ရ-ယ-လ-ဝ

 

 

ရှမ်းပြည်နယ် ဥပဒေ(၁၈၈၈)

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်လိုက်ကြပြီးနောက် ကနောင် မင်းသားကြီး၏သား လင်းပင်မင်းသားသည် ရှမ်းစော်ဘွားများနှင့်အတူ ပူးပေါင်း၍ ရှမ်းပြည်နယ်များတွင် ပုန်ကန်တော်လှန်သည်။ ဗြိတိသျှနိုင်ငံရေး အရာရှိတစ်ဦး ခေါင်းဆောင်သော ဗြိတိသျှ တပ်တစ်တပ်သည် တောင်ပိုင်းရှမ်းပြည်၊ ညောင်ရွှေ၊ အင်းလေးဒေသသို့ ၁၈၈၇ ခုနှစ် အစောပိုင်း ကာလတွင် ဝင်ရောက်လာကြ၏။ စစ်ရေးအရ နှိမ်နင်းရေးအသွင် မဟုတ်ဘဲ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ရှာဖွေသည့် သဘောဖြင့် ဆောင်ရွက်သည်။ ၁၈၈၈ ခုနှစ်အစောပိုင်း ကာလတွင် မြောက်ပိုင်း ရှမ်းပြည်၌လည်း ဗြိတိသျှ သစ္စာခံ စော်ဘွား မြို့စား များနှင့်ပူးပေါင်း၍ အာဏာထူထောင်ရန် ကြိုးပမ်းသည်။ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးကို ၁၈၈၈ ခုနှစ်၌ အသစ်ခန့်ပြီး တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် နိုင်ငံရေးအရာရှိ တစ်ဦးစီဖြင့် ထိန်းသိမ်းထား၏။ ယင်းအုပ်ချုပ်ရေးမှူး၏ တရားမဝင်သောအုပ် ချုပ်ရေးကို ၁၈၈၈ ခု ရှမ်းပြည်နယ် အက်ဥပဒေဖြင့် တရားဝင် အတည်ပြုသည်။ အက်ဥပဒေက ရှမ်းပြည်နယ်များအတွက် နိုင်ငံရေး အရာရှိများ ခန့်ထားရန် မြန်မာဘုရင်ခံအား အာဏာပေး၏။ ထိုအရာရှိများ၏အခွင့်အာဏာများ ကျင့်သုံးရမည့် တရားဥပဒေများ သတ်မှတ်ပေး၏။ ဓလေ့ထုံးတမ်း တရားဥပဒေများကို အခါအားလျော်စွာ ပြင်ဆင်ခွင့် အာဏာလည်း ပေးအပ်သည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန်-ဦးစိန်မြင့်)

 

-ဆက်ရန်-

(င) တူဝ်မႄႈလိၵ်ႈဢၼ်ထူၼ်ႈထိုင်သၢမ်

(င)

 တူဝ်မႄႈလိၵ်ႈဢၼ်ထူၼ်ႈထိုင်သၢမ်

ငႃ(v) ၽၢၺ်ႇၼိူင်ႈလႄႈၽၢၺ်ႇၼိူင်ႈ - ဢၼ်ၼိူင်ႈလႄႈဢၼ်ၼိူင်ႈ။ ဢၢၼ်းထိုင်ၵၼ် တေထိုင်ဢၼ်ၵွၺ်းသမ်ႉပၺ်ႇထိုင်။ တေပဵၼ်ၵၼ်ဢၢၼ်းႁႂ်ႈပဵၼ်ၵၼ်ၵွၺ်းဢမ်ႇပၺ်ႇပဵၼ်။ ငႃငီ၊ ငႃငမ်ႉ၊ ငႃတူၺ်း၊ ငႃတေ၊ ငႃၵၼ်…

ငႃ(adj) တၢင်းဢၼ်လၢတ်ႈပိူၼ်ႈ မႃးႁဵတ်းၵၢၼ်ႁဝ်း ဢၼ်ပၼ်ၵႃႇႁႅင်း ဢၼ်လၢတ်ႈၵၼ်ၵႃႊႁႅင်းသေ ႁွင်ႉမႃးဢဝ်မႃး ႁဵတ်းၵၢၼ်၊ "လုၵ်ႈၸၢင်ႈလုၵ်ႈငႃ" "ၵိၼ်ၸၢင်ႈၵိၼ်ငႃ" "ၶၢတ်ႇငႃ" …

ငႃႇ(adj) တၢင်းဢၼ်ဢမ်ႇလၵ်းဢမ်ႇလႅမ်၊ ၶေႃႈၸွၺ်ႈငိူဝ်ႈ၊ "ငိူဝ်ႈငႃႇ"။

ငႃႇငႃႈ(adv) သဵင်ႁၺ်ႈလုၵ်ႈဢွၼ်ႇ။




...တေသိုပ်ႇထႅင်ႈ...

