော်ကတော့ ရုပ်ရှင်ထက် ဂီတကို ပိုမိုမြတ်နိုးပါ တယ်"ဟု ဂီတပညာကို အမြဲတမ်း ဂုဏ်ယူပြောတတ်သူ ဖြစ်သည်။
ဂီတပညာရှင်များ ရှေ့တန်းရဲဘော်များအား သွားရောက်ဖျော်ဖြေခဲ့ရာတွင် တောကြိုအုံကြား မကျန် အကော်ဒီယံဆွဲ၍ ဆိုတီး ပါဝင်ခဲ့ရသည်။
ယခုအခါ ကျောက်တံတားမြို့နယ် ဂီတကောင်စီ စည်းရုံးရေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည်။ (ရေး-စစ်ကိုင်း လှရွှေ)
အနုလောမစိတ္တ
အနုလုံစိတ်၊ ရှေ့စိတ်, နောက်စိတ်တို့နှင့် လျော်သောစိတ်။
ရှေ့ပရိကံနှင့်နောက်ဈာန်, မဂ်, ဖိုလ် ဟူသော အပ္ပနာတို့အား လျော်စွာ ဖြစ်တတ်သော စိတ်။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
အမျိုးသားစာကြည့်တိုက်
မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်များ သိမ်းပိုက်ပြီးနောက် ပထမဆုံးပေါ်ပေါက်ခဲ့သော စာကြည့်တိုက်မှာ ၁၈၈၃ ခုနှစ်တွင် ဆာချားလ်စ် ဗားနတ် (Sir Charles BarNett) ဆိုသူ စတင် တည်ထောင်ခဲ့သော ဗားနတ်ပိဋကတ်တိုက်ကြီးပင် ဖြစ်သည်။
ထိုစာကြည့်တိုက်ကြီးသို့ တရားဝန်ကြီး ဂျာဒါးနှင့် ပါဠိပါမောက္ခ ချီလဒါဆိုသူတို့က အဖိုးတန်စာအုပ်များစွာ လှူဒါန်းခဲ့ပြီး မြန်မာလူမျိုးထဲမှ ရန်ကုန်မြို့ရှိ ဦးမျှင်နှင့် ဦးမြို့ဆိုသူတို့က ငွေကျပ်တသောင်းတန် ပေမူ ပုရပိုက်မူများ လှူဒါန်းခဲ့ကြောင်း တွေ့ရှိရသည်။
ထိုစာကြည့်တိုက်ကို ပထမအစိုးရပညာရေး ဆင်ဒီကိတ်အဖွဲ့မှ အုပ်ချုပ်ခဲ့သည်။ ၁၉၂၃ ခုနှစ်ကစပြီး စာကြည့်တိုက် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း၍ အုပ်ချုပ်စေကာ အစိုးရက အထောက်အပံ့ ပေးသည်။ ထိုနောက် ရန်ကုန်မြူနီစီပယ်အဖွဲ့က ထောက်ပံ့ခဲ့သည်။
၁၉၁၀ ခုနှစ်လောက်တွင် မြန်မာနိုင်ငံ၌ စာကြည့်တိုက်လုပ်ငန်း တွင်ကျယ်စ ပြုလာသည်။ ၁၉၂၅ ခုနှစ်တွင် မစ္စတာ ဖာနီဗယ် ဆိုသူက ဦးဆောင်၍ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဟောပြောခြင်း၊ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက အားပေးခြင်း တို့ကြောင့် စာကြည့်တိုက် လုပ်ငန်းများ ပိုမို အောင်မြင်လာခဲ့သည်။
၁၉၂၅ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ အစိုးရက စာကြည့်တိုက်များအတွက် နှစ်စဉ် ငွေကျပ် တသောင်းမျှ ထောက်ပံ့ခဲ့သည်။ ၁၉၃၆ ခုနှစ် တွင် မြန်မာနိုင်ငံအရပ်ရပ်၌ စာကြည့်တိုက်ပေါင်း ၁၈၆ ခု ရှိခဲ့ပြီး ၁၄၆ ခုမှာ အစိုးရ ထောက်ပံ့ငွေ ရရှိခဲ့သည်။
၁၉၆၅ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ မြူရုံးအဆောက်အဦအတွင်း ဖွင့်လှစ်လိုက်သော အမျိုးသားစာကြည့်တိုက်တွင် ပုံနှိပ်စာပေါင်း လေးသောင်းခန့်၊ လက်ရေးစာမူပေါင်း လေးထောင်ကျော်၊ သတင်းစာလေးထောင်တထောင်၊ မဂ္ဂဇင်းဂျာနယ် တသောင်း ခုနစ်ထောင်နီးပါး ရှိသည်။ (ဗဟုသုတဒိုင်ယာရီ-၁)
အမျိုးသားနေ့ ဖြစ်ပေါ်လာရပုံ
၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ ကျောင်းသားများ၏ ပညာရေး တော်လှန်မှု သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။
ထိုစဉ်က ဗြိတိသျှဘုရင်ခံမှာ (ဆာရယ်ဂျီနယ် ကရက်ဒေါက် ဖြစ်ပြီး ပညာမင်းကြီးမှာ ဆာမတ်ဟန်တား) တို့ဖြစ်၏။
ထိုစဉ်က ယူနီဘာစီတီ အက်ဥပဒေအချို့မှာ ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ် ကျောင်းစား ဖြစ်ရမည်ဟု ဆိုထားခြင်း။ တက္ကသိုလ် ၀င်ခွင့်ရသူများမှာ အင်္ဂလိပ်စာ ထူးချွန်ရမည်၊ တက္ကသိုလ်သို့ ရောက်စ ကျောင်းသားများသည် အင်္ဂလိပ်စာကို တနှစ် သင်ကြားရဦးမည်။ တက္ကသိုလ်စာမေးပွဲတွင် နှုတ်မေးခွန်းကိုလည်း ထားဦးမည်။ ရိုးရိုးဘီအေ, ဘီအက်စ်စီ ရပြီးသူများသည် မဟာဝိဇ္ဇာ၊ မဟာသိပ္ပံ ဘွဲ့များတွင် သင်ကြားခွင့် မရခြင်း စသော ချုပ်ချယ်မှုများကြောင့် ပညာရေးတော်လှန်မှု သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။ ထိုနေ့အား အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြ၏။ (ဗဟုသုတ ဒိုင်ယာရီ-၂)
အလုပ်သမားရေးရာ ပညာပေးသင်တန်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် အလုပ်သမားရေးရာဌာနမှ ကြီးကြပ်၍ အလုပ်သမားရေးရာ ပညာပေး သင်တန်းများကို ၁၉၆၄ ခု၊ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ စ၍ မင်္ဂလာဒုံ အမှတ်(၁) လေ့ကျင့်ရေး စခန်း၌ တကြိမ်လျှင် အလုပ်သမား (၁၀၀)ကျစီ ရွေးချယ်၍ သင်တန်းပေးခဲ့သည်။
ပထမဆုံးသင်တန်းတွင် ဉာဏအလုပ်သမား ၃၈ ဦး၊ ကာယအလုပ်သမား ၆၂ ဦး၊ MA တဦး၊ BA ၅ ဦး၊ အိုင်အေ ၂ ဦး၊ ထိုအထဲတွင် ပုဂ္ဂလိကပိုင် စက်ရုံ ၁၂ ခုမှ အလုပ်သမားကြီး ၂၃ ဦး၊ ပြည်သူပိုင်စက်ရုံ၊ ဘုတ်အဖွဲ့များနှင့် အစိုးရဌာန အသီးသီး ၄၁ ဌာနမှ ကာယ၊ ဉာဏ အလုပ်သမား ၇၇ ဦးတို့ဖြစ်သည်။
သင်တန်းကာလမှာ တနင်္ဂနွေ ၅ ပတ် ဖြစ်၏။ (ဗဟုသုတ ဒိုင်ယာရီ-၂)
(အာ)
(အား)
(အိ)
(အီ)
(အီး)
(အု)
(အူ)
(အူး)
(အေ)
(အဲ့)
(အယ်)
(အဲ)
(အော့)
(အော်)
(အော)
(အို့)
(အို)
(အိုး)
(အက်)
(အောက်)
(အိုက်)
(အင်)
(အင်း)
(အောင့်)
(အောင်)
(အောင်း)
(အိုင်)
(အိုင်း)
(အစ်)
(အတ်)
(အိတ်)
(အုတ်)
(အန့်)
(အန်)
(အန်း)
(အိန်)
(အိန်း)
(အုန်)
(အုန်း)
(အပ်)
(အိပ်)
(အုပ်)
(အံ့)
(အံ)
(အမ်း)
(အုံ့)
(အုံ)
(အုံး)
(အွ)
(အွာ)
(အွိ)
(အွီ)
(အွေ့)
(အွေ)
(အွေး)
(အွဲ့)
(အွယ်)
(အွဲ)
(အွက်)
(အွင်း)
(အွတ်)
(အွိတ်)
(အွန့်)
(အွန်)
(အွန်း)
(အွပ်)
(အွမ်)
(အွမ်း)
(ဤ)
(ဥ)
(ဦ)
(ဧ)
(သြ)
သြ၀ါဒ
ဆုံးမခြင်း၊ အဆုံးအမ။
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပို့တွဲ လပြည့်နေ့ ပထမသာဝကသန္နိပါတ၌ အကျဉ်းဆုံးမ သြ၀ါဒကို ပေးတော်မူ၏။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
(က)
ကကြီး
ဗျည်းတို့၏ရှေးဦး ပထမ အက္ခရာ ဖြစ်သည်။ ဖို-မ အက္ခရာအားဖြင့် အဖိုအက္ခရာ ကကြီးဟု ခေါ်သည်၊ ၀ဂ် အစီအစဉ်အရ က၀ဂ်၏ပထမ အက္ခရာလည်း ဖြစ်သည်၊ အသံ၏ဖြစ်ပေါ်ရာ ဌာန ဌာန်အားဖြင့် လည်ချောင်း အရပ်၌ ဖြစ်သော ကဏ္ဌဌာန် ဖြစ်သည်။ နှုတ်ခမ်းဖြင့် ထိ၍ ရွတ်ဆိုရသော ဖုဋ္ဌ ပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်း အကြောင်း ကရိုဏ်းအားဖြင့် ၄င်း၏ ဌာန်ဖြစ်သော သကဌာနကရိုဏ်း ဖြစ်သည်။ (ဗျည်း နှင့် သရ လည်း ရှု)။ (မြန်မာမှု အဘိဓာန်)
က-၁ - နံ၊ ဗျည်း ၃၃ (၃၅)တွင် အစအက္ခရာ။ က ခ ဂ ဃ င ဟူသော က၀ဂ်တွင် ပါဝင်သည်။ ကဏ္ဍဌာန် လည်ချောင်း အရပ်တွင် ဖြစ်သည်။ ကကြီး ဟူသော အမည် ရှိသည်။
က-၂ - ကြိ၊ များသောအားဖြင့် သီဆိုတီးမှုတ်သံတို့ဖြင့် ဖက်တွဲ၍ ဦးလည်ခြေလက် စသည်တို့ကို ညွှတ်ကွေးဆန့်တန်းသည်။
က-၃ - ကြိ ၁၊ ထွန် ထယ် လှည်း ရထားတို့တွင် မြင်း နွား စသည်တို့ကို တပ်ဆင် ယှဉ်တွဲသည်။ ၂၊ ဆင် မြင်းတို့တွင် ကကြိုး တန်ဆာ တပ်ဆင်သည်။ "မင်းကြီးလည်း မြင်းရွှေပန်းစာပွင့်ကို...မြဲမြံစွာ က၍...တူရွင်း တောင်ယံသို့... အပြင်း နှင်တော်မူလေ၏" မှန်၊ ပ ၃၂၈၊ ၃၂၉။ နံ၊ ဆင် မြင်း လှည်း ရထားတို့တွင် လူထိုင်ရန် နေရာ။
က-၄ - ၀ိ၊ ပြုသူ ဖြစ်သူကို ညွှန်ပြသော စကားလုံး။ ကတ္တာကာရက၏၀ိဘတ်။ သည်။ "မြင်းက မလှုပ် ခုံက လှုပ်။ ယုန်က မတိုး ပိုက်က တိုး။"ပုံ။
က-၅ - ၀ိ၊ ဖဲကြဉ် ထွက်ခွာခဲ့ရာ အရပ် စသည်တို့ကို ညွှန်ပြသော စကားလုံး။ မှ။ "ငရဲက လာသူ ပြာပူကို မကြောက်။" ပုံ။
က-၆ - ၀ိ၊ ပြုရာ ဖြစ်ရာ အရပ် ကာလတို့ကို ညွှန်ပြသော စကားလုံး။ ၌။ "အငယ်ကတည်းက၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူ မည်ဟု။" သံ ၂၃။
က-၇ - သံ၊ တစုံတခု ပြုလုပ်ခြင်း ဖြစ်ကြောင်းကို စိတ်၌သာ ထင်မှတ်၍ ပြောဆိုရန် သုံးသောစကားလုံး။ လျှင်။ မူ။ "ဘုရားဟူက၊ ပြည့်စုံကြလျက်" ပါမီ ၂။ "သေသူ ပေးက ရှင်သူ ရ၏" အဍသံ ၅။
က-၈ - နံ(ဘန်း) ငါးသတ္တ၀ါ။ (မွန်)။
က-၉ - ကြိ၊ မပိုမလွန် ဖြစ်သည်။ "ရွှေတွင် ဘယ်ကမလဲ စိန်တွေလဲ ပါသေးတယ်" မက-ရှု။
ကကတိုး - နံ၊ ထားဝယ်ငါး တမျိုး။
ကကတစ် - နံ၊ ရေချိုငါး ပြားပြားတမျိုး။ (မွန်၊ ကခတေတ်။)
ကကလောင် - နံ၊ အကြေးမရှိသော ငါးတမျိုး။
ကကူရံ - နံ၊ ငါး စည်ပေါင်း ကော်ထွက်သော ပင်လယ်ငါးကြီးတမျိုး။ (ထားဝယ်) ငါးကွဲယင်။ (ရခိုင်) ငါးလက်ခွါ။ (မွန်။ ကခူရင်။)
ကကျင်း - နံ၊ ဆင်မြင်းထက်ရှိ ထိုင်စရာနေရာ။ "ဆင်ကကျင်းထက်၊ စီးလျက်တင့်တယ်။" တန်ရ ၁၂။
ကကြီး - နံ၊ ကအက္ခရာ၏အမည်။ က ၁ -ရှု။ က ဃ ဏ ဠ ဟူသော ကြီးလေးလုံး အက္ခရာတွင် ပါဝင်သည်။
ကကြိုး ၁ - နံ ၁၊ ဆင် မြင်းတို့၏ ကကို ထိန်းရန် ဖွဲ့ချည်သော ကြိုး။ ဘွဲ့ကြိုး။ ၂၊ ဆင် မြင်းတို့၏ အဆင်တန်ဆာများ။
ကကြိုး ၂ - နံ၊ ကခုန်ရန် ဆိုင်းတီးလုံး တမျိုး။
ကချလာ - နံ၊ ညံ့ဖျင်းသောအရာ။ "အဟိုင်းကြီး အပျိုကချလာမှာ။ ငိုယိုကာ ရင်ထုလို့လေး။" မှာ၊ ပ ၆၉။(ဟိန္ဒီ၊ ကစရာ။)
ကချော်ကချင်း - ကြိဝိ၊ အချွတ်ချွတ် အမှားမှား။
ကချော်ကချွတ် - ကြိဝိ ၁၊ အလွဲလွဲ အမှားမှား။ ၂၊ ပေါ့ပေါ့တန်တန်။
ကချင် - နံ၊ တိဗက် မြန်မာ စကားမျိုးကို ပြောသည့် မြန်မာတိုင်းရင်းသား တမျိုး။ ချင်းတွင်းနှင့် ဧရာဝတီ မြစ်ညာအရပ်၊ ဗန်းမော်နှင့် ကသာခရိုင်၊ ရှမ်းပြည်မြောက်ပိုင်းတို့တွင် နေသည်။ သိန်းပေါ၊ ချင်းပေါ။
က ချင်လျက် လက်ကျိုး
က ချင်သူသည် က ရခါနီးမှ လက်ကျိုးသဖြင့် မကလိုက်ရ ဖြစ်သကဲ့သို့ မိမိအစွမ်းအစကို ပြမည်ဟု အားခဲထားသူသည် အစွမ်းအစကို ပြရခါနီးမှ အကြောင်း မညီညွှတ်သောကြောင့် မပြလိုက်ရ ဖြစ်သည်။ (က ချင်လျက် လက်နာ - ဟူ၍လည်း အသုံး ရှိသည်။) (မြန်မာစကားပုံ)
ကခြေ - နံ၊ ကခြင်းဖြင့် အသက်မွေးသူ။
ကစား - ကြိ ၁၊ ကျည်းသား ခုံချင်း ဘောလုံး စသည်တို့ဖြင့်၎င်း ဖဲ ကက် ကြွေအန် စသည်တို့ဖြင့်၎င်း တော၌၄င်း ရေ၌၄င်း မြူးတူး ပျော်ပါးသည်။ ၂၊ ကျီစားသည်။ ၃၊ လှုပ်ရှားသည်။ မတည်မငြိမ် ဖြစ်သည်။ "ဈေး ကစားသည်။ လှည်းဘီး ကစားသည်။" ၄၊ လှုပ်ရှားစေသည်။ မတည်မငြိမ် ဖြစ်စေသည်။
ကစားခြင်း - နံ၊ မြူးတူး ပျော်ပါး ကစားမှု။ ကစားခြင်း အမျိုးမျိုး အကြောင်းကို က၀ိဒီ ၂၀၅ - ရှု။
ကစားတိုင်(ဒိုင်) - နံ၊ ကစားဝိုင်း၏ လူကြီး။
ကစားဝိုင်း - နံ၁၊ လောင်းတမ်း ကစားနေသော လူစုလူဝေး။ ၂၊ ကစားရာအရပ်။
ကစားသမား - နံ၊ လောင်းတမ်းကစားသူ။
ကစိကစက် - ကြိဝိ၊ ပျက်ပျက်စီးစီး။ "ပန်းနှယ်ရိ၍ ကစိကစက်၊ ကျေ(ကြေ)ညက်ဘရမ်း။" အရေး ၁၊ ၂၇။
ကစီ - နံ၊ ဆန်မှ ဖြစ်သော ကော်ရည်။ [မရာဌီ၊ ကာဇီ။]
ကစီကရင် - ကြိဝိ၊ ကစဥ့်ကရဲ။ "ရေးရာမညီ၊ ကစီကရင်၊ လျှောက်ဦးတင်သော်။" ဧဟောင်း၊ ၁၂ - ၂၇။
ကစီတင် - ကြိ၊ အ၀တ်ကို ကော်တင်သည်။
ကစီးကနင်း - ကြိဝိ၊ အနိုင်အထက်။ "ရွာသမီးကို၊ ကစီးကနင်း၊ အပြင်းနိုင်ထက်၊ နှိပ်စက်မမူ။" မနော ၁၆၃။
ကစဲကရဲ - ကြိဝိ၊ ဖရိုဖရဲ။ ကစဥ့်ကရဲ။ "(ရန်သူ) အလုံးကစဲကရဲ အဆီးအတားမရှိ ဖျန်းဖျန်းပြို၍ ပြေးလွှားကုန်၏။" အရေး၊ ၅၊ ၅၄၇။ "အတိဝေလံ၊ အပိုင်းအခြားမရှိ။ နဘာသေယျ၊ ကစဲကရဲ မပြောမဆိုရာ။" ရာဇသေ ၂၄၈။
ကစဲကသီ - ကြိဝိ၊ ကစဥ့်ကရဲ။
ကစော့ ၁ - နံ၊ ခရမ်းလုံးငယ်ပင် တမျိုး။ ကစော့ခါး။ ကစို့။ ကစိုး။ ကသော့။ မြို့ပျက်ခရမ်း။ [ပါ၊] ဗြဟတီ။
ကစော့ ၂ - နံ၊ တန့်ကျွဲပင်နှင့် ယိုးယောင်တူသော လမ်းဘေးချုံပင်ငယ် တမျိုး။ ကစော့ကြီး။ ရှမ်းကစော့။ ကတ်စော့။ ကလန်။ [ပါ၊] ကာသမဒ္ဒ။
ကစော့ကြီး - နံ၊ ကစော့ ၂ - ရှု။
ကစော့ခါး - နံ၊ ကစော့ ၁ - ရှု။
ကစော်(ဇော်) - နံ၊ ကောက်ညှင်းဆန် စသည်တို့ကို ပေါင်း၍သော်၎င်း ထန်းလျက် တင်လဲခဲ သကာတုံးတို့ကို အရည်ဖျော်၍သော် ၄င်း တဆေးနှင့် ရောစပ် ဖောက်ယူရသော သေရည် တမျိုး။ စိမ်ရည်။ "ကဇော် ခေါင်တည်၊ သေရည် လှော်စာ၊ သူရာ အရက်။" ဆင်၊ ၃ - ၄။
ကစော်ပေါက် - ကြိ၊ ကစော်အဖြစ်သို့ ရောက်သည်။ "ကစော်ပေါက်လျှင် မူးယစ်စေတတ်၏။" ဥတု ၁၉၉။
ကစော်ဖတ် - နံ၊ ဦးရည် လှော်ဇာရည်တို့ကို စစ်ယူပြီးနောက် ကျန်ရစ်သော ကောက်ညှင်းဖတ်။
ကစို့ - နံ၊ ကစော့ ၁ - ရှု။
ကစိုက၀ါး(ရွား) - ကြိဝိ၊ [ပေါ၊] ဆင်းရဲငြိုငြင်စွာ။ ရိရှား။ ကသီကရီ။ ကသီကလင်တ။ တိုင်ထိ။ တွင်းဆုံးကျ။ ပေါဋီ ၁၆၆။
ကစိုး - နံ၊ ကစော့ ၁ - ရှု။
ကစစ် - ကြိ၊ ကျီစားသည်။ ယု။
ကစည်းကရည်း - ကြိဝိ၊ ဖရိုဖရဲ။ ကစဥ့်ကရဲ။ "လှေတပ် အလုံး ကစည်းကရည်း ရှိသည်။" အရေး၊ ၅၊ ၅၈၇။
ကစဥ့်ကရဲ - ကြိဝိ၊ အကွဲကွဲ အပြားပြား။ ဖရိုဖရဲ။
ကစဥ့်ကလျား - ကြိဝိ၊ ကစဥ့်ကရဲ။ ပရမ်းပတာ။ "ကသီကရဥ့်၊ ကစဥ့်ကလျား၊ ညာကြေပါးလျက်။" ပါမီ ၉၀။
ကစဉ်း - ကြိ၊ စည်းကမ်းစောင့်သည်။ "မကစဉ်း ဟူသော စကားလည်း စည်းကမ်းမစောင့် ဆိုလိုသည်။" စွယ်၊ ဒု ၃၇၈။
ကစိန်းက၀ါး - ကြိဝိ၊ တွေဝေ၍။ ငေးမော၍။ "ကိုယ်လက်ဖိန်းဖိန်း၊ မျဉ်းမျဉ်း၊ ကစိန်းက၀ါးမှိုင်။" က၀ိသတ် ၈၄၉။
ကစမ်းကသပ် - ကြိဝိ၊ ဟိုကိုင် သည်ကိုင်။ အိနြေ္ဒ မရှိ။ တလှုပ်လှုပ်တရှက်ရှက်။
ကစွဲကစောင်း - ကြိဝိ၊ ဆန့်ကျင်၍။
ကဆစ် - နံ၊ သခွားရိုင်းတမျိုး။ အသီးတွင် အဖြူလှိုင်းပုံ အရေးအကြောင်း ဆယ်ခုပါသည်။ ငဆစ်။ တဆစ်။ [ပါ၊] ပုဿဖလ။
ကဆုန် ၁ - နံ၊ တန်ခူးလနှင့်နယုန်လ အကြားရှိ လ၏အမည်။ ရက်ပေါင်း ၃၀ ရှိသည်။
ကဆုန် ၂ - နံ၊ ကဆုံ-ရှု။ "ယာဉ်မြင်းဟုန်နှင့်၊ ကဆုန်တည့်ချည်း။" ဧဟောင်း၊ ၉ - ၃။
ကဆုံ - နံ၊ မြင်း ဆိတ် စသည်တို့၏ လက်ကို ဆုံ၍ မြှောက်ခြင်း ခြေကို ဆုံ၍ မြှောက်ခြင်း။ "ရှက်ဆုံလက်ဆုံ၊ နှမ်းပွတ်ဆုံ၊ ကဆုံ မြစ်ဆုံ မည်သို့နည်း။" စွယ်၊ ပ၊ သံတူကြောင်းကွဲ။ ၆၈။ [ခွါဆုံ။]
ကဆုံပေါက် - ကြိ၊ ကဆုံနှင့် ခုန်ပေါက်သည်။
ကဆုံပြေး - ကြိ၊ ကဆုံနှင့် ပြေးလွှားသည်။
ကဆွဲ့ကနွဲ့ - ကြိဝိ၊ မူမူရာရာ။ ကနွဲ့ကလျ။ "ကဆွဲ့ကနွဲ့၊ ထမင်းငှဲ့၊ နတ်ကဲ့လှစံတည်။" က၀ိသတ် ၁၁၁။
ကည - ကြိ ၁၊ အောက်ကြို့ခယသည်။ ၂၊ ထောက်မသည်။ "ကညဟူသော ဝေါဟာရကား ပျို့လင်္ကာ စာဟောင်း ပေဟောင်း မထင်။ ထောက်မသည် ဟူသော အနက်ကို ဆိုသောအရာမျှသာ ယူသင့်၏" ဝေါ ၃၄၈။
ကညာ - နံ ၁၊ ၁၀ နှစ်အထက် ၁၂ နှစ်အောက် ဖြစ်သော မိန်းမငယ်။ အပျိုစင်။ ၂၊ ၁၂ ရာသီတွင် လှေစီးသော သတို့သမီးငယ် အဆင်းရှိသည့် ရာသီ။ ကန်ရာသီ။ တော်သလင်းလနှင့် တိုက်ဆိုင်သည်။ [ပါ။]
ကညို့ - နံ၊ ရေစပ်တွင် ပေါက်တတ်သော စားရသည့် အပင်ငယ် တမျိုး။ ရေကညို့။
ကညင် - နံ၊ အင်ပင်မျိုးအ၀င် အပွေးချောသော သစ်ပင်ကြီး တမျိုး။ ကညင်နီ ကညင်ဖြူ  ကညင်ပျံ ကညင်ကုပ် ကညင်ဝက်တောင်း ဟု အမျိုးပြားသည်။
ကညင်ဆီ - နံ၊ ကညင်ပင်ကို ထားထစ် မီးမြှိုက်၍ စီးထွက်လာသော အဆီ။ မီးထွန်းရသည်။
ကညင်တိုင် - နံ၊ ကညင်ဆီဖြင့် လုပ်ရသော မီးရှူးမီးတိုင်။ စွယ်ပေါင်တိုင်။
ကညင်ဖု - နံ၊ စားကောင်းသော ဥ တမျိုး။ "အာလုဝါနိ၊ ကညင်ဖု (ဥ)တို့သည်။" ငါး၊ ၄၄၆၊ ၇၅။
ကညောင့်ဗွေ - နံ၊ မြင်းကျောက်ကုန်း အလယ်နောက် တထွာခြားရှိ အမွေးဗွေ။
ကညောင်း - နံ၊ မြင်းက၏ နောက်စွန်း။
ကညစ် - နံ၊ ပေရွက် ထန်းရွက်တွင် စာရေးရန် သံစူးငယ်။ [မွန်၊ ကဏောတ်။]
ကညစ်ချေး - နံ၊ ကညစ်ဖြင့် ရေးခြစ်ရာမှ ထွက်လာသော အစာ။ ကညစ်စာ။
ကညစ်စာ - နံ၊ ကညစ်ချေး - ရှု။
ကညွှတ် ၁ - နံ၊ အစို့အညှောက်ကို ချက်စားရသော အရသာထူးရှိသည့် ပင်ငယ်တမျိုး။ [မွန်၊ နောတ်။]
ကညွှတ် ၂ - နံ၊ လယ်ထဲတွင် ပေါက်တတ်သော ပေါင်းပင်ငယ် တမျိုး။ အပွင့်နီသည်။
ကညှပ် - နံ၊ သား ငါး ကင်ရန် ညှပ်။ ကင်ညှပ်။
ကဍုံ(ဋုံ) - နံ၊ မြန်မာရာဇ၀င်များအလို လက်လေးဆုပ်ရှိသော အချင့်။ ပါဠိအဘိဓာန်များအလို တလက်ဖက်ရှိသော အချင့်။ [ပါ၊ သ၊ ကုဍုဗ။ ကုဍ၀။ ဂံကျောက်၊ ကဍုင်။]
ကတယုဂ် - နံ၊ လူတို့၏ နှစ်ပေါင်းတသန်း ခုနစ်သိန်း နှစ်သောင်း ရှစ်ထောင် ရှည်သော ကမ္ဘာ့သက်တမ်း။ သစ္စယုဂ်။ [ပါ၊ ကတယုဂ။]
ကတိ - နံ၊ သဘောတူညီချက်။ အချိန်းအချက်စကား။ "စကားအပေါင်းကို အုပ်သည် ကတိ၊ တရားအပေါင်းကို ချုပ်သည် သတိ။" ကျည်း ဂ၀။ [ပါ၊ ကတိကာ။]
ကတိကပါး - ကြိဝိ၊ ကြမ်းကြမ်းတမ်းတမ်း။ "ကတိကပါး၊ ကိုင်ငင်သွား၍။" မဟော်နာ ၁၀၉။
