ဒုဋ္ဌဝတီပေါ်က အလွမ်းတစ်ပွင့်

* ဒုဋ္ဌဝတီ

ရေပြာကြည်မြ၊ နှင်းလွပွင့်လူ

တမြူတခဲ၊ ချမ်းကဲလွန်းစွ

ရိုးမတောင်တန်း၊ ချောက်ကမ်းလျှိုထက်

အိပ်မက်တစ်ပွင့်၊ ခြွေလွင့်ခဲ့ပြီ

အတိတ်သည် ကျန်ရစ်၊ ဝေဒနာဖြစ်ကျန်။

 

*ငှက်တေးတမြုံ

တောအုံထက်မှ၊ ချိုမြသီကျူး

ရင်ထဲစူးရှ၊ သူမနဲ့​ကျွန်တော်

ကြင်ဖော်အဖြစ်၊ ခံစားသစ်နှင့်

 

*ချစ်ခဲ့ကြင်နာ၊ တောင်ပြာနှင်းပြာ

အနာဂတ်တွက်၊ အလွမ်းရက်ကြို။

 

*တောင်ပြာကိုရောက်

လျှိုအောက်မှာပျော်

 

နှင်းပွင့်ကို ဖောက်

စမ်းအောက်မှာ ပျော်

 

*ထင်းရှူးပင် အောက်

လမ်းလျှောက်၍ ပျော်

 

*ပျော်ခဲ့တတွေ

ရိုးမမြေပေါ်၊ ကြင်ဖော်သူမ

အပြုံးစလျှင်၊ အသည်းကိုလှုပ်

ဆွဲကိုင်နှုတ်ပြီ

အရုပ်ကလေးတရုပ် အကျွန်ုပ်

 

*ခရီးတဆစ်

အချစ်သစ်ခဲ့၊ ပြာလဲ့ညိုလမ်း

တောင်ပြာလမ်းမှ၊ ကမ်းဝေပေးငှ

အချစ်ဟာသည်လည်းကောင်း။

တမ်းဖြေဆွေးရ

အဖြစ်တစသည်လည်းကောင်း။

 

ဘဝတကွေ့

ခဏတွေ့ တမေ့တမူး

အရူးအချစ်

တမေတ္တာ တသစ္စာ

ဆိုချိမ့်ပါမည်လားကွယ်

 

*ခုတော့ဖြင့်

သူမနဲ့ကျွန်တော်

တောင်ပေါ်မြေအောက်

မရောက်ကြာပြီ

ဒုဋ္ဌဝတီ ကျန်တော့မည်ထင်

 

ဖျာပုံ နီလုံဦး

 

ဂီတပဒေသာမဂ္ဂဇင်း။ ၁၉၈၃ ခုနှစ်၊ ဇွန်လ၊ အတွဲ-၂။ အမှတ်-၄၂။