ချစ်တဲ့သူ ပျို့မောင်ထွေး - ဒါရိုက်တာမြင့်မောင်

eBook file size: 83.5 KB
ebook pages: 7
Publication: ၁၉၈၃ ခုနှစ်၊ ဇွန်လ၊ အတွဲ-၂၊ အမှတ်-၄၂ ထုတ် ဂီတပဒေသာမဂ္ဂဇင်းတွင် ပါသော ဆောင်းပါး ဖြစ်ပါသည်။ ဓနုတိုင်းရင်းသားတို့၏ ဗြောတီးပုံ ၁၂ ခန်းအကြောင်းကို တင်ပြထားပါသည်။

Download

-Related Articles-

ကယားတို့ဌာနီ ငွေတောင်ပြည် - စာရေးဆရာ ဒါရိုက်တာ မြင့်မောင်

တံငါလုပ်ငန်းဆိုင်ရာ စကားပုံများ - ဦးမြင့်မောင်

ဒုဋ္ဌဝတီပေါ်က အလွမ်းတစ်ပွင့်

* ဒုဋ္ဌဝတီ

ရေပြာကြည်မြ၊ နှင်းလွပွင့်လူ

တမြူတခဲ၊ ချမ်းကဲလွန်းစွ

ရိုးမတောင်တန်း၊ ချောက်ကမ်းလျှိုထက်

အိပ်မက်တစ်ပွင့်၊ ခြွေလွင့်ခဲ့ပြီ

အတိတ်သည် ကျန်ရစ်၊ ဝေဒနာဖြစ်ကျန်။

 

*ငှက်တေးတမြုံ

တောအုံထက်မှ၊ ချိုမြသီကျူး

ရင်ထဲစူးရှ၊ သူမနဲ့​ကျွန်တော်

ကြင်ဖော်အဖြစ်၊ ခံစားသစ်နှင့်

 

*ချစ်ခဲ့ကြင်နာ၊ တောင်ပြာနှင်းပြာ

အနာဂတ်တွက်၊ အလွမ်းရက်ကြို။

 

*တောင်ပြာကိုရောက်

လျှိုအောက်မှာပျော်

 

နှင်းပွင့်ကို ဖောက်

စမ်းအောက်မှာ ပျော်

 

*ထင်းရှူးပင် အောက်

လမ်းလျှောက်၍ ပျော်

 

*ပျော်ခဲ့တတွေ

ရိုးမမြေပေါ်၊ ကြင်ဖော်သူမ

အပြုံးစလျှင်၊ အသည်းကိုလှုပ်

ဆွဲကိုင်နှုတ်ပြီ

အရုပ်ကလေးတရုပ် အကျွန်ုပ်

 

*ခရီးတဆစ်

အချစ်သစ်ခဲ့၊ ပြာလဲ့ညိုလမ်း

တောင်ပြာလမ်းမှ၊ ကမ်းဝေပေးငှ

အချစ်ဟာသည်လည်းကောင်း။

တမ်းဖြေဆွေးရ

အဖြစ်တစသည်လည်းကောင်း။

 

ဘဝတကွေ့

ခဏတွေ့ တမေ့တမူး

အရူးအချစ်

တမေတ္တာ တသစ္စာ

ဆိုချိမ့်ပါမည်လားကွယ်

 

*ခုတော့ဖြင့်

သူမနဲ့ကျွန်တော်

တောင်ပေါ်မြေအောက်

မရောက်ကြာပြီ

ဒုဋ္ဌဝတီ ကျန်တော့မည်ထင်

 

ဖျာပုံ နီလုံဦး

 

ဂီတပဒေသာမဂ္ဂဇင်း။ ၁၉၈၃ ခုနှစ်၊ ဇွန်လ၊ အတွဲ-၂။ အမှတ်-၄၂။

 

ချင်းတွင်းက ဖိတ်ခေါ်သံ

မုံရွာမြို့မှ ဟုမ္မလင်းဆီ

သင်္ဘောကြီးနှင့် ဆန်ခဲ့ပြီ၊

ကနီ မင်းကင်း ကလေးဝ

မော်လိုက် ဖောင်းပြင် သောင်သွတ်ပါ့။


ဟုမ္မလင်းမြို့မှ ခန္တီးဆီ

မော်တော်လေးနှင့် ဆန်ခဲ့ပြီ၊

သောင်စပ်ဆီမှ ငှက်တသင်း

ဝမ်းဘဲ ဟင်္သာ ရွှေပိန်ညင်း။


ဆောင်းလအခါ ရေကြည်ရာ

ကိုတံငါတို့ ငါးတွေရှာ၊

မိုးဦးစမှာ ဖောင်တွေမျှော

ဝါး ကြိမ် အလွန်ပေါ။


စပါးခင်းတွေ မှည့်​ချိန်တော်

သားရှင်ပြုဖို့ တွေး​ကာ ပျော်၊

လက်ဖက် လိမ္မော် မြေပဲခင်း

ရှမ်းလုံမေတို့ လုပ်ခွင်ဆင်း။


နာဂပျားရည် ချိုသကွယ်

ရှမ်းဟင်းပေါင်းက ရသာကြွယ်

ဧည့်ခံပါ့မယ် လာလည်နော့

ဝမ်းမြောက် ဝမ်းသာ ကြို​မှာပေါ့။

မောင်ကြော့ဦး

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၅ ခု၊ ဖေဖေါ်ဝါရီလ၊ အတွဲ ၃၈၊ အမှတ် ၄၅၃၊ နှာ-၁ဝ။