ရှမ်းပြည်အလှ

​(ဖေဖေါ်ဝါရီ ၇ ရက်၊ ရှမ်းပြည်နယ်နေ့သို့...)


ရှမ်းအိုးစည်ဝိုင်း

ရှမ်းသိုင်းအလှ၊ ရှမ်းအကနှင့်

ရှမ်းဓလေ့ဟာ၊ ရှမ်းရွာနယ်ပယ်

ရှမ်းလူငယ်တို့၊ ကျင်လည်၏။


ရှမ်းတောင်တန်းတွင်

ရှမ်းသူခင်သည့်၊ နှစ်စဉ်လန်းစီ

ရှမ်းချယ်ရီသည်၊ နီနီရောင်သွေး

ရှမ်းစိတ်မွေး၍၊ ရဲသွေးရောင်ရင့်

ရှမ်းဂုဏ်ဝင့်မို့၊ လှပွင့်ချယ်ရီကို

ရှမ်းပြည်သူတို့ ကြည်ဖြူ၏။


ရှမ်းရိုးမထက်၊ မြူထခဲ့လည်း

ရှမ်းရိုးမထက်၊ မိုးကျခဲ့လည်း

ရှမ်းရိုးမထက်၊ နှင်းကျခဲ့လည်း

ရှမ်းရိုးမထက်၊ ထခဲ့မြူများ

ရှမ်းပြည်သားတွက်။


ရှမ်းရိုးမထက်၊ ကျခဲ့မိုးများ

ရှမ်းပြည်သားတွက်။


ရှမ်းရိုးမထက်၊ ကျခဲ့နှင်းများ

ရှမ်းပြည်သားတွက်။


ရှမ်းတောင်တန်းရိုး၊ နှင်းမြူမိုးနှင့်

ရှမ်းအိုးစည်ဝိုင်း၊ ရှမ်းပြည်သိုင်းနှင့်

ရှမ်းတိုင်းမြတ်နိုး၊ ချယ်ရီမျိုးနှင့်

ရှမ်းရိုးရှမ်းနွယ်၊ ရှမ်းလူငယ်သည်

ရှမ်းပြည်နယ်မှ အလှတည်း။

မောင်သန်းဖေ(အင်းလေး)

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၇၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ အတွဲ-၂၉၊ အမှတ်-၃၄၅။ နှာ-၁၅။

ရှမ်းရိုးရာ စကားပုံများ - စိန်ထွန်း(ပခုက္ကူ)

eBook file size: 70.6 KB
ebook pages: 4
Publication: ၁၉၇၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ အမှတ်(၁၂၈)ထုတ် ငွေတာရီမဂ္ဂဇင်းတွင် ပါသော ဆောင်းပါး ဖြစ်ပါသည်။

Download

-Related Articles-

ꨀꨮꨤမ်းꨀပ်းထုꨀ်ꨲ ꨬလꨳ ꨀꨮꨤမ်းတꨀꨓ် - တုဝꨓ်း

English - Tai(Shan) - Burmese(Myanmar) Trilingual Dictionary အင်္ဂလိပ်-သျှမ်း-မြန်မာ သုံးဘာသာ အဘိဓာန်

ꨀꨮꨤမ်းတꨰတ်ꨳတꨯး

ꨀꨮꨤမ်းဝွꨀ်း မꨯꨤ(꨼)

ꨀꨮꨤမ်းသွꨓ်လုမ်ꨳꨘုꨵ

ꨘိင်ꨳဝꨤင်းꨀꨮꨤမ်းတꨯး

မကူရီနာဂ စကားပုံ - မနုဿကျော်ဝင်း

မြွေနဂါးစကားပုံနှင့်ယုံကြည်မှုများ - ဇ၀န

တိရစ္ဆာန်နှင့်ပတ်သက်သည့်စကားပုံများ - သလ္လာ-မောင်ဆွေသက်

ရခိုင်ကမ်းရိုးတန်းမှ သားငါးစကားပုံများ - မောင်တောက်ပြောင်

ပထမရွှေကျင်ဆရာတော်ကြီး၏ သိဿကောဝါဒ စကားပုံနှင့်သြ၀ါဒ ကထာများ

ပထမရွှေကျင်ဆရာတော်ကြီး၏ သိဿကောဝါဒ စကားပုံနှင့် သြ၀ါဒကထာများ

တံငါလုပ်ငန်းဆိုင်ရာ စကားပုံများ - ဦးမြင့်မောင်

မြန်မာစကားပုံ အဘိဓာန် - လှသမိန်