ကတိကရိ - ကြိဝိ၊ ဆင်းရဲငြိုငြင်စွာ။ "ကတိကရိ၊ ဘေးကြီးထိဟု၊ ခေါ်ဘိကြမ္မာ။" ဟင်္သာ ၃၅။
ကတိက၀တ် - နံ၊ ချိန်းချက်သည့်အတိုင်း သဘောတူညီ ဆောင်ရွက်ခြင်း။ [ပါ၊ ကတိကာ ၀တ္တ။]
ကတိခံဝန်ချုပ် - နံ၊ ငွေချေးစာချုပ် တမျိုး။
ကတိစာချုပ် - နံ၊ ချိန်းချက်ချုပ်ဆိုသော သဘောတူညီချက် စာအရေးအသား။
ကတိထား - ကြိ၊ ချိန်းချက်သည်။ သဘောတူညီချက် ပေးသည်။
ကတိပေး - ကြိ၊ ကတိထား - ရှု။
ကတိပြု - ကြိ၊ ကတိထား - ရှု။ [=ပါ၊ ကတိကံကရောတိ။]
ကတိဝုစ် - နံ၊ တရားမှုခင်း ဖြစ်ပေါ်ရာတွင် အချင်းချင်း သဘောညီညွှတ် ဆုံးဖြတ်ပြီးပြေမှု။ "ဓမ္မသတ်ကို ရာဇသတ် ချုပ်သည်။ ရာဇသတ်ကို ကတိဝုစ် ချုပ်သည်။" အိမ်မှု၊ ပ၊ သတ္တမမျက်နှာ။
ကတွတ်ပေါက် ဗျိုင်းစောင့်
ဗျိုင်းသည် ကတွတ်ပေါက်မှ ထွက်လာမည့်ငါးကို ဖမ်းရန် စောင့်မျှော်နေသကဲ့သို့ အခွင့်အလမ်း တစုံတရာကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ကြည့်နေသည်။ (ကတွတ်ဝ ဗျိုင်းစောင့်။ ဆည်ဝဗျိုင်းစောင့် - ဟူ၍လည်း အသုံး ရှိသည်။) "တဦးတယောက်သည် အခြားပုဂ္ဂိုလ်တဦးတယောက်အား တွေ့ဆုံလိုသဖြင့်... ပုဂ္ဂိုလ်လာသော လမ်းမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရလျှင် ကတွတ်ပေါက် ဗျိုင်းစောင့် နေရသည်ဟု ဆိုစမှတ် ပြုကြလေသည်။" [၁၃၂၈] ဘာသာစာ။ ၂၄၂။ (မြန်မာစကားပုံ)
ကရိုးမက ဆန်း၍က နှပ်ပစ်ခံရ
ကချေသည် သည် ကနေကျအတိုင်း မကဘဲ ဆန်းပြားစွာ ကမိသောကြောင့် ပရိသတ်၏ ကိုယ်ထိလက်ရောက် ရှုတ်ချခြင်း ခံရသကဲ့သို့ မိမိအလုပ်ကို မိမိလုပ်နေကျအတိုင်း မလုပ်ဘဲ မဆင်မခြင် ဆန်းပြားစွာ ပြုလုပ်မိသောကြောင့် ပြစ်တင်ရှုတ်ချခြင်း ခံရသည်။ (မြန်မာစကားပုံ)
ကသည်း
ကသည်း လူမျိုးများသည် ချင်းတွင်းမြစ်၏ အနောက်ဖက်၊ မြန်မာနိုင်ငံနှင့် နယ်ချင်းစပ်နေသော အိန္ဒိယပြည်တွင်းရှိ မဏိပူရနယ်၌ နေထိုင်သူများ ဖြစ်ကြသည်။ ၁၅၅၆/၉ ခုတွင် ဘုရင့်နောင်သည် မဏိပူရကို သိမ်းပိုက်၍ သြဇာခံဒေသ ပြုလုပ်ခဲ့၏။
၁၆၄၇ ခု၊ သာလွန်မင်း လက်ထက်တွင် ကသည်းတို့သည် ချင်းတွင်းမြစ်ကမ်းရှိ သောင်ထွတ်မြို့ကို လာရောက်တိုက်ခိုက်၏။ ကသည်းခေါင်းဆောင် ဂရစ်န၀ါဇ် (၁၇၁၄/၁၇၅၄) လက်ထက်တွင် ကသည်းတို့သည် အင်အားပြည့်ဖြိုးကာ မြန်မာလက်အောက်မှ လွတ်မြောက်လာကြသည်။ မင်းရဲကျော်ထင် (၁၆၇၃/၁၆၉၈) လက်ထက်တွင် ကသည်းတို့သည် မြန်မာနိုင်ငံ ကဘောမြစ်ဝှမ်းဒေသ ကိုပင် သိမ်းယူခဲ့ကြ၏။ ၁၇၂၄ ခုတွင် ဂရစ်န၀ါဇ်သည် မြန်မာမင်းသို့ သမီးကညာ ဆက်မည်ဟု ဥပါယ်တမျဉ်ဖြင့် အကြောင်းကြားပြီး ကြိုဆိုရန် လာသော မြန်မာမှူးမတ် အပျိုတော် ၃၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ တနင်္ဂနွေမင်းလည်း ကသည်းတို့ကို တိုက်ရန် မြန်မာစစ်တပ်ကို စေလွှတ်ရာ စစ်ရှုံးပြီး ပြန်ဆုတ်ခဲ့ရ၏။
ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်း မဟာဓမ္မရာဇာ ဓိပတိ (၁၇၃၃/၁၆၅၂) လက်ထက်တွင် ကသည်းတို့၏ ၀င်ရောက် တိုက်ခိုက်မှုကို ခံရသည်။ ကသည်းတို့သည် မြင်းစီးကျွမ်းကျင်၍ စစ်ချီ စစ်တက် ပေါ့ပါး လျင်မြန်သူများ ဖြစ်၏။ မြန်မာတို့၏ နေရာမြဲ ခံတပ်များမှာ ကသည်းစစ်အား ခုခံတားဆီးရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ ၁၇၃၅ ခု၌ ကသည်းတို့သည် ရွှေဘိုခရိုင် မြေဒူးမြို့တိုင်အောင် ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးကြ၏။ ၁၇၃၇ ခုတွင် တကြိမ် ၀င်လာပြန်ရာ ဒီပဲယင်းမြို့ကို ဖျက်ဆီးပြီး ပြန်သွားကြသည်။ ၁၇၃၈ ခုတွင် မြေဒူးကြောင်း ချီလာသော ကသည်းစစ်သည်တို့သည် မြန်မာတို့၏ ကောင်းမှုတော်ဘုရား ခံတပ်ကို တိုက်ခိုက်ပြီးနောက် စစ်ကိုင်းမြို့အထိ ဆင်းလာကာ မီးရှို့ဖျက်ဆီး လုယက်ကြ၏။ ထို့နောက် ဂရစ်န၀ါဇ်သည် ၁၇၄၂ ခုမှစ၍ တနှစ်ခြား ဆိုသလိုပင် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးလေ့ရှိသည်။
အလောင်းဘုရားသည် မြန်မာနိုင်ငံအား ပြန်လည် စုစည်း တည်ထောင်စဉ် ဒဂုံမြို့ကို သိမ်းပြီးနောက် ၁၇၅၅ ခုတွင် မဏိပူရ ကသည်းတို့၏ နောက်ပိုင်းရန် အေးငြိမ်းစေရန် အတွက် ရွှေဘိုသို့ ပြန်လာကာ မဏိပူရသို့ စစ်တပ်တတပ် စေလွှတ်၏။ မြန်မာစစ်တပ်သည် ကသည်းတို့အား ချေမှုန်းပြီးနောက် သုံ့ပန်း အများအပြား ဖမ်းဆီးခဲ့သည်။ သို့သော် အန္တရာယ်မှာ စိတ်မချရသေးပေ။ ထို့ကြောင့် တပြည်လုံး သိမ်းသွင်းပြီးနောက် ၁၇၅၈ ခုတွင် မဏိပူရသို့ တကြိမ် ချီတက် လုပ်ကြံ ပြန်၏။ ထို့နောက် ကသည်းတို့၏ အန္တရာယ်ကို ကာကွယ်ရန်အတွက် တမူးနှင့် သောင်ထွတ်တွင် အမြဲတမ်းတပ်စခန်း ချထားရလေသည်။ ကာလ အတန်ကြာသည်အထိ မြန်မာနှင့်ကသည်းတို့၏အရေးအခင်းသည် အေးငြိမ်းနေသည်။ ဆင်ဖြူရှင် လက်ထက် တရုပ်-မြန်မာ စတုတ္ထစစ်ပွဲအပြီး၌ မြန်မာတပ်မှူး မဟာသီဟသူရသည် တရုပ်တပ်မှူးများနှင့် ၁၇၆၉ ခု၊ ဒီဇင်ဘာလ၌ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆို၏။ ဤအကြောင်းကို ဆင်ဖြူရှင် ကြားသော် အမျက်ရှိလာသဖြင့် မြန်မာတပ်မှူးများလည်း ဘုရင် အမျက် ပြေစေရန် မဏိပူရကို တိုက်ခိုက်ပြီး စစ်သုံ့ပန်း၊ စစ်လက်နက်များ၊ ပစ္စည်းများဖြင့် လက်ဆောင် ဆက်သခဲ့ရ၏။
ထိုနောက် မဏိပူရသည် ကာလအတန်ကြာ အေးချမ်းငြိမ်းသက်နေရာမှ ၁၇၉၉ ခု၌ စော်ဘွားဂျေဆင်း သေဆုံးသောအခါ သားများက နန်းလုကြ၏။ သားအကြီး ချောဂျစ်ဆင်းက ဘိုးတော်ဘုရားထံ အကူအညီ တောင်းသည်။ ချောဂျစ်ကလည်း သမီးကညာ ဆက်၍ ဘိုးတော်ဘုရားထံ သစ္စာခံ၏။ မာဂျစ်ဆင်းလည်း အမရပူရ နေပြည်တော်၌ ကာလအတန်ကြာ လာရောက် နေထိုင်သည်။ ၁၈၁၃ ခု၌ ဘိုးတော်ဘုရားက ညီနောင်တို့၏ အငြင်းပွားမှု ပြဿနာကို ဖြေရှင်းရန်အတွက ချောဂျစ်ကို မဏိပူရသို့ လာရောက်ရန် ဘိတ်ခေါ်ရာ ချောဂျစ်သည် မလာရောက်ချေ။ မြန်မာတပ်များ စေလွှတ်သောအခါ ချောဂျစ်သည် ကချာ နယ်ထဲသို့ ထွက်ပြေးသွား၏။ မြန်မာတပ်များက မာဂျစ်ဆင်းကို နန်းတင်လိုက်သည်။ ၁၈၁၉ ခု၌ ဘကြီးတော်မင်း နန်းတက်သော အခါ အခမ်းအနားသို့ မာဂျစ်ဆင်းကို ဘိတ်ကြား၏။ မာဂျစ်ဆင်း မလာရောက်ချေ။ ထို့ကြောင့် ၁၈၁၉ ခု၊ အောက်တိုဘာလတွင် မြန်မာတပ်များ မဏိပူရသို့ ချီတက်သောအခါ မာဂျစ်ဆင်းသည် ကချာနယ်ထဲသို့ ထွက်ပြေးပြန်၏။ မြန်မာတပ်လည်း မဏိပူရကို ကနီမြို့ဝန် လက်၌ ထားပြီး ပြန်ဆုတ်ခဲ့သည်။ ထိုအချိန်၌ ချောဂျစ်သည် ကချာနယ် တစိတ်တဒေသကို သိမ်းပိုက်အုပ်စိုးနေ၏။ ထို့ကြောင့် မာဂျစ်ဆင်းနှင့် ဂမ်ဘီရ်ဆင်းတို့ ပေါင်းပြီး ချောဂျစ်ကို နှင်ထုတ်လိုက်၏။ ကချာ၏ တရားဝင်စော်ဘွားဖြစ် ဂိုဗင်းချန္ဒရသည် ဗြိတိသျှတို့ထံ အကူတောင်း၏။ မရသောအခါ မြန်မာမင်းထံ အကူတောင်းပြန်၏။ ထိုအချိန်၌ မဏိပူရရှိ မြန်မာမြို့စောင့်တပ်အား မာဂျစ်ဆင်း၏ သားက လာရောက်တိုက်ခိုက်ရာ ၁၈၂၀ ခု၊ နိုဝင်ဘာလ၌ မြန်မာ စစ်ကူ သွားရသည်၊ မြန်မာတပ်များက ကသည်းတပ်များကို ကချာနယ်ထဲသို့ လိုက်၍ တိုက်၏။ ကချာစော်ဘွားလည်း ဗြိတိသျှ နယ်ထဲသို့ ထွက်ပြေးသွားပြန်၏။ ဗြိတိသျှအစိုးရလည်း ဘင်္ဂလားနယ် အရှေ့ပိုင်း၏ လုံခြုံရေးကို စိုးရိမ်ပြီး ကချာနယ်ကို ဗြိတိသျှ အစောင့်အရှောက်ခံနယ် အဖြစ် ကျေညာ၍ စစ်တပ်များ ပို့သည်။
ကနေဒါနိုင်ငံ(CANADA)
တည်နေရာ - အမေရိကတိုက်၊ မြောက်ပိုင်းနိုင်ငံ ဖြစ်သည်။
အကျယ်အ၀န်း - စတုရန်းမိုင် ၃,၆၂၁,၆၁၆။
လူဦးရေ - ၁၉,၁၀၂,၀၀၀။
မြို့တော် - အော်တာဝါမြို့ (Ottawa)။
အုပ်ချုပ်ရေး - ဗြိတိသျှဓနသဟာယ၀င်နိုင်ငံ ဖြစ်သည်။ ဘုရင်ခံချုပ်၊ ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ရှိသည်။ လွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန် ရှိသည်။
ဘာသာစကား - အင်္ဂလိပ်စကား၊ ပြင်သစ်စကား။
ကိုးကွယ်မှု - ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ် ခရစ်ယာန်ဘာသာ။
သုံးငွေစနစ် - ကနေဒါဒေါ်လာ။
ပဓာန ထွက်ကုန် - ဂျုံ၊ မုယော၊ လူး၊ ဆပ်၊ အာလူး၊ မုံလာဥ၊ သကြားမုံလာ၊ ဆေးရွက်၊ သစ်သီး၊ နို့ပစ္စည်း၊ သစ်တောထွက်ကုန်၊ သားမွေး၊ ရွှေ၊ ကြေးနီ၊ နီကဲလ်၊ သွပ်၊ ခဲ၊ ငွေ၊ ပလက်တီနံ၊ သံ၊ ကန့်၊ ဘိလပ်မြေ၊ ကျောက်ဂွမ်း၊ ကျောက်သလင်း၊ ရွှံ့စေး၊ အစားအစာ၊ အဖျော်၊ ယာဉ်၊ အလျူမီနံသတ္တု၊ စက္ကူ၊ အထည်၊ ဓာတုဗေဒပစ္စည်း၊ ဓာတ်ဆေး။
၉-၁၁-၁၉၄၅ နေ့တွင် ကုလသမဂ္ဂသို့ ၀င်ခဲ့သည်။ (ကမ္ဘာ့နိုင်ငံများအဘိဓာန်)
ကနောင်မင်းသား
သာယာဝတီမင်းနှင့်တောင်နန်းမိဖုရား သီရိသုစန္ဒာမလ္လာမဟေတို့၏ သားတော်အငယ် ဖြစ်သည်။ ၁၈၁၉-ခု၌ ဖွားမြင်၏။
ငယ်မည်မှာ မောင်တောင်မင်း ဖြစ်သည်။ မောင်တောင်မင်း၏ အစ်ကိုမှာ နောင်အခါ မင်းတုန်းမင်း ဖြစ်မည့် မောင်လွင် ဖြစ်၏။
ပုဂံမင်းလက်ထက်တွင် ကနောင်မြို့ကို စားရသောကြောင့် ကနောင်မင်းသား အမည်တွင်၏။
၁၈၅၂-ခု၌ မင်းတုန်းမင်းသားနှင့်ကနောင်မင်းသားတို့အား ဓားပြမွေးသည်ဟု ပုဂံမင်းက အမှုရှာကြံသဖြင့် ညီနောင်မင်းသား
နှစ်ပါးသည် နေပြည်တော်မှ ရွှေဘိုမြို့သို့ ထွက်ခွာသွားကာ လူသူလက်နက် စုဆောင်းပြီး ပုဂံမင်းကို ပုန်ကန်ခြားနားကြ၏။
ပုဂံမင်း၏အမှုထမ်းများ ဖြစ်သော မကွေးမင်းကြီးအမှူးရှိသော မှူးမတ်များက မင်းသားများဘက်က ကူညီသဖြင့် မင်းတုန်းမင်း
နန်းရသည်။ မင်းတုန်းမင်းသား မင်းဖြစ်သောအခါ ညီတော်ကနောင်မင်းသားအား သီရိပ၀ရမဟာသုဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့
အရာကို အပ်နှင်းသည်။ သာယာဝတီမင်း၏အနောက်နန်းမတော်မှ ဖွားမြင်သော သမီးတော်လှိုင်မြို့စား သီရိသုမြတ်စွာရတနာဒေ၀ီ
နှင့်ထိမ်းမြားပေး၏။
ကနောင်မင်းသားသည် ဗြိတိသျှတို့က လက်နက်အားကိုးဖြင့် သိမ်းပိုက်ထားသော မြန်မာနိုင်ငံ၏ အစိတ်အပိုင်းဒေသများကို
လက်နက်အားကိုးဖြင့် ပြန်လည် သိမ်းပိုက်ရမည်ဟု ခံယူထား၏။ ထို့ကြောင့် နိုင်ငံကို ဥရောပနိုင်ငံများကဲ့သို့ ခေတ်မီစေရန်
အနောက်နိုင်ငံများသို့ စက်မှုလက်မှုပညာ၊ စစ်အတတ်ပညာ၊ နိုင်ငံအုပ်ချုပ်ရေးပညာစသည်များ သင်ကြားစေရန် ပညာတော်သင်များ
စေလွှတ်၏။ အနောက်နိုင်ငံများမှ လက်နက်ခဲယမ်းလုပ်စက်၊ ရက်ကန်းစက်၊ လွှစက်၊ သံရည်ကျိုစက်၊ ဂျုံစက်၊ ဆန်စက်၊ မဲနယ်
စသော စက်ရုံများ ၀ယ်ယူတည်ဆောက်ခဲ့သည်။ ၁၈၇၂-ခုနှစ်၌ စက်ရုံပေါင်း ၅၀ ကျော်တည်ဆောက်ပြီးဖြစ်၏။ စက်ရုံများကို
ကြီးကြပ်လုပ်ကိုင်စေရန် ထိုနိုင်ငံများမှ စက်ဆရာများကို ငှားရမ်းလုပ်ကိုင်စေ၏။ ထို့ပြင် မြန်မာ့တပ်မတော်ကိုလည်း ခေတ်မီ
တပ်မတော်ကြီးဖြစ်စေရန် အီတလီ၊ ပြင်သစ်စသော နိုင်ငံများမှ နည်းပြဆရာများ၊ အကြံပေး အရာရှိများကို ငှားရမ်းကာ လေ့ကျင့်
သင်ကြားဖွဲ့စည်းပေးသည်။
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး လွယ်ကူစေရန်အတွက်လည်း မြို့ကြီးများနှင့်ကြေးနန်းအဆက်အသွယ် ပြုလုပ်၏။ မြန်မာ
အက္ခရာဖြင့် ကြေးနန်းရိုက်နည်းကို တီထွင်လုပ်ကိုင်စေ၏။
ကနောင်မင်းသားသည် မျိုးချစ်စိတ်ပြည့်ဝ၍ လုပ်ရည်ကိုင်ရည် ရှိသော မင်းသား ဖြစ်သည်။ သို့သော် ၁၈၆၆-ခုနှစ်၌ မင်းတုန်းမင်း၏
သားတော်များ ဖြစ်ကြသော မြင်ကွန်းနှင့်မြင်းခုန်တိုင်မင်းသားတို့ လုပ်ကြံသဖြင့် အနိစ္စ ရောက်ရသည်။
ကဘောမြစ်ဝှမ်း
ချစ်တွင်းမြစ်နှင့်တမူးအကြားဒေသ ဖြစ်သည်။
ဘုရင့်နောင်လက်ထက် ၁၅၅၆-၉ ခုနှစ်အတွင်း မဏိပူရကို သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ မဏိပူရသည် မြန်မာမင်း၏သြဇာခံဒေသ ဖြစ်လာပြီး ကဘောဒေသသည် မြန်မာပိုင်ဒေသ ဖြစ်လာခဲ့၏။ ၁၈၂၄-၅ ခုနှစ်တွင် ဖြစ်ပွားသော အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး၌ ရန္တပိုစာချုပ်အရ မဏိပူရနယ်ကို မြန်မာတို့ လက်လွှတ်လိုက်ရ၏။ မဏိပူရစော်ဘွားက ကဘောမြစ်ဝှမ်းဒေသကို မဏိပူရပိုင်နယ်အဖြစ် ကျေညာ၏။ ဘကြီးတော်မင်းသည် ကဘောမြစ်ဝှမ်းဒေသသည် အစဉ်အလာအားဖြင့်လည်းကောင်း၊ ပထ၀ီအနေအထားအရလည်းကောင်း၊ မြန်မာမင်းပိုင်နယ်ဖြစ်သဖြင့် သံတမန်နည်းလမ်းဖြင့် ကြိုးစားရာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကိုယ်စားလှယ် ဘာနေး၏ဆောင်ရွက်ချက်ကြောင့် ၁၈၃၃-ခုနှစ်တွင် ပြန်လည်ရရှိသည်။ (ဘာနေး-ရှု)၊ သို့သော် နယ်ခြားသတ်မှတ်မှု မရှိသေးသဖြင့် သီပေါမင်းလက်ထက် ၁၈၈၁-ခုနှစ်တွင် အိန္ဒိယအစိုးရက နယ်ခြားသတ်မှတ်ရေး ပူးတွဲကော်မရှင် ဖွဲ့ရန် မြန်မာအစိုးရသို့ ဖိတ်ခေါ်သည်။ မြန်မာအစိုးရက လက်မခံသောအခါ အိန္ဒိယအစိုးရက သူ့ဘာသာ တဦးတည်း သတ်မှတ်လိုက်၏။
ကရော့ဖို့-ဂျွန် (John Crawford)
အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီး ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော ဗြိတိသျှကိုယ်စားလှယ်ဖြစ်သည်။ အင်းဝသို့ ၁၈၂၆-ခု၊ စက်တင်ဘာလတွင် ရောက်လာသည်။ မြန်မာနိုင်ငံသို့ ရောက်မလာမီ ဂျာဗား၊ ယိုးဒယား၊ မလေးနှင့်စင်္ကာပူ တို့၌ အမှုထမ်းခဲ့၏။ အရှေ့တိုင်းအရေး ကျွမ်းကျင်သူဖြစ်သည်။ မြန်မာမင်း နေပြည်တော်သို့ ရောက်စဉ် သူ၏အဓိကတာဝန်မှာ ရန္တပိုစာချုပ်အရ သီးခြားကူးသန်းရောင်းဝယ်ရေးစာချုပ်တခု ချုပ်ဆိုရန်နှင့်အမြဲတမ်းကိုယ်စားလှယ် ထားရေး ဖြစ်နိုင်-မဖြစ်နိုင် စူးစမ်း၍ အစီရင်ခံရန် ဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေးစာချုပ်အတွက် သူနှင့်မြန်မာအစိုးရသည် ၁၈၂၆-ခုနှစ်အကုန်၌ စေ့စပ်၏။ သူ တင်ပြသောအချက်များ အပြည့်အစုံ မရရှိပေ။ စာချုပ် ချုပ်ဆိုသော်လည်း စာချုပ်သည် တန်ဘိုးမရှိဟု မပြောသာရုံသာ အခွင့်အရေး ရရှိ၏။ သမိုင်းပါမောက္ခကယ်ဒီက ကရော့ဖို့သည် တော်သော်လည်း ထိရောက်မှုမရှိသော စေ့စပ်ရေးသမားဟုဆို၏။ သူသည် အိန္ဒိယအစိုးရသို့ မြန်မာနိုင်ငံ၌ အမြဲတမ်းကိုယ်စားလှယ် မထားသင့်ဟု အစီရင်ခံသည်။ အင်းဝနေပြည်တော်၌ လအနည်းငယ်သာ နေသွားခဲ့သည်။ သူသည် ၁၈၂၃-ခုနှစ်၌ အင်းဝနန်းတော်သို့ သံကိုယ်စားလှယ်အဖြစ် သွားရောက်ခြင်းမှတ်တမ်း ခေါ် စာစောင်တခု ရေးသားခဲ့သည်။
ကရက်ဒေါက်စီမံကိန်း
မြန်မာနိုင်ငံဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်က မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲပြီး ပေးအပ်ရမည့် အုပ်ချုပ်ရေးစနစ်ကို ရေးဆွဲထားသော စီမံကိန်း ဖြစ်သည်။ စီမံကိန်းတွင် ဥပဒေပြု ကောင်စီအား ကောင်စီဝင် များ ၉၂ဦးအထိ တိုးချဲ့ပေးထားသည်။ (၁၉၂၀ခု၊ ဇွန်လ ပြင်ဆင်ချက်) ၅၆ ယောက်ကို ရွေးကောက်တင်မြှောက် ၍ ၃၆ ယောက်ကို ဘုရင်ခံက ခန့်ထားရန် ဖြစ်၏။ ဘုရင်ခံ၏ ၀န်ကြီးအဖွဲ့တွင် အစိုးရ၀န်ထမ်း မဟုတ်သူ "အလုပ်သင်ဝန်ကြီး" ၄ ဦး ခန့်ထား၏။ ထိုသူတို့သည် ပြည်ထဲရေး ဘုတ်အဖွဲ့၊ အခွန်နှင့်ဘဏ္ဍာရေး ဘုတ်အဖွဲ့၊ ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၊ ဒေသန္တရအုပ်ချုပ်ရေး ဘုတ်အဖွဲ့များ၏ ဥက္ကဋ္ဌများ ဖြစ်၏။ ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌမှာ ဥရောပတိုက်သား ဖြစ်ရမည်။ ဘုတ်အဖွဲ့တိုင်း၌ အစိုးရအရာရှိများ ပါဝင်ပေမည်။ ထို့ပြင် ခရိုင်အဆင့်အထိ ကိုယ်ပိုင်အုပ်ချုပ်ရေး အဆင့်အတန်း အသင့်အတင့် ပေးရန် ကြိုးပမ်းထားသည်။ ကျေးရွာ အခွန်ထမ်းတို့က တိုက်နယ်ဘုတ်အဖွဲ့ကို ရွေးကောက်ရ၏။ တိုက်နယ်များက ခရိုင်ဘုတ်အဖွဲ့ကို ရွေးကောက်ရ၏။ ခရိုင်ဘုတ်အဖွဲ့ သည် ဒေသန္တရအုပ်ချုပ်ရေးကို ခရိုင်ဝန်(အရေးပိုင်) ထံမှ ရယူရန် ဖြစ်၏။ ဤဘုတ်အဖွဲ့များတွင် သူကြီးများ မပါဝင်ရပေ။ သူကြီးသည် အစိုးရ၏အုပ်ချုပ်ရေး မဏ္ဍိုင် ဖြစ်သည်။
ကရက်ဒေါက်အား အိန္ဒိယ ဘုရင်ခံချုပ်က ၁၉၂၀ ခုနှစ်တွင် နယူးဒေလီမြို့သို့ ဘိတ်ခေါ် ဆွေးနွေးသည်။ ထိုနောက် ပြုပြင်ရေးမူကြမ်းကို ဆွေးနွေး ပြုပြင်ပြီးနောက် (၂၅-၃-၁၉၂၀)တွင် သဘောတူကြ၏။ မြန်မာနိုင်ငံ ရေး ဖွံ့ဖြိုးတိုးတက်မှုသည် အိန္ဒိယကို မမီသောကြောင့် အိန္ဒိယနိုင်ငံသို့ ပေးအပ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမျိုးကို မြန်မာနိုင်ငံသို့ မပေးနိုင်ဟု ကျေညာ၏။ ၁၉၂၀-ခု၊ ဇွန်လတွင် ပါလီမန်စက္ကူဖြူစာတမ်း ထွက်ပေါ် လာ၏။
