• Skip to content
  • Jump to main navigation and login

Nav view search

Navigation

  • Home
  • Shan
  • Burmese
  • English
  • Encyclopedia
  • Ethnic Group
  • Shan (Tai) Dictionary

Search

You are here: Home

Main Menu

  • Home
  • Shan Site
  • Burmese Site
  • English Site
  • Encyclopedia site
  • Ethnic Group site
  • Shan (Tai) Dictionary
  • Contacts
  • Login

Latest Update

  • ဒေါက်တာသန်းထွန်းရဲ့စာတမ်းနဲ့ဆောင်းပါးများ စာရင်း(အင်္ဂလိပ်-မြန်မာ) - ခင်မောင်ကြီး
  • သူငယ်တော်နှင့်သူငယ်တော်သေနတ် - ဒေါ်ကြန်
  • ​ပေစာများ ထိန်းသိမ်းပြုပြင်ခြင်း - ဦးညွန့်မောင်(စာကြည့်တိုက်မှူး-ငြိမ်း)
  • ပြက္ခဒိန်အစီအရင် နှင့် နည်းစနစ် - သန်းနီ
  • မင်းကြီးမျက်နှာရှည် - ဆန်းထွန်း(မန်းတက္ကသိုလ်)

CBox is closed

ဝါဒဘုံဝယ်

(၁) သီကရီ

လုပ်လည် လုပ်လဲ့၊ ရောင်ကင်းမဲ့သည်

ကြွေသွဲ့ရွက်ဝါ၊ လေယာဉ်မှာလျှင်

တချာလည်လည်၊ စီရရီ။


(၂)စီရရီ

ညွန့်ရှည်ပုရစ်၊ ပွင့်အသစ်လျှင်

ပျိုမြစ်စိမ်းမြ၊ ဩကာသလုံး

ရွှင်ပြုံးစေသည်၊ ပြီ့တပြီ။


(၃)ပြီ့တပြီ

ဇာနည်တိုင်းဘွား၊ တို့မျိုးသားလည်း

ထွေပြားမွှားမှုံ၊ ဝါဒဘုံဝယ်

မျောစုံတာရှည်၊ သီကရီ။

ထီလာစစ်သူ

သတင်းစုံဂျာနယ်

ဗောဓိပင်နှင့်ရွှေပလ္လင်

မဟာဗောဓိပင်နဲ့ တလံကွာပါသည်၊ စကြဝဠာ ငြိမ်သက်၍ မြက်ရှစ်ဆုပ်ကြဲတော်မူလေသည်၊ တဆယ်နဲ့လေးတောင် ကျယ်ဝန်းပါသတဲ့ ပလ္လင်တော်ပေါ်ထွန်းလာခဲ့သည်၊ ဘုရားမဖြစ်သမျှ ငါမထဟု လုံ့လဥဿဟစုံအညီ၊ ဗောဓိဘုရား ရွှေပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေနေတော်မူလေသည်။

Read more: ဗောဓိပင်နှင့်ရွှေပလ္လင်

သပြေသီးကောက်

ဝါဆို ဝါခေါင် ရေတွေကြီးလို့

သပြေသီးမှည့် ကောက်စို့ကွယ်။


ခရာဆူးချုံ ဟိုအထဲက

မျော့နက်မည်းကြီး တွယ်တတ်တယ်။


မျော့နက်ဆိုတာ ချိုနဲ့လားကွဲ့

မြွေနဂါးတောင် ကြောက်ဘူးကွယ်။


တို့လည်း ကြောက်ပေါင် အတူသွားစို့

အုန်းလက်နွားလေး ထားခဲ့မယ်

သွားကွယ် သွားကွယ်။

မင်းသုဝဏ်(၁၉ဝ၉-၂ဝဝ၄)

July, August... rain and flood

Let's go pick the ripe rose-apple,


Hi! Take care! In thorns and mud

That's where big-black leeches grapple,


Leeches? Bah! The thornless things,

I'll fight snakes of serpent-kings,


Who's afraid? Let's all go now,

I'll just leave my coconut cow,

Come on! Come on!

