ကက္ကူမွေတော် ၃ဝဝဝ - ဒေါက်တာသန်းထွန်း

တောင်ကြီးအနောက် ၂၆ မိုင်ကွာမှာ ဘုရားစေတီငယ် သုံးထောင်နီးပါး တစ်စုကြီး တွေ့ရလို့၊ ကက္ကူဘုရားတောနာမည်နဲ့ စာတမ်းတစ်ခုကို ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း (၂ဝဝ၃) ၃၇-၃၉ မှာ ထည့်လိုက်တယ်။ အချုပ်ကို ပြောရရင်

Read more: ကက္ကူမွေတော် ၃ဝဝဝ - ဒေါက်တာသန်းထွန်း

တိုင်းခမ်းတီ ရှမ်းတိုင်းရင်းသားတို့၏သမိုင်း၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုစာတမ်း - စဝ်နွဲ့ဆားတော်

eBook file size: 147 KB
ebook pages: 9
Publication: ကျိုင်းတုံမြို့ ရှမ်းနှစ်သစ်ကူးပွဲ(၂ဝ၁၂ ခုနှစ်)တွင် ဖတ်ကြားခဲ့သည့် "ရှမ်းအမွေအနှစ်စာတမ်းဖတ်ပွဲ"မှ စာတမ်းများစာအုပ်မှ ပြန်လည်ရိုက်နှိပ်သည်။ ဤစာအုပ်ကို အေးပုံနှိပ်တိုက်၊ ရန်ကုန်မှ ၂ဝ၁၃ ခုနှစ်တွင် ပုံနှိပ်သည်။ 


Download


 


Related Articles


လိၵ်ႈတႆးတူဝ်ၸဝ်ႈ (လိၵ်ႈၸဝ်ႈႁူဝ်ထမ်းလူင်ၶမ်းတီး)

Khamti

A Shan Settlement of Hkamti Long Area (U Sai Aung Tun)

​မြန်မာပြည်မြောက်ဖျားမှ ကောင်းမူးလုန်စေတီ - ရာမညကိုကိုနိုင်

တိုင်းခန္တီးလုံသမိုင်း - စဝ်နွဲ့ဘိတောင်း

မော

 

တောင်ခိုးဝေသည်

မောပြေဌာ​န၊ ကြည်လင်စွတည့်။ ။


မော၏သမီး၊

စိမ့်ကြီးမြိုင်သူ၊ လှနတ်တူလျှင်

ကျူသည်ညှင်းညှင်း၊ သီချင်းတောဘွဲ့

သွယ်​ဝဲ့ပျူငှါ၊ ခွန်းသာသာဖြင့်

လာပါခလှည့်၊ ခေါ်ရှာတည့်၏။


မော၏သားပျို

တောင်ညိုရင့်သွေး၊ လူကလေးလည်း

မေးရိုးကျယ်ကား၊ ရင်အုပ်ထွားနှင့်

မြေသားကိုထွင်၊ ယာသစ်ပြင်လျက်

ခေါ်ငင်လာလှည့်၊ ကြိုရှာတည့်၏။


မော၏တောင်ရိပ်၊ တမှေးအိပ်၍

တဆိတ်ချိုလျှမ်း၊ မော၏စမ်း၌

သောက်ဆမ်းချိုးနှစ်၊ ကိုယ်လုံးသစ်လျက်

ညို့ညစ်မထင်၊ မောပုံပြင်နှင့်

စီးသွင်ပျူငှါ၊ မောမေတ္တာကို

ငါ့မှာမျှော်လှမ်း၊ ရချင်စမ်းလည်း

တင်းကျန်းမောက်ဝှန်၊ ပြည့်တာဝန်ကြောင့်

စမ်းသွန်ရစ်လည်၊ မောတို့ပြည်သို့

ချဉ်းသီနိုင်ဘဲ၊ ရောက်နိုင်ခဲဘိ

ပြာမွဲနက်ကြော၊ မြေမြင့်မောသို့

တွေးမောကြံဆ မောစွတကား။ ။

ဗန်းမော်ညိုနွဲ့

ရန်ကုန်တက္ကသိုလ် တိုင်းလူငယ်စာစောင်၊ ၁၉၅၅-၁၉၅၆။ နှာ ၁။