ကရက်ဒေါက်စီမံကိန်းကို ၀ိုင်-အမ်-ဘီ-အေ (ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း)က ပယ်ချ၏။ ၁၉၁၉ ခု၊ ဖေဖေါ်ဝါရီလ၊ မေလ၊ သြဂုတ်လများတွင် လူထုအစည်းအဝေးကြီးများ ကျင်းပ၍ စီမံကိန်းကို ကန့်ကွက်ကြသည် ယင်းစီမံကိန်းကို လန်ဒန်မြို့၌ သွားရောက် ကန့်ကွက်ရန်အတွက် ကိုယ်စားလှယ်များအဖြစ် ဦးဘဖေ၊ ဦးထွန်း ရှိန်နှင့် ဦးပုတို့ကို ရွေးချယ်စေလွှတ်၏။ အသင့်အတင့်သာ အောင်မြင်သည်။ ကရက်ဒေါက်က ပြင်ဆင်ချက် စီမံကိန်းတခုကို ၁၉၂၀ ခု၊ မတ်လ၌ လန်ဒန်သို့ ပို့လိုက်သည်ဟု ကြားရပြန်သောအခါ ၁၉၂၀ ခု၊ မေလတွင် ဦးဘဖေ၊ ဦးသိန်းမောင်၊ ဦးပုတို့ပါဝင်သော ဒုတိယကိုယ်စားလှယ် အဖွဲ့တခုကို လန်ဒန်သို့ ထပ်မံစေလွှတ်ပြန် သည်။ ကရက်ဒေါက် စီမံကိန်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ကန့်ကွက်ကြ၏။ မြန်မာနိုင်ငံကို အိန္ဒိယနှင့်ခွဲပြီး ဒိုင်အာခီ အုပ်ချုပ်ရေးပေးရန် တောင်းဆိုကြသည်။ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနှင့် မသင့်တော်၊ အစိုးရ တရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်သော အရည်အချင်းရှိသည့် လူများမရှိ ဟူသော ကရက်ဒေါက်၏ သဘောထား ကိုလည်း ဝေဘန် ရှုံ့ချကြ၏။
နောက်ဆုံး၌ ကရက်ဒေါက် စီမံကိန်းကို မြန်မာကလည်း လက်မခံ၊ လန်ဒန်ကလည်း လက်မခံ၊ ဗြိတိသျှ လေဘာတီ မိတ်ဆွေများကလည်း မြန်မာတို့အား ကူညီသဖြင့် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူက ဤ စီမံကိန်းသည် ကျေနပ်ဖွယ်ရာ မရှိဟု ကျေညာ၏။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် အောင်မြင်စွာ ပြန်လာခဲ့ကြသည်။
ကရက်ဒေါက်-ဆာရယ်ဂျီနယ်(Sir Reginal Cradock)
၁၉၁၈-ခုနှစ်မှ ၁၉၂၃-ခုနှစ်အထိ မြန်မာနိုင်ငံဘုရင်ခံ ဖြစ်သည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲရေးစီမံကိန်းကို ၁၉၁၉-ခု ဒီဇင်ဘာလ၌ အိန္ဒိယအစိုးရ(ဗြိတိသျှ)သို့ ရေးဆွဲတင်ပြ၏။ ၁၉၂၃-ခု၌ မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေးစနစ် ပေးအပ်သောအခါ အင်္ဂလန်သို့ ပြန်သွားသည်။
ကရင်နီပြဿနာ(၁၈၇၃-၇၅)
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ(၁၈၅၂)အပြီး၌ ဗြိတိသျှတို့သည် ၄င်းတို့ သိမ်းပိုက်ခဲ့သော အောက်မြန်မာပြည်ကို ၄င်းတို့ သဘောအလျောက် နယ်နိမိတ် သတ်မှတ်ခဲ့သည်။ ယင်းနယ်နိမိတ်သည် အရှေ့ဖက်၌ စစ်တောင်းမြစ် နှင့် သံလွင်မြစ်အကြား အလယ်လောက်အထိ ရောက်သည်။ တောင်ငူမြို့၏ အရှေ့ဖက် စစ်တောင်းမြစ်နှင့် သံလွင်မြစ်အကြား အလယ်ဗဟို၏ အရှေ့ဖက်ပိုင်းသည် တောတောင်ထူထပ်၍ ကျွန်းသစ် ပေါများသည်။ ထိုဒေသတွင် ခေတ်နောက်ကျသော ကရင်နီလူမျိုးစုများ နေထိုင်သဖြင့် အနောက်ကရင်နီနယ်ဟု ခေါ်တွင် သည်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး၌ ထိုဒေသရှိ လူမျိုးစု အကြီးအကဲတို့က ၄င်းတို့သည် မြန်မာမင်း အုပ်ချုပ်မှု အောက်၌ မရှိ၊ လွတ်လပ်သော နယ်ဖြစ်သည်ဟု ကျေညာကြ၏။ ဤသည်ကို အခွင့်ကောင်းယူ၍ ဗြိတိသျှ ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက ကရင်နီလွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကျေညာ၏။ ကရင်နီလူမျိုးစု တို့သည် အခြားဒေသများမှ လူမျိုးများကို ဖမ်းဆီးကာ ကျွန်လုပ်ကြ၏။ ကျွန်ရောင်း ကျွန်ဝယ် ပြုလုပ်ကြ၏။ ထို့ကြောင့် မြန်မာမင်းသည် ယခင်အခါက တောင်ငူမြို့တွင် ခံတပ်များ ဆောက်လုပ်ထားခဲ့ရသည်။
၁၈၇၁ ခုတွင် မင်းတုန်းမင်းသည် ထိုဒေသသို့ စစ်တပ်စေလွှတ်၏။ ဗြိတိသျှတို့က ကန့်ကွက်သောအခါ မြန်မာ မင်း၏အုပ်ချုပ်ရေးသြဇာ သက်ရောက်မှု ရှိကြောင်း ကျေညာ၏။ ယင်းကိစ္စကို ဖြေရှင်းရန်အတွက် ၁၈၇၅ ခု၌ ဗြိတိသျှ ကိုယ်စားလှယ် ဆာဒေါက်ကလပ်ဖောဆိုက်သည် မန္တလေးမြို့သို့ ရောက်လာကာ မင်းတုန်းမင်းနှင့် စေ့စပ်သည်။ ကရင်နီဒေသ၏လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ဗြိတိသျှနှင့်မြန်မာတို့ သဘောတူညီကြ ၏။ သို့သော် ဤအစီအစဉ်သည် ကောင်းမွန်လာစေသော အစီအစဉ်တရပ် မဟုတ်ပေ။ အကြောင်းမူ ကရင်နီ တို့၏ ကျွန်ဖမ်းသောလုပ်ငန်းသည် ရပ်စဲမသွားသည့်ပြင် မြန်မာနယ်ရော၊ ဗြိတိသျှနယ်ပါ ကရင်နီတို့၏ တိုက် ခိုက်နှောင့်ယှက်မှုကို ခံရသည်။ ဗြိတိသျှတို့သည် ကရင်နီနယ်ရှိ အဖိုးတန်သော ကျွန်းသစ်များကို မက်မော၍ ကရင်နီလွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ထောက်ခံ ကျေညာခြင်း ဖြစ်သည်ဟု ယူဆကြ၏။
ကလျာဏီသိမ်တော် (ပဲခူးမြို့)
ကလျာဏီသိမ်မှာ ပဲခူးမြို့ အနောက်တောင်ဘက်တွင် တည်ရှိလေသည်။
သက္ကရာဇ် ၈၂၀ ပြည့်နှစ်တွင် ဟံသာဝတီ၌ မင်းအဖြစ်ကို ရရှိသော ဓမ္မစေတီမင်းသည် မိဘုရားကြီး ရှင်စောပု အား ဓမ္မဓရဘွဲ့ဖြင့် ရှိစဉ် ရဟန်းဘ၀ကတည်းက ကူညီခဲ့ဘူးသူ ဖြစ်သည့်အတိုင်း လောကုတ္တရာရေး၌လည်း အမြှော်အမြင် ရှိလေရာ သာသနာတော် တည်တံ့ရေးအတွက် ရဟန်းစစ် ရဟန်းကောင်းများ ၀ိနည်းသိက္ခာနှင့် အညီ ပေါ်ပေါက်စေရန် သီဟိုဠ်ကျွန်း၌ သာသနာသန့်ရှင်းသည့်အလျောက် ရဟန်းတော်များကို သိက္ခာသစ် တင်စေရသော် ကောင်းအံ့ဟု စိတ်ရည်သန်လေသည်၊
ထိုကြောင့် ၈၃၇ ခုနှစ်၊ တပို့တွဲ လဆုတ် ၁၁ ရက်နေ့တွင် စိတြဒူတအမတ် အုပ်ချုပ်သော သင်္ဘောတစင်း၊ တပို့တွဲ လဆုတ် ၁၂ ရက်နေ့တွင် ရာမဒူတအမတ် အုပ်ချုပ်သော သင်္ဘောတစင်းတို့ဖြင့် ရှင်မောဂ္ဂလန်၊ ရှင် မဟာသီဝလိ စသော ထေရ်ကြီး ၂၂ ပါးနှင့် နောက်ပါ သံဃာ ၂၂ ပါးတို့ကို သီဟိုဠ်ကျွန်းသို့ ပို့ဆောင်ရာ တပေါင်း လဆုတ် ၈ ရက်နှင့် တန်ခူး လဆန်း ၉ ရက်နေ့များတွင် အသီးသီး ဆိုက်ရောက်ကြလေသည်။
သီဟိုဠ်မင်း ဘုဝနေကဗာဟုသည်လည်း ကောင်းစွာ ပင့်ဆောင်၍ သီဟိုဠ်ကျွန်း ကလျာဏီမြစ် သိမ်ရေဆိပ်၌ ပဉ္စင်းသစ်အဖြစ် သိက္ခာ ဆောင်စေ၍ လှူဒါန်းပူဇော်လေသည်။ သိက္ခာသစ် တင်ပြီးသော ရဟန်းတို့သည် သင်္ဘော ၂ စင်းဖြင့် ပင်လယ်ခရီးမှ ပြန်လာရာ တစင်းမှာ လှိုင်းလေ အန္တရာယ်ကြောင့် ထိုသင်္ဘောမှ ရဟန်းတော်များ ကုန်းလမ်းမှ ပြန်ခဲ့ကြ၍ လမ်းခရီးတွင် ထေရ်ကြီး ၆ ပါးနှင့် တပည့်ရဟန်း ၄ ပါး ပျံလွန်တော်မူ ပြီး ကျန်ရဟန်းတော်များသည် ကာလ အတန်ကြာမှ ဒဂုန်မှတဆင့် ဟံသာဝတီသို့ ရောက်ရှိကြလေသည်။
ဓမ္မစေတီမင်းသည် ရောက်နှင့်သော သင်္ဘောမှ သိက္ခာသစ် တင်သော ရဟန်းများဖြင့် ကလျာဏီသိမ်ကို သမုတ် တော်မူစေ၍ ရဟန်းတို့အား ထိုသိမ်၌ သိက္ခာသစ် တင်စေရာ ၈၄၁ ခုနှစ်အတွင်း ရဟန်းတော်ပေါင်း ၁၅၀၆၅ ပါး သိက္ခာသစ် တင်ပြီးခဲ့လေသည်။ ကလျာဏီသိမ်မှာ ၃၈၃ ခုနှစ်၊ နတ်တော် လဆန်း ၈ ရက်နေ့တွင် သမုတ်ခြင်း ကိစ္စ ပြီးစီးလေသည်။
ထိုနောက်တွင် ကလျာဏီသိမ်၌ သိက္ခာတင်သော ရဟန်းတော်တို့ တိုးပွားခဲ့၍ သိမ်တော်မှာ နှစ်ကာလ ကြာ ရှည်သဖြင့် ပျက်စီးလေရာ ၁၂၃၅ ခုနှစ်တွင် ဟံသာဝတီ ခရိုင် သံလျင်မြို့နယ် ပုဂံတောင်ရွာမှ ဦးသိန်း ဒေါ်မှို တို့က မင်းတုန်းမင်းကြီး လက်ထက် မီးသင့်လောင်ခဲ့သော သိမ်တော်ကို အသစ်တဖန် တည်ဆောက် လှူဒန်း၍ ၁၂၆၄ ခုနှစ်တွင် ပုဂံတောင်ရွာမှ ဒေါ်ကျေးနှင့် သားသမီး ၄ ယောက်တို့က အသစ်တဖန် တည်ဆောက်ခဲ့ပြန်ရာ နှစ်ကာလ ကြာရှည်သဖြင့် ယိုယွင်းပျက်စီးခဲ့ရပြန်လေသည်။
၁၃၁၅ ခုနှစ်တွင် ကလျာဏီဆရာတော် အရှင်ဉာဏ၀ံသကို အမှူးပြု၍ ပဲခူးမြို့မှ ရွှေခြူး ဦးသူတော်နှင့် ဒေါ်မြ တင် မိသားစုတို့က ဒါယကာ ပြုလျက် ကလျာဏီသိမ်ကို ပြန်လည် ဆောက်လုပ် လှူဒါန်းရာ ၁၃၁၅ ခုနှစ်၊ ၀ါဆို လပြည့်နေ့တွင် ၀န်ကြီးချုပ်နှင့်တကွ လူကြီး ၉ ဦးတို့က ပန္နက်ချခဲ့လေသည်။ ၁၃၁၆ ခုနှစ်၊ သီတင်းကျွတ် လပြည့်နေ့တွင် သိမ်တော်ကြီး ရေစက်ချပွဲ ကျင်းပခဲ့လေသည်။
ကလျာဏီသိမ် သမုတ်ခဲ့သည့် ဓမ္မစေတီမင်း၏ ကျောက်စာများလည်း သိမ်ဝင်း အရာမ်အတွင်း ကျောက်စာရုံ၌ ရှိလေသည်။ (ဘုရားစေတီ သမိုင်း ပေါင်းချုပ်)
ကလိမ်စေ့ ငြမ်းဆင်
စေတီပုထိုး အဆောက်အအုံများကိုသာ ငြမ်းဆင်ရမြဲ ဖြစ်သည်။ ကလိမ်စေ့သည် ငြမ်းဆင်ရသော အရာ မဟုတ်။ ထိုသို့ မဟုတ်ပါဘဲလျက် ကလိမ်စေ့ကို ငြမ်းဆင်သည်ဟု ဆိုသကဲ့သို့ ယုတ္တိ မတန်သော စကားကို လှည့်ပတ် ပြောဆိုသည်။
"အဘိုးအိုမှာ အရက်သမားတို့၏ ကလိမ်စေ့ ငြမ်းဆင်ကာ ယုတ်မာပုံကို...၊ ခေါင်းတခါခါနှင့် ရှင်းလင်းနေပါသည်။" [၁၃၁၉] မြ၀တီ၊ ၅၊ ၃။ ၂၂၆။ (မြန်မာစကားပုံ)
(ကာ)
ကာရိုလိုင်းကျွန်းစု (CAROLINE)
တည်နေရာ - ပစိဖိတ်သမုဒ္ဒရာအတွင်း သြစတြေးလျတိုက် အရှေ့မြောက်ဖက်၊ ဟ၀ိုင်အီကျွန်း၏အရှေ့တောင်ဘက်တွင် တည်ရှိသည်။
အကျယ်အ၀န်း - စတုရန်းမိုင် ၄၆၁၊
လူဦးရေ - ၃၅၁၁၉။
မြို့တော် - ဂူအမ်(Guam)။
အုပ်ချုပ်ရေး - အမေရိကန် ထိန်းသိမ်းစောင့်ရှောက်ထားသော ကျွန်းစုဖြစ်သည်။ မဟာမင်းကြီး အုပ်ချုပ်သည်။
ဘာသာစကား - မိုက်ကရိုနီးရှ ဘာသာစကားများ၊ မလေး-ပိုလီနီးရှဘာသာများ။
ကိုးကွယ်မှု - ပရိုတက်စတင့်နှင့်ရိုမင်ကက်သလစ်ခရစ်ယာန်ဘာသာ၊ လူမျိုးစုကိုးကွယ်မှုများ။
သုံးငွေစံနစ် - အမေရိကန်ဒေါ်လာ။
ပဓာနထွက်ကုန် - အုန်းသီးဆံခြောက်၊ ပေါင်မုံ့သီး၊ ပိန်းဥ၊ ကန်စွန်းဥ၊ ၀က်၊ ကျွဲနွား၊ ကြက်ငှက်၊ ငါး၊ ဖော့စဖိတ်။ (ကမ္ဘာ့နိုင်ငံများ အဘိဓာန်)
(ကား)
ကားတစ်-လီယွန်နယ် (Lionel Curtis)
ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို စတင်တီထွင် ချမှတ်ပေးသူ ပုဂ္ဂိုလ် ဖြစ်သည်။ (နှစ် ၂၀၀ မြန်မာနိုင်ငံသမိုင်း အဘိဓာန်)
(ကိ)
(ကီ)
(ကီး)
(ကု)
ကုလသမဂ္ဂ
၁၉၄၅ ခုနှစ်၊ ဧပြီလ(၂၅) ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့ထိ ဆန်ဖရန်စစ္စကိုမြို့တွင် နိုင်ငံပေါင်း ၅၀ မှ ကိုယ်စားလှယ်များသည် အဖွဲ့၏ စည်းမျဉ်းကို ရေးဆွဲပြီး ဇွန်လ (၂၆)ရက်နေ့တွင် ကုလသမဂ္ဂကို ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂ ဆိုသော အမည်ကို အမေရိကန် သမ္မတကြီး ရုစဘဲက ပေးခဲ့၏။ (ဗဟုသုတ ဒိုင်ယာရီ-၂)
ကုလား ဗမာ အဓိကရုဏ်း
(၁)ပထမအဓိကရုဏ်း
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို စတင် သိမ်းပိုက်သည့်အချိန်မှစ၍ အိန္ဒိယအမျိုးသားများကို မြန်မာနိုင်ငံတွင်းသို့ ခေါ်ယူ တင်သွင်းခဲ့၏။ စီးပွားရေးလောက အလုပ်သမား လောကများတွင် တွင်ကျယ်စေခဲ့၏။ ကုလားအလုပ်သမားများမှာ မြန်မာ အလုပ် သမားများထက် လုပ်အား ဈေးပေါရကား လန်ခြားဆွဲ အလုပ်မှစ၍ ရန်ကုန် ဆိပ်ကမ်းလုပ်ငန်းအထိ ကုလားအလုပ်သမားများသာ လွှမ်းမိုးကြီးစိုးခဲ့၏။
ရန်ကုန်ဆိပ်ကမ်းရှိ သင်္ဘောကြီး ကုန်တင်ကုန်ချ အလုပ်သမားများမှာ တေလဂူခေါ် ကော်ရင်ဂျီကုလားများ ဖြစ်ကြ၏။ ထိုလုပ်ငန်းမှာ ပင်ပန်းသော်လည်း တနေ့အတွက် ၁ိ/ဂဲသာ ရကြသည်။ ထို့ကြောင့် နေထိုင်စားသောက်မှု အခြေအနေ သက်သာစေရန် ၁၉၃၀ ခုနှစ် မေလဆန်းတွင် ကုလားအလုပ်သမားများက ဗြိတိသျှ အရင်းရှင် အာဏာပိုင်များထံ တနေ့ ၂ိ နှုန်းအထိ တိုးပေးရန် တောင်းဆို သည်။ အရင်းရှင်တို့က မလိုက်လျောသောအခါ အလုပ်သမားများက သပိတ်မှောက်လိုက်ကြ၏။ ထိုအခါ မျက်နှာဖြူ အရင်းရှင်တို့ သည် သွေးခွဲဝါဒကို လက်ကိုင်ထားပြီး ကုလား အလုပ်သမားများနေရာ၌ မြန်မာအလုပ်သမား ၂၀၀၀ ခန့်ကို တနေ့ ၁ိ/ဂဲ နှုန်းဖြင့် အစားထိုး ခန့်ထားကာ ကုလားအလုပ်သမားများကို အလုပ်ဖြုတ်ပစ်လိုက်သည်။ ကုလားအလုပ်သမားများက ဗမာများကြောင့် သူတို့ အလုပ်ပြုတ်ရသည်ဟု အယူရှိပြီး ဗြိတိသျှ အရင်းရှင်များထံ ၁ိ/၁၂ဲ နှုန်းထိ တိုးပေးရန် တောင်းပန်ကြသည်။ ထိုအခါ အရင်းရှင်တို့က ခန့်ထားပြီးသော ဗမာအလုပ်သမားကို အလုပ်မှ ထုတ်ပစ်ပြီး ကုလားအလုပ်သမားများကို ပြန်လည် ခန့်ထားလိုက်  သည်။ ထိုအခါတွင်မှ ဗမာအလုပ်သမားများသည် ကလိန်ကျသော ဗြိတိသျှ အရင်းရှင်များနှင့် ကုလား အလုပ်သမားများအပေါ် စိတ် နာကြည်းလာကြ၏။ ဗြိတိသျှ အရင်းရှင်တို့၏ သွေးခွဲစနစ်ကြောင့် ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်လာရသည်။
၁၉၃၀ ခု၊ မေလ၊ ၂၆ ရက်တွင် ဗိုလ်တထောင် ဆိပ်ကမ်း၌ ကုလားအလုပ်သမားအချို့နှင့် ဗမာအလုပ်သမားအချို့ အချင်းဖြစ်ပွားကြ ၏။ ဗမာအလုပ်သမားများကို ကုလားအလုပ်သမားက ရိုက်ကုန်ပြီဟု သတင်းပျံ့သွားပြီး ဗမာရပ်ကွက်များမှ ဗမာများ စုရုံးပြီး ဗိုလ်တထောင် ဆိပ်ကမ်းရှိ ကုလားအလုပ်သမားများကို ရိုက်ကြ၏။ ထိုနောက် ရန်ကုန်မြို့တွင်းရှိ ကော်ရင်ဂျီ ကုလားများကို ရှာဖွေ ရိုက်နှက်ကြပြန်၏။ နောက်တနေ့တွင် ကျူလယာကုလားများနှင့် ဟိန္ဒူကုလားများသည် ကော်ရင်ဂျီကုလားများဘက်က ပါလာရာ မြင်သမျှ ကုလားနှင့် ကုလားပစ္စည်းများကို ရိုက်နှက်ဖျက်ဆီးကြတော့သည်။ ဤတွင် အစိုးရက မာရှယ်လော ထုတ်ပြန်၏။ ကုလား-ဗမာ ခေါင်းဆောင်များလည်း နှစ်ဖက် ကြေအေးရန် မေတ္တာရပ်ခံကြရ၏။ အခြေအနေမှာ တဖြည်းဖြည်း အေးငြိမ်းသွား၏။ အဓိကရုဏ်းတွင် မြန်မာ အနည်းငယ် သေပြီး ကုလား ၂၅ ယောက်ခန့် သေ၍ ၂၅၀၀ ခန့် ဒဏ်ရာရသည်ဟု အစိုးရ အစီရင်ခံစာက ဖော်ပြသည်။ ဤအဓိကကရုဏ်းကို အကြောင်းပြု၍ ကုလား ၁၅၀၀ ခန့် အိန္ဒိယသို့ ပြန်သွားသည်။ ထိုနှစ်မှစ၍ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသော ကုလားအရေအတွက် သိသိသာသာ လျော့နည်းသွားသည်။
(၂)ဒုတိယအဓိကရုဏ်း
၁၉၃၈ ခု၊ ဇန်န၀ါရီလ၊ ၈ ရက်နေ့တွင် အလုပ်သမား ၉၅ ရာခိုင်နှုန်း ပါဝင်သော ရေနံမြေသပိတ်ကြီး ပေါ်ပေါက်လာ၏။ ဗြိတိသျှ အစိုးရသည် ထိုသပိတ်ကြီးကို အာရုံလှီးလွှဲရန်အတွက် ကုလား-ဗမာ အဓိကရုဏ်းကို ဖန်တီးခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ရွှေဘိုခရိုင် မြေဒူးမြို့မှ ကိုရွှေဖီဆိုသူ မူစလင်အမျိုးသားတဦးသည် မော်လ၀ီနှင့်ယောဂီ ဆိုသော စာအုပ်ကို ရိုက်နှိပ် ထုတ်ဝေခဲ့၏။ ထိုစာအုပ်တွင် ဗုဒ္ဓဘာသာကို ထိခိုက်စေသော အသုံးအနှုန်းအကြောင်း အချက်များ ပါဝင်ရာ ထိုစဉ်ကပင် ဗမာလူထု က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သဖြင့် ဗြိတိသျှအစိုးရက ထိုစာအုပ်ကို ပိတ်ပင်ခဲ့ရသည်။ ယခု ၁၉၃၇ ခု၌ ထပ်မံ ပုံနှိပ်ထုတ်ဝေ ပြန်ရာ ရဟန်းရှင်လူအများ ဆူပူသွား၏။
၁၉၃၈ ခု၊ ဇူလိုင်လ၊ ၂၆ ရက်နေ့တွင် ရွှေတိဂုံစေတီတော် ခြေရင်း၌ လူထုကန့်ကွက်ပွဲ ကျင်းပသည်။ ထိုနောက် ဘုန်းကြီးများ ခေါင်းဆောင်၍ ဘုရားလမ်းအတိုင်း တောင်ဖက်သို့ ချီတက်ဆန္ဒပြရာ သိမ်ကြီးဈေး အရောက်တွင် ပုလိပ်တို့က တားဆီးရာမှ အဓိကရုဏ်း စတင်ဖြစ်ပွားသည်။ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဆွမ်းခံကြွလာသော ဘုန်းကြီးတပါးကို ကုလားတဦးက ဓားနှင့် ခုတ်လွှတ်လိုက်သည်မှ အစပြုပြီး ကုလား ဗမာ အဓိကရုဏ်းသည် ထိန်းသိမ်း၍ မရသောအခြေသို့ ရောက်သွား၏။ နယ်များ သို့ပါ ပျံ့နှံ့သွားသည်။ ရန်ကုန်မြို့၌ သြဂုတ်လ ၁ ရက်နေ့တွင် အခြေအနေကို စတင်၍ ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် စက်တင်ဘာ ၂ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ ဖြစ်ပွားပြန်ရာ စက်တင်ဘာလ ၈ ရက်နေ့အထိ ကြာခဲ့၏။ ထိုအဓိကရုဏ်း၌ ဒဏ်ရာရသူ ပေါင်း ၈၁၈ ယောက် ဖြစ်၍ သေဆုံးသူမှာ ၁၆၅ ယောက် ဖြစ်သည်။ ပုလိပ်လက်ချက်ကြောင့် ဒဏ်ရာရသူမှာ ၁၀၈ ယောက် ဖြစ်၍ ၅၅ ယောက် သေသည်။ သေသူ ၅၅ ယောက်တွင် ဗမာ ၅၂ ယောက်၊ ကုလား ၃ ယောက် ဖြစ်သည်။ [ပါမောက္ခ ကယ်ဒီ၏အဆိုအရ အဓိကရုဏ်း သေဆုံးဒဏ်ရာရသူ ပေါင်း ၁၀၈၄ ယောက်၊ ထိုအထဲတွင် ကုလား ၁၉၂ ယောက် သေ ၍ ၈၇၈ ယောက် ဒဏ်ရာရသည်၊ ဤစာရင်းတွင် မပါသော ပုလိပ်လက်ချက်ကြောင့် သေဆုံးဒဏ်ရာ ရသူပေါင်း ၁၇၁ ယောက်တွင် ဗမာ ၁၅၅ ယောက် ဖြစ်သည်။] ဤစာရင်းများက ဤအဓိကရုဏ်းတွင် ဗြိတိသျှ အစိုးရသည် ကုလားထက် မြန်မာကို ပို၍ ဖိနှိပ် ကြောင်း ပြသနေသည်။ (နှစ် ၂၀၀ မြန်မာနိုင်ငံသမိုင်း အဘိဓာန်)
ကုသိုလ်တော် စေတီတော် (မန္တလေးမြို့)
ကုသိုလ်တော် စေတီတော် (မဟာလောက မာရဇိန်)မှာ မန္တလေး တောင်ခြေ အရှေ့တောင်ဖက်တွင် ကျိန်းဝပ် တော်မူလေသည်။
သက္ကရာဇ် ၁၂၂၁ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့ ညဥ့် ၂ ချက်တီးကျော်တွင် မန္တလေးမြို့တော်ကို ပန္နက်ချ ရာတွင် တပြိုင်တည်း အုတ်မြစ် ပန္နက်ချသော ၇ ဌာနအနက် (၇-ဌာနကား မြို့တော်၊ ကျုံးတော်၊ မဟာလောက မာရဇိန် စေတီတော်၊ သိမ်တော်ကြီး၊ မဟာအတုလ ဝေယန် ကျောင်းတော်၊ ပိဋကတ်တိုက်တော်၊ သုဓမ္မာ စရပ် တော် တို့ဖြစ်သည်။) မဟာလောက မာရဇိန် စေတီတော်လည်း ပါဝင်လေသည်။ ထိုနောက် ကဆုန် လဆုတ် ၆ ရက်နေ့တွင် ၇ ဌာနကို အုတ်စီ ခင်းရလေသည်။
မင်းတုန်းမင်းကြီး စေတီတော် တည်သည့်ကာလတွင် သီဟိုဠ်ကျွန်း ကဏ္ဏတိတ္ထမြို့မှ ရဟန်းတော် နှစ်ပါး သိမ် ကိစ္စ ၀ါဒကွဲပြားသဖြင့် ဆုံးဖြတ်ခံရန် မန္တလေး နေပြည်တော်သို့ ကြွချီလာရာ ရဟန်းတော်များ အပြန်တွင် အတွင်းတော်မြဲ ဦးကြီး၊ ဥပုသ်တော်ခေါင်း ဦးမွှေးနှင့် ဦးအောင်ထွန်းတို့ကို သီဟိုဠ်ကျွန်းသို့ စွယ်တော်ပင့် ထည့် လိုက်၍ စွယ်တော်ပွား တဆူ ပင့်ဆောင်လာခဲ့သဖြင့် ၁၂၂၃ ခုနှစ်၊ တပေါင်း လဆုတ် ၁ ရက်နေ့တွင် စေတီ တော်၌ ဌာပနာလေသည်။ ရတနာ စေတီများနှင့် ဓာတ်တော်များ၊ ဗောဓိရွက် စသည်တို့ကိုလည်း ဌာပနာလေ သည်။
၁၂၂၄ ခုနှစ်၊ ၀ါဆိုလတွင် မဟာရံတန်တိုင်း ၃ ထပ်နှင့် စေတီတော်ကြီး ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့တွင် ထီးတော် တင်ကာ မဟာလောက မာရဇိန် စေတီတော်ဟူ၍ ဘွဲ့သမုတ်လေသည်။ ထိုနောက် မင်းတုန်းမင်းကြီး သည် ၁၂၃၃ ခုနှစ်တွင် ပဉ္စမ သင်္ဂါယနာ တင်တော်မူရာ ၁၂၂၂ ခုနှစ်၊ ကဆုန် လဆန်း ၁ ရက်နေ့က စတင် ထု လုပ်ခဲ့သော ပိဋကတ် ကျောက်စာချပ်များကို စေတီတော်၏ ပထမ၊ ဒုတိယ၊ တတိယ တန်တိုင်းအတွင်း၌ ဂူ စေတီများ တည်၍ သွင်းနှံ စိုက်ထူခဲ့လေရာ ကျောက်စာချပ်နှင့် စေတီ ၇၂၉ ဆူ ရှိလေသည်။
စေတီတော်မှာ ဉာဏ်တော် ၅၁ တောင်၊ ၁ မိုက်၊ ၄ သစ်။ ဖိနပ်တော်အခင်း ၆၅ တောင် ရှိ၍ ၃ နှစ်ကြာ တည်ခဲ့ရလေသည်။ အနောက်မျက်နှာ၊ မြောက်မျက်နှာတို့တွင် မူလတည်စက အုတ်စရပ် ၃၆ ဆောင်ပါ ဆောက်လုပ်ထားခဲ့၍ ယခုအခါ ပျက်စီး ပျောက်ကွယ်ခဲ့လေသည်။ (ဘုရားစေတီ သမိုင်း ပေါင်းချုပ်)
ကုသိုလ်တပဲ ငရဲတပိဿာ
ကုသိုလ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကုသိုလ်များစွာ ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကျိုးထက် အပြစ်က များစွာ ပိုဖြစ်သည်။
"စာစကား ပြောရာ၌ ရန်ပွဲပမာ ဖြစ်နေလျှင် ကုသိုလ်တပဲ ငရဲတပိဿာ ဟူသကဲ့သို့ ဖြစ်တတ်ပေတယ်။" [၁၂၈၀-ခန့်] ထိ လက်စွဲ။ ဒု။ ၆။
"ဒေါသတွေက တလူလူ လွှမ်းမိုး၍... ကုသိုလ်တပဲ ငရဲတပိဿာ ဆိုတာလို ဖြစ်တတ်သည်ကိုလည်း သတိပြုရာသည်။" [၁၃၁၆] ၀ိသာခါ။ ၁၀၂။ (မြန်မာစကားပုံ)
ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့်
ကုသိုလ်ကံ ဖန်နတီး ပေးသူအဖို့ ဘုံဗိမာန်အသင့် ဖြစ်နေသကဲ့သို့ ကံကောင်းသူအဖို့ အရာရာမှာ အဆင်သင့်ဖြစ်နေတတ်သည်။
"စည်းစိမ်ကြီးပုံ များကလည်း တာဝတိံဘုံဖျားက ကုသိုလ်ရှင်နတ်သားတို့နှင့် မခြားမနား ဖြစ်နေသတဲ့။ ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့် ဆိုတဲ့စကားဟာ လွန်စွာ မှန်တာပေါ့" [၁၂၇၈] သာရီ၊ ဆ။ ၂၄။
"ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့် ဆိုတဲ့အတိုင်း ကုသိုလ်ရှင်တဦး ပုဂ္ဂိုလ်ထူးဖြစ်တဲ့အတွက် ဖြစ်လေရာ ဘ၀မှာ အစစအရာရာ သူတပါးတို့ထက် သာလွန်တာပေါ့" [၁၂၈၈] ဒဂုန်၊ ၆၊ ၇၁။ ၄၃။ (မြန်မာစကားပုံ)
ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ
ကောင်းသော အသက်မွေးမြူခြင်းဖြင့် ကုသိုလ်လည်း ရ၊ ၀မ်းလည်း ၀သကဲ့သို့ ကောင်းသော အမှုကို သူတပါးအတွက် စေတနာ ကောင်းနှင့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိအကျိုးလည်း တပါတည်း ပြည့်စုံသည်။
"ကုသိုလ်လည်း ရ၊ ၀မ်းလည်း ၀ ဆိုသကဲ့သို့ ဆေးဆရာဝန် လုပ်ရန် သန္နိဋ္ဌာန် ချပြီးလျှင်..." [၁၂၈၈] ဒဂုန်၊ ၆၊ ၇၁။ ၆၅။ (မြန်မာစကားပုံ)
(ကူ)
ကူဝိတ်နိုင်ငံ (KUWAIT)
တည်နေရာ - အာရေဗျကျွန်းဆွယ် အရှေ့မြောက်ပိုင်း၊ ပါရှင်ပင်လယ်ကွေ့ အနောက်မြောက်ဖက် ကမ်းခြေတွင် တည်ရှိသည်။ အီရတ်နိုင်ငံ အရှေ့တောင်ဘက်၊ ဆော်ဒီအာရေဗျနိုင်ငံ အရှေ့မြောက်ဖက်တွင် ရှိသည်။
အကျယ်အ၀န်း - စတုရန်းမိုင် ၈၀၀၀။
လူဦးရေ - ၃၂၁၆၂၁။
မြို့တော် - အဲလ်ကူဝိတ်မြို့ (Alkuwait)။
အုပ်ချုပ်ရေး - ရှိတ်ဘုရင် အုပ်ချုပ်သော သီးခြားလွတ်လပ်သည့်နိုင်ငံ ဖြစ်သည်။
ဘာသာစကား - အာရေဗျစကား။
ကိုးကွယ်မှု - မူစလင်။
သုံးငွေစံနစ် - ကူဝိတ်ဒိုင်ယာနာငွေ။
ပဓာနထွက်ကုန် - ရေနံ၊ သင်္ဘော၊ ပုလဲ၊ သားရေ၊ သိုမွှေး။
၁၉-၆-၁၉၆၁ နေ့တွင် လွတ်လပ်သည်။
၁၄-၅-၁၉၆၃ နေ့တွင် ကုလသမဂ္ဂသို့ ၀င်ခဲ့သည်။ (ကမ္ဘာ့နိုင်ငံများ အဘိဓာန်)
(ကူး)
(ကေ)
(ကဲ့)
(ကယ်)
(ကဲ)
(ကော့)
(ကော်)
(ကော)
(ကို့)
(ကို)
(ကိုး)
(ကက်)
(ကောက်)
(ကိုက်)
(ကင်)
ကင်ဆာရောဂါ
အမျိုးအစား                     ကု၍ပျောက်နေသည့်ရာခိုင်နှုန်း
၁။ အရေပြားဆင်ဆာ               ၈၅ ရာခိုင်နှုန်း ကု၍ပျောက်သည်။
၂။သားအိမ်ကင်ဆာ                 ၃၀    ။
၃။အူမကြီးကင်ဆာ                  ၂၅    ။
၎။သားမြတ်ကင်ဆာ                 ၃၅    ။
၅။လည်ချောင်းကင်ဆာ             ၄၀     ။
၆။ပါးစပ်ကင်ဆာ                     ၃၅     ။
၇။အစာအိမ်ကင်ဆာ                 ၅      ။
၈။အဆုတ်ကင်ဆာ                   ၅     ။
ကင်ဆာရောဂါသည် အများအားဖြင့် လူလတ်နှင့်လူကြီးပိုင်းတွင် ဖြစ်ပွားတတ်သည်။ ကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ (Cells) ခေါ် အခြေခံ ဓာတ်ခန်းကလေးများ မူလသဘာဝမှ ဖောက်ပြန် ပျက်စီး၍ ပွားချင်သလို ပွားလာရာမှ ဖြစ်ပေါ်လာသော ရောဂါ ဖြစ်သည်။
ကင်ဆာဖြစ်၍ အသေအပျော် အများဆုံးမှာ မိန်းမတွင် သားမြတ် ကင်ဆာဖြစ်ပြီး ယောက်ျားတွင် အဆုတ်ကင်ဆာ ဖြစ်သည်။ ကင်ဆာရောဂါ ပထမဆုံး ဖြစ်ရာ နေရာသည် အများအားဖြင့် အစာအိမ်နှင့် အူချောင်း ဖြစ်သည်။
မိန်းမတွင် သားအိမ်နှင့် ယောက်ျားတွင် သုတ်အိမ်တို့မှာ ကင်ဆာဖြစ်ရာ၌ ဒုတိယလိုက်၍ သားမြတ်သည် တတိယ လိုက်သည်။
ကင်ဆာ ဖြစ်ရသောအကြောင်းရင်းကို အတိအကျ မပြောနိုင်သေးသော်လည်း ခိုင်လုံသော ယူဆချက်များမှာ-
(၁)ဓာတုဗေဒ ဆေးဝါးများနှင့် အချိန်ကြာမြင့်စွာ လက်ပွန်းတတီး နေလာရသူများ၊
(၂)အပူနှင့် အချိန်ကြာမြင့်စွာ နေခဲ့ရသူများ၊
(၃)မောပန်း လှုပ်ရှားရသည့် အလုပ်များကို အချိန်ကြာမြင့်စွာ လုပ်ကိုင်လာရသူများ၊
(၄)နေရောင် အလွန်အကျွံ မိခြင်း၊
(၅)ဓာတ်မှန် ကြိမ်ဖန်များစွာ ရိုက်ခြင်း၊
(၆)ရောင်ခြည်ထွက် အနုမြူ ရေဒီယိုအက်တစ်ဓာတ်များ ထိခြင်း၊
စသည်တို့ကြောင့် ကင်ဆာ ဖြစ်နိုင်သည်။ ကင်ဆာသည် ကူးစက်တတ်ခြင်း မရှိပေ။
ကင်ဆာကုနည်း ၃ မျိုး
(၁)ခွဲစိတ်ကုသခြင်း၊
(၂)အိတ်စရေး ဓာတ်မှန်ရောင်ခြည်ထိုး၍ ကုသခြင်း၊
(၃)ရေဒီယံဓာတ် သွင်း၍ ကုသခြင်း။
ရန်ကုန်ဆေးရုံကြီး၌ ကင်ဆာရောဂါကို ကိုဘေလ်တ် "၆၀" ရောင်ခြည်ထွက် အနုမြူမှ လာသော ရောင်ခြည်ကို ပြင်ပက ပေး၍ ရေဒီယံဓာတ်ကို ခန္ဓာတွင်း သွင်း၍ ကုသသည်။
ကင်ဆာဖြစ်တတ်သော လက္ခဏာများ
၁။ပါးစပ်၊ လျှာ၊ နှုတ်ခမ်း အနီး ပတ်ဝန်းကျင်တို့၌ အနာပေါက်လာပြီး ထိုအနာသည် မည်သည့် ဆေးနှင့်မျှ မပျောက်ဘဲ နေခြင်း။
၂။ရင်ဘတ်၊ သားမြတ်နှင့် အခြားနေရာများ၌ နာကျင်ခြင်း လုံးဝမရှိဘဲ ခပ်မာမာ အသားပြင်တခု ပေါ်လာခြင်း။
၃။ဒွါရ ကိုးပေါက်တနေရာမှ သွေးစ သွေးနများ ထွက်လာခြင်း။
၎။မှဲ့ ကြွက်နို့များ ရှိလျှင် ၄င်းတို့သည် အရွယ်အကြီးအသေး၊ ပြောင်းလဲ လာခြင်း သို့မဟုတ် အရောင်ပြောင်းလာခြင်း။
၅။အစာမျိုမရ၊ အစာမကြေ တာရှည် ဖြစ်လျှင်။
၆။ချောင်းဆိုးခြင်း၊ အသံတွဲခြင်း တာရှည်လာလျှင်။
၇။ဝမ်းသွားချိန် ပြောင်းလွဲလာလျှင် စသည်တို့ ဖြစ်၏။
ကင်ဆာရောဂါကို ပျောက်နိုင်သည်ဟု မျှော်မှန်းထားသည့် ရာခိုင်နှုန်း-
၁။အရေပြားကင်ဆာ   ၉၅ ရာခိုင်နှုန်း
၂။သားအိမ်ကင်ဆာ    ၇၀  ။
၃။အူမကြီးကင်ဆာ     ၇၀  ။
၎။သားမြတ်ကင်ဆာ    ၇၀ ။
၅။လည်ချောင်းကင်ဆာ  ၆၅  ။
၆။ပါးစပ်ကင်ဆာ         ၃၅   ။
၇။အစာအိမ်ကင်ဆာ    ၆၀   ။
၈။အဆုတ်ကင်ဆာ      ၅၀  ။          (ဗဟုသုတ ဒိုင်ယာရီ-၁)
(ကင်း)
(ကောင့်)
(ကောင်)
(ကောင်း)
(ကိုင်)
(ကိုင်း)
(ကစ်)
(ကတ်)
(ကိတ်)
(ကုတ်)
(ကန့်)
(ကန်)
ကန္တာရ၀တီကယားပြည်
မနောကြည်မြစရာ လောပီတအမည်တွင်ကာ ရေတံခွန် အဆင့်ဆင့် ထူးတင့်ကျက်သရေဖြာ သာယာတင့်ဆန်း ရေမျှင်တန်းများ စီးကြသွယ်သွယ်ဖြာ၊ ရှုမငြီးပါ(ကယား)၂။ တို့ပြည်နယ်မှာ။
(ကယားပျိုဖြူ သဘာဝသွေးနဲ့ ကညာအလှလေးတွေလဲ တွေ့မြင်ရတာ နှုတ်ခမ်းနီ ပါးနီမခြယ်သဘဲ တကယ်လှတဲ့ သူတို့ရဲ့ရူပကာ)၂ ငွေတောင်တွေကြားမှာ ရိုးသား စဉ်လာ ဖြောင့်မတ်စွာမှာ နောင်အမြဲစဉ်မကွာ ရွှင်ရွှင်လန်း တောင်ကွဲစေတီ လန်းပန်းရေးချမ်းနဲ့ ဆီမီးတွေလှူကာ ရည်စူးပူဇော်တာ တသွင်သွင်စီးကာ မြို့လယ်ကို ဖြတ်ကာသာဘဲ အေးမြကြည်လင်ပါတဲ့။
သံပြိုင်။ (ဘီလူးချောင်းကြီးက စီးကျသွယ်ဖြာ တနည်းပလွန်သာယာ၊ လွမ်းဖွယ်များတဲ့ ကယားတို့ပြည်ရွာ လွိုင်ကော်မြို့တော်မှာ)၂။ ပျိုပျိုမေချောတို့မှာ ခေါင်ခေါင်ရေပေါလှတာ ပေါပေါလှတာ ဖေါ်ဖေါ်ရွေရွေ မနောစိတ်ဖြာ၊ သဘောကောင်းလှတာ ရွှင်ချိုချို မျက်နှာထား တဖက်သားရဲ့အပေါ်မှာ စိတ်ထားမှာ ဖြူစင်လှတာ မေ့မရနိုင်ပါ ကန္တာရ၀တီ ကယားတို့ဌာနီမှာ။ (ရေး-ကမ္ဘောဇမောင်မောင်လွင်)
(ကန်း)
(ကိန်)
(ကိန်း)
(ကုန်)
(ကုန်း)
(ကပ်)
(ကိပ်)
(ကုပ်)
(ကံ့)
(ကံ)
ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့
ကံကောင်းသော ကျားသည် သွားရင်း လာရင်း မမျှော်လင့်ဘဲ သမင်နှင့် ပက်ပင်းတိုး၍ သမင်သား စားရသကဲ့သို့ ကံကောင်းသူသည် မမျှော်လင့်ဘဲ အခွင့်ကောင်းနှင့် ကြုံတွေ့ရသည်။ (ကံကောင်းတဲ့ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ - ဟူ၍ လည်း အသုံးရှိသည်။)
"ကံကောင်းတဲ့ကျား လမ်းသွားရင်း သမင်နဲ့တွေ့ ဆိုသလို မုဆိုးဖိုညွန့်တင်မှာ ထားရီအနီးမှ မခွာချင်သည်နှင့် အဆင်သင့်ပင်..." [၁၂၉၉]ဒဂုန်၊ ၂၀၇။ ၂၁၈။
"ကံကောင်းတဲ့ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ ဆိုသလို ငါကိုယ်တော်မင်းသား စဉ်းစားတိုင်း ၀မ်းမြောက်တော်မူလှချည်ရဲ့။" [၁၂၉၇]ဒဂုန်၊ ၁၆၊ ၁၈၁။ ၂၁၆။ (မြန်မာစကားပုံ)
ကပ္ပ
ကပ်ကမ္ဘာ။
ကပ်လေးမျိုးရှိသည်။
(၁)သံဝဋ္ဋကပ်=ပျက်နေသောကမ္ဘာ၊
(၂)သံဝဋ္ဋဌာယီကပ်=အပျက်အတိုင်း တည်နေသောကမ္ဘာ၊
(၃)၀ိဝဋ္ဋကပ်=ပြန်၍ ဖြစ်ပေါ်နေသောကမ္ဘာ၊
(၄)၀ိဝဋ္ဋဌာယီကပ်=ဖြစ်ပြီးတည်နေဆဲကမ္ဘာ။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက် (၁၉၅၄-ခုနှစ်အထိ)
အမေရိကန်ကွန်ဂရက် စာကြည့်တိုက်သည် မြေဧက အကျယ်အ၀န်းသည် ၃၆ ဧက ကျယ်ဝန်း၍ စာအုပ်စင်တန်းကို ဆန့်လိုက်ပါက ၂၅၀ မိုင်မျှ ရှည်လျားပြီး စာအုပ်မျိုးပေါင်း (၃၁)သန်း စုဆောင်းထားရှိပြီး ဖြစ်သည်။ (ဗဟုသုတဒိုင်ယာရီ-၁)
ကမ္ဘာ့ မဟာပထ၀ီ မြေအထု
ကမ္ဘာ့ ပထ၀ီ မြေအထုသည် ယူဇနာ နှစ်သိန်း လေးသောင်း အထု ရှိသည်။ ကမ္ဘာမြေကို ခံသော ရေ၏အထုမှာ ယူဇနာ လေးသိန်း ရှစ်သောင်း အထု ရှိလျက် ထိုရေထုကို ခံသော လေထုမှာ ယူဇနာ ကိုးသိန်း ခြောက်သောင်း ရှိသည်။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာတခု ကပ်လေးခု
ကမ္ဘာ ပြုသည်မှ ပျက်သည်ထိ ဖြစ်ပေါ်သော ကပ်လေးပါး ရှိသည်။ ထို့ကြောင့် ကမ္ဘာတခု ကပ်လေးခုဟု ဆိုသည်၊ လေးကပ်တွင် တကမ္ဘာ ဖြစ်သည်။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာ့ သက်တမ်း အပိုင်းအခြား
၁။သံဝဋ္ဋကပ် - ကမ္ဘာပျက်မိုး ရွာသည်မှ မီးလျှံ ပြတ်စဲသည်ထိ။
၂။သံဝဋ္ဋဌာယီကပ် - မီးလျှံ ပြတ်စဲသည်မှ ကမ္ဘာပြုမိုး ရွာသည်ထိ။
၃။ဝိ၀ဋ္ဋကပ် - ကမ္ဘာပြုမိုး ရွာသည်မှ နေ လ ပေါ်သည်ထိ။
၎။ဝိ၀ဋ္ဋဌာယီကပ် - နေလ ပေါ်သည်မှ တဖန် ကမ္ဘာပျက်မိုး ရွာသည်ထိ။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာအပြား နှစ်ပါး
ဖြစ်တည်ပြီး ကမ္ဘာကို ဘုရားပွင့်သော ကမ္ဘာ၊ မပွင့်သော ကမ္ဘာ အားဖြင့် နှစ်မျိုး ခွဲခြားသည်၊ ဘုရား ပစ္စေကဗုဒ္ဓါ တို့ မဖြစ်ပွင့်သော ကမ္ဘာသည် (သုညကမ္ဘာ)၊ ဘုရား ပစ္စေကဗုဒ္ဓါတို့ ပွင့်သော ကမ္ဘာမှာ (အသုညကမ္ဘာ) ဖြစ်သည်။ ဘုရား ပစ္စေကဗုဒ္ဓါတို့ ဖြစ်ပွင့်သော အသုညကမ္ဘာကို ဖြစ်ပွင့်တော်မူသော ဘုရားရှင် အဆူလိုက် အောက်ပါအတိုင်း အသုညကမ္ဘာ ငါးမျိုး ခွဲခြားထားသည်။
၁။သာရကမ္ဘာ=ဘုရားတဆူ ပွင့်သည်။
၂။မဏ္ဍကမ္ဘာ=ဘုရားနှစ်ဆူ ပွင့်သည်။
၃။ဝရကမ္ဘာ=ဘုရားသုံးဆူ ပွင့်သည်။
၎။သာရမဏ္ဍကမ္ဘာ=ဘုရားလေးဆူ ပွင့်သည်။
၅။ဘဒ္ဒကမ္ဘာ=ဘုရားငါးဆူ ပွင့်သည်။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာ ပျက်ခြင်း အကြောင်းရင်း
ကမ္ဘာသူ ကမ္ဘာသားတို့သည် ရာဂ ဒေါသ မောဟ လွန်သဖြင့် ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် တည်းဟူသော ကပ်သုံးပါး အစဉ်အတိုင်း ကျရောက် ပျက်စီးသည်။ ထိုသို့ ပျက်စီးရာ၌-
၁။ရာဂလွန်သဖြင့် တေဇောသံဝဋ္ဋ=မီးဖြင့် ပျက်သည်။
၂။ဒေါသလွန်သဖြင့် အာပေါသံဝဋ္ဋ=ရေဖြင့် ပျက်သည်။
၃။မောဟလွန်သဖြင့် ၀ါယောသံဝဋ္ဋ=လေဖြင့် ပျက်သည်။
ထိုသို့ မီး၊ ရေ၊ လေ တို့ဖြင့် ကမ္ဘာပျက်ရာတွင် ရှေးဦး မီး(၇)ကြိမ်၊ (၇)ကြိမ်ဖျက်သည်။ (၈)ကြိမ်မြောက်၊ (၈)ကြိမ် မြောက်တွင် ရေ တကြိမ်ဖျက်သည်။ နောက်ဆုံး၌ လေ တကြိမ် ဖျက်သည်။ ဤသို့ဖြင့် (၆၄)ကြိမ်တိတိ မီး၊ ရေ၊ လေ တို့ဖြင့် ကမ္ဘာကို ဖျက်သည်။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာပျက်မည့် အကြောင်း သတိပေးခြင်း
ကမ္ဘာပျက်မည်ကို အနှစ်တသိန်းကပင် လူတို့ ကြိုသိသည်ဟု ဆိုသည်။ အကြောင်းမှာ ကာမာဝါစကနတ် အမည်ရှိ လောကဗျူဟာနတ်က နှိုးဆော်သောကြောင့်ဟု ဆိုသည်။ လောကဗျူဟာနတ်သည် ကမ္ဘာပျက်အံ့ မည်ကို အနှစ်တသိန်းမှ ကြို၍ လူတို့အား သတိပေးသည်။ ၄င်းသည် လူအများ မြင်သာရာတွင် ကိုယ်ထင်လျက် "အချင်းတို့… အနှစ်တသိန်း လွန်လျှင် ကမ္ဘာပျက်မည်၊ သူတော်ကောင်း တရားကို ကျင့်ကြလော့" စသည်ဖြင့် ကြွေးကြော်သည်ဟု ဆိုသည်။ (မြန်မာမှု အဘိဓာန်)
 ကမ္ဘာဖျက်မိုး
ကမ္ဘာဖျက်မိုးသည် ကုဋေတသိန်းမျှသော စကြ၀ဠာတိုက်အလုံး တခဲနက် အနှံ့အပြား သည်းထန်စွာ ရွာသွန်း လေသည်။ (စကြ၀ဠာတိုက် တခုသည် အ၀န်းယူဇနာ သုံးသန်း ခြောက်သိန်း တသောင်း သုံးရာ့ ငါးဆယ် ရှိသည်။
ကမ္ဘာပျက်မိုး ရွာပြီးသည်နောက် မိုးသား တိမ်လိပ်များ တခဲနက် အဆိုင်အအုပ် ဖွဲ့နေသော်လည်း ပဲ့တင်ထပ်ထပ် ရိုက်ဟီး ထစ်ချုန်းရုံမျှ ထစ်ချုန်းလျက် မိုးစက်မိုးပေါက် တစက် တပေါက်မျှ မြေသို့ မကျပေ။ မိုးရွာခြင်း အလျဉ်း ပြတ်သည်။ ထိုအခါ၌ ကမ္ဘာမြေတလွှား သက်ရှိသတ္တ၀ါ အားလုံးသည် မီးလွတ်၊ လေလွတ်ရာ အထက်ဘုံများသို့ ရောက်ရှိနေပြီး ဖြစ်သည်။ (အကျယ် - ဒီဃနိကာယ်၊ ၀ိသုဒ္ဓိမဂ်တွင် ရှု)။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာဖျက်သော နေ(၇)စင်း
ကမ္ဘာပျက်ချိန်တွင် နေ(၇)စင်း ထွက်သည်။ နေ(၇)စင်း တကြိမ်တည်း ထွက်သည် မဟုတ်ပဲ တစင်း၊ နှစ်စင်း၊ သုံးစင်း စသည် ဆင့်ကဲဆင့်ကဲ ထွက်သည်။ ထိုသို့ ဆင့်ကဲထွက်ရာ၌ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ပထမ နေတစင်း၏ ထွက်သောအခြေအနေမှာ ယခု ထွက်ရှိသည့်အတိုင်း ပကတိ ဖြစ်သည်။ ထူးခြားချက် မရှိပေ။
၂။နေနှစ်စင်း ထွက်သည့်အခါ မြစ်ငယ် (၅၀၀)နှင့်တကွ ချောင်း မြောင်း အင်းအိုင်တွင်းရှိ ရေများ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်။
၃။နေသုံးစင်း ထွက်သည့်အခါ မြစ်ကြီး (၅)သွယ်၌ ရှိသော ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်။
၎။နေလေးစင်း ထွက်သည့်အခါ အိုင်ကြီး (၇)အိုင်ရှိ ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်။
၅။နေငါးစင်း ထွက်သောအခါ မဟာသမုဒ္ဒရာ အတွင်းရှိ ရေတို့ ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်။
၆။နေခြောက်စင်း ထွက်သောအခါ အလုံးစုံသော စကြ၀ဠာ ကုဋေတသိန်းတို့တွင် အခိုးအလျှံ အတိ ဖြစ်ကုန်သည်။
၇။နေခုနစ်စင်း ထွက်သောအခါ ၂ သိန်း ၄ သောင်း အထုရှိသော မဟာပထ၀ီ မြေကြီးသည် တခဲနက် မီး ဟုန်းဟုန်း တောက်လောင် ကျွမ်းသည်။ မြေကြီး မြင့်မိုရ် သတ္တရဘန် တောင်စဉ်(၇) ထပ်၊ နတ်ပြည် (၆)ထပ်တို့ မှစ၍ ပထမဈာန်သုံးဘုံ တိုင်အောင် လောင်ကျွမ်းသည်။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာပျက်မီး လောင်ပြီး အခြေအနေ
နေခုနစ်စင်း ထွက်၍ ကမ္ဘာပျက်မီး လောင်ပြီးသောအခါ စကြ၀ဠာ တတိုက်လုံးသည် အောက်အထပ် တစပ်တည်း အမိုက်တိုက် လွှမ်းလျက် ရှိသည်။ ထိုနောက် ကမ္ဘာပြုမိုးကြီး သည်းထန်စွာ ရွာလျက် မီးလောင်ရာ ဌာနအားလုံး ရေဖြင့် ပြည့်စေသည်။ (မြန်မာမှု အဘိဓာန်)
ကမ္ဘာတည်ခြင်း
ကမ္ဘာပြုမိုးကြီး ရွာသွန်းပြီးနောက် ဖြစ်ပေါ်လာသော အချင်းအရာများ
၁။ကမ္ဘာပြုမိုးကြီး ရွာသွန်းသဖြင့် ရေထုသည် ဗြဟ္မာ့ဘုံတိုင်အောင် လွှမ်းလျက် တည်သည်၊ ၄င်းရေထုသည် ထိုမှ ဤမှ အချင်းချင်း ပုတ်ခတ်ကြပြီး ရေအလုံး ခိုင်ခန့်လျက် ခန်းခြောက် ပျောက်ပျက်ကုန်ကြသည်။
၂။ထိုကဲ့သို့ ရေများ ခန်းခြောက် ပျောက်ပျက်ကုန်ကြသောအခါ ရေ၏အပြင်၌ ကြာရွက်ကဲ့သို့ အရသာနှင့် ပြည့်စုံသော မြေဆီ မြေနှစ်များ တည်စပြုသည်။
၃။ဤသို့ တည်လာသော အဆင်းအနံ့နှင့် ပြည့်စုံသော မြေဆီနှစ်သည် နတ်သြဇာတမျှ အရသာနှင့်လည်း ပြည့်စုံသည်။
၎။ရေများ ခန်းခြောက် ပျောက်ပျက်ရာတွင် အနည်းငယ်မျှသော ရေတို့ ကြွင်းရစ်သည်၊ ထိုကြွင်းသော ရေဖြင့် (မြေ-ရေ) တည်သည်၊ ထိုသို့ မြေ-ရေ တည်ရာ၌ ဘုရား ဖြစ်ပွင့်ရန် မဟာဗောဓိ ပေါက်ရောက်ရာ အရပ်သည် ရှေးဦးစွာ တည်၍ ကမ္ဘာပျက်သောအခါတွင် လည်း နောက်ဆုံးမှ ပျက်သည်။
၅။မြေ-ရေ တည်ဦး၊ ရှေးဦးက ကောင်းသော မင်္ဂလာပုဗ္ဗနိမိတ်တို့ ထင်ရှားဖြစ်ကုန်သည်၊ ထင်သော နိမိတ်မှာ ဘုရားရှင် အဘယ်မျှ ဤကမ္ဘာတွင် ဖြစ်ပွင့်အံ့သည်ကို ထင်ရှားစေသော ကြာသင်္ကန်း ပေါက်ရောက်ခြင်း ဖြစ်သည်။ (မသိုးသင်္ကန်း - ကြာသင်္ကန်းတွင် ရှု) (မြန်မာမှုအဘိဓာန်)
ကမ္ဘာဦးအစ ကျွန်းကြီး ကျွန်းငယ် ဖြစ်ပေါ်ခြင်း
ကမ္ဘာဦးတွင် နေနှင့်လ ထင်ရှားဖြစ်ပေါ်သော နေ့၌ပင် မြင့်မိုရ် စကြ၀ဠာ ကျွန်းကြီး ကျွန်းငယ်၊ ဟိမ၀န္တာ သမုဒ္ဒရာတို့သည် တပြိုင်နက် ဖြစ်ပေါ်သည်။ ထိုသို့ ဖြစ်ပေါ်သော နေ့မှာ တပေါင်းလပြည့်နေ့ပင် ဖြစ်သည်။
ကမ္ဘာဦးသူ၊ မှောင်မိုက်လူတို့၊ ဦဦသောင်းသောင်း၊ ဆုများတောင်းသော်၊ တပေါင်းမာသ၊ လပြည့်ဝ၌၊ စန္ဒသူရိယာ၊ ရောင်ဝါပလစ်၊ အသစ်စက်စက်၊ ထွက်လပ်သနေ့၊ အရှေ့နှိုးဆော်၊ ညီစေခေါ်သို့၊ ရေပေါ်ဆွဆွ၊ ပုဗ္ဗံလှတို့၊ ထူပထူပါ၊ ခုံတက်ရာကား၊ သေလာပဗ္ဗတ၊ နိန္နနိန္နာ၊ နိမ့်ရရာကား၊ မဟာအဏ္ဏ၀၊ သမသမာ၊ ညီရရာကား၊ လေးဖြာဒီပ၊ ဖြစ်ကြတုံရှောင်း၊ အကြောင်းကြောင်းကို။ (ဘူရိဒတ် ဇာတ်ပေါင်း - ရှင်မဟာရဋ္ဌသာရ)။ (မြန်မာမှုအဘိဓာန်)
ကမ္ဘောဇအလွမ်း
ရေး-အယ်(လ်)ဘရန်ရှောင်(လားရှိုး)
ဆို-၀ီလီကျော်၊ Beat-ရှမ်းရိုးရာ
သာယာပါတဲ့ရှမ်းမောမြေ
ညို့မှိုင်းမှိုင်း တောင်တန်းများကြားဝယ်
နှင်းငွေ့ဝေဆိုင်းနေ
ချယ်ရီဖူးပွင့်ချိန် မောမြေကို
အပြေးကလေး ရောက်နေချင်လှပြီ)၂
ရှမ်းအက ရှမ်းရိုးရာသိုင်းကို
မမြင်ရ အတော်ကြာပြီ
ဒီအချိန်ဆို ချစ်သောနန်းတယောက် မျှော်နေမယ်
ရှမ်းအိုးစည် မောင်းသံ
မောနှမကဟန်တွေ
ထင်ယောင်ကြားမိတယ်လေ
ရေမြေခြားလို့ ဝေးကွာပေမယ့်
ရှမ်းတောင်တန်း မောမြေကို
မေ့မရနိုင်။
ကမ္ဘောဇဌာနေ
(သံပြိုင်) တောင်ကမ္ပါးယံဝိုင်းပတ်ခါနေကာဆီးကာဘဲနေ မှိုင်းမှိုင်း မှုန်ပြာဝေ မောသေလာဘွေ ကမ္ဘောဇရဲ့ မြို့တော်ကြီးပေ ကြည့်ဘွယ်ရှုခင်းတွေ။
(နှင်းမှုန်တွေဝေ သေလာစခန်း တောင်တန်းရပ်မြေ ခိုင်ပန်းရနံ့တွေ ကြိုင်လျှမ်းပျံ့နေ အိုင်စမ်းတ၀ိုက်မလေ မဟော်နန်းမှ မောရှမ်းအလှ သင်းပလိုင်းလေးရယ် ဘေးကလွယ်လို့နေ ကမ္ဘောဇရဲ့ မြို့တော်ဌာနေ)၂။
(လျှိုမြောင်စခန်းမှာလေ နှင်းပန်းသစ်တော် လိမ္မော်နဲ့ အပန်းဖြေ မငြီးခရီးလမ်းတွေ မာလာစုံတဝေေ၀)၂ ချယ်-ချယ်ရီဖူးငုံလွှာလဲ မစဲပွင့်နေ ကမ္ဘောဇရဲ့ရှမ်းဌာနေ...။ (ရေး-ကိုသစ်အောင်)
ကမ္မ
ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စ။
ထိုကံသည်-
၁။အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံနှင့်
၂။အကျိုးမဲ့ကို ဖြစ်စေတတ်သော အကုသိုလ်ကံ ဟူ၍ နှစ်မျိုးရှိသည်။
ထိုကုသိုလ်ကံ, အကုသိုလ်ကံသည်လည်း-
(၁)ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊
(၂)နှုတ်ဖြင့် ပြောဆိုမှု ၀စီကံ၊
(၃)စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ (၃)မျိုး ရှိသည်။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
(ကမ်း)
(ကုံ့)
(ကုံ)
(ကုံး)
(ကျ)
(ကျာ)
(ကျိ)
(ကျီ)
(ကျီး)
(ကျု)
(ကျူ)
(ကျူး)
(ကျေ)
(ကျေး)
ကျေးကိုင်
ရွာသူကြီး လက်အောက်ခံ အမှုထမ်း ဖြစ်၏။ ကျေးကိုင်ရှိသည့် ဒေသတွင် မြေတိုင် မရှိချေ။
(ကျယ်)
(ကျဲ)
(ကျော့)
(ကျော်)
(ကျော)
(ကျို)
(ကျိုး)
(ကျက်)
(ကျောက်)
(ကျိုက်)
(ကျင့်)
(ကျင်)
(ကျင်း)
(ကျောင်း)
(ကျိုင်း)
(ကျစ်)
(ကျည်)
(ကျည်း)
(ကျဉ်)
(ကျဉ်း)
(ကျတ်)
(ကျိတ်)
(ကျုတ်)
(ကျန်)
(ကျန်း)
(ကျိန်)
(ကျိန်း)
(ကျပ်)
(ကျိပ်)
(ကျုပ်)
(ကျမ့်၊ ကျံ့)
(ကျံ)
(ကျမ်း)
(ကျုံ့)
(ကျုံ)
(ကျုံး)
(ကြ)
(ကြာ)
(ကြား)
(ကြိ)
(ကြီး)
(ကြူ)
(ကြူး)
(ကြေ)
(ကြေး)
(ကြယ်)
(ကြဲ)
(ကြော့)
(ကြော်)
(ကြော)
(ကြို့)
(ကြို)
(ကြိုး)
(ကြက်)
(ကြောက်)
(ကြိုက်)
(ကြင်)
(ကြောင့်)
(ကြောင်)
(ကြောင်း)
(ကြိုင်)
(ကြိုင်း)
(ကြစ်)
(ကြည့်)
(ကြည်)
(ကြည်း)
(ကြဉ်)
(ကြဉ်း)
(ကြဋ်၊ ကြတ်)
(ကြိတ်)
(ကြုတ်)
(ကြန့်)
(ကြန်)
(ကြပ်)
(ကြုပ်)
(ကြံ့)
(ကြံ)
(ကြမ်း)
(ကြိမ်)
(ကြိမ်း)
(ကြုံ)
(ကြုံး)
(ကွ)
(ကွာ)
(ကွိ)
(ကြီ)
(ကွေ့)
(ကွေ)
(ကွေး)
(ကွဲ့)
(ကွယ်)
(ကွဲ)
(ကွက်)
(ကွင်း)
(ကွတ်)
(ကွိတ်)
(ကွန့်)
(ကွန်)
(ကွန်း)
(ကွပ်)
(ကွမ်)
(ကွမ်း)
ကျွေး)
(ကျွယ်)
(ကျွဲ)
(ကျွက်)
(ကျွတ်)
(ကျွန်)
(ကျွန်း)
(ကျွံ)
(ကျွမ်း)
(ကြွ)
(ကြွား)
(ကြွေ့)
(ကြွေ)
(ကြွေး)
(ကြွယ်)
(ကြွက်)
(ကြွင်း)
(ကြွတ်)
(ကြွပ်)
(ခ)
(ခါ)
(ခါး)
(ခု)
ခုနှစ်နေ့ရတနာဝတ်ရန်
တနင်္ဂနွေသား - ကျောက်နီကိုဝတ်ဆင်ရမည်။
တနင်္လာသား - ပုလဲကို ၀တ်ဆင်ရမည်။
အင်္ဂါသား - သန္တာကို ၀တ်ဆင်ရမည်။
ဗုဒ္ဓဟူးသား - မြကို ၀တ်ဆင်ရမည်။
ကြာသပတေးသား - ဥဿဖယားကို ၀တ်ဆင်ရမည်။
သောကြာသား - စိန်ကို ၀တ်ဆင်ရမည်။
စနေသား - နီလာကို ၀တ်ဆင်ရမည်။
ရာဟုသား - ဂေါ်မုတ်ကို ၀တ်ဆင်ရမည်။
ကိတ်သား - ကြောင်ကို ၀တ်ဆင်ရမည်။(ဗဟုသုတပုလဲကုံး)
(ခူ)
(ခူး)
(ခေ)
(ခဲ)
(ခဲ့)
(ခေါ)
(ခေါ်)
(ခံ)
(ခံ့)
(ခို)
(ခိုး)
(ခက်)
(ခေါက်)
(ခိုက်)
(ခင်)
ခင်-ဆာမောင်
ဦးမေအောင်၊ ဦးဘဖေ၊ ဦးဘဒွန်း၊ ဦးဘရင်၊ ဆာမောင်ကြီး စသည့်ပုဂ္ဂိုလ်များနှင့်အတူ ဗုဒ္ဓဘာသာကလျာဏယုဝ(၀ိုင်အမ်ဘီအေ) အသင်းကြီးကို စတင်စည်းရုံးတည်ထောင်ခဲ့သူတဦး ဖြစ်သည်။ နောင်အခါ ဗြိတိသျှဘုရင်၏ဆာဘွဲ့ချီးမြှင့်ခြင်း ခံရသဖြင့် ဆာမောင်ခင်ဟု အမည်တွင်သည်။ ၁၉၂၂-ခုနှစ်တွင် ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာက ဆာမောင်ခင်အား ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်ထားသည်။ ၁၉၂၄-ခုနှစ်၌ အနိစ္စ ရောက်သည်။
(ခင်း)
(ခေါင်)
(ခေါင့်)
(ခေါင်း)
(ခိုင်)
(ခိုင်း)
(ခိဍ်)
(ခဏ်)
(ခတ်)
(ခုတ်)
(ခေတ်)
(ခန်)
(ခန့်)
(ခန်း)
(ခုန်)
(ခပ်)
(ခမ်း)
(ခုံ)
(ခုံး)
(ခယ်)
(ချ)
(ချာ)
ချာချီ-ရန်ဒေါ့(Randolph Churchill)
ဗြိတိသျှဝန်ကြီးချုပ် ဖြစ်သည်။ ၁၈၈၅-ခုနှစ်၌ အိန္ဒိယအစိုးရက အထက်မြန်မာနိုင်ငံအား သိမ်းပိုက်ရန် သဘောတူ ခွင့်ပြုခဲ့သူ ဖြစ်သည်။ ၁၈၈၆-ခု၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က အထက်မြန်မာနိုင်ငံအား သိမ်းပိုက်ပြီး မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအဖြစ် ကျေညာသောအခါ ထိုကျေညာချက်ကို သဘောတူခဲ့သည်။
(ချိ)
(ချီ)
(ချီး)
(ချူ)
(ချေ)
(ချေး)
(ချဲ)
(ချဲ့)
(ချော)
(ချော့)
(ချော်)
(ချို)
(ချို့)
(ချိုး)
(ချက်)
(ချောက်)
(ချိုက်)
(ချင်)
(ချင်း)
ချင်းပျံ ပုန်ကန်မှု
အင်္ဂလိပ်-မြန်မာဆက်ဆံရေး(ဘိုးတော်ဘုရား)ကြည့်။
ချင်းလုံ-ဧကရာဇ်
တရုတ်ဧကရာဇ် ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်ဘိုးတော်ဘုရားတို့နှင့်မင်းပြိုင် ဖြစ်၏။ ဆင်ဖြူရှင်လက်ထက် ချင်းလုံ၏ညွှန်ကြားချက်အရ တရုပ်စစ်သည်များ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်တိုက်ခိုက်ရာ တရုပ်-မြန်မာစစ်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့သည်။ (တရုပ်-မြန်မာစစ်ပွဲများ ကြည့်)၊
(ချောင်)
(ချောင်း)
(ချိုင်)
(ချိုင့်)
(ချိုင်း)
(ချစ်)
(ချဉ်)
(ချဉ်း)
(ချည်)
(ချည့်)
(ချည်း)
(ချိတ်)
(ချန်)
(ချိန်)
(ချိန်း)
(ချုန်း)
(ချပ်)
(ချိပ်)
(ချုပ်)
(ချမ်း)
(ချိမ့်)
(ချုံ)
(ချုံ့)
(ချုံး)
(ချယ်)
(ခြ)
(ခြာ)
(ခြား)
(ခြီး)
(ခြူး)
(ခြေ)
(ခြံ)
(ခြိုး)
(ခြောက်)
(ခြိုက်)
(ခြင်)
(ခြင်း)
(ခြောင်း)
(ခြစ်)
(ခြမ်း)
(ခြိမ်း)
(ခြုံ)
(ခြယ်)
(ခွ)
(ခွာ)
(ခွေ)
(ခွေ့)
(ခွေး)
(ခွဲ)
(ခွံ)
(ခွံ့)
(ခွက်)
(ခွင်)
(ခွင့်)
(ခွင်း)
(ခွတ်)
(ခွန်)
(ခွန်း)
(ခွပ်)
(ခွယ်)
(ချွေ)
(ချွေး)
(ချွဲ)
(ချွတ်)
(ချွန်)
(ချွန်း)
(ခြွ)
(ခြွေ)
(ခြွင်း)
(ဂ)
(ဂါ)
(ဂိ)
(ဂီ)
ဂီတာဦးထွန်းမြင့်(၁၂၈၀-၁၃၄၃)
ရန်ကုန်အနောက်ပိုင်း ၁၂ လမ်း ဇာတိဖြစ်၍ ဖခင်ဦးဘိုးဟန် မိခင်ဒေါ်ထွေးတို့၏ သားသုံးဦးအနက် အကြီးဆုံး ဖြစ်သည်။ ညီအငယ်ဆုံးမှာ ဂီတလောကမှာပင် တချိန်က နာမည် ကျော်ကြားခဲ့သူ မယ်ဒလင် ညိုကြီး(ယခု ဆိပ်ကမ်းကော်ပိုရေးရှင်း) ဖြစ်သည်။
ရန်ကုန်မြို့ အနောက်ပိုင်းနေ ဂီတာဆရာ ဦးသက်ထွန်းထံတွင် ဟာဝေယံဂီတာ တီးပညာကို စတင်လေ့လာ သင်ကြားခဲ့ပြီး စပင်းနစ် ဂီတာတီးနည်းနှင့် ဂီတသင်္ကေတပညာကို မစ္စတာစန်း(မ်)ထံတွင် ဦးစွာ သင်ကြားခဲ့သည်။ ဂီတာဦးစိန်းမောင်ထံတွင်လည်း မြန်မာသီချင်း တီးနည်းများ ဆည်းပူးခဲ့ပြီး မြန်မာရုပ်ရှင် အသံ တိတ်တီးဝိုင်းမှ ဆရာတဦးဖြစ်သူ စန္ဒရား ရွှေပြည်အေးက ခေါ်ယူကာ မြန်မာရုပ်ရှင်တီးဝိုင်းတွင် ဟာဝေယံဂီတာ၊ လိဒ်ဂီတာ၊ ရမ်သမ်နှင့်ဘေ့စ်ဂီတာတို့ကို ဂီတသင်္ကေတနှင့်အစောဆုံး တီးခဲ့သူပင်တည်း။
ပန်းဆိုးတန်း စတားရုံ၊ အော်လံပီယာရုံ၊ သွင်စီနီမာရုံများ၌ စန္ဒရားရွှေပြည်အေး၊ ဦးဘကွန်း၊ အေ၀မ်း မြမောင်၊ အေ၀မ်း ခင်မောင်၊ စစ်ကိုင်းလှရွှေတို့အပြင် အဆိုတော်ကြီး ပြည်မောင်ကြီး၊ ပြည်ဘရှင်၊ ဥသြဘသောင်၊ မကြည်အောင်၊ မအေးမိ၊ မအေးညွန့်၊ စိန်ပါတီ၊ ဟင်္သာတကြည်၊ ရွှေမြိုင်ကြည်၊ နှဲဆရာကြီး ဦးအုံးမျှင်၊ ဆရာ ညွန့်၊ ဦးထီအောင်၊ ဆရာသင်၊ ဆရာပွား စသူများနှင့်တွဲဖက် လုပ်ကိုင်ခဲ့ရသည်။
ဂျပန်ခေတ် မြိုင်ရုံ ပြဇာတ်အဖွဲ့ သက်တမ်းတလျှောက် ရွှေပြည်အေးအဖွဲ့နှင့် မခွဲတမ်း တီးခတ်ရသည်။ ၁၉၄၉ ခုနှစ် ပြည်တွင်းသူပုန်တိုက်ပွဲများတွင် ရုပ်ရှင်ပြဇာတ် အစည်းအရုံးကြီး အဖွဲ့အင်အားနှင့်ပူးပေါင်း၍ ဇနီးသည် ရုပ်ရှင်မင်းသမီး "မြ" ခေါ်ဒေါ်မြကြည်နှင့်တကွ ရှေ့တန်းဖျော်ဖြေမှုကို ဦးစွာ ထမ်းရွက်ခဲ့ရသူ ဖြစ်သည်။ ဓာတ်ပြားချပ်ရေ များစွာသွင်းခဲ့သည်။
ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့တွင် လခစား ၀င်ရောက်လုပ်ကိုင် နေစဉ် သွေးတိုးရောဂါ ဖိစီးလာပြီး လေဖြတ်ခံရကာ ၁၉၈၁​ခုနှစ်၊ သြဂုတ်လ ၁၈ ရက်၊ အင်္ဂါနေ့ ည ၆း၃၀ မိနစ် အချိန်တွင် ငါးထပ်ကြီး ကင်းဘဲလမ်း၊ အမှတ် ၂၇ D နေအိမ်၌ ကွယ်လွန်ရှာသည်။ ၁၂၈၀ ပြည့် နယုန်လဆန်း ၁၃ ရက်၊ စနေနေ့တွင် ဖွားမြင်သူ ဖြစ်၍ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ် ရှိခဲ့လေပြီ။
ဇနီးသည် ရုပ်ရှင် မင်းသမီးဟောင်း "မြ"  ခေါ် ဒေါ်မြကြည်၊ သမီးကြီးမြင့်မြင့်ဦး၊ သားမောင်မြင့်ဇော်(ဂစ်တာ)၊ မောင်မြင့်စိုး (ဂစ်တာ-မြန်မာ့အသံ)နှင့် သမီးငယ် အေးအေးစံတို့မှာ ကင်းဘဲလမ်း နေအိမ်၌ပင် နေထိုင်လျက် ရှိကြသည်။ (ရေး-စစ်ကိုင်းလှရွှေ)
(ဂု)
(ဂူ)
(ဂေ)
(ဂေါ)
(ဂေါ့)
(ဂေါ်)
(ဂို)
(ဂိုး)
(ဂေါက်)
(ဂိုက်)
(ဂင်)
(ဂင့်)
(ဂစ်)
(ဂဏ်)
(ဂုဏ်)
(ဂိုဏ်း)
(ဂါတ်)
(ဂိတ်)
(ဂန်)
(ဂုန်)
(ဂုံ)
(ဂျ)
(ဂျာ)
(ဂျီ)
(ဂျူ)
(ဂျူး)
(ဂျော်)
(ဂျို)
(ဂျိုး)
(ဂျက်)
(ဂျောက်)
(ဂျိုက်)
(ဂျင်)
(ဂျစ်)
(ဂျတ်)
(ဂျုတ်)
(ဂျိန်း)
(ဂျပ်)
(ဂျမ်း)
(ဂျုံ)
(ဂြိုဟ်)
ဂြိုဟ်စားဝတ်ရန် ရတနာ
တနင်္ဂနွေဂြိုဟ်စားမူ - ပတ္တမြားကိုဝတ်ပါ။
တနင်္လာဂြိုဟ်စားမူ - ပုလဲကို ၀တ်ပါ။
အင်္ဂါဂြိုဟ်စားမူ - သန္တာကို ၀တ်ပါ။
ဗုဒ္ဓဟူးဂြိုဟ်စားမူ - မြကို ၀တ်ပါ။
ကြာသပတေးဂြိုဟ်စားမူ - ကြောင်ကို ၀တ်ပါ။
သောကြာဂြိုဟ်စားမူ - စိန်ကို ၀တ်ပါ။
စနေဂြိုဟ်စားမူ - နီလာကို ၀တ်ပါ။
ရာဟုဂြိုဟ်စားမူ - ဂေါ်မုတ်ကို ၀တ်ပါ။ (ဗဟုသုတပုလဲကုံး)
(င)
ငသန်ဒေး
ရခိုင်မြို့သူကြီးတဦး ဖြစ်သည်။ ၄င်း၏၁၇၉၈-ခု ပုန်ကန်တော်လှန်မှုကြောင့် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး အစပြုခဲ့သည်။ (အင်္ဂလိပ်-မြန်မာဆက်ဆံရေး(ဘိုးတော်ဘုရား)ကြည့်)၊
(စ)
စာဆိုတော်
ဝေရွှန်းစန္ဒာ လရောင်ဖြာသို့ သမ္ဘာရွှေဘုန်း ဘက်မယ့်ကြုံးသား တိုင်းလုံးအရှင် တို့ဘုရင်ကို ဂုဏ်တင် မြှောက်စား ပန်လျှောက်ထား၍ ရွှေနားတော်တင် ဆက်သွင်းချင်သည် နားဝင်ငြိမ့်လေး ချိုချိုအေး၊ သီတာပျော်၊ ညီလာတော် (ရံရွှေတော်နဲ့ မှန်ရဝေနန်းတော်၊ စံလေပြန်သော်)၂ မြန်မာဘုရင် ရှိစဉ်တုန်းက (ရွှေဘုန်းတော် ဇေဖွဲ့လို့ ဖြေဖျော်)၂ သွင်းသော်၊ ရွာစားမြို့စား အပ်နှင်းသော် ဂုဏ်ထူးဝိသေသနဲ့ တော်သုံးနန်းသုံး စာဆိုတော်။
(နန်းတွင်းသူစာဆိုတို့လို ပျိုအေးမိ ဆိုကာပြမနော်)၂ (စာယဉ်ယဉ် ပန်ဆင်လို့မျှော်)၂ တိုင်းပြည်လုံး ရွှင်ကြစေ သော် တို့ဘုရင်ရှိလျှင်ဖြင့် အေးမိတို့ထင်ပေါ်၊ နန်းတော်တွင်းဖြင့် ဘုရင့်စာဆိုတော်။
(တွေးမိတိုင်းလွမ်းပေါ်၊ ရှေးခေတ်စာဆိုတော်၊ အေးမိလေ၊ မှန်းမျှော် တမ်းတလို့ ရည်ရော်)၂ (ငိုချင်တယ် မောင် ရေ)၂ ထီးနန်းနဲ့ ကျုံးတော်၊ နိုင်ငံနဲ့တိုင်းတော်၊ ဘုရင်နဲ့မြို့တော် သုဉ်းသုည ကြုံလာပြန်သော်၊ ရှေးခေတ်ဟောင်း အောက်မေ့မိပြန်သနော်။ (ရေး-ဦးဉာဏ၊ ဆို-မအေးမိ)
စစ်သား
ညောင်ဦးမြို့နယ်တခု၌ တွေ့ရသည်။ ရွှေစည်းခုံဝတ်မြေမှ ထွက်သည့် အခွန်တုတ်နှင့် ဘုရားကို ၀တ်ပြုသော တာဝန် ထမ်းဆောင်ရသည်။ ဘုရားဒေသအတွင်း တရားစီရင်ခြင်း အခွန်ကောက်ခံခြင်းအမှုကို ပြုသည်။
စည်ကြီး
ဘုရင်မင်းမြတထွက်တော်မူရာတွင် တီးရသောစည်။ မင်းတရားစည်၊ မင်္ဂလာစည်တို့နှင့်အတူတူ။
ယင်းစည်မျိုးကို ဘုရင်ထွက်တော်မူကြောင်း သိစေရန် တီးရသောကြောင့် "မင်းတရားစည်"ဟုလည်းကောင်း၊ မင်္ဂလာကြီးထွက်တော်မူလျှင် တီးရသဖြင့် မင်္ဂလာစည်ဟုလည်းကောင်း ခေါ်သည်။ "ပါဠိလို-ဘေရိ"ဟုခေါ်၏။
စည်ချင်း
စည်တီးရာ၌ သီဆိုရသော "တေလေချောင်"အစချီ သီချင်းမျိုး။
စည်ချင်းသည် အင်းဝခေတ်ဦးပိုင်းလောက်တွင် ပေါ်ပေါက်ခေတ်စားလာသော သီချင်းမျိုး ဖြစ်သည်။
စည်တော်
ဘုရင်မင်းမြတ် ထွက်တော်မူ၊ ၀င်တော်မူရာ၌ တီးမှုရသည့်နှစ်ဖက်ပိတ် စည်မျိုး။
ယေဘုယျအားဖြင့် စည်တော်ကို ဘုရားကျောင်းကန်နှင့်မင်းခမ်းမင်းနားတို့တွင် တီးသည်။ ရှေးမြန်မာမင်းများ လက်ထက်က စည်တော်တွင် တံခါးလေးရပ်ဆွဲ စည်ကြီး၊ အိမ်ရှင်စည်၊ ဗဟိုရ်စည်၊ မင်္ဂလာစည်၊ စည်တော်စုံ ဟူ၍ စည်ငါးမျိုး ရှိသည်။
စည်တော်ဝိုင်းတွင် အများအားဖြင့် စည်တော်များကို ငွေနှဲကြီး၊ ပုံသာ၊ လင်းကွင်းတို့နှင့်တွဲဖက် တီးမှုတ်လေ့ရှိသည်။
စည်တော်စုံ
မြို့တံခါးလေးရပ်တွင် ချိတ်ဆွဲထားသော စည်ငါးလုံးအနက် ဘုရင်မင်းမြတ် ကန်တော့ခံရာ၌ တီးသော လက်ျာ (စည်ဖို)၊ လက်ဝဲ(စည်မ) စည်နှစ်လုံး။
စည်တော်ယွန်း
စည်တူရိယာကို တီးခြင်း။
စည်တော်ယွန်းသောအခါ စည်တော်သံ မတီးမီ ရှေးဦးစွာ လင်းကွင်းနှင့်ပုံသာတို့က ခေါ်သံပေးရသည်။ ယင်းသို့ တီးရာတွင် လင်းကွင်းကို အုပ်၍ မတီးရဘဲ ဖွင့်၍ တီးရပြီး ပုံသာက ဖွင့်ချည် ပိတ်ချည်ဖြင့် ခေါ်သံပေးရသည်။
စည်တော်သံ
စည်တော်ကို အခြေပြု၍ တီးရသော လေးဆစ် သဖြန်သွား သီချင်းမျိုး။
စည်တော်သံမှာ ဘုရင်နှင့်မင်းညီမင်းသားများ မြို့တော် နန်းတော်သို့ ၀င်တော် ထွက်တော်မူရာ၌ စည်တော် ယွန်း၍ သီဆိုရာသော သီချင်းမျိုးဖြစ်သည်။ ကုန်းဘောင်ခေတ်ဦးတွင် ပေါ်ပေါက်လာသည်ဟုမှန်းဆရသည်။ စည်တော်သံကို အကြောင်ပြု၍ စည်တော်အကဟု ပေါ်လာခဲ့သည်။ စည်တော်သံကို သီဆိုတီးမှုတ်ရာတွင် ကြိုး၊ ရေကင်း၊ ဗြောတို့ကဲ့သို့ ၀ါး လက်စည်းဖြင့် တီးရသည်။
စည်တို
မျက်နှာဝ တဖက်ကို တုတ်ချောင်းဖြင့် ရိုက်ခတ်တီးရသော သားရေနှစ်ဖက်ကြပ် ဗုံတိုမျိုး။
စည်တိုသည် ဆိုင်းဝိုင်း၏ပတ်မချောင် အစုဝင်တူရိယာ တလက်ဖြစ်ပြီး ကုန်းဘောင်ခေတ်လောက်တွင် စတင်သုံးခဲ့သည်။ ယင်းကို ထိုင်း(ယခင်-ယိုးဒယား)ဘာသာစကားဖြင့် "ကလောင်းန်တပ်"ဟုခေါ်ရာ မြန်မာတို့က စည်တိုကို ရိုက်၍ တီးသော တီးချက်ကို "ကရောင်းရိုက်သည်"ဟု သုံးနှုန်းပြောဆိုကြသည်။ စည်တိုကို တီးရာ၌ ပတ်စာ မကပ်ရချေ။ အများအားဖြင့် စည်တိုကို စခွံ့နှင့်တွဲ၍ ကရောင်း၊ ဗိန်းဗောင်း၊ ချွတ်၊ စမို့ သမင်လိုက်နှင့်အီနောင်ဇာတ်ထွက် အအေးငိုချင်းများကို တီးသည်။
စည်ဒုံမင်း
စည်မျိုး(၁၂)ပါး အစုဝင်တူရိယာ။
စည်ဒိုး
ပတ်မကြီး၏လက်ထောက် နောက်ဒိုးခေါ် ဗုံအကြီးစား။ စခွံ့နှင့်အတူတူ။
စည်နီ
အိမ်ရှေ့မင်းသားအပါအ၀င် မင်းညီမင်းသား မှူးမတ်များကို ချီးမြှင့်ပေးသနားသော အနီရောင်စည်ဗြော။
စည်ပတ်သာ
ပတ်သာနှင့်အတူတူ။
စည်ပုတ်
ပုတ်၍ အချက်ပေး တီးခတ်ရသော စည်ကလေး၊ ပလုတ်တုတ်နှင့်အတူတူ။
စည်ပုတ်မှာ တုတ်နှစ်ချောင်းဖြင့် ရိုက်ခတ်တီးရသည့် သားရေကျက် တူရိယာ ဖြစ်သည်။ အင်းဝခေတ် စည်ဗြော အဖွဲ့များတွင် စည်ပုတ်တလုံးမှ နှစ်လုံးအထိ ထည့်သွင်းတီးလေ့ရှိသည်။ တီးရာ၌ ထွက်ပေါ်လာသော အသံကို အကြောင်းပြု၍ ပလုတ်တုတ်ဟုလည်း ခေါ်သည်။
စည်ပန်းတောင်း
စည်မျိုး(၁၂)ပါးအစုဝင် တူရိယာတမျိုး။
စည်ပြော
စည်မျိုး(၁၂)ပါးဝင် တူရိယာတမျိုး။ ဗြောနှင့်အတူတူ။
စည်ပြောကို ဥကင်းတော်ဖွင့်မင်္ဂလာ၊ ထွက်တော်မူသည့်မင်္ဂလာ၊ အလှူမင်္ဂလာပွဲလမ်းသဘင်များတွင် တီးမှုတ်သည်။ ယင်းတူရိယာတွင် ဘုရင်နှင့်ဆိုင်သော စည်ပြောက ကြီး၍ မိဖုရားနှင့်ဆိုင်သောစည်ပြောက အနည်းငယ်သေးသည်။ အများအားဖြင့် စည်ပြောအဖွဲ့တွင် စည်ပြော(၅)လုံးမှ (၂၅)လုံး၊ ဒုံမင်းတလက် သို့မဟုတ် နှစ်လက်၊ စည်ပုတ်တလုံး သို့မဟုတ် နှစ်လုံး၊ ဗုံသာနှင့်လင်းကွင်းတခုစီ၊ နှဲကြီးတလက် သို့မဟုတ် နှစ်လက်၊ နှဲငယ်(၃)လက်မှ (၅)လက်၊ ခရာ(၇)လက်မှ (၁၅)လက်အထိ စသဖြင့် ထည့်သွင်းတီးမှုတ်သည်။ တီးချက် တီးလက်မှာ ယခုခေတ် ဗြောတီးချက်အတိုင်းပင် ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်က စည်ပြောကို အိမ်ရှေ့မင်းသားမှစ၍ မင်းညီမင်းသား မှူးမတ်များကို ပေးသနားလေ့ရှိရာ အိမ်ရှေ့မင်းအပါအ၀င် မင်းညီမင်းသား မှူးမတ်များကို ပေးသနားရာ၌ စည်နီကိုလည်းကောင်း၊ စော်ဘွားများကိုမူ စည်ဖြူကိုလည်း ကောင်း၊ ချီးမြှင့်ပေးသနားသည်။ ထို့ပြင် စည်ပြောဝိုင်းမှ တူရိယာများနှင့်တီးမှုတ်သူများကိုလည်း ဘုရားပုထိုးတို့တွင် လှူဒါန်းသည့်အစဉ်အလာများလည်း ရှိသည်။
စည်ဖြူ
စော်ဘွားများကို ပေးသနားသည့်အဖြူရောင် စည်မျိုး။
စည်ဗြော
စည်ပြောနှင့်အတူတူ။
စည်မုဒိန်း
မုရားစည်၊ မုရိုးစည်တို့နှင့်အတူတူ။
စည်မျိုးငါးပါး
(၁)အိုးစည်၊ စည်ပုတ်တို့ကဲ့သို့ တဖက်ပိတ်စည်(အာတတ)၊
(၂)မုရိုးကဲ့သို့ နှစ်ဖက်ပိတ်စည်(၀ိတတ)၊
(၃)ထက်စည်ကဲ့သို့ အလုံးစုံပိတ်သောစည်(အာတတ ၀ိတတ)၊
(၄)ခွက်ခွင်း၊ ကြေးနင်းတို့ကဲ့သို့ တခဲနက်သော စည်(ဃန)၊
(၅)ပြွေ၊ နှဲ၊ ခရုသင်း ကဲ့သို့ အခေါင်းရှိသော စည်(သုံသိရ)။
စည်မျိုးဆယ့်နှစ်ပါး
(၁)မြောက်စည်၊
(၂)သံကွင်း၊
(၃)စည်ဗြော၊
(၄)စည်ကြီး၊
(၅)ဒုံမင်း၊
(၆)စည်ဝန်း၊
(၇)စည်သေး၊
(၈)စည်ပုတ်၊
(၉)စည်ပန်းတောင်း၊
(၁၀)ပတ်သာဝါပုံသာ၊
(၁၁)တဖတ်ပိတ်စည်၊
(၁၂)စည်အိုင်။
စည်ဝန်း
စည်မျိုး(၁၂)ပါးဝင် တူရိယာတမျိုး။ စည်ဝန်းမှာ မြောက်စည်၊ စည်ဗြောတို့ကဲ့သို့ ဥကင်းတော်ဖွင့်၊ ထွက်တော်မူကြီး အခမ်းအနားများတွင် တီးသော တူရိယာဖြစ်သည်။ စည်ဝန်းအဖွဲ့တွင် စည်ဝန်း(၁၀)လုံးမှ (၂၅)လုံးအထိ ပါဝင်ပြီး မွန်နှဲ၊ လက်ချပ်၊ တံပိုး၊ ဒုံမင်းတို့နှင့်တွဲဖက်တီးမှုတ်သည်။
စည်သည်
စည်တူရိယာကို တီးသူ။
စည်သံလွင်
သံလွင်နှင့်အတူတူ။
စည်သေး
စည်မျိုး(၁၂)ပါးဝင် တူရိယာတမျိုး။
စည်အိုင်
စည်မျိုး(၁၂)ပါးဝင် တဖက်ပိတ်စည်မျိုး။
စည်သာမင်းသားကြီး
ဦးအောင်ဇေယျ(အလောင်းဘုရား)၏မရီးတော် ခင်ပွန်းဖြစ်သည်။ ဟံသာဝတီပါမင်း(မဟာဓမ္မရာဇာဓိပတိ)လက်ထက် စည်သူကျော်ထင်၊ မင်းကြီးကျော်စွာထင်ဘွဲ့များ ရရှိသော အမတ်ကြီးဖြစ်သည်။ အင်းဝကို ၁၇၅၂-ခုနှစ်၌ မွန်တို့ တိုက်ခိုက်သိမ်းပိုက်သောအခါ ဦးအောင်ဇေယျနှင့်ပူးပေါင်းလိုက်၏။ ဦးအောင်ဇေယျက မင်းလှစည်သူဘွဲ့ ချီးမြှင့်သည်။ သားတော်များနှင့်အတူ အားထားခြင်းခံခဲ့ရသူ ဖြစ်သည်။ ဦးအောင်ဇေယျ အထွဋ်အထိပ် မရောက်မီကာလက တိုက်ပွဲပေါင်းများစွာတွင် ထင်ရှားသော တပ်မှူး ဖြစ်သည်။
 စည်း
(၁)သီဆိုတီးမှုတ်ရာတွင် အချိန်နရီကို ကန့်သတ်ပိုင်းခြား စောင့်စားရန် တီးခတ်သော တူရိယာငယ်၊ ဂီတအချိန်ပြ ကရိယာ။
(၂)သီချင်းဂီတ သီဆိုတီးမှုတ်ရာ၌ အချိန်နရီကို ကန့်သတ်ပိုင်းခြားပေးခြင်း။
စည်းဂျပ်
ဂျပ်၊ ၀ါးတို့နှင့်အတူတူ။
စည်းစုပ်
ရှေးသုံး စည်းမျိုး။ စည်းနှင့်အတူတူ။ စည်းစုပ်တွင် တခြမ်းလုံးဝန်းအငြိမ့်စည်းနှင့်အပြားဝိုင်း ဆိုင်းစည်းဟူ၍ နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ဆိုင်းစည်းမှာ မူလဖြစ်ပြီး ယင်းကို သံလွင်ဟုခေါ်သည်။
စည်းဆုပ်
စည်းစုပ်နှင့်အတူတူ။
စည်းဝါး
ဂီတ၏နရီအချိန်ပြ တူရိယာ။
စည်းတီးသဖြင့် ၀ါးတီးရခြင်းကို အကြောင်းပြု၍ စည်းဝါးဟူ၍ ခေါ်ခြင်းဖြစ်သည်။ စည်းဝါးတွင် အမျိုးအစားအားဖြင့် နရီစည်း(၀ါ)နှစ်ချက်စည်း၊ ၀ါးလပ်စည်း(၀ါ)တချက်စည်းနှင့်စုံစည်းဟု သုံးမျိုးရှိသည်။ ယင်းကို အနောက်တိုင်း ဂီတဝေါဟာရအားဖြင့် ရစ်သင်မ်(Rhythm)ဟူ၍ ခေါ်သည်။
စုဖုရားလတ်
မင်းတုန်းမင်း၏မိဖုရားတပါးဖြစ်သူ ဆင်ဖြူမရှင်၏သမီးဖြစ်သည်။ သီပေါမင်းသားနှင့်ရည်ငံပြီး သီပေါမင်းသား မင်းဖြစ်လာသောအခါ မိဖုရားဖြစ်လာသည်။ သီပေါမင်း နန်းရရေးတွင် ဆင်ဖြူမရှင်၏သြဇာသည် အရေးပါရကား နောင်အခါ စုဖုရားလတ်သည် သီပေါမင်းအပေါ် သြဇာလွှမ်းမိုးခဲ့၏။ တိုင်တားမင်းကြီးအား မြှောက်စား၏။ အရည်အချင်း နည်းပါးသော သီပေါကို နန်းတင်ခြင်းအားဖြင့် တိုင်းပြည်အာဏာကို လွှတ်တော်က ချုပ်ကိုင်နိုင်မည်။ စည်းမျဉ်းခံဘုရင်စနစ်ကို ထူထောင်နိုင်မည်ဟု မျှော်ကိုးပြီး သီပေါကို နန်းတင်ရာ၌ သဘောတူခဲ့သည့်ကင်းဝန်မင်းကြီးသည် စုဖုရားလတ်ကြောင့် သီပေါမင်း၏သြဇာကို မလျော့ပါးစေနိုင်ဘဲ မိမိ၏သြဇာသည်ပင် လျော့ပါးခဲ့ရ၏။ တိုင်းပြည်အရေးအခင်းအားလုံးတို့အား ချုပ်ကိုင်မှုသည် စုဖုရားလတ်နှင့်တိုင်တားမင်းကြီးတို့၏လက်တွင်းသို့ ကျရောက်ခဲ့သည်။ သီပေါမင်းနန်းတက်စက မင်းသားမင်းသွေး မြောက်မြားစွာကို သတ်ပစ်ခဲ့သည့်အရေးအခင်း၌ စုဖုရားလတ်သည် အဓိကတာဝန်ရှိသူ ဖြစ်သည်။ နောက်ဆုံး၌ ကုန်းဘောင်မင်းဆက် ပျက်သုဉ်းရခြင်း၌ပင် စုဖုရားလတ်သည် တာဝန်မကင်းသူဟု အဆိုရှိကြသည်။
စိုးသိမ်း-ဦး
ဂျီ-စီ-ဘီ-အေ ခေါင်းဆောင်တဦး ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတွင် ပြင်းထန်သောအယူအဆကို ခံယူ၍ ၁၉၂၅-ခုနှစ်တွင် (ဂျီစီဘီအေ)အတွင်း၌ အုပ်စုတရပ် ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ဦးစိုးသိမ်း(ဂျီ-စီ-ဘီ-အေ)ဟုထင်ရှား၏။ သံဃသမဂ္ဂီနှင့်ရင်းနှီးစွာ ဆက်ဆံလှုပ်ရှားသည်။ ဆရာစံသည် ဦးစိုးသိမ်း(ဂျီစီဘီအေ)မှ ခေါင်းဆောင်တဦး ဖြစ်သည်။ ဆရာစံ တော်လှန်ရေးဖြစ်သောအခါ ၁၉၃၁-ခု၌ ဦးစိုးသိမ်း(ဂျီစီဘီအေ)ကို မတရားသင်း ကျေညာသဖြင့် ပျက်သွားသည်။
 စောင်းဦးစိန်ဖေ
အဖ-ဦးသာဟန်၊ အမိ-ဒေါ်အိမ်မြဲ
မွေးသက္ကရာဇ်-၁၂၈၈ ခုနှစ်၊ ၀ါဆိုလဆန်း ၁၁ ရက်၊ အင်္ဂါနေ့။
ဇာတိ-တွံတေးအပိုင် ရခိုင်ချောင်ကျေးရွာ။
သင်ဆရာများမှာ တယောဦးဟန်ဝင်း၊ အဆိုတော်ဦးအလီ၊ စောင်းဆရာကြီး ဦးမောင်မောင်လတ်၊ စောင်းနှင့် စန္ဒရား ဦးထွန်းဖေ၊ စောင်းဦးဘသန်းကလေး၊ စောင်းဦးဘသန်းကြီး၊ (အလင်္ကာကျော်စွာ)ဒေါ်စောမြအေးကြည်၊ ရကန်ဦးတင်၊ စောင်းဒေါ်မြသွင်။
ဂီတလောကတွင် ငယ်စဉ်ကပင် စောင်းပညာ သင်ကြားလိုသူများအား အိမ်တိုင်ယာရောက် လိုက်လံသင်ကြား ပြသပေးခဲ့ပြီး ၁၉၃၉ ခုနှစ် အစိုးရအနုပညာကျောင်း သင်တန်း တက်ရောက်ခဲ့သည်။ စစ်ပြီးဆုံးသည်နှင့် ဓာတ်ပြားလောကတွင် စောင်းဆရာအဖြစ် ဓာတ်ပြားများ သွင်းရပြီး အသံထွက်ရုပ်ရှင်များ ခေတ်စားလာချိန်တွင် စောင်းလက်သံများစွာ ရုပ်ရှင်အသံသွင်းခဲ့ရသည်။ ၁၉၅၅-ခုနှစ်တွင် နိုင်ငံတော် ပန်တျာကျောင်း စောင်းနည်းပြ ဆရာအဖြစ် ၀င်ရောက်အမှုထမ်းခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။ စောင်းပညာဖြင့် ပြည်ပနိုင်ငံသို့ လှည့်လည် ကာ စောင်းလက်သံ ပြသခွင့်ရခဲ့သည်။
လိပ်စာမှာ အိမ်အမှတ် ၂၇၊ ၁၄၆ လမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ် ဖြစ်၏။ (ရေး-စစ်ကိုင်းလှရွှေ)
စန်ဂျာမာနို(Sangermano)
ခရစ်ယာန်ဘုန်းတော်ကြီးတပါး ဖြစ်သည်။ ၁၇၈၃-ခုနှစ်မှ ၁၈၀၆-ခုနှစ်အထိ ရန်ကုန်မြို့၌ နေထိုင်သွားသည်။ မြန်မာနိုင်ငံအကြောင်းနှင့်ပတ်သက်၍ မြန်မာအင်ပါယာ ဟူသော စာအုပ်တအုပ် ရေးသားသည်။ ရန်ကုန်မြို့၌ စိန်ဂျွန်းဘုရားရှိခိုးကျောင်းနှင့်စာသင်ကျောင်းကို တည်ထောင်သွားသူ ဘုန်းတော်ကြီး ဖြစ်သည်။
စန်းလဂ်ပူးဝတ်ရန် ရတနာ
မိဿရာသီ စန်းလဂ်ပူးမူ - ပတ္တမြား။
ပြိဿရာသီ စန်းလဂ်ပူးမူ - မြ။
မေထုန်ရာသီ စန်းလဂ်ပူးမူ - ကြောင်။
ကြဋ်ရာသီ စန်းလဂ်ပူးမူ - ပုလဲ။
သိဟ်ရာသီ စန်းလဂ်ပူးမူ - စိန်။
ကန်ရာသီ စန်းလဂ်ပူးမူ - ဥဿဖယား။
တူရာသီ စန်းလဂ်ပူးမူ - ဂေါ်မုတ်။
ဗြိစ္ဆာရာသီ စန်းလဂ်ပူးမူ - နီလာ။
ဓနုရာသီ စန်းလဂ်ပူးမူ - သန္တာ။ (ဗဟုသုတပုလဲကုံး)
စံဖိုး-သင်-စော
ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသားခေါင်းဆောင်တဦး ဖြစ်သည်။ ၁၉၄၂-ခုနှစ် ဂျပန်အ၀င်၌ မြောင်းမြခရိုင်တွင် ဖြစ်ပွားသော ကရင်-မြန်မာလူမျိုးရေးအဓိကရုဏ်းဝယ် ကရင်အမျိုးသားတို့အား ခေါင်းဆောင်ခဲ့သူ ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ် လွန်ကဲစွာ ပြင်းထန်သူ ဖြစ်၏။
(ဆ)
ဆုံဆို့နာ ရောဂါ
အသက်အရွယ် မရွေး ဖြစ်ပွားနိုင်သည်၊ အထူးသဖြင့် အသက် ၁၀ နှစ်အောက် ခလေးများ အဖြစ်များသည်။ နွေနှင့်ဆောင်း အကူး ဖုံထူသော အချိန်တွင် ဖြစ်တတ်သည်။
ဆုံဆို့နာ ဖြစ်တတ်သော ပိုးဗိုင်းရပ်(စ်)မှာ လေထဲတွင် လွင့်နေတတ်ပြီး ပိုးကလေးများသည် အသက်ရှုရာ လမ်းကြောင်းများ ဖြစ်သော နှာခေါင်း၊ လည်ချောင်း၊ လေပြွန် အသံအိမ်တို့၏ နံရံများတွင် ကပ်နေတတ်သည်။
ကူးစက်ခံရပြီး ၂၄ နာရီမှ ၅၆ နာရီအတွင်း ရောဂါ လက္ခဏာများ သိသာလာသည်။ ကိုယ်ပူချိန် ၁၀၁-၁၀၂ ဒီဂရီ ဖာရင်ဟိုက်၊ တခါတရံ ၁၀၃-၁၀၄ အထိ မြင့်တက်တတ်သည်။
ဝေဒနာရှင်၏အာခေါင်တွင် မီးခိုးရောင် ညိုညစ်ညစ် အရောင်ဖတ်ကလေးများ ကပ်နေတတ်သည်။ အခြားရောဂါများမှာ ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ နာကျင် ကိုက်ခဲခြင်း၊ ခံတွင်း ပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသံ ပြောင်းလာခြင်း၊ လည်ချောင်း နာခြင်း၊ ပျို့အန်ခြင်း၊ ရင်တုန်ခြင်း၊ ဆီးနည်းခြင်း၊ နှုတ်ခမ်းနှင့် အသားအရေများ ခြောက်သွေ့ ပူခြင်း စသည်တို့ ဖြစ်သည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
ဆိုင်း-မိုက်ကယ်(Michael Symes)
မိုက်ကယ်ဆိုင်းသည် အိန္ဒိယပြည်ရောက် ဗြိတိသျှဘုရင့်တပ်မတော်အမှတ်(၇၆) တပ်ရင်း၏ဗိုလ်ကြီးအဆင့်ရှိသူ တပ်ရင်းမှူး ဖြစ်သည်။ ရခိုင်နယ်စပ်အရေးအခင်းကို အကြောင်းပြု၍ အိန္ဒိယဘုရင်ခံချုပ် ဆာဂျွန်ရှိုးလက်ထက် ၁၇၉၅-ခုနှစ် တကြိမ်၊ ဘုရင်ခံချုပ်လော့ဒ်ဝယ်လက်စလီ လက်ထက် ၁၈၀၂-ခုနှစ်တွင် တကြိမ်၊ အမရပူရမြို့တော်သို့ မစ်ရှင်အဖွဲ့များကို ခေါင်းဆောင်၍ ရောက်လာသည်။
ဆိုင်းစိန်စတင်း
ဓနုဖြူမြို့နယ် သဌေးကုန်းရွာ။ အဖဦးဒီလုံး၊ အမိဒေါ်အေးချမ်းတို့မှ ၁၃၁၀-ခုနှစ်တွင် ဖွားမြင်ခဲ့၍ ငယ်နာမည် မောင်တင်အောင်ဟု ခေါ်တွင်သည်။
ဖခင်ဖြစ်သူမှာ အငြိမ့်လောကအတွင်း ၁၂ လုံး ဒိုးတီးခဲ့သူ ဖြစ်သဖြင့် ငယ်စဉ်ကပင် ဂီတ နားရည်ဝခဲ့ပြီး ဆိုင်းလောကအတွင်း ကျရာနေရာ ၀င်တီးသ၍ ထူးထူးခြားခြား စွမ်းဆောင်နိုင်သည်ကို ဖခင်ကြီးက မြင်တွေ့ ကြားသိကာ သားဖြစ်သူ ၀ါသနာ စူးစိုက်သော အတတ်ပညာကို ဆက်လက် လိုက်စားစေတော့သည်။
ရန်ကုန်မြို့သို့ ၁၆ နှစ်သား အရွယ်တွင် ရောက်လာပြီး အိမ်တော်ရာဆရာတော် ဦးရေ၀ရနှင့် ဦးစွာ တွေ့ဆုံရသည်။ ဦးရေ၀ရ၏ လမ်းညွှန်မှုနှင့် စောင်းဆရာကြီး အလင်္ကာကျော်စွာ ဦးဘသန်းထံ၌ ဂီတပညာရပ်များ ဆက်လက် လေ့လာရသည်။ ဆရာတော် ပေးအပ်သော စိန်စတင်း အမည်ဖြင့် တရှိန်ထိုး နာမည်တက်လာခဲ့ရခြင်း ဖြစ်သည်။
ဆိုင်းအတတ်ပညာသင် ငယ်ဆရာများမှာ ဦးလေးဖြစ်သူ ကိုကြည်လေး၊ ၀ိဇ္ဇာမြ၊ စိန်ဗိုလ်သန်း၊ ညောင်တုန်း ဆရာသက်၊ ဓနုဖြူစံကင်း ကုလားလေး၊ စိန်ကျော်အုံးတို့ ဖြစ်ကြပြီး အဆိုကျော် ဦးပြည်ဟန်၊ ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်တို့ကိုလည်း သင်ဆရာများအဖြစ် အစဉ် ဦးထိပ်ထားသူ ဖြစ်၏။
ယနေ့ ဆိုင်းလောကတွင် တပည့်အများဆုံး မွေးထုတ်ပေးနေသူတဦး ဖြစ်ပေသည်။
ဇနီးဖြစ်သူ တေးသံရှင် နိုင်နိုင်မော်၊ သားသမီးများဖြစ်ကြသော မောင်ဆန်းဦး၊ မောင်မင်းကို၊ တင်တင်ယု၊ မင်းမင်းဟန်၊ ကျော်ကျော်ဟန်တို့နှင့် အတူ မြောက်ဥက္ကလာ၊ မေဓာဝီလမ်းမကြီး အမှတ် ၂၃၅၊ (စ)ရပ်ကွက်တွင် နေထိုင်လျက် ရှိကြသည်။ (စစ်ကိုင်းလှရွှေ-ရေး)
(ဇ)
ဇရာ
အိုမင်း ဟောင်းနွမ်းရင့်ရော်ခြင်း၊ အသက်အရွယ် ကြီးရင့်ခြင်း၊ လျော့ပါးခြင်း၊ ယုတ်လျော့ခြင်း။
အိုမင်းရင့်ရော်ခြင်းသည် ဆင်းရဲခြင်း တမျိုး ဖြစ်သည်။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
ဇရာ မရဏ
အိုခြင်းနှင့်သေခြင်း၊ အိုမှုနှင့်သေမှု။
ပဋိသန္ဓေ နေခြင်းကြောင့် အိုရခြင်း သေရခြင်း ဒုက္ခ ဖြစ်၏။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
(စ်)
(ည)
(တ)
တရုတ်-မြန်မာစစ်ပွဲများ
ဆင်ဖြူရှင်မင်းလက်ထက်တွင် တရုပ်နှင့်မြန်မာတို့သည် နယ်စပ်အရေးအခင်းကို အကြောင်းပြု၍ စစ်လေးကြိမ် တိုက်ခိုက်ကြသည်။ ဤစစ်ပွဲများသည် မြန်မာ့သမိုင်းတွင် ထင်ရှားပြောင်မြောက်သော စစ်ပွဲများ ဖြစ်သည့်အလျောက် ဤစစ်ပွဲများကို အကြောင်းပြု၍ ဆင်ဖြူရှင်မင်းလက်ထက်တွင် မြန်မာစစ်အင်အား အထွတ်အထိပ် ရောက်သည်ဟု ပြောစမှတ်ပြုကြသည်။ 
တရုတ်နီထံမှ ချေးငွေကုဋေ (၄၀)
ထိုငွေဖြင့် ကွမ်းလုံကြိုးတံတား၊ ဘီးလင်းသကြားစက်၊ မိတ္ထီလာအထည်စက်၊ မော်လမြိုင်မုပွန်ရှိ သုံးထပ်သားစက်၊ အင်းစိန်ဒညင်းကုန်းရှိ မော်တော်ကား တာယာစက်၊ စစ်တောင်းတံတား အနီးရှိ စက္ကူစက် စသည်တို့ကို တည်ဆောက်သည်။ 
တော်လှန်ရေးအစိုးရလက်ထက် တောင်သူလယ်သမားအား ထုတ်ချေးသော စိုက်ပျိုးစရိတ်နှုန်းထားများ
စပါးတဧက ၂၅ ကျပ်၊ အာလူးနှင့်ကြက်သွန်နီတဧက ၇၅ ကျပ်၊ မြန်မာဆေး တဧက ၆၀ ကျပ်၊ မြေပဲနှင့် ငြုပ်တဧက ၅၀ ကျပ်၊ ဂုံလျှော်၊ ချဉ်ပေါင်လျှော်နှင့် ၀ါ တဧက ၂၀ ကျပ်၊ နှမ်း၊ ပြောင်းဖူး၊ မတ်ပဲ၊ ပဲဖြူကလေး၊ ပဲဒီစိမ်း၊ ပဲထောပတ်၊ ပဲပုပ်၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲကြီး၊ ပဲစင်းငုံ၊ ပဲနောက်၊ ပဲလွန်း၊ ပဲရင်း တဧက ၁၀ ကျပ်။
၁၉၆၅ ခု၊ သြဂုတ်(၃၁) ရက်နေ့ နောက်ဆုံးထား၍ စိုက်ပျိုးစရိတ် ငွေကုဋေ(၄၀) ကျော် (၄၀၈၄၉၅၄၄၀) ကျပ်ကို လအကများမှ တဆင့် ထုတ်ချေးခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-၂)
(တာ)
(တိ)
တိရစ္ဆာန် ဆေးကုလက်ထောက်ဆရာသင်တန်း
၎င်းသင်တန်းကျောင်းကို ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ အင်းစိန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ၄င်းတိရစ္ဆာန်ဆေးကု အတတ်သင်သိပ္ပံကျောင်းကို ပထမဆုံးအကြိမ် သင်တန်းသား ၇၅ ဦးကို လက်ခံသင်ကြားခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-၂)
(တီ)
(တု)
(တူ)
(တေ)
(တဲ့)
(တယ်)
(တဲ)
(တော့)
(တော်)
(တော)
(တို့)
(တို)
(တိုး)
(တက်)
တက်တိုး
အမည်ရင်းမှာ ဦးအုန်းဖေ ဖြစ်သည်။ ၁၉၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဟံသာဝတီခရိုင်၊ သံလျင်မြို့၌ ဖွားမြင်၍ အဖ ဈေးခေါင်းဦးမောင်ကလေး၊ အမိဒေါ်စိန်ညွန့်တို့ ဖြစ်၏။
၁၉၃၈ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ ရရှိ၏။ ဂန္ထလောကမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်၎င်း၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် နည်းပြဆရာ အဖြစ်၎င်း၊ ဆောင်ရွက်ခဲ့သည်။ ဘာသာပြန်ဆရာ၊ စွယ်စုံကျမ်း လက်ထောက်အယ်ဒီတာ စသည့် ရာထူးများဖြင့် ဂျပန်ခေတ်အတွင်း ဆောင်ရွက်ခဲ့၏။ ၁၉၄၅ ခုနှစ်တွင် ပြန်ကြားရေးဌာန သတင်းသုတေသနအရာရှိဖြစ်၍ ၁၉၄၇ ခုနှစ် တွင် ဟံသာဝတီသတင်းစာ အယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့လေသည်။
နုယဉ်ပုံနှိပ်တိုက်ကို ကိုယ်ပိုင် တည်ထောင်၍ ကျောင်းသုံးအင်္ဂလိပ် စာအုပ်များကို ရိုက်နှိပ်ထုတ်ဝေခဲ့၏။ ကျောင်းသားကိုင် အဘိဓာန် တအုပ်လည်း ပြုစုရေးသားခဲ့ပြီးလျှင် စာသင်သားဂျာနယ်နှင့် ကွန်မင်တေတာ နေ့စဉ် အင်္ဂလိပ်သတင်းစာတို့ကိုလည်း ကိုယ်တိုင် ထုတ်ဝေခဲ့၏။ ကိုယ်ပိုင် အလွတ်ပညာသင်ကျောင်း (နည်းပြ)ကိုလည်း တည်ထောင်ခဲ့၏။
မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ ပုံနှိပ်ထုတ်ဝေသူများအသင်းဥက္ကဋ္ဌ စသည်ဖြင့်လည်း လူမှုရေး၊ စာပေရေး၊ အသင်းအပင်းများတွင် ပါဝင်ခဲ့လေသည်။
တော်လှန်ရေးအစိုးရ လက်ထက်တွင် မြန်မာ့သတင်းစဉ် (ပြည်ပဆိုင်ရာ)တွင် တာဝန်ခံအယ်ဒီတာချုပ် အဖြစ်၎င်း၊ ပြန်ကြားရေး ဌာနခွဲ ညွှန်ကြားရေးဝန်အဖြစ်၎င်း၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ အဖြစ်၎င်း တာဝန်ထမ်းဆောင်ရသည်။
ရေးခဲ့သော စာအုပ်များအနက် သောကကင်းဝေး နေနိုင်ရေး၊ အချစ်နှင့်စိတ်ပညာ၊ ဘ၀နှင့်စာပေ၊ ဘာသာပြန် ပညာပေး ဆောင်းပါး များစသည်တို့မှာ သူ၏ထင်ရှားသော လက်ရာများ ဖြစ်လေသည်။
ဇနီးသည်မှာ နာမည်ကျော် ကဗျာဆရာမကြီး ဒေါ်နုယဉ် ဖြစ်သည်။ (မြန်မာနိုင်ငံ စာပေဆုများ)
(တောက်)
(တိုက်)
(တင်)
(တော)
(တောင်)
တောင်လှေကားမြို့တော်
(သရုပ်ကမပီ နေခြည်ဆောင်း အတွေးပန်းချီ ဒုတ္ထ၀တီရေကြည်ချောင်းကလေးသည် ဟို-အဝေး၀ယ် ကွေ့ကောက်ပြီး စီးဆင်းနေသည် တောင်လှေကား အထက်ဘွေဆီ မောင်ရေအသွားခက်နေသည် ထင်းရှုးနယ် ချယ်ရီမြိုင် လှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ)၂။
(အနီးစခန်းမှာ မေမြို့ပန်းတွေ စုံညီ သလဲသီးများနဲ့ စတော်ဘယ်ရီ)၂၊ အိမ်ကလေးများလဲ တွေ့ရမည် ချောက်ကမ္ပါး အလှတွေသည် ခေတ်မှီမှီ ဆောက်ထားကြလေသည်။
(သရုပ်ကမပီ...........ပန်းမြို့တော်ဆီ)၂။ (ရေး-ကိုလေးလွင်)
(တော်)
တိုက်သူကြီး
အောက်မြန်မာနိုင်ငံ၌ မြို့သူကြီး တာဝန်မျိုး ထမ်းဆောင်ရသူ ဖြစ်သည်။
တန်းခေါင်း
ကျေးရွာအုပ်စုများကို တန်းဟု ခေါ်၏။ ထိုတန်းကို အုပ်ချုပ်စီရင် ရသူတို့ကို တန်းခေါင်းများဟု ခေါ်၏။ ပုဂံမြို့ ကျေးရွာများတွင် တောင်ဖက်တန်း ၂၇ ရွာတန်း ခေါင်း စသည်ဖြင့် တွေ့ရသည်။
(ထ)
ထိပ်တင်စောရန်နိုင်
ထိပ်တင်စောရန်နိုင်နှင့်ထိပ်တင်စောရန်ပိုင်တို့သည် မက္ခရာမင်းသား၏သားတော်များ ဖြစ်ကြသည်။(ချောင်းခွမင်းသား-ကြည့်)။
ထောင်မှူး
အချို့ကျေးရွာများ၊ အထူးသဖြင့် ကျောက်ပန်းတောင်းဒေသ၌ သူကြီးအစား ထောင်မှူးများ ခန့်ထားအုပ်ချုပ်၏။
(ဒ)
(ဓ)
(န)
န၀ရတ်ကိုးပါး
(၁)နီလာ
(၂)စိန်
(၃)ကြောင်
(၄)ပတ္တမြား
(၅)မြ
(၆)ဂေါ်မုတ်
(၇)ဥဿဖယား
(၈)သန္တာ
(၉)ပုလဲ (ဗဟုသုတပုလဲကုံး)
န၀ရတ်ကိုးပါးဂုဏ်
ပတ္တမြား ဘုန်းတောက်၊ မြကျောက်ဧချမ်း၊ စိန်စွမ်းဂုဏ်ရည်၊ ကြောင်ကား သိဒ္ဓိ၊ မဏိနီလာ မေတ္တာကဲချုပ်၊ ဂေါ်မုတ် ခွန်အား။ ဥဿဖယား ကျန်းမာ၊ သန္တာကြည်ကဲ၊ ပုလဲကြက်သရေ၊ ကွန့်ကွန့်ဝေသည်၊ ကိုးထွေန၀ရတ်စွမ်းရည်တည်း။ (ဗဟုသုတပုလဲကုံး)
(နာ)
(နိ)
နိရောဓသမာပတ္တိ
နိရောဓသမာပတ်၊ ထွက်သက် ၀င်သက်, စိတ်, စေတသိက်, စိတ္တဇရုပ်များ ချုပ်ခြင်း၊ ပိုင်းခြားထားသော အချိန်ကာလ အတိုင်း အတာအတွင်း ခန္ဓာကိုယ် မလှုပ်မယှက် ငြိမ်သက်စွာ တည်နေခြင်း။
ဈာန်သမာပတ် (၈)ပါးကို ရရှိထားသော အနာဂါမ်များနှင့် ရဟန္တာပုဂ္ဂိုလ်များသာ နိရောဓသမာပတ်ကို ၀င်စားနိုင်ကြသည်။ (ဗုဒ္ဓ ဒေသနာတော် ဝေါဟာရ အဘိဓာန်)
(နီ)
(နု)
နု-အက်တလီစာချုပ်
၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ(၁၇) ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။ စာချုပ် ချုပ်ဆိုရန် အင်္ဂလန်သို့ ဦးနုနှင့်အတူ ပါသွားသူများမှာ ဗိုလ်မှူးအောင်၊ ဦးဝမ်ကိုဟော၊ ဗိုလ်ထွန်းလင်း၊ (တောခိုရဲဘော်ဖြူ)၊ တရားလွှတ်တော်ဝန်ကြီးချုပ် (ဦးချန်ထွန်း)။(ဗဟုသုတ ဒိုင်ယာရီ-၂)
(နူ)
(နော)
(နော်)
(နေး)
(နေ)
(နဲ)
(နှယ်)
(နိပ်)
(နက်)
နက္ခတ်ဖြင့် ၀တ်ဆင်ရန် ရတနာ
အဿဝဏီ။ ဘရဏီ။ ကြတ္တိကာ။ ရောဟနီ။ မိဂသီ။ အဒြံ။ နက္ခတ်တို့တွင် ပတ္တမြား။
ပုဏ္ဏဖုသျှ။ ဖုသျှ။ အဿလိဿ။ မာဃ။ ပြုပ္ပါဘရဂုဏ္ဏီ။ နက္ခတ်တို့တွင် နီလာ။
ဟဿတ။ စိတြ။ သွာတိ။ ၀ိသာခါ။ အနုရာဓ။ ဇေဋ္ဌ။ မူလ။ ပြုပ္ပါသန်။ နက္ခတ်တို့တွင် ကြောင်။
ဥတ္တရာသန်။ သရ၀ဏ်။ ဓနသိဒ္ဓိ။ သတ္တဘိသျှ။ ပြုပ္ပါဘဒြပိုက်။ ဥတ္တရာဘဒြပိုက်။ ရေ၀တီ။ နက္ခတ်တို့တွင် ဂေါ်မုတ်။
မှတ်ချက်။   ။အထက်ဖော်ပြပါ နက္ခတ်အလိုက် ဂြိုဟ်စားအလိုက် ရတနာကို ၀တ်ဆင်က မကောင်းသော ဘေးဒဏ် မကောင်းသော ကြမ္မာတို့ ပျောက်ကင်းကြောင်း ကျမ်းတွင် ဆိုထားသည်။ (ဗဟုသုတပုလဲကုံး)
(နောက်)
(နောင်)
(နွာ)
နွားနို့တွင် ပါဝင်သော အာဟာရဓာတ်များ
၁။ ဆားဓာတ်   ၇၅ ရာခိုင်နှုန်း။
၂။ သကြား      ၄.၉၀  ။
၃။ ပရိုတင်း      ၃.၃၅  ။
၎။ အဆီ         ၄      ။
၅။ ရေ            ၈၇    ။
(ဗဟုသုတ ဒိုင်ယာရီ-၁)
(နိုင်)
နိုင်ငံရေး
၁၃၀၀ပြည့် ရေနံမြေသပိတ်မှ အသေခံဗိုလ်များ
၁။ခုနစ်ထောင်စံ သခင်လှမောင်ကြီး (တောင်ငူ) ကွယ်လွန်။
၂။သခင်ထွန်းရွှေ (တောင်ငူ) စိန်ပေါ(ဆရာ) ရန်ကုန်။
၃။သခင်တင်ဦး အလုံ(ရုံးအုပ်) ဗဟိုငှက်ဖျား နှိမ်နင်းရေးဌာန။
၎။သခင်လွင် (ကျောက်မြောင်း) ညွှန်ကြားရေးမှူး၊ စစ်ထောက်လှမ်းရေးဌာန။
၅။သခင်မြတ်ကျော် (မြေနီကုန်း) ကျောင်းအုပ်-ပန်းချီအနုပညာကျောင်း။
၆။သခင်တင်မောင် (ပေါင်းတည်) ပထစ ၀န်ကြီးဟောင်း။
၇။သခင်စံရင် (သိမ်ဖြူ) လက်ထောက် စစ်ပြတိုက်မှူးဟောင်း။
၈။သခင်ပန်းမြိုင် (ကျောက်မြောင်း) ပထစ ၀န်ကြီးဟောင်း။
၉။သခင်မြင့် (ဗဟန်း)။
၁၀။သခင်ဗဟုန် (မြေနီကုန်း) ဗဟိုသမ၀ါယမ အသင်းဆိုင်။
၁၁။သခင်ဖေသန်း (ရေနံမြေ)။
၁၂။သခင်ဖေသန်း (သာဓု-စာရေးဆရာ)။
၁၃။ယိုးဒယား သခင်သိမ်းမောင် (မြေနီကုန်း)။
၁၄။သခင်ဗသိန်း (မြေနီကုန်း)။
၁၅။သခင်ကို (မြေနီကုန်း)။
၁၆။သခင်အေးမောင် (ဗိုလ်မိုး) ရဲဘော်သုံးကျိပ်ဝင် (ကွယ်လွန်)။
၁၇။သခင်သောင်းစိန် (ကျောက်မြောင်း) (စပကသအဖွဲ့ချုပ်)။
၁၈။သခင်ဗဌေး
၁၉။သခင်သောင်း
၂၀။သခင်မြသိန်း (ပေါင်းတည်)။
၂၁။သခင်ညွန့်မောင် (ပေါင်းတည်)။
၂၂။သခင်ဗဟန် (ပြည်)။
၂၃။သခင်ထွန်းခင် (ပြည်)။
၂၄။သခင်ညွန့်လှိုင် (ရေး)
၂၅။သခင်တင်ဖေ (အုတ်ဖို) တောတွင်း၊ ဗကသ(ကွယ်လွန်)။
၂၆။သခင်သန်းဖေ (ဖြူး)။
၂၇။သခင်စံကျော် (မိုးကုတ်)
၂၈။သခင်စုလှိုင် (ဟင်္သာတ)။
၂၉။သခင်ဗသောင်း
၃၀။သခင်သောင်းရွှေ
၃၁။သခင်အောင်ကြီး (ကွယ်လွန်)။
၃၂။သခင်ထွန်းမောင် (ခန္တီး)။ (ဗဟုသုတ ဒိုင်ယာရီ-၂)
(ပ)
ပထမဆုံး သွေးသွင်းဆက်နည်းကို ထွင်ခဲ့သူ
ခရစ်သက္ကရာဇ် ၁၆၆၅ ခုက ဆရာဝန် ရစ်ချက် လိုးဝါး (Richard Lower) က စမ်းသပ် တီထွင်ခဲ့သည်။
၁၉၃၉ ခုနှစ်တွင် အင်္ဂလန်၌ သွေးဘဏ်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
 ပလိပ်ရောဂါ
လက်တင်ဘာသာဖြင့် (ပတ်စချာလာ ပတ်စတစ် Pasteurella Pastis) ဟုခေါ်သည်။
၎င်းရောဂါမှာ ဥရောပမှ စခဲ့သည်။ ခရစ်သက္ကရာဇ် ၅၄၂ ခုနှစ်တွင် အီဂျစ်ပြည်တွင် ဖြစ်ပွားခဲ့သည်။ ၁၃၄၇-၁၃၄၉ ခုနှစ်များတွင် ဥရောပတိုက်တွင် လူ ၂ ကုဋေခွဲ ၄င်းရောဂါကြောင့် သေသည်။ ၁၆၆၅ ခုနှစ်၊ လန်ဒန်တွင် လူ ၇ ပုံ ၁ ပုံ ပျက်စီးခဲ့သည်။ ၁၄၀၄ ခုနှစ် ကစ၍ အီတလီပြည်၊ ဗင်းနစ်တွင် ပလိပ်ရောဂါ ကုသရန် ဆေးရုံပေါ်ခဲ့သည်။
(တီဘီ Tuberculosis ) ၄င်းပိုးကို စတွေ့ခဲ့သူမှာ ဂျာမန်လူမျိုး ရောဘတ်ကောက် (Robert Koch) ဆိုသူ ဖြစ်သည်။
တီဘီ ကာကွယ်ရေးဆေးကို စထွင်ခဲ့သူမှာ ပြင်သစ်ဆရာကြီး (မစ္စတာ ကားလမက် Mr. calmette) နှင့် (မစ္စတာ ဂါရင်း Guerin) တို့သည် ၁၉၂၄ ခုနှစ်၌ ပြင်သစ်နိုင်ငံတွင် တွေ့ရှိခဲ့သည်။
၁၉၃၅ ခုနှစ်၌ တီဘီရောဂါကို နှိမ်နင်းခဲ့ပြီး ၁၈၅၀ ခုနှစ်တွင် ဂျာမဏီ၊ အင်္ဂလန်တို့တွင် တီဘီဆေးရုံဟူ၍ ပေါ်ခဲ့သည်။
(ဗဟုသုတဒိုင်ယာရီ-၁)
ပဟာန
ပယ်စွန့်ခြင်း
ကာမဂုဏ်၌ တပ်မက်မှုကို ပယ်စွန့်ခြင်း၊ မဂ်ဉာဏ်ဖြင့် အကုသိုလ်တရား အပေါင်းကို ပယ်စွန့်ခြင်း။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
(ပါ)
(ပိ)
(ပီ)
(ပု)
ပုသိမ်-မောင်စိမ်းသူ
ကဗျာမှလာသော တေးသမား လူငယ်တဦး ဖြစ်၏။ ချစ်ရက်ရှည် အင်းယားမြေ, တောင်လှေကားမြို့ ကိုယ်လာမယ်, ကြင်နာသူနဲ့ ဝေးသောအခါ, အချောတို့ မောရ၀တီ, စသည့်အောင်မြင်သည့် တေးများ၏ လက်ရာရှင်လည်း ဖြစ်ချေသည်။
ဂီတနယ်၌ မျိုးမြင့်လေးနှင့် တွံတေးသိန်းတန်သည် သူ၏ဂီတဆရာနှင့် တွဲခေါ်ဆောင်သူဟု သူက မှတ်တမ်းတင်ထားသည်။ ၁၉၆၂ ခုနှစ်ဆီလောက်မှ ရုပ်ရှင်မင်းသမီး အေးအေးသင်း၏ "အမုန်းခံမလေးဆန္ဒမွန်" တေးဖြင့် ဂီတနယ်သို့ ရောက်လာသည်။
အမည်ရင်း မောင်စိုးမြင့် ဖြစ်၏။ ပုသိမ်မြို့ ဦးဘိုးရီ ဒေါ်ထားစိန်တို့၏ မွေးချင်း ၅ ယောက်မှ အကြီးဆုံးသား ဖြစ်သည်။
တေးနံ့သာမြိုင် တူရိယာအဖွဲ့မှ ပင်တိုင်တေးရေးဆရာ ဖြစ်သည်။
လိပ်စာမှာ ပုသိမ်မောင်စိမ်းသူ၊ အမှတ်-၆၊ ကွင်းကျောင်း၊ ၁ လမ်း၊ အလုံ၊ ရန်ကုန်မြို့။
(ပူ)
(ပေါ)
(ပေါ်)
(ပင်)
ပင်နီစလင်ကို စတင် တီထွင်ခဲ့သူ
ဆာအဲလက်ဇန္ဒြားဖလင်မင်
ပြည်စိုး
မြို့သူကြီးနှင့် အဆင့်အတန်း တူသည်။ ပုဂံဒေသ၌ ရှိ၏။ မြို့သူကြီးတာဝန်မျိုး ထမ်းဆောင်ရသည်။
ပြည်သူ့တရုပ်ပြည်
၁၉၂၇-ခုမှ ၁၉၄၉ ခုထိ တရုပ်နီ အမျိုးသားတို့၏ တော်လှန်ရေးကာလ ဖြစ်၏။ လူဦးရေ ၈၀ ရာခိုင်နှုန်းမှာ လယ်သမားများ ဖြစ်၍ ထိုစဉ်က နိုင်ငံခြားသားပိုင် လုပ်ငန်း (၂၁၀၀၀) ရှိရာ ဂျပန်၊ ဂျာမန်နှင့်အီတလီပိုင်များကို ကိုမင်တန် အစိုးရက ၁၉၄၅ ခုနှစ်က သိမ်းထားခဲ့၏။
၁၉၄၉ ခုနှစ်တွင် ပြည်သူ့တရုပ်အစိုးရက ကိုမင်တန်လက်မှ သိမ်းယူပြီး နိုင်ငံပိုင် ပြုလုပ်သည်။
"ကွမ်လုံ"သည် တရုပ်ကွန်မြူနီပါတီက ဦးဆောင်သည့် ပထမလယ်သမား တော်လှန်ရေးကို ၁၉၂၄ က စခဲ့သည့်မြို့ ဖြစ်၏။
တရုပ်ပြည်ကြီး ကိုမင်တန်လက်မှ လွတ်မြောက်သောအခါ အစိုးရက မည်သည့်ပါရဂူမျှ မခေါ်ဘဲ တရုပ်အမျိုးသားတွေနှင့်ချည်း စက္ကူ စထွက်အောင် လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုမှ ၁၉၅၇ ခုထိ ငါးနှစ်စီမံကိန်း၌ စက္ကူစက်မှ တနေ့ စက္ကူတန် ၁၄၀ ထိ ကျသည်။ ၁၉၅၈ ခုနှစ်ကစပြီး ကြိုးစားခဲ့ရာ အလုပ်၏ ၈၀ ရာခိုင်နှုန်းကို စက်က လုပ်၍ ၂၀ ရာခိုင်နှုန်းကိုသာ လူက လုပ်ကိုင်ရတော့သည်။ ၁၉၂၁ ခုတွင် တရုပ်ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့ပြီး ကွန်မြူးခေါ် ဘုံအဖွဲ့များကို ၁၉၃၀ ခုနှစ်ကစ၍ ဖွဲ့စည်းခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-၂)
(ဖ)
ဖလသမာပတ္တိ
ဖလသမာပတ်၊ ဖိုလ်စိတ်များ အကြိမ်များစွာ ဖြစ်နေခြင်း။
သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ် ဟူသော ဖိုလ်(၄)ပါးကို အကြိမ်များစွာ ဖြစ်ပေါ်စေခြင်းသို့ ရောက်နေခြင်း, ဖိုလ်ဝင်စားနေခြင်းတို့ ဖြစ်သည်။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
(ဗ)
(ဗာ)
(ဗိ)
(ဗီ)
ဗီတာမင်ကို တွေ့ရှိခဲ့သူ
၁၉၁၁-၁၂ ခုနှစ်က ပိုလန် လူမျိုး ဓာတုဗေဒ ဆရာကြီး (ကပ်စီမာဖန်) ဆိုသူက တွေ့ရှိခဲ့သည်။ (ဗီတာ) မှာ လက်တင် ဘာသာအရ အသက်ဟု အဓိပ္ပါယ်ရသည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
(ဗု)
ဗုဒ္ဓ
သိဒ္ဓတ္တသည် သုဒ္ဓေါဓနမင်းကြီး (ကပိလ၀တ်ပြည့်ရှင်) ၏သား ဖြစ်သည်။ မယ်တော်မာယာ၏၀မ်းမှ ကျွတ်ကျွတ်ချင်း မြေကြီးဝယ် ၇-ဖ၀ါး လှမ်းပြီး သူသည် လောကတွင် အမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြွေးကြော်သည်။
အရွယ်ရောက်ပြီးနောက် "ရမ္မ" "သုဘ" "သုရမ္မ" စသော နန်းသုံးဆောင်တွင် ယသောဓရာ အမှူးပြုသော မောင်းမအပေါင်း ၄ သောင်းနှင့် စည်းစိမ် ခံစားသည်။ သက်တော် ၂၉ နှစ်တွင် တောထွက်ခဲ့သည်။
သက်တော် (၈၀)၊ ၀ါတော် (၄၅)၀ါအရတွင် ပရိနိဗ္ဗာန် ပြုသည်။
သုမေဓာရှင်ရသေ့ဘ၀က ဒီပင်္ကရာ မြတ်စွာဘုရား၏ နိယတဗျာဒိတ်ကို ရရှိပြီး ပါရမီ ၁၀ ပါးကို ဖြည့်ခဲ့သည်။
အဘိဓမ္မာတရားကို ဗုဒ္ဓသည် ၆-၀ါအလွန် ၇-၀ါမြောက်တွင် မယ်တော် သန္တုဿီတ နတ်သားရှိရာ တာဝတိန်သာသို့ ကြွပြီး ဟောကြားသည်။
အဘိဓမ္မာ၏ အဓိပ္ပါယ်မှာ အဘိပုဒ် ဓမ္မပုဒ် နှစ်ပုဒ်ကို တွဲစပ်ထားသည်။ အဘိ ဆိုသည်မှာ သာလွန်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဓမ္မ ဆိုသည်မှာ ဘုရားစကားတော် စာပေပရိယတ်ဟု အဓိပ္ပါယ် ရသည်။ ထို့ကြောင့် အဘိဓမ္မာသည် သာလွန်မြင့်မြတ်သော တရားဓမ္မ ဟုအဓိပ္ပါယ်ရသည်။ အဘိဓမ္မာမှာ ၇ ကျမ်း ဖြစ်ပြီး သုတ္တန်တို့ထက် မြင့်မြတ်သည်။
ကြွင်းကျန်ခဲ့သော စေတီ(၄)ပါး
(၁)ဓာတုစေတီ၊
(၂)ဥဒိဿစေတီ၊
(၃)ပရိဘောဂစေတီ၊
(၄)ဓမ္မစေတီ။ (ဗဟုသုတ ဒိုင်ယာရီ-၁)
(ဗူ)
(ဘ)
(မ)
မဇ္ဇပါနသံယမ
သေရည်အရက်ကို သောက်သုံးမှုမှ စောင့်စည်းခြင်း။
သေရည်အရက်ကို မသောက်သုံးဘဲ စောင့်စည်းခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
(မာ)
(မိ)
(မီ)
(မု)
(မူ)
(မူး)
(မေ)
(မဲ့)
(မယ်)
(မဲ)
(မော့)
(မော်)
(မော)
(မို့)
(မို)
(မိုး)
(မက်)
(မောက်)
(မိုက်)
(မင်)
(မင်း)
မင်းအောင်
အမည်ရင်းမှာ ဦးသိန်းမောင် ဖြစ်၏။ ၁၂၇၈ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက် (၆-၇-၁၆)၊ ကြာသပတေးနေ့တွင် အဖလယ်သမားကြီး ဦးစံပွင့်၊ အမိဒေါ်ငွေမတို့မှ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်၊ ဆံဆွဲရွာ၌ ဖွားမြင်ခဲ့သည်။
ငယ်စဉ်က ဘုန်းတော်ကြီးကျောင်းတွင် မြန်မာစာပေ ဆည်းပူးခဲ့ရ၍ အတန်းကျောင်း နေခဲ့ရခြင်း မရှိချေ။
၁၉၄၆ ခုနှစ်မှ စတင်၍ စာပေများ ရေးသားခဲ့ရာ လုံးချင်းဝတ္ထု ၂၂ အုပ်နှင့် ကျမ်းစာအုပ် တအုပ် ရေးသား ပြီးစီးခဲ့၏။ ထို့ပြင် ရှုမ၀၊ သွေးသောက်၊ ဆန်းသစ်ဦး၊ မြ၀တီ၊ ကလောင်စုံ၊ လင်းယုန်ဂျာနယ်၊ တိုင်းရင်းမေဂျာနယ်၊ ပြည်သူ့ဂျာနယ်၊ ပြည်တော်စိုးဂျာနယ် စသည့် မဂ္ဂဇင်းဇင်း ဂျာနယ်များတွင် ၀တ္ထုတိုများနှင့် ဆောင်းပါးများလည်း ရေးသားခဲ့၏ ထိုစဉ်က ၀နေ ဟူသော ကလောင်အမည်ဖြင့် ရေးသားခဲ့လေသည်။
