ချင်းတွင်းက ဖိတ်ခေါ်သံ

မုံရွာမြို့မှ ဟုမ္မလင်းဆီ

သင်္ဘောကြီးနှင့် ဆန်ခဲ့ပြီ၊

ကနီ မင်းကင်း ကလေးဝ

မော်လိုက် ဖောင်းပြင် သောင်သွတ်ပါ့။


ဟုမ္မလင်းမြို့မှ ခန္တီးဆီ

မော်တော်လေးနှင့် ဆန်ခဲ့ပြီ၊

သောင်စပ်ဆီမှ ငှက်တသင်း

ဝမ်းဘဲ ဟင်္သာ ရွှေပိန်ညင်း။


ဆောင်းလအခါ ရေကြည်ရာ

ကိုတံငါတို့ ငါးတွေရှာ၊

မိုးဦးစမှာ ဖောင်တွေမျှော

ဝါး ကြိမ် အလွန်ပေါ။


စပါးခင်းတွေ မှည့်​ချိန်တော်

သားရှင်ပြုဖို့ တွေး​ကာ ပျော်၊

လက်ဖက် လိမ္မော် မြေပဲခင်း

ရှမ်းလုံမေတို့ လုပ်ခွင်ဆင်း။


နာဂပျားရည် ချိုသကွယ်

ရှမ်းဟင်းပေါင်းက ရသာကြွယ်

ဧည့်ခံပါ့မယ် လာလည်နော့

ဝမ်းမြောက် ဝမ်းသာ ကြို​မှာပေါ့။

မောင်ကြော့ဦး

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၅ ခု၊ ဖေဖေါ်ဝါရီလ၊ အတွဲ ၃၈၊ အမှတ် ၄၅၃၊ နှာ-၁ဝ။