[Translated by Prof: G.H.Luce]

စိတြဂီဝါ

ဘုရားအလောင်းစိတြဂီဝါ၊ ဟေမဝါသေလာ ငှက်အပေါင်း ထောင်သောင်း ခညောင်းကြပေတာ။

ဂနိုင်ဆီးတဲ့ မြိုင်တောကြီးထဲမှာ၊ (အလောင်းတော် ခိုမင်း သင်းဖွဲ့ကာ)၂၊ (ထင်ရှားစွာ)၂၊ လမ်းမမှားဘို့ နေ့စဉ် ဟောကြားကာ၊ (ငှက်ပေါင်းတောင်းဆုခြွေကကာ၊ သနားကရုဏာ၊ တရားရှုကာ၊ သနားကရုဏာ)၂၊ စိတြဂီဝါခိုမင်း ထင်လင်းပါ။

(ရှေးသရောအခါ ပြည်ဗာရာတွင်း ဆင်းသက်လာ၊ သင်းဖွဲ့ကာ၊ အစာရှာရန် မြန်းခဲ့တာ)၂၊ (သတ္တဝါငှက်ပေါင်း ထောင် သောင်းပါ)၂၊ အလောင်းတော်မှာ ပိုက်ကွန်တွင်းက ကင်းလွတ်စေရန် နေ့စဉ်ကြံဆကာ။

ရန်ဘယာ မသန်းကာ စိတ်အေးချမ်းစွာ၊ လောင်းမြတ်ဉာဏ်မျှော်တာ။ အော် ဆုံးမတော်မူရှာ၊ ပိုက်ကွန်တွင်းက လွတ် ​ကင်းရာ ရန်သူတွေဝေးကွာအောင်သာ၊ ညီညီညာညာလွတ်မြောက်ခဲ့ဘူးတာ၊ အလောင်းတော်မြတ်ခိုမင်းမှာ။

တရံရောအခါ ဟေမာအိုင်အကူး (မြူးကာ မြူးကာ)၂၊ သီးပွင့်စုံစွာ စားသောက်ဖွယ်ရာ၊ သုံးဆောင်ကာအပြီး ခရီးကလာ၊ (စိတြ)၂ ဂီဝါ၊ သီးနှံငုံကင်း ဆောင်ကြဉ်းခဲ့တာ၊ အော် မိဘများပါစုံစွာ၊ သားမယားကိုကျွေး အလှူပေးဘို့ ရာ၊ အော် လောင်းမြတ်ရာဇာ သာဓက ပုံတင်ကာသာ၊ ရှာမှီးဥစ္စာ ကိုယ်ရေးတွက်ပါ၊ သုံးဘို့တဖို့ပါ၊ ဝေဖန်၍ပင် ထား သင့်တာ။

ရန်ဘယာမသန်းကာ.....................ခိုမင်းမှာ။

ရေး-ရွှေတိုင်ညွန့်

ဆို-မကြည်အောင်

ညအလုပ်သမား

ရွှေလသာလည်း

မသာနိုင်ဘဲ ကိုယ့်ရင်ထဲ...။


ငွေကြယ်လက်လည်း

မစက်နိုင်ဘဲ ကိုယ့်ရင်ထဲ...။


ငွေကြယ်နှင့်လ

ထွန်းလင်းပလည်း၊ ဘဝ ဝမ်းစာ

ညဉ့်အခါတွင်၊ ဖွေရှာကြံဆ

ရုန်းကန်ရမို့

ည...ည ဆိုလျှင်၊ ပြုံးမရွှင်ပြီ

နီကျင်မိုးသောက်တိုင်အောင်တည်း။

ဖျာပုံ-နီလုံဦး

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၆၈ ခုနှစ်၊ မေလ၊ အတွဲ ၂၁၊ အမှတ် ၂၅၂၊ နှာ ၃၁။

 

More Articles...

  1. လူ့အလွှာတခု
  2. ပတ္တမြားရတု
  3. ဘယ်ရွာဆိပ်ကမ်း
  4. လူ့ရွာကို အလွမ်းဆုံးအချိန်

Page 475 of 480

  • Start
  • Prev
  • 470
  • 471
  • 472
  • 473
  • 474
  • 475
  • 476
  • 477
  • 478
  • 479
  • Next
  • End

Designed & Hosted By: IT