တခါတရံ ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင် သရုပ်ဆောင်ခြင်း၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်ရိုက်ခြင်း၊ ဇာတ်ညွှန်း ရေးခြင်းတို့လည်း ပြုလုပ်သည်။
ရေးသားခဲ့သော ၀တ္ထုများမှာ မိုးအောက်မြေပြင်၊ ဂျစ်သခင်၊ ငွေလူ့ပြည်၊ လက်ဝဲဗိုလ်၊ သား၊ ကျားမ၊ ချစ်မြင့်မိုရ်၊ ဥတုသုံးလီ၊ နီလာမြသား၊ သွေးချစ်၊ ၀တ္ထုရေးနည်းနှင့် ပြဇာတ် ဇာတ်ညွှန်း၊ တပွင့်မာလာ၊ မာန၊ အိ၊ လှိုင်းသံ၊ ဘုံလယ်မြေ၊ မှောင်ထဲကရွာ၊ အငုံ စသည်တို့ ဖြစ်သည်။ (မြန်မာနိုင်ငံ စာပေဆုများ)
မိုးပစ္စုန်
ပစ္စုန်တဲ့ပစ္စုန် တဟုန်ဟုန် ရွှေပစ္စုန်ငယ် ရွာနိုင်ပါပေရဲ့ မိုးရယ် မိုးရယ်လေး။
(မိုးပစ္စုန်ရယ် အလွန်ဘဲရွာသွန်းဖြိုးသည်၊ မှိုင်းအုံ့ကာရီ)၊ အာကာဘောင် မှောင်ကာမဲ သဲလို့ရွာပြီ၊ တိတ်ပါတော့ ဒေ၀ါမိုးကို စိတ်ဆိုးလှပါပြီ။
(အို မိုးပစ္စုန် တနေ့လုံး မဆုံးအောင် ရွာတော့သည်)၂၊ အော် လွမ်းတတ်ပါသည်၊ အော် ဆွေးတတ်ပါတော့သည်၊ ရာသီက ဆန်းချိန် တော်ရုံမှန်းပါလို့၊ တိတ်လိုက်စမ်းပါအတည်၊ သက်တန့်စိမ်းငယ်လေ မိုးသံက ဟိန်းပြန်တော့သည်။
မိုးပစ္စုန်ရယ်...........စိတ်ဆိုးလှပါပြီ။
([အသူရာသိကြားမင်းနဲ့ စစ်ခင်းကာ ပြိုင်ကြသည်၊ ဂျိုးဂျိုးဂျိမ့်ဂျိမ့်နှင့် စိတ်မရှည်နိုင်ရှာပြီ]၂၊ ချမ်းလှပါသည် အေးလှပါသည်၊ ကတ္တီပါသား စောင်ကြားတွေ ထပ်သော်လည်း ဒေ၀ါပိုင်သော နတ်က အငြိုးကြီးနဲ့ မိုးကိုဘဲ ဆုပ်ကာ ကြဲတော့သည်)၂။
(အို ရွာလွန်းသည်၊ နေခြည်ရောင် ၀င်းဝင်းဝါ လင်းချိန်တန်ပြီ၊ ပန်းဝတ်ရည်မှာ ညှာတံပွင့်လုံးချီ)၂၊ တိတ်ပါတော့ မိုးဒေ၀ါကို စိတ်ဆိုးလှပါသည်၊ (နွေရော ဆောင်းရော ပျော်ပါသည်၊ ကောင်းသည်၊ အားလုံး နှစ်ခြိုက်ပါသည်)၂၊ လူများ၏အလိုကို နတ်မလိုက်နိုင်ဘဲ အုံ့ကာလေ တဖွဲဖွဲ ရွာလေတသဲသဲ (မစဲအောင် ရွာသည်၊ လွမ်းအောင် ဖန်တော့သည်)၂၊ နန်းတော်ရှေ့ ဆရာ ရေးပါသည်၊ ပျိုကြည်အောင်ဆိုတေး အေးသောသည်ရာသီ။ (ရေး-နန်းတော်ရှေ့ဆရာတင်၊ ဆို-မကြည်အောင်)
(မူ)
(မေ)
(မဲ)
(မော)
မေ့ဆေးကို စတင်တွေ့ခဲ့သူ
အမေရိကန်ပြည် မက်ဆားချူးဆက်နယ် ဘို့စတန်မြို့သား သွားစိုက် ဆရာဝန်ကလေး ၀ီလျံမော်တင် William T.G. Mor Ton
၁၈၄၆ ခုတွင် ခွဲစိတ်ခံရသူ လူနာများကို မေ့ဆေး စတင်၍ ပေးခဲ့သည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
မြေတိုင်
သူကြီးနှင့်တန်းတူ မြေတိုင်လည်း ရှိ၏။ သူကြီးအောက် မြေတိုင်လည်း ရှိသည်။ မြေယာ ခွဲဝေချထားခြင်း၊ အခွန် ကောက်ခံခြင်း အလုပ်များ လုပ်ရသည်။
(မြွေ)
မြွေကိုက်ခံရလျှင် ရှေးဦးစွာ ပြုစုခြင်း
လူနာကို ဒဏ်ရာ၏အထက် ၃ လက်မ ၄ လက်မ အကွာလောက်တွင် ကြိုး (သို့မဟုတ်) အ၀တ်ဖြင့် တင်းတင်း စည်းထားရမည်။
နာရီဝက်ခန့် (သို့မဟုတ်) မိနစ်ဝက်ခန့် တကြိမ် ကြိုးလျှော့ပေးရမည်။
အကယ်၍ အခြေအနေ ဆိုးနေလျှင် မြွေကိုက်ခံရသော အစိတ်အပိုင်းအား အသက်ရှင်မှုကို ရှေ့ရှုပြီး ဖြတ်ပစ်တန် ဖြတ်ပစ်ရမည်။
ဒဏ်ရာအား သန့်ရှင်းသော ရေဖြင့် ဆေးကြောပေးနိုင်သည်၊ ရနိုင်ပါက (Potassium Perman Ganate Powder) ဖြင့် ဆေးကြောလျှင် အထူးသင့်၏။
ဒါး, တံဇင်, လှံ, သံပြားတို့ကို မီးဖုတ်၍ ဒဏ်ရာ တည့်တည့်ပေါ်တွင် လက်မ၀က်ခန့် ကြက်ခြေခတ် လှီးရမည်။ အနက် လေးပိုင်း တပိုင်း လက်မမှ နှစ်ပိုင်း တပိုင်း လက်မ ရှိရမည်။
မြွေကိုက်ခံရသူ၏ သွေးလန့်ခြင်း (Shock) ၏လက္ခဏာများ။
၁။နဖူးတွင် ချွေးသီးများ ကျခြင်း၊
၂။အသားအရေ အေးစက်ခြင်း၊
၃။သွေးခုန်မြန်ခြင်း၊
၎။နှုတ်ခမ်းဖြူရော်ခြင်းများ ဖြစ်လာတတ်သည်။
ဝေဒနာရှင်အား ပူနွေးသော ကော်ဖီ၊ နွားနို့၊ ဂလူးကို့စ် စသည်များ တိုက်နိုင်သည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
မြင်းစီး၊ မြင်းစီးခေါင်း
မြင်းမြေ၊ မြင်းရွာများကို မြင်းစီးမြင်းခေါင်းများက အုပ်ချုပ်ရသည်။
မြို့သူကြီး
မြန်မာမင်းအုပ်ချုပ်ရေး-ကြည့်။
မြန်မာစာနှင့်တိုင်းခြားပြည်ခြား
ရုရှားဘာသာဖြင့် မြန်မာစာအုပ်များမှာ-
(၁)ဦးလတ်၏ စပယ်ပင် (၂) ဆရာဇော်ဂျီနှင့် မင်းသုဝဏ်တို့၏ ကဗျာများ ဖြစ်သော ပုခက်လွှဲချင်း။ ပိုးစုန်းကြူး၊ တောက်တဲ့၊ ပန်းသည်၊ လူကလေးရဲ့ အမှတ်အသား၊ သဘက်ဆေး၊ သပြေသီးကောက်၊ ၀င်္ကပါ၊ မာရ်နတ်သား၊ ကြွက်ကလေး၊ တူတူရေ၀ါး တို့ ဖြစ်သည်။
အင်္ဂလန်ပြည်၊ လန်ဒန်တက္ကသိုလ်၌ ဒေါက်တာလှဖေ မစ္စတာ ဆားမစ္စစ် အဲလော့တို့ ကြီးမှူး၍ မြန်မာစာ ပို့ချနေသည်။ ၄င်း တက္ကသိုလ်တွင် မြန်မာ အင်္ဂလိပ် အဘိဓာန်ကိုလည်း မစ္စတာဒန်းက ကြီးမှူး၍ ၃ တွဲ ပြုစုလျက်ရှိရာ ၁၉၈၄ ခုနှစ်တွင် က၊ မှ အ အထိ ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။
အမေရိကန် ယေး(လ်) တက္ကသိုလ်တွင်လည်း ဒေါက်တာ ကောနင်း အမှူးပြု၍ မြန်မာစာ ပို့ချသည်။ ခေတ်မှီမြန်မာ အင်္ဂလိပ် အဘိဓာန်ကိုလည်း ပြုစုနေသည်။
ဝါရှင်တန်ရှိ စစ်ပညာ ကောလိပ်၌လည်း မြန်မာစာ သင်ကြားပို့ချနေသည်။
ဆိုဗီယက်ပြည် မော်စကို တက္ကသိုလ်နှင့် လီနင်ဂရက် တက္ကသိုလ်တို့တွင် မြန်မာစာ ပို့ချနေသည်။ (ဗဟုသုတဒိုင်ယာရီ-၁)
မြန်မာပြည်သားအဖြစ် ခံယူသော နိုင်ငံခြားသားများ
၁၉၄၈-၄၉ ခုနှစ်                        ၄၁၄ ယောက်
၁၉၅၀ ခုနှစ်                             ၇၀၁ ယောက်
၁၉၅၁ ခုနှစ်                            ၇၂၈ ယောက်
၁၉၅၃ ခုနှစ်                            ၉၃၅ ယောက်
၁၉၅၄ ခုနှစ်                            ၁၀၂၀ ယောက်
၁၉၅၅ ခုနှစ်                            ၈၅၆ ယောက်
၁၉၅၆ ခုနှစ်                           ၁၉၁၆ ယောက်
၁၉၅၇ ခုနှစ်                           ၂၅၁၈ ယောက်
၁၉၅၈ ခုနှစ်                           ၃၆၂၆ ယောက်
၁၉၅၉ ခုနှစ်                           ၁၉၁၆ ယောက်
၁၉၆၀ မှ ၁၉၆၃ ခု၊ ဇူလိုင်လ (၃၀) ရက်အထိ ၃၀၈၀ ယောက် - စုစုပေါင်း ၂၁၃၉၇ ဖြစ်၏။
(ရ)
(ရာ)
ရာသီတော်ဦး
တိမ်ပြာမိလ္လာရီ တပေါင်းလမီ၊ လေညှင်းသွေးလို့ မွှေးတော့သည်၊ အင်ကြင်းသရဖီ ပွင့်လန်းကာ စွဲလန်းကာရည် ပန်းရနံ့ချီ။
သံပြိုင်။မြိုင်မဟီ၊ ရွက်သစ်ပြောင်းလို့ ရွက်ဟောင်းကြွေပြီ၊ ပျို့ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်၊ ဖူးစာတော်ရေးလို့စီ၊ ပြောလိုက်ပါ့ သော်တာယုံစန္ဒီ၊ မှာလိုက်ပါရစီ၊ နွေဦးပြောင်းလို့ အောက်မေ့သည်၊ ပျိုချစ်သူဆီ၊ နေ့တိုင်းပင် စွဲလန်းပါသည် ပန်းရနံ့ကြည်။(စွဲလန်းကာရည်၊ လွမ်းမိသည်။)
အာကာယံထဲမှာ နွှဲကာပျံဝဲကြသည်၊ ကျေးဖိုမစီ၊ မိုးတိမ်ဦးမှာ ပျော်မြူးကာ ဖူးစာဖက်သည်၊ တမ်းတကာရည်မှန်းလို့ လွမ်းသည်၊ တူနှစ်ကိုယ်ကြင်မည်၊ တပေါင်းလဆန်းမီ။
သံပြိုင်။ မြိုင်မဟီ.......လွမ်းမိသည်။
ချိန်ခါမီပေါင်းမည်၊ မိန်ရာသီပြောင်းပြီ၊ ချိန်ကာမီ ပေါင်းမည်၊ မျှော်တာကြာပြီ၊ စင်ရော်သူဝဲ နွှဲပြန်သည်၊ သောင်ယံကမ်းမြင့်နဒီ၊ မောင်မယ်ကြည်နူးမြူးပျော်သည်၊ ထူးမြတ်တဲ့ခါမီ၊ ရာသီတော်ပွဲ သဲစေတီ၊ စဉ်လာ ရှေးထုံးအညီ၊ ကြည်လင်ရွှင်လန်း ပန်းဝေရီ ဘေးမသန်း အေးချမ်းသည်။
အာကာယံထဲ................တပေါင်းလဆန်းမီ။
သံပြိုင်။ မြိုင်မဟီ..................လွမ်းမိသည်။ (ရေး-နန်းတော်ရှေ့ ဆရာတင်၊ ဆို-မကြည်အောင်)
(ရိ)
(ရီ)
(ရု)
(ရူ)
(ရေ)
(ရန်)
ရန်ကုန်အင်ဂျင်နီယာ တက္ကသိုလ်
ပြည်လမ်း ဟံသာဝတီအ၀ိုင်း အလွန်တွင် တည်ရှိသည်။ ၁၉၅၄ ခုနှစ်က ဦးနု အုတ်မြစ်ချခဲ့သည်။ ၄င်းကျောင်းကို တေလာဝုဒ်ရိုး ကွန်စထရပ် လိမိတက်နှင့် မြန်မာအင်ဂျင်နီယာများက ဆောက်လုပ်ခဲ့သည်။ ၁၉၅၆ ခု၊ နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့၏။
(ရော)
(ရဲ)
ရွာသူကြီး
ကျေးရွာ ငြိမ်ဝပ်ပိပြားရေး၊ အခွန်ကောက်ခံရေးတို့ကို ဆောင်ရွက်ရ၏။ သေးငယ်သော အမှုများကို စီရင်ရသည်။ ကောက်ခံရသော အခွန်မှ ရာခိုင်နှုန်းဖြင့် စားရသည်။ စားမြေရသည်။
ရွှေမှူး၊ ရွှေသူကြီး
ရွှေထွက်သည့် အရပ်ဒေသများ၌ မြို့သူကြီး ရွာသူကြီးအစား ရွှေမှူး၊ ရွှေသူကြီးများ ခန့်ထားသည်။ မော်ခွင် ရွှေမှူး၊ ဂျိုတောင် ရွှေမှူး၊ စက်တော ရွှေမှူး စသည်တို့ဖြင့် ရှိကြသည်။
(ရွှေ)
ရွှေကိုင်းသား
ရဟန်းဖြစ်၍ ဘွဲ့မှာ အသျှင်ဦးသောဘိတ ဖြစ်သည်။ လူအမည် ဦးထွန်းလှိုင် ဖြစ်၏။ ၁၉၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်၊ သောကြာနေ့ တွင် စစ်ကိုင်းမြို့၊ တကောင်းရပ်တွင် အဖ မြန်မာ ဆေးဆရာကြီးဦးအုံး၊ အမိဒေါ်မြတို့မှ ဖွားသန့်စင်သည်။
ငယ်စဉ်က စစ်ကိုင်းမြို့ တကောင်းရပ် ဆရာကြီးဦးဘိုးလူ အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့၍ ၁၉၂၈ ခုနှစ်တွင် သတ္တမတန်း အောင်မြင်ခဲ့လေသည်။ ဦးထွန်းလှိုင်သည် ပန်းချီနှင့် ဓာတ်ပုံပညာကို ၀ါသနာထုံသည့်အလျောက် အသက်မွေး ၀မ်းကျောင်းအဖြစ် သင်ယူခဲ့လေသည်။ ၁၉၃၀ ပြည့်နှစ်တွင် ပျဉ်းမနားမြို့ နော်မန်ကျောင်းမှ အီးတီစီခေါ် မူလတန်းဆရာဖြစ် သင်တန်း အောင်မြင်သော်လည်း ကျောင်းဆရာ မလုပ်ပဲ ၀ါသနာအလျောက် မန္တလေးမြို့ ကမ္ပည်းကျောက်စာရုံတွင် ပန်းချီဆရာ အဖြစ် ၁၁ နှစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။
ကျောက်စာဝန်ဦးမြ၊ ဦးလူဖေ၀င်းတို့၏ နည်းပေး ညွှန်ပြမှုဖြင့် ဦးထွန်းလှိုင်သည် စာပေများ ရေးသားစ ပြုခဲ့ရာ ၁၉၃၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် သူရိယရုပ်စုံတွင် မင်းရှင်စော အတ္ထုပ္ပတ္တိ ဆောင်းပါးဖြင့် ပထမဆုံး အောင်မြင်ခဲ့လေသည်။ ရတနာပုံလှိုင်ခင်အေး၊ ရတနာပုံဘိုးမှတ်၊ မှတ်စုမောင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား စသော အခြား ကလောင် အမည်များဖြင့်လည်း  ရေးသားသည်။
၁၉၄၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ရဟန်းဘောင်သို့ တက်သည်။ ဆင်ယင်ထုံးဖွဲ့မှုကျမ်းကို ရဟန်းမ၀တ်မီက ပြုစုခဲ့ခြင်း ဖြစ်သည်။ ရွှေကိုင်းသား ပြုစုခဲ့သော စာအုပ်များအနက် ထင်ရှားသော လက်ရာများမှာ မန္တလေး၊ တကယ့်စကားများ၊ ရတနာစေတီ ဆင်များရှင်စေတီ ဘုရားသမိုင်း၊ လောကမကိုဋ် ဘုရားသမိုင်း၊ နှစ် ၁၀၀ ပြည့် မန္တလေး၊ ပတ္တမြား စေတီဘုရားသမိုင်း၊ ပုညရှင်ဘုရားသမိုင်း၊ ရွှေကြက်ယက် ဘုရားသမိုင်း၊ အင်ကြင်းတောဘုရားသမိုင်း၊ ပိတောက်ချောင် ၂၀၀ ပြည့် သမိုင်း၊ ဆွမ်းဦးပုညရှင် စေတီတော် ပြုပြင်စောင့်ရှောက်ရေး အဖွဲ့စည်းမျဉ်းဥပဒေ၊ ၀က်မစွတ်မြို့စား ဒုတိယန၀ဒေး၊ ရွှေဂူမြို့ ရွှေအံတော် ဘုရားသမိုင်း၊ စစ်ကိုင်း ထူပါရုံဘုရား သမိုင်းတို့ ဖြစ်သည်။ (မြန်မာနိုင်ငံ စာပေဆုများ)
(ယ)
(လ)
လက်မှာ ရတနာဝတ်ရန်
လက်ညှိုးမှာ နီလာကို ၀တ်ဆင်ရမည်။
လက်လယ်မှာ မြကို ၀တ်ဆင်ရမည်။
လက်သူကြွယ်မှာ ပတ္တမြားကို ၀တ်ဆင်ရမည်။
လက်သန်းမှာ ကြောင်ကို ၀တ်ဆင်ရမည်။
စိန်မှာ လက်တိုင်း ၀တ်ဆင်နိုင်သည်။
မှတ်ချက်။  ။အထက်ဖော်ပြပါ နေ့သားအလိုက် ရတနာဝတ်ဆင်ရန်နှင့် လက်ညှိုး လက်သန်း လက်လယ်တို့တွင် ၀တ်ဆင်ရန် ကျောက်တို့ကို ပြထားအတိုင်း ၀တ်ဆင်ခြင်း ပြုလုပ်ပါက ဆန်းသစ်စ လကဲ့သို့ ဥစ္စာပစ္စည်း တိုးတက်ကြောင်း ကျမ်းတွင် ဆိုထားသည်။(ဗဟုသုတပုလဲကုံး)
လူ
မွေးဖွားကာစ အရိုးစုပေါင်း (၂၇၀)၊ သေဆုံးလျှင် (၂၀၆) သာ ကျန်သည်။ ကြွက်သားကလေးပေါင်း (၅၂၇) ကြွက်သား (၈၃)ခု ဦးခေါင်းတွင် ရှိသည်။
ကိုယ်တွင်းရှိ ရေမှာ ငါးပိုင်း တပိုင်း ခန်းခြောက်သွားပါက သေနိုင်သည်။
တနေ့ နှလုံးခုန် ကြိမ်ပေါင်း ၁၀၃၃၈၉။ (ဗဟုသုတ ဒိုင်ယာရီ-၁)
လူ့နှလုံးသား
နှလုံးသား၏အလေးချိန်မှာ ပေါင်ဝက်ခန့် လေးသည်။ မြန်မာအလေးချိန် (၂၅)ကျပ်သားခန့် ရှိသည်။
တမိနစ်လျှင် အကြိမ် ၇၀ ခုန်သည်၊ တနာရီ အကြိမ် (၄၂၀၀)၊ တရက်(၁၀၀၈၀၀)၊ တနှစ် အကြိမ်ပေါင်း ၃၆၇၉၂၀၀၀၊ နှစ်ငါးဆယ် အတွင်း အကြိမ်ပေါင်း (၁၈၃၉၆၀၀၀၀၀၀)။
၁၂ နာရီအတွင်း ထုတ်လုပ်သော သွေးအားမှာ (၅)တန် လေးသော ကားတစီးကို မြေပြင်မှ ၁ ပေ အမြင့်အထိ မတင်နိုင်သော အင်အား ရှိသည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
(လူး)
(၀)
(၀ါ)
(၀ိ)
ဝိရတိ
မကောင်းမှုမှ ရှောင်ကြဉ်ခြင်း။
ဝိရတီ (၃)မျိုး ရှိသည်။
(၁)သမာဒါန၀ိရတိ=သီလဆောက်တည်ထားလျက် မကောင်းမှုမှ ရှောင်ကြဉ်ခြင်း။
(၂)သမ္ပတ္တိဝိရတိ=သီလဆောက်တည် မထားဘဲ ပြုလုပ်ရန် အခွင့်ဆိုက်သော်လည်း မကောင်းမှုမှ ရှောင်ကြဉ်ခြင်း။
(၃)သမုစ္ဆေဒ၀ိရတိ=အကုသိုလ်တရားများကို မဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်ထားပြီး ဖြစ်၍ ရှောင်ကြဉ်ခြင်း။ (ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်)
(၀ီ)
(၀ု)
(၀ူ)
(၀ဲ)
(ဝေါ်)
(ဝေါ)
(သ)
(သာ)
(သိ)
(သီ)
(သီး)
သီးစားချထားရေး ဥပဒေ
၁၉၆၅ ခု၊ ဧပြီလ (၅)ရက်နေ့တွင် တော်လှန်ရေး အစိုးရသည် သီးစားချထားရေး ဥပဒေကို ပြင်၍ ၁၉၆၅ ခု၊ တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၂ ကို ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေကြောင့် သီးစားယူ၍ လုပ်ကိုင်သော လယ်သမား တသန်းတသိန်းခန့် သည် မြေရှင်များအား သီးစားခ ပေးရန် ငွေသိန်း (၁၃၀) သက်သာသွားခဲ့၏။ (ဗဟုသုတ ဒိုင်ယာရီ-၂)
(သု)
သံမှူး
သံထွက်သော အရပ်ဒေသ၌ သူကြီးအစား သံမှူး ခန့်ထား၏။ မော်လိုက်၌ မော်လိုက်သံမှူး ရှိသည်။
သန္ဓေရှိခြင်း၏ အရိပ်နိမိတ်များ
၁။ရာသီရပ်စဲခြင်း၊
၂။နံနက်ဖျားခေါ် အိပ်ယာထ မအီမသာဖြစ်ခြင်း၊
၃။အရေကြည်အံခြင်း၊
၎။ရင်ဘတ်ဝယ် စိမ်းပြာရောင် အစင်းများ ထင်လာခြင်း။ (သွေးပြန်ကြောများ ဖြစ်သည်။)
၅။သုံးလအတွင်း ဆီးခဏခဏ သွားခြင်း၊
၆။ချက်တည့်တည့်မှ အညိုစင်းများ ပေါ်လာတတ်ခြင်း၊
၇။ဝမ်းဗိုက်၏အလေးဒဏ်ကြောင့် သွေးပြန်ကြော ယောင်ပွကာ ခြေထောက် ဖောခြင်း၊
၈။အင်္ဂါဇာတ်တ၀ိုက် ယားခြင်း၊
၉။အဖြူရေ ပျစ်ပျစ် ဆင်းခြင်း၊
ဥပါဒ် လက္ခဏာများ
သွေးသွန်ခြင်း၊ အကြောတုန်ခြင်း၊ အကြောဆွဲခြင်း၊ ဆီးတွင် အယ်လ်ဘူမစီခေါ် ဥအကာဓာတ် အဖတ်ကလေးများ ပါခြင်း၊ သန္ဓေသား၏ လှုပ်ရှားမှု ရပ်စဲခြင်း စသည်တို့ ဖြစ်သည်။ (ဗဟုသုတ ဒိုင်ယာရီ-၁)
(သူ)
သူနာပြုအလုပ်ကို စခဲ့သူ
ဖလော်ရင့် နိုက်တင်ဂဲလ်
သတ္တ၀ါတို့၏ သန္ဓေရက်ပေါင်း
(၁)ကြံ့သူတော် - (၃၃၀ ရက်)
(၂)ရေမြင်း - (၂၄၀ ရက်)
(၃)၀ံပုလွေ - (၆၃ ရက်)
(၄)ဝေလငါး - (၃၀၅ ရက်)
(၅)ကုလားအုပ် - (၃၉၀ ရက်)
(၆)ခြင်္သေ့ - (၁၁၀ ရက်)
(၇)မြေခွေး - (၆၃ ရက်)
(၈)ကြောင် - (၆၃ ရက်)
(၉)သားပိုက်ကောင် - (၃၉ ရက်)
(၁၀)သစ်ကုလားအုပ် - (၄၂၀ ရက်)
(၁၁)ဆင်(အိန္ဒိယ) - (၆၂၁ ရက်)
(၁၂)ကျား - (၁၀၆ ရက်)
(၁၃)ကြံ့ - (၅၄၈ ရက်)
(၁၄)ခွေး - (၆၃ ရက်)
(၁၅)ကျွဲ - (၃၁၁ ရက်)
(၁၆)မြင်း - (၃၃၀ ရက်)
(၁၇)ရှဥ့် - (၃၀ ရက်)
(၁၈)ယုန် - (၃၂ ရက်)
(၁၉)လူ - (၂၇၀ ရက်)
(၂၀)လူဝံ - (၂၃၆ ရက်)
(၂၁)ဆင်(အာဖရိက) - (၆၃၈ ရက်)
(၂၂)ဆိတ် - (၁၅၀ ရက်)
(၂၃)နွား - (၂၈၀ ရက်)
(၂၄)ပူး - (၆၂ ရက်)
(၂၅)ပွေး - (၃၀ ရက်)
(၂၆)၀က် - (၁၁၅ ရက်)
(၂၇)သမင် - (၂၃၀ ရက်)
(၂၈)ဖား - (၁၅၀ ရက်)
(၂၉)၀က်ဝံ - (၂၁၀ ရက်)
(၃၀)ကြက် - (၂၀ ရက်)
(ဗဟုသုတဒိုင်ယာရီ-၁)
သွေးအစား ၄ မျိုး
(၁)အေ
(၂)ဘီ
(၃)အေဘီ
(၄)အို။
(ဘီ) - အမျိုးအစားသွေးနှင့် ဘီ၊ အေဘီသွေးကို ပေါင်းစပ်နိုင်သည်။
အေဘီသွေးကို အေဘီသွေးသာ ပေါင်းစပ်နိုင်သည်။
အိုသွေးကို မည်သည့်သွေးအမျိုးအစားမဆို ပေါင်းစပ်နိုင်သည်။ ၄င်းကို (Universal Donor) ဟုခေါ်သည်။
အေ အမျိုးအစားကို အေအိုတို့ဖြင့် ပေါင်းစပ်နိုင်သည်။
ဘီ အမျိုးအစားကို အေ၊ ဘီ၊ အေဘီ၊ အို တို့ဖြင့် ပေါင်းစပ်နိုင်သည်။
အေဘီသည် (Universal Recipient) ဖြစ်၏။ (ဗဟုသုတဒိုင်ယာရီ-၁)
သွေးသောက်ကြီး
အစု အမှုထမ်းတို့အား လုပ်မြေ နေမြေ ချထားပေးသော ဒေသများတွင် သွေးသောက်ကြီးများက အုပ်ချုပ်သည်။ ကျောက်ဆည် လယ်တွင်းခရိုင်များ၌ တွေ့ရသည်။
(ဟ)
ဆက်